လောက်ကိုင်နှင့် မြဝတီတို့တွင် အခြေချခဲ့သော ကျားဖျန့်ဂိုဏ်းများ ဘုရားသုံးဆူမြို့ပေါ်သို့ ရွှေ့ပြောင်းလုပ်ကိုင်မှုများရှိနေဟု ဒေသခံများဆို

2093

သန့်ဇင် (NP News) - ဇွန် ၄
လောက်ကိုင်နှင့် မြဝတီတို့တွင် အခြေချခဲ့သော ကျားဖျန့်ဂိုဏ်းများမှာ ဘုရားသုံးဆူမြို့ပေါ်သို့ ရွှေ့ပြောင်း လုပ်ကိုင်မှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။ Online မှတစ်ဆင့် ငွေကြေးလိမ်လည်နေသည့် ၎င်းကျားဖျန့်ဂိုဏ်းများသည် ယခုနှစ် စပိုင်းမှစတင်ကာ ကရင်ပြည်နယ် မြန်မာ-ထိုင်း နယ်စပ်အနီးရှိ ဘုရားသုံးဆူမြို့ပေါ်သို့ စတင်ဝင်ရောက် လာခဲ့ခြင်းဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ခြံစည်းရိုးအနီးတွင်အများဆုံး တွေ့ရကြောင်း ဒေသခံများကဆိုသည်။
‘‘အနည်းဆုံးတော့ (၃)(၄)ခုလောက်ရှိတယ်။ ကာစီနိုရုံတွေလိုမျိုးမဟုတ်ဘဲနဲ့ အလုပ်ရုံစက်ရုံ လိုအဆာက်အအုံ မျိုးတွေမှာ အလုပ်တွေဗန်းပြပြီး လူတွေခေါ်ပြီးလုပ်နေကြတယ်။ နေအိမ်တွေမှာလည်း လုပ်နေတာတွေရှိတယ်။ အရပ်သားတွေအနေနဲ့က ကျားဖျန့်ဆို သိပ်မသိကြဘူး။ တရားမဝင် Online သုံးစွဲတဲ့ပုံစံမျိုးနဲ့ပဲသိထားကြတာ။ ကျား ဖျန့်တွေက လုပ်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်’’ ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ ကျားဖျန့်ဂိုဏ်းများသည် လောက်ကိုင်နှင့် မြဝတီမြို့ဘက်မှရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်ပြီး ယခင်က ကာစီနိုလောင်းကစားဝိုင်းများကို အကာကွယ်ပေးခဲ့သည့် လက်နက် ကိုင်အဖွဲ့များကပင် ဆက်လက်အကာ ကွယ်ပေးနေဖွယ်ရှိကြောင်း ဒေသခံများ ကပြောသည်။ ‘‘ထိန်းချုပ်တာက လက်ရှိမှာတော့ အရင်ကအဖွဲ့အစည်းတွေပဲ ထိန်းချုပ်ထားဖို့များတာပေါ့ဗျာ။ မဟုတ်ဘူးလို့လည်း ငြင်းလို့မရနိုင်ဘူးပေါ့။ လောလောဆယ်ဆယ်မှာ ကစားဝိုင်းတွေအကုန်လုံးနဲ့ အခြားဟာတွေကို လိုင်းကြေးယူပြီးလုပ်နေတာ သူတို့ပဲရှိတာပဲလေ။ ရဲနဲ့တပ်ကတော့ တိုက်ရိုက်ပါဖို့ မဖြစ်နိုင်ဘူး။ သူတို့ကသူတို့ဝန်း ထဲမှာပဲနေတာ။ အပြင်ကို ထွက်တာကိုမတွေ့ရဘူး။ ဝင်လာတာတော့ ဒီနှစ်ပိုင်းလောက်မှာ ဝင်လာတာဗျာ။ လောင်ကိုင် ဘက်တွေကနေ ပြဿနာဖြစ်ပြီးတော့ ရွှေ့လာတဲ့သဘောမှာရှိတယ်။ အဲဒါအပြင် မြဝတီဘက်ကနေလည်း ပြောင်းလာ တာဖြစ်နိုင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ဒေသခံများကလည်းက လုပ်အကိုင်ရှားပါးလာသည့်အတွက် ဘုရားသုံးဆူမြို့ရှိ ကျားဖျန့် ဂိုဏ်းများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်သူများပြားလာလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် လမှစတင်ကာ ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ (၄၉၀ဝဝ) ကျော်ကို တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေလာက္ကိုင္ႏွင့္ ျမဝတီတို႔တြင္ အေျခခ်ခဲ့ေသာ က်ားဖ်န႔္ဂိုဏ္းမ်ား ဘုရားသုံးဆူၿမိဳ႕ေပၚသို႔ေ႐ႊ႕ေျပာင္းလုပ္ကိုင္မႈမ်ားရွိေနဟု ေဒသခံမ်ားဆို
သန႔္ဇင္ (NP News) - ဇြန္ ၄
ေလာက္ကိုင္ႏွင့္ ျမဝတီတို႔တြင္ အေျခခ်ခဲ့ေသာ က်ားဖ်န႔္ဂိုဏ္းမ်ားမွာ ဘုရားသုံးဆူၿမိဳ႕ေပၚသို႔ ေ႐ႊ႕ေျပာင္း လုပ္ကိုင္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။ Online မွတစ္ဆင့္ ေငြေၾကးလိမ္လည္ေနသည့္ ၎က်ားဖ်န႔္ဂိုဏ္းမ်ားသည္ ယခုႏွစ္ စပိုင္းမွစတင္ကာ ကရင္ျပည္နယ္ ျမန္မာ-ထိုင္း နယ္စပ္အနီးရွိ ဘုရားသုံးဆူၿမိဳ႕ေပၚသို႔ စတင္ဝင္ေရာက္ လာခဲ့ျခင္းျဖစ္ၿပီး ျမန္မာ-ထိုင္း နယ္စပ္ၿခံစည္း႐ိုးအနီးတြင္အမ်ားဆုံး ေတြ႕ရေၾကာင္း ေဒသခံမ်ားကဆိုသည္။
‘‘အနည္းဆုံးေတာ့ (၃)(၄)ခုေလာက္ရွိတယ္။ ကာစီႏို႐ုံေတြလိုမ်ိဳးမဟုတ္ဘဲနဲ႔ အလုပ္႐ုံစက္႐ုံ လိုအဆာက္အအုံ မ်ိဳးေတြမွာ အလုပ္ေတြဗန္းျပၿပီး လူေတြေခၚၿပီးလုပ္ေနၾကတယ္။ ေနအိမ္ေတြမွာလည္း လုပ္ေနတာေတြရွိတယ္။ အရပ္သားေတြအေနနဲ႔က က်ားဖ်န႔္ဆို သိပ္မသိၾကဘူး။ တရားမဝင္ Online သုံးစြဲတဲ့ပုံစံမ်ိဳးနဲ႔ပဲသိထားၾကတာ။ က်ား ဖ်န႔္ေတြက လုပ္ေနတယ္ဆိုတာေတာ့ ဟုတ္ပါတယ္’’ ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ က်ားဖ်န႔္ဂိုဏ္းမ်ားသည္ ေလာက္ကိုင္ႏွင့္ ျမဝတီၿမိဳ႕ဘက္မွေ႐ႊ႕ေျပာင္းလာခဲ့ျခင္းျဖစ္ၿပီး ယခင္က ကာစီႏိုေလာင္းကစားဝိုင္းမ်ားကို အကာကြယ္ေပးခဲ့သည့္ လက္နက္ ကိုင္အဖြဲ႕မ်ားကပင္ ဆက္လက္အကာ ကြယ္ေပးေနဖြယ္ရွိေၾကာင္း ေဒသခံမ်ား ကေျပာသည္။ ‘‘ထိန္းခ်ဳပ္တာက လက္ရွိမွာေတာ့ အရင္ကအဖြဲ႕အစည္းေတြပဲ ထိန္းခ်ဳပ္ထားဖို႔မ်ားတာေပါ့ဗ်ာ။ မဟုတ္ဘူးလို႔လည္း ျငင္းလို႔မရႏိုင္ဘူးေပါ့။ ေလာေလာဆယ္ဆယ္မွာ ကစားဝိုင္းေတြအကုန္လုံးနဲ႔ အျခားဟာေတြကို လိုင္းေၾကးယူၿပီးလုပ္ေနတာ သူတို႔ပဲရွိတာပဲေလ။ ရဲနဲ႔တပ္ကေတာ့ တိုက္႐ိုက္ပါဖို႔ မျဖစ္ႏိုင္ဘူး။ သူတို႔ကသူတို႔ဝန္း ထဲမွာပဲေနတာ။ အျပင္ကို ထြက္တာကိုမေတြ႕ရဘူး။ ဝင္လာတာေတာ့ ဒီႏွစ္ပိုင္းေလာက္မွာ ဝင္လာတာဗ်ာ။ ေလာင္ကိုင္ ဘက္ေတြကေန ျပႆနာျဖစ္ၿပီးေတာ့ ေ႐ႊ႕လာတဲ့သေဘာမွာရွိတယ္။ အဲဒါအျပင္ ျမဝတီဘက္ကေနလည္း ေျပာင္းလာ တာျဖစ္ႏိုင္တယ္” ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ ေဒသခံမ်ားကလည္းက လုပ္အကိုင္ရွားပါးလာသည့္အတြက္ ဘုရားသုံးဆူၿမိဳ႕ရွိ က်ားဖ်န႔္ ဂိုဏ္းမ်ားတြင္ ဝင္ေရာက္ အလုပ္လုပ္ကိုင္သူမ်ားျပားလာလ်က္ရွိေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံအေနျဖင့္ ၂၀၂၃ ခုႏွစ္ ဇူလိုင္ လမွစတင္ကာ ဆက္သြယ္ေရးႏွင့္ အင္တာနက္လိမ္လည္မႈ က်ဴးလြန္ေၾကာင္း သံသယရွိသူ (၄၉၀ဝဝ) ေက်ာ္ကို တ႐ုတ္ႏိုင္ငံထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။