အာဆီယံတိုင်းပြည်တွေရဲ့ ပြည်တွင်းငွေကြေးသုံး ကုန်သွယ်မှုစနစ်သစ်၊ ဒေါ်လာငွေ ပြိုလဲတော့မှာလား (ဘာသာပြန်ဆောင်းပါး)

 2543

Htay Oung (NP News) - ဇွန် ၆

BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယနဲ့ တရုတ်တို့က သွင်းကုန်အတွက် အမေရိကန်ဒေါ်လာအစား ပြည် တွင်း ငွေကြေးကို အသုံးပြုရန် သဘောတူညီလိုက်ပြီလို့ မော်လ်ဒိုက်အစိုးရက အတည်ပြုကြောင်း “ဝပ်ချာ_ဂုရု” က မေလ ၂၇ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ ကမ္ဘာ့စီးပွားရေးထိပ်သီး ဂျပန်၊ ဗြိတိန်နဲ့ ဥရောပတစ်နိုင်ငံချင်းစီကို ကျော်တက်ပြီး အမေရိကန်ကို အမီလိုက်နေတဲ့ ထွန်းသစ်စတိုင်းပြည်များဖြစ်ပါတယ်။ နယ်မြေကျယ်ဝန်းခြင်း စိုက်ပျိုးရေးနဲ့ သယံဇာတပေါကြွယ်ဝတဲ့အပြင် ကမ္ဘာ့လူဦးရေအများဆုံး တိုင်းပြည်များဖြစ်နေခြင်းကလည်း အကြီးဆုံး ကုန်ထုတ်လုပ်သူ၊ အကြီးဆုံး စားသုံးသူ လက်လီလက်ကား ဈေးကွက်သစ်ကြီးများ ဖြစ်လာအောင် ကူညီနေကြပါ တယ်။

ပေကျင်းနဲ့ နယူးဒေလီတို့က ခုလို သဘောတူညီကြခြင်းဟာ အိန္ဒိယနဲ့ သီရိလင်္ကာတို့ရဲ့အနောက်တောင်ဘက် နယ်မြေအကျယ်အဝန်းအရရော လူဦးရေအရပါ ကမ္ဘာ့အသေးငယ်ဆုံး မော်လ်ဒိုက်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံစီးပွားရေး အားကောင်းလာစေဖို့ ကူညီရာရောက်ပါတယ်။ ကုန်သွယ်ရေးသဘောတူညီချက်သစ်အရ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့က မော်လ်ဒိုက်ရဲ့သွင်းကုန်တစ်ဝက်ကို ပြည်တွင်းငွေကြေးအသီးသီးနဲ့ ပေးချေကြမှာဖြစ်ပြီး အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုလျှော့နည်းသွားပါလိမ့်မယ်။

ဒီဖြစ်ရပ်ဟာ BRICS အဖွဲ့ကြီးရဲ့ရည်မှန်းချက်နဲ့လည်း လိုက်လျောညီထွေဖြစ်စေပါတယ်။ ယခုသဘောတူညီချက် အရ ပြည်တွင်းငွေကြေးသုံးစွဲပြီး နယ်စပ်ဖြတ်ကျော် လွှဲပြောင်းမှုပမာဏဟာ ကန်ဒေါ်လာ သန်း ၇၅၀ ခန့် ရှိမယ်လို့ ထင်ရပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးနဲ့ယှဉ်ရင် များလှတယ်လို့ မဆိုနိုင်ပေမယ့် အဲဒီလိုတစ်နိုင်ငံချင်းစီ ပေါင်းလိုက် ရင် အနာဂတ်ကာလ အမေရိကန် ဒေါ်လာဝယ်လိုအားကို သိသိသာသလျှော့ချနိုင်ပါလိမ့်မယ်။

BRICS ဆိုတာ နိုင်ငံများအချင်းချင်း ကုန်သွယ်မှု အပါအဝင် စီးပွားရေး ချဲ့ထွင်မှုများမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ ထွန်းသစ်စဈေးကွက် စီးပွားရေးနိုင်ငံများ အုပ်စုကြီးပဲဖြစ်ပါတယ်။ မူလက ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ ပါဝင်ပြီး နောက်ပိုင်းမှာ တောင်အာဖရိကနိုင်ငံလည်း ပူးပေါင်းလာခြင်းဖြင့် ၅ နိုင်ငံ ဦးဆောင်အဖွဲ့ဖြစ်သွားပါတယ်။ တစ်နိုင်ငံချင်းစီဟာ သက်ဆိုင်ရာ တိုက်ကြီးများမှာ အကောင်းဆုံး ကုန်ထုတ်လုပ်မှု နဲ့ စီးပွားရေးတိုးတက်မှု ကမ္ဘာ့အမြန်ဆုံးတိုင်းပြည်များလည်း ဖြစ်နေကြပါတယ်။

အမေရိကန်ဒေါ်လာငွေဟာ ပထမကမ္ဘာစစ်အပြီး အရေးကြီး နိုင်ငံတကာငွေကြေးဖြစ်လာပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်ဟာ စစ်ပွဲအတွင်း ပါဝင်လာမှု နောက်ကျခဲ့ပါတယ်။ ကနဦး စစ်ပွဲကာလ ထိခိုက်ပျက်စီးမှု မရှိခဲ့တဲ့အမေရိကန်ဟာ စစ်လက်နက်များ၊ စစ်ယန္တရားများ၊ စစ်သုံး-လူသုံးပစ္စည်းများကို အကြီးအကျယ် ထုတ်လုပ် ရောင်းချနိုင်ခဲ့ပြီး ကြွယ်ဝလာပါတယ်။ စစ်ပွဲအတွင်း ပါဝင်နေတဲ့ နိုင်ငံများရော စစ်ပြီးကာလ ပြန်လည် ထူထောင်မယ့်နိုင်ငံများပါ အမေရိကန်ကို ရွှေနဲ့ စက်ပြီး ပေးချေခဲ့ကြပါတယ်။ စစ်ကြီးအပြီး ကမ္ဘာ့ရွှေအားလုံးဟာ အမေရိကန်တစ်နိုင်ငံတည်းမှာပဲ စုပုံသွားပါတယ်။ အဲ့ဒီအခါ ဒေါ်လာ ၂၀.၆၇ ပေးရင် ရွှေ ၁ ထရွိုင်အောင်စ ပြန်ပေးမယ်လို့ ဝါရှင်တန်က ကြေညာခြင်းဖြင့် အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့အသုံးအများဆုံး ငွေကြေးဖြစ်သွား ပါတယ်။ အရေးအကြောင်းရှိရင် ထုတ်သုံးဖို့ လူအများ ပိုက်ဆံစုဆောင်းကြသလို ကမ္ဘာ့နိုင်ငံတွေမှာလည်း စိတ်ချရ တဲ့ အမေရိကန်ဒေါ်လာကို အရန်ငွေကြေးအဖြစ် သတ်မှတ်လာကြပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း အမေရိကန်ဟာ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ခဲ့ပြီး ပြည်ပကြွေးမြီများကလည်း လည်ပင်းခိုက်အောင် မြင့်တက်လာပါတယ်။ ၁၉၇၁ ခုနှစ်မှာ အမေရိကန်ဟာ ရွှေကို ကျောထောက် နောက်ခံထား တဲ့စနစ်မှ ပယ်ဖျက်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ သူ့နိုင်ငံငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ ဝါရှင်တန် ဗဟိုဘဏ်က သူတို့ဘဏ်များရဲ့အတိုးနှုန်းကို မြှင့်တင်လိုက်တဲ့အခါ နိုင်ငံတကာ ဒေါ်လာတွေဟာ အမေရိကန်ကို ပြန်လည်စီးဝင်သွားပါတယ်။ နောက်ဆက်တွဲ အမေရိကန် အသေးစား လက်လီရောင်းဝယ်သူတွေမှာ လုပ်ငန်း ထိခိုက်ပြီး ကမ္ဘာမှာလည်း ဒေါ်လာငွေ လျော့နည်း ပြတ်လတ်မှုဖြစ်ပေါ်လာပါတယ်။

အမေရိကန်အစိုးရအဆက်ဆက်ဟာ ဘတ်ဂျက်သုံးငွေ လိုအပ်ချက်ကို အမြင့်ဆုံးကြွေးမြီသတ်မှတ်တဲ့နည်းနဲ့ ဖြေရှင်းလာခဲ့ပါတယ်။ ဒါအပြင် အမေရိကန်ပြည်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်လို့ပြောပြီး သူတို့နဲ့ မသင့် မြတ်တဲ့နိုင်ငံများအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တတ်ပါသေးတယ်။ ဒီအချက်ဟာ နိုင်ငံတကာ စီးပွားရေး ဖြန့်ကြက်လုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းရှင်များသာမက ဝါရှင်တန်မျက်နှာကို ကြည့်နေရတဲ့ မဟာမိတ်နိုင်ငံ များအတွက်ပါ စီးပွားရေးမှာ မလုပ်သာမကိုင်သာဖြစ်ရပါတယ်။ တရုတ်နဂါး ကသလို ခေါင်းတစ်ချက် ယမ်းလိုက် ထာနဲ့ အမြီးပိုင်းက လူတွေအားလုံး လျှာထွက်အောင် ပြေးပေးရသလို ဖြစ်နေပါတယ်။
.
အထူးသဖြင့် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက် ပြီး ရုရှားနိုင်ငံကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တဲ့အခါ ကမ္ဘာ့အကြီးဆုံး ရေနံ နဲ့ သဘာဝဓါတ်ငွေ့ရောင်းချသူတစ်ဦး၊ စစ်လက်နက်သာမက အရည်အသွေးကောင်း ဂျုံနဲ့ သီးနှံများ တင်ပို့နေသူ ရုရှားနဲ့ကင်းလို့မရနိုင်ငံတဲ့ တိုင်းပြည်များအတွက် အခက်တွေ့ရပါတယ်။ အဲဒါတွေ အားလုံးပေါင်းစပ်တဲ့အခါ အမေရိကန်ဒေါ်လာ၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့တို့အပေါ် မှီခိုမှုကို စွန့်လွှတ်ပြီး ကမ္ဘာသုံး ငွေကြေးအသစ်၊ နိုင်ငံတကာ ဘဏ်စနစ်သစ် ထူထောင်ပြီး လမ်းသစ်ဖောက်ဖို့ တွန်းအားဖြစ်ပေါ်လာရပါတယ်။ ဒီအတွက် BRICS လို စီးပွားရေးထွန်းသစ်စ နိုင်ငံများအုပ်စုဟာ အမေရိကန် ဗဟိုပြု စီးပွားရေး- နိုင်ငံရေးအုပ်စုနဲ့ တရုတ်-ရုရှားဗဟိုပြု အုပ်စုတို့ အားပြိုင်မှုအသွင်ဆောင်လာပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ BRICS အုပ်စုမှာ အီဂျစ်၊ အီရန်၊ ဆော်ဒီ၊ ယူအေအီး၊ အီသီယိုပီးယားတို့ ပါဝင်လာ ပြီး ၁၀ နိုင်ငံဖြစ်သွားပါတယ်။ GDP ဟာ ဒေါ်လာ ၄၅ ထရီလီယံ ရှိလာပြီဆိုပေမယ့် အဲဒါ G7 လို့ ခေါ် ကနေဒါ- ပြင်သစ်-ဂျာမနီ-ဂျပန်-အီတလီ-ဗြိတိန်-အမေရိကန် ကမ္ဘာ့စက်မှုထိပ်သီး အနောက်အုပ်စုရဲ့ GDP ထက် ဒေါ်လာ ၁၅ ထရီလီယံ နည်းနေပါသေးတယ်။ ဒါပေမယ့် အင်ဒိုနီးရှားလို အာရှစီးပွားရေး ကျားကြီးများ အပါဝင် နောက်ထပ် နိုင်ငံပေါင်း ၄၀ တို့က ပါဝင်ပူးပေါင်းလာမှာဖြစ်လို့ ဆယ်နှစ်အတွင်း BRICS ရဲ့ GDP စုစုပေါင်းဟာ ၈၅ ရာခိုင်နှုန်း ကြီးထွားပြီး G7 ကို အပြတ်အသတ် ကျော်တက်သွားမှာ သေချာနေပါတယ်။

BRICS ဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ထူထောင်လိုက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြား ကုန်သွယ်ဖို့ အရံဘဏ္ဍာငွေအဖြစ် သိမ်းဆည်းဖို့ ကုန်သွယ်ဖို့ ငွေကြေးအသစ် ထုတ်ဝေရန်အထိ ပြင်ဆင်လာပါ တယ်။
BRICS အဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ခုနစ်လအတွင်း ဒေါ်လာ ဘီလျံချီတန်ဖိုးရှိတဲ့ အမေရိကန် ငွေတိုက်စာချုပ်များနဲ့ အစိုးရဌာနကြွေးမြီအာမခံများကို ထုတ်ရောင်းပစ်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဝပ်ချာဂုရု ဝဘ်ဆိုက်ကပဲ မေလ ၂၆ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။ ကွန်မြူနစ်တရုတ်ဟာ အမေရိကန်စီးပွားရေးမှာ ရင်းနှီးမြုပ်နှံမယ့်အစား သူ့ရဲ့အရန်ငွေအဖြစ် ရွှေကို စုဆောင်းနေပါတယ်။ တရုတ် (ဗဟို) ပြည်သူ့ဘဏ် (PBOC) ရဲ့ ထုတ်ပြန်ချက်အရ ယခုအခါသူ့နိုင်ငံဟာ ရွှေတန်ချိန် ၂,၂၅၀ ကို စုဆောင်းထားပြီး တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ် လာ ၁၅၉ ဘီလျံခန့်ရှိကြောင်း သိရှိရပါတယ်။

ဒီလုပ်ရပ်ဟာ အမေရိကန်ဒေါ်လာနဲ့ ခပ်ကင်းကင်းနေဖို့ BRICS ရဲ့ ဒေါ်လာအပေါ်မှီခိုမှုကို လျှော့ချရေး ရည်မှန်း ချက် နဲ့ ကိုက်ညီနေပြန်ပါတယ်။ ၂၀၂၂- ခုနှစ်ကတည်းက BRICS တစ်အုပ်စုလုံးအနေနဲ့ ရွှေအမြောက်အများကို ဝယ်ယူခဲ့နေပြီး နိုင်ငံခြားငွေမာတစ်မျိုးမျိုးအဖြစ် အချိန်မရွေးပြောင်းလဲနိုင်တဲ့ ရွှေနဲ့ အစားထိုးလျက်ရှိပါတယ်။ အာဆီယံနိုင်ငံများအချင်းချင်း အမေရိကန်ဒေါ်လာနဲ့ ပေးချေနေကြမယ့်အစား သူတို့တိုင်းပြည်အသီးသီးရဲ့ နိုင်ငံသုံးငွေကြေးနဲ့ ပေးချေလာကြပါတယ်။ BRICS တစ်အုပ်စုတည်းကပဲ ကုန်သွယ်မှုအတွက် ဒေါ်လာကို လုံး၀ အသုံးမပြုတော့ဘူးဆိုရင် အမေရိကန်နိုင်ငံ အခြေခံအဆောက်အအုံ ကဏ္ဍအသီးသီးပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။
(#ဒီလိုအချိန်_မြန်မာနိုင်ငံမှာ #ဒေါ်လာဈေး_ရွှေဈေးတက်ခြင်းဟာ #အလွန်ထူးခြားဆန်းကျယ်တဲ့ #ကိစ္စဖြစ်ပါတယ်။ အဲ့ဒါ #မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး #ငွေကြေးဖောင်းပွသွားတယ်လို့ ဆိုရာရောက်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ ပြည်တွင်းသုံးငွေ တန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု ကြုံရနိုင်ပါတယ်။ (၁) မိမိတိုင်းပြည် စီးပွားရေးအရွယ်အစားနဲ့ မလိုက်အောင် ငွေစက္ကူအမြောက်အများ ရိုက်နှိပ်ထုတ်ဝေခြင်း၊ (၂) ဘိန်း-စိတ်ကြွဆေး စသဖြင့် မသမာနည်းနဲ့ ရရှိလာတဲ့ ငွေမည်းများကို ငွေဖြူဖြစ်အောင် အလုံးအရင်း ခဝါချငွေများ ထိုးသွင်းခံရခြင်း (၃) ဆန့်ကျင်ရေး အဖျက်အမှောက်အုပ်စုက ကောလဟလနဲ့ လေပတ်ကားဈေးနှုန်းသတင်းများကို ဖြန့်ဝေပြီး ဈေးဆွဲ တင်ခြင်း တို့ဖြစ်ပါတယ်။ #မိုဘိုင်းငွေပေးချေမှုဟာ_ငွေကြေးကျစ်လစ်လာ အောင်_အထောက်အကူဖြစ်ပေ မယ့် အဲ့ဒီစနစ်ဟာ #ငွေမည်းခဝါချဖို့_လက်သုံးတော်ကြီးဖြစ်နေရင် ဘယ်နိုင်ငံမှ စီးပွားရေးလာရောက်ရင်းနှီးမြှုပ်နှံ ချင်မယ် မဟုတ်ပါ။ အဲ့ဒါမျိုးကို စောင့်ကြည့်နေတဲ့ #နိုင်ငံတကာ_ငွေကြေးအဖွဲ့အစည်းတွေရဲ့_အမည်ပျက်စာရင်း ထည့်သွင်းတာလည်း ခံရနိုင်ပါတယ်။

မြန်မာဟာ တစ်ခြားနိုင်ငံများလို မိမိတို့အပိုငွေများကို တိုင်းပြည်စီးပွားရေးအတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံရန် စတော့ရှယ်ယာအိတ်ချိန်းများ အားကောင်းခိုင်မာခြင်း မရှိသေးပါ။ အများစုက ငွေပြန်ဖော်ဖို့ အခိုင်မာဆုံးလို့ ယုံကြည်ရတာတွေကို စုဆောင်းမှာဖြစ်ပြီး ရွှေနဲ့ ဒေါ်လာဟာ အလွန် ခလုတ်တိုက်မိဖို့ များပါတယ်။ ကျရိပ်ပြနေတဲ့ ဒေါ်လာကို ရွှေနဲ့ လေပတ်ကားဆွဲတင်ရာက ကျပ်ငွေတန်ဖိုးကျဆင်း-ကုန်ဈေးနှုန်းကြီးမြင့်လာပါတယ်။

ဒီနေရာမှာ အများပြည်သူအချင်းချင်း ငွေကြေးလည်ပတ်ဖို့နဲ့ SME လုပ်ငန်းတွေမှာ ဆောင်ရွက်ပေးနေတဲ့ ဘဏ် များကိုလည်း ပစ်မှတ်ထားပြီး ဟောလဟလသတင်းများ ထုတ်လွှင့်လာနိုင်ပါတယ် ။ ။ သတင်းဘာသာပြန်သူ)
(Watcher Guru, 27 May 2024,” AI BRICS- India & China Agree To Ditch US Dollar For Imports” နှင့် အခြားဆက်စပ်သတင်းများ ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ် စုစည်းသည်။)

Zawgyi Version;
အာဆီယံတိုင္းျပည္ေတြရဲ႕ ျပည္တြင္းေငြေၾကးသုံး ကုန္သြယ္မႈစနစ္သစ္၊ ေဒၚလာေငြ ၿပိဳလဲေတာ့မွာလား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇြန္ ၆

BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္ၾကတဲ့ အိႏၵိယနဲ႔ တ႐ုတ္တို႔က သြင္းကုန္အတြက္ အေမရိကန္ေဒၚလာအစား ျပည္ တြင္း ေငြေၾကးကို အသုံးျပဳရန္ သေဘာတူညီလိုက္ၿပီလို႔ ေမာ္လ္ဒိုက္အစိုးရက အတည္ျပဳေၾကာင္း “ဝပ္ခ်ာ_ဂု႐ု” က ေမလ ၂၇ ရက္ေန႔မွာ ေရးသားခဲ့ပါတယ္။

တ႐ုတ္နဲ႔ အိႏၵိယတို႔ဟာ ကမာၻ႔စီးပြားေရးထိပ္သီး ဂ်ပန္၊ ၿဗိတိန္နဲ႔ ဥေရာပတစ္ႏိုင္ငံခ်င္းစီကို ေက်ာ္တက္ၿပီး အေမရိကန္ကို အမီလိုက္ေနတဲ့ ထြန္းသစ္စတိုင္းျပည္မ်ားျဖစ္ပါတယ္။ နယ္ေျမက်ယ္ဝန္းျခင္း စိုက္ပ်ိဳးေရးနဲ႔ သယံဇာတေပါႂကြယ္ဝတဲ့အျပင္ ကမာၻ႔လူဦးေရအမ်ားဆုံး တိုင္းျပည္မ်ားျဖစ္ေနျခင္းကလည္း အႀကီးဆုံး ကုန္ထုတ္လုပ္သူ၊ အႀကီးဆုံး စားသုံးသူ လက္လီလက္ကား ေဈးကြက္သစ္ႀကီးမ်ား ျဖစ္လာေအာင္ ကူညီေနၾကပါ တယ္။

ေပက်င္းနဲ႔ နယူးေဒလီတို႔က ခုလို သေဘာတူညီၾကျခင္းဟာ အိႏၵိယနဲ႔ သီရိလကၤာတို႔ရဲ႕အေနာက္ေတာင္ဘက္ နယ္ေျမအက်ယ္အဝန္းအရေရာ လူဦးေရအရပါ ကမာၻ႔အေသးငယ္ဆုံး ေမာ္လ္ဒိုက္တို႔လို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအတြက္ ႏိုင္ငံစီးပြားေရး အားေကာင္းလာေစဖို႔ ကူညီရာေရာက္ပါတယ္။ ကုန္သြယ္ေရးသေဘာတူညီခ်က္သစ္အရ အိႏၵိယ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔က ေမာ္လ္ဒိုက္ရဲ႕သြင္းကုန္တစ္ဝက္ကို ျပည္တြင္းေငြေၾကးအသီးသီးနဲ႔ ေပးေခ်ၾကမွာျဖစ္ၿပီး အေမရိကန္ေဒၚလာအေပၚ မွီခိုအားထားမႈေလွ်ာ့နည္းသြားပါလိမ့္မယ္။

ဒီျဖစ္ရပ္ဟာ BRICS အဖြဲ႕ႀကီးရဲ႕ရည္မွန္းခ်က္နဲ႔လည္း လိုက္ေလ်ာညီေထြျဖစ္ေစပါတယ္။ ယခုသေဘာတူညီခ်က္ အရ ျပည္တြင္းေငြေၾကးသုံးစြဲၿပီး နယ္စပ္ျဖတ္ေက်ာ္ လႊဲေျပာင္းမႈပမာဏဟာ ကန္ေဒၚလာ သန္း ၇၅၀ ခန႔္ ရွိမယ္လို႔ ထင္ရပါတယ္။ ကမာၻႀကီးတစ္ခုလုံးနဲ႔ယွဥ္ရင္ မ်ားလွတယ္လို႔ မဆိုႏိုင္ေပမယ့္ အဲဒီလိုတစ္ႏိုင္ငံခ်င္းစီ ေပါင္းလိုက္ ရင္ အနာဂတ္ကာလ အေမရိကန္ ေဒၚလာဝယ္လိုအားကို သိသိသာသေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္။

BRICS ဆိုတာ ႏိုင္ငံမ်ားအခ်င္းခ်င္း ကုန္သြယ္မႈ အပါအဝင္ စီးပြားေရး ခ်ဲ႕ထြင္မႈမ်ားမွာ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ရည္႐ြယ္ၿပီး ဖြဲ႕စည္းထားတဲ့ ထြန္းသစ္စေဈးကြက္ စီးပြားေရးႏိုင္ငံမ်ား အုပ္စုႀကီးပဲျဖစ္ပါတယ္။ မူလက ဘရာဇီးလ္၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္တို႔ ပါဝင္ၿပီး ေနာက္ပိုင္းမွာ ေတာင္အာဖရိကႏိုင္ငံလည္း ပူးေပါင္းလာျခင္းျဖင့္ ၅ ႏိုင္ငံ ဦးေဆာင္အဖြဲ႕ျဖစ္သြားပါတယ္။ တစ္ႏိုင္ငံခ်င္းစီဟာ သက္ဆိုင္ရာ တိုက္ႀကီးမ်ားမွာ အေကာင္းဆုံး ကုန္ထုတ္လုပ္မႈ နဲ႔ စီးပြားေရးတိုးတက္မႈ ကမာၻ႔အျမန္ဆုံးတိုင္းျပည္မ်ားလည္း ျဖစ္ေနၾကပါတယ္။

အေမရိကန္ေဒၚလာေငြဟာ ပထမကမာၻစစ္အၿပီး အေရးႀကီး ႏိုင္ငံတကာေငြေၾကးျဖစ္လာပါတယ္။ ဒုတိယ ကမာၻစစ္မွာ အေမရိကန္ဟာ စစ္ပြဲအတြင္း ပါဝင္လာမႈ ေနာက္က်ခဲ့ပါတယ္။ ကနဦး စစ္ပြဲကာလ ထိခိုက္ပ်က္စီးမႈ မရွိခဲ့တဲ့အေမရိကန္ဟာ စစ္လက္နက္မ်ား၊ စစ္ယႏၲရားမ်ား၊ စစ္သုံး-လူသုံးပစၥည္းမ်ားကို အႀကီးအက်ယ္ ထုတ္လုပ္ ေရာင္းခ်ႏိုင္ခဲ့ၿပီး ႂကြယ္ဝလာပါတယ္။ စစ္ပြဲအတြင္း ပါဝင္ေနတဲ့ ႏိုင္ငံမ်ားေရာ စစ္ၿပီးကာလ ျပန္လည္ ထူေထာင္မယ့္ႏိုင္ငံမ်ားပါ အေမရိကန္ကို ေ႐ႊနဲ႔ စက္ၿပီး ေပးေခ်ခဲ့ၾကပါတယ္။ စစ္ႀကီးအၿပီး ကမာၻ႔ေ႐ႊအားလုံးဟာ အေမရိကန္တစ္ႏိုင္ငံတည္းမွာပဲ စုပုံသြားပါတယ္။ အဲ့ဒီအခါ ေဒၚလာ ၂၀.၆၇ ေပးရင္ ေ႐ႊ ၁ ထ႐ြိဳင္ေအာင္စ ျပန္ေပးမယ္လို႔ ဝါရွင္တန္က ေၾကညာျခင္းျဖင့္ အေမရိကန္ေဒၚလာဟာ ကမာၻ႔အသုံးအမ်ားဆုံး ေငြေၾကးျဖစ္သြား ပါတယ္။ အေရးအေၾကာင္းရွိရင္ ထုတ္သုံးဖို႔ လူအမ်ား ပိုက္ဆံစုေဆာင္းၾကသလို ကမာၻ႔ႏိုင္ငံေတြမွာလည္း စိတ္ခ်ရ တဲ့ အေမရိကန္ေဒၚလာကို အရန္ေငြေၾကးအျဖစ္ သတ္မွတ္လာၾကပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားအတြင္း အေမရိကန္ဟာ ေငြေၾကးေဖာင္းပြမႈျဖစ္ေပၚခဲ့ၿပီး ျပည္ပေႂကြးၿမီမ်ားကလည္း လည္ပင္းခိုက္ေအာင္ ျမင့္တက္လာပါတယ္။ ၁၉၇၁ ခုႏွစ္မွာ အေမရိကန္ဟာ ေ႐ႊကို ေက်ာေထာက္ ေနာက္ခံထား တဲ့စနစ္မွ ပယ္ဖ်က္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာေတာ့ သူ႔ႏိုင္ငံေငြေၾကးေဖာင္းပြမႈကို ေလွ်ာ့ခ်ဖို႔ ဝါရွင္တန္ ဗဟိုဘဏ္က သူတို႔ဘဏ္မ်ားရဲ႕အတိုးႏႈန္းကို ျမႇင့္တင္လိုက္တဲ့အခါ ႏိုင္ငံတကာ ေဒၚလာေတြဟာ အေမရိကန္ကို ျပန္လည္စီးဝင္သြားပါတယ္။ ေနာက္ဆက္တြဲ အေမရိကန္ အေသးစား လက္လီေရာင္းဝယ္သူေတြမွာ လုပ္ငန္း ထိခိုက္ၿပီး ကမာၻမွာလည္း ေဒၚလာေငြ ေလ်ာ့နည္း ျပတ္လတ္မႈျဖစ္ေပၚလာပါတယ္။

အေမရိကန္အစိုးရအဆက္ဆက္ဟာ ဘတ္ဂ်က္သုံးေငြ လိုအပ္ခ်က္ကို အျမင့္ဆုံးေႂကြးၿမီသတ္မွတ္တဲ့နည္းနဲ႔ ေျဖရွင္းလာခဲ့ပါတယ္။ ဒါအျပင္ အေမရိကန္ျပည္သူမ်ားရဲ႕ အက်ိဳးစီးပြားကို ကာကြယ္လို႔ေျပာၿပီး သူတို႔နဲ႔ မသင့္ ျမတ္တဲ့ႏိုင္ငံမ်ားအေပၚ စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔တတ္ပါေသးတယ္။ ဒီအခ်က္ဟာ ႏိုင္ငံတကာ စီးပြားေရး ျဖန႔္ၾကက္လုပ္ကိုင္ေနတဲ့ အေမရိကန္လုပ္ငန္းရွင္မ်ားသာမက ဝါရွင္တန္မ်က္ႏွာကို ၾကည့္ေနရတဲ့ မဟာမိတ္ႏိုင္ငံ မ်ားအတြက္ပါ စီးပြားေရးမွာ မလုပ္သာမကိုင္သာျဖစ္ရပါတယ္။ တ႐ုတ္နဂါး ကသလို ေခါင္းတစ္ခ်က္ ယမ္းလိုက္ ထာနဲ႔ အၿမီးပိုင္းက လူေတြအားလုံး လွ်ာထြက္ေအာင္ ေျပးေပးရသလို ျဖစ္ေနပါတယ္။
.
အထူးသျဖင့္ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ ၿပီး ႐ုရွားႏိုင္ငံကို စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔တဲ့အခါ ကမာၻ႔အႀကီးဆုံး ေရနံ နဲ႔ သဘာဝဓါတ္ေငြ႕ေရာင္းခ်သူတစ္ဦး၊ စစ္လက္နက္သာမက အရည္အေသြးေကာင္း ဂ်ဳံနဲ႔ သီးႏွံမ်ား တင္ပို႔ေနသူ ႐ုရွားနဲ႔ကင္းလို႔မရႏိုင္ငံတဲ့ တိုင္းျပည္မ်ားအတြက္ အခက္ေတြ႕ရပါတယ္။ အဲဒါေတြ အားလုံးေပါင္းစပ္တဲ့အခါ အေမရိကန္ေဒၚလာ၊ ကမာၻ႔ဘဏ္နဲ႔ ႏိုင္ငံတကာေငြေၾကး ရံပုံေငြအဖြဲ႕တို႔အေပၚ မွီခိုမႈကို စြန႔္လႊတ္ၿပီး ကမာၻသုံး ေငြေၾကးအသစ္၊ ႏိုင္ငံတကာ ဘဏ္စနစ္သစ္ ထူေထာင္ၿပီး လမ္းသစ္ေဖာက္ဖို႔ တြန္းအားျဖစ္ေပၚလာရပါတယ္။ ဒီအတြက္ BRICS လို စီးပြားေရးထြန္းသစ္စ ႏိုင္ငံမ်ားအုပ္စုဟာ အေမရိကန္ ဗဟိုျပဳ စီးပြားေရး- ႏိုင္ငံေရးအုပ္စုနဲ႔ တ႐ုတ္-႐ုရွားဗဟိုျပဳ အုပ္စုတို႔ အားၿပိဳင္မႈအသြင္ေဆာင္လာပါတယ္။

၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ BRICS အုပ္စုမွာ အီဂ်စ္၊ အီရန္၊ ေဆာ္ဒီ၊ ယူေအအီး၊ အီသီယိုပီးယားတို႔ ပါဝင္လာ ၿပီး ၁၀ ႏိုင္ငံျဖစ္သြားပါတယ္။ GDP ဟာ ေဒၚလာ ၄၅ ထရီလီယံ ရွိလာၿပီဆိုေပမယ့္ အဲဒါ G7 လို႔ ေခၚ ကေနဒါ- ျပင္သစ္-ဂ်ာမနီ-ဂ်ပန္-အီတလီ-ၿဗိတိန္-အေမရိကန္ ကမာၻ႔စက္မႈထိပ္သီး အေနာက္အုပ္စုရဲ႕ GDP ထက္ ေဒၚလာ ၁၅ ထရီလီယံ နည္းေနပါေသးတယ္။ ဒါေပမယ့္ အင္ဒိုနီးရွားလို အာရွစီးပြားေရး က်ားႀကီးမ်ား အပါဝင္ ေနာက္ထပ္ ႏိုင္ငံေပါင္း ၄၀ တို႔က ပါဝင္ပူးေပါင္းလာမွာျဖစ္လို႔ ဆယ္ႏွစ္အတြင္း BRICS ရဲ႕ GDP စုစုေပါင္းဟာ ၈၅ ရာခိုင္ႏႈန္း ႀကီးထြားၿပီး G7 ကို အျပတ္အသတ္ ေက်ာ္တက္သြားမွာ ေသခ်ာေနပါတယ္။

BRICS ဟာ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္ကို ထူေထာင္လိုက္ပါတယ္။ အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္းအၾကား ကုန္သြယ္ဖို႔ အရံဘ႑ာေငြအျဖစ္ သိမ္းဆည္းဖို႔ ကုန္သြယ္ဖို႔ ေငြေၾကးအသစ္ ထုတ္ေဝရန္အထိ ျပင္ဆင္လာပါ တယ္။
BRICS အဖြဲ႕ဝင္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံဟာ လြန္ခဲ့တဲ့ ခုနစ္လအတြင္း ေဒၚလာ ဘီလ်ံခ်ီတန္ဖိုးရွိတဲ့ အေမရိကန္ ေငြတိုက္စာခ်ဳပ္မ်ားနဲ႔ အစိုးရဌာနေႂကြးၿမီအာမခံမ်ားကို ထုတ္ေရာင္းပစ္ခဲ့ေၾကာင္း ေတြ႕ရွိရတယ္လို႔ ဝပ္ခ်ာဂု႐ု ဝဘ္ဆိုက္ကပဲ ေမလ ၂၆ ရက္ေန႔မွာ ေရးသားခဲ့ပါတယ္။ ကြန္ျမဴနစ္တ႐ုတ္ဟာ အေမရိကန္စီးပြားေရးမွာ ရင္းႏွီးျမဳပ္ႏွံမယ့္အစား သူ႔ရဲ႕အရန္ေငြအျဖစ္ ေ႐ႊကို စုေဆာင္းေနပါတယ္။ တ႐ုတ္ (ဗဟို) ျပည္သူ႔ဘဏ္ (PBOC) ရဲ႕ ထုတ္ျပန္ခ်က္အရ ယခုအခါသူ႔ႏိုင္ငံဟာ ေ႐ႊတန္ခ်ိန္ ၂,၂၅၀ ကို စုေဆာင္းထားၿပီး တန္ဖိုးအေနနဲ႔ အေမရိကန္ေဒၚ လာ ၁၅၉ ဘီလ်ံခန႔္ရွိေၾကာင္း သိရွိရပါတယ္။

ဒီလုပ္ရပ္ဟာ အေမရိကန္ေဒၚလာနဲ႔ ခပ္ကင္းကင္းေနဖို႔ BRICS ရဲ႕ ေဒၚလာအေပၚမွီခိုမႈကို ေလွ်ာ့ခ်ေရး ရည္မွန္း ခ်က္ နဲ႔ ကိုက္ညီေနျပန္ပါတယ္။ ၂၀၂၂- ခုႏွစ္ကတည္းက BRICS တစ္အုပ္စုလုံးအေနနဲ႔ ေ႐ႊအေျမာက္အမ်ားကို ဝယ္ယူခဲ့ေနၿပီး ႏိုင္ငံျခားေငြမာတစ္မ်ိဳးမ်ိဳးအျဖစ္ အခ်ိန္မေ႐ြးေျပာင္းလဲႏိုင္တဲ့ ေ႐ႊနဲ႔ အစားထိုးလ်က္ရွိပါတယ္။ အာဆီယံႏိုင္ငံမ်ားအခ်င္းခ်င္း အေမရိကန္ေဒၚလာနဲ႔ ေပးေခ်ေနၾကမယ့္အစား သူတို႔တိုင္းျပည္အသီးသီးရဲ႕ ႏိုင္ငံသုံးေငြေၾကးနဲ႔ ေပးေခ်လာၾကပါတယ္။ BRICS တစ္အုပ္စုတည္းကပဲ ကုန္သြယ္မႈအတြက္ ေဒၚလာကို လုံး၀ အသုံးမျပဳေတာ့ဘူးဆိုရင္ အေမရိကန္ႏိုင္ငံ အေျခခံအေဆာက္အအုံ က႑အသီးသီးေပၚ သိသိသာသာ သက္ေရာက္မႈရွိႏိုင္ပါတယ္။
(#ဒီလိုအခ်ိန္_ျမန္မာႏိုင္ငံမွာ #ေဒၚလာေဈး_ေ႐ႊေဈးတက္ျခင္းဟာ #အလြန္ထူးျခားဆန္းက်ယ္တဲ့ #ကိစၥျဖစ္ပါတယ္။ အဲ့ဒါ #ျမန္မာက်ပ္ေငြတန္ဖိုးက်ဆင္းၿပီး #ေငြေၾကးေဖာင္းပြသြားတယ္လို႔ ဆိုရာေရာက္ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံဟာ ျပည္တြင္းသုံးေငြ တန္ဖိုးက်ဆင္းၿပီး ေငြေၾကးေဖာင္းပြမႈ ႀကဳံရႏိုင္ပါတယ္။ (၁) မိမိတိုင္းျပည္ စီးပြားေရးအ႐ြယ္အစားနဲ႔ မလိုက္ေအာင္ ေငြစကၠဴအေျမာက္အမ်ား ႐ိုက္ႏွိပ္ထုတ္ေဝျခင္း၊ (၂) ဘိန္း-စိတ္ႂကြေဆး စသျဖင့္ မသမာနည္းနဲ႔ ရရွိလာတဲ့ ေငြမည္းမ်ားကို ေငြျဖဴျဖစ္ေအာင္ အလုံးအရင္း ခဝါခ်ေငြမ်ား ထိုးသြင္းခံရျခင္း (၃) ဆန႔္က်င္ေရး အဖ်က္အေမွာက္အုပ္စုက ေကာလဟလနဲ႔ ေလပတ္ကားေဈးႏႈန္းသတင္းမ်ားကို ျဖန႔္ေဝၿပီး ေဈးဆြဲ တင္ျခင္း တို႔ျဖစ္ပါတယ္။ #မိုဘိုင္းေငြေပးေခ်မႈဟာ_ေငြေၾကးက်စ္လစ္လာ ေအာင္_အေထာက္အကူျဖစ္ေပ မယ့္ အဲ့ဒီစနစ္ဟာ #ေငြမည္းခဝါခ်ဖို႔_လက္သုံးေတာ္ႀကီးျဖစ္ေနရင္ ဘယ္ႏိုင္ငံမွ စီးပြားေရးလာေရာက္ရင္းႏွီးျမႇဳပ္ႏွံ ခ်င္မယ္ မဟုတ္ပါ။ အဲ့ဒါမ်ိဳးကို ေစာင့္ၾကည့္ေနတဲ့ #ႏိုင္ငံတကာ_ေငြေၾကးအဖြဲ႕အစည္းေတြရဲ႕_အမည္ပ်က္စာရင္း ထည့္သြင္းတာလည္း ခံရႏိုင္ပါတယ္။

ျမန္မာဟာ တစ္ျခားႏိုင္ငံမ်ားလို မိမိတို႔အပိုေငြမ်ားကို တိုင္းျပည္စီးပြားေရးအတြင္း ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံရန္ စေတာ့ရွယ္ယာအိတ္ခ်ိန္းမ်ား အားေကာင္းခိုင္မာျခင္း မရွိေသးပါ။ အမ်ားစုက ေငြျပန္ေဖာ္ဖို႔ အခိုင္မာဆုံးလို႔ ယုံၾကည္ရတာေတြကို စုေဆာင္းမွာျဖစ္ၿပီး ေ႐ႊနဲ႔ ေဒၚလာဟာ အလြန္ ခလုတ္တိုက္မိဖို႔ မ်ားပါတယ္။ က်ရိပ္ျပေနတဲ့ ေဒၚလာကို ေ႐ႊနဲ႔ ေလပတ္ကားဆြဲတင္ရာက က်ပ္ေငြတန္ဖိုးက်ဆင္း-ကုန္ေဈးႏႈန္းႀကီးျမင့္လာပါတယ္။

ဒီေနရာမွာ အမ်ားျပည္သူအခ်င္းခ်င္း ေငြေၾကးလည္ပတ္ဖို႔နဲ႔ SME လုပ္ငန္းေတြမွာ ေဆာင္႐ြက္ေပးေနတဲ့ ဘဏ္ မ်ားကိုလည္း ပစ္မွတ္ထားၿပီး ေဟာလဟလသတင္းမ်ား ထုတ္လႊင့္လာႏိုင္ပါတယ္ ။ ။ သတင္းဘာသာျပန္သူ)
(Watcher Guru, 27 May 2024,” AI BRICS- India & China Agree To Ditch US Dollar For Imports” ႏွင့္ အျခားဆက္စပ္သတင္းမ်ား ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ စုစည္းသည္။)

Picture

Thida Khaing

06/06/2024 09:42

NPNewကို ကျေးဇူးတင်ပါတယ် ဆောင်းပါးတွေလည်းတင်ပေးလို့ပါ

Related news

© 2021. All rights reserved.