မက္ကဆီကို ဖက်ရှင်ဒီဇိုင်နာက ရွေးကောက်ပွဲကြော်ငြာဗီနိုင်းတွေကို လက်ကိုင်အိတ်အဖြစ် ပြန်လည်ပြောင်းလဲ ရောင်းချ

 133

ရောင်နီ (NP News) - ဇွန် ၉

မက္ကဆီကို ဖက်ရှင်ဒီဇိုင်နာ ကမ်မလာမိုရယ်လ်ဟာ ပလတ်စတစ် ဈေးဝယ်အိတ်တွေမှအစ အထည်အလိပ်တွေ အထိ အရာအားလုံးကို အိတ်၊အဝတ်အထည်၊ အခြားအသုံးအဆောင်ပစ္စည်းတွေအဖြစ် ပြောင်းလဲဖန်တီးလေ့ရှိတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။

အခုလည်း သူက နိုင်ငံရွေးကောက်ပွဲအတွက် အသုံးပြုခဲ့တဲ့ ဗီနိုင်းပိုစတာတွေကို လက်ကိုင်အိတ်တွေအဖြစ် ပြောင်းလဲဖန်တီးနေပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ဒေသန္တရ၊ ပြည်နယ်နဲ့ ဖက်ဒရယ်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းတွေဟာ ဗီနိုင်းပိုစတာတွေနဲ့ နေရာအနှံ့ချိတ်ဆွဲပြီး မဲဆွယ်လေ့ ရှိပါတယ်။ မိုရယ်လ်ဟာ အဆိုပါ မဲဆွယ်ပိုစတာတွေကို ဖြုတ်ချ၊ ကတ်ကြီးတွေနဲ့ ဖြတ်ညှပ်ပြီး လက်ကိုင်အိတ်တွေအဖြစ် အသွင်ပြောင်း ပါတယ်။
ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲပြီးဆုံးပြီး လေးရက်အအတွင်း ၎င်းတို့ရဲ့ ကြော်ငြာ ပိုစတာတွေကို ဖယ်ရှားရလေ့ရှိပါတယ်။ ဒီနှစ်တော့ ဗီနိုင်းပိုစတာတွေကို ယခုသီတင်းပတ်ထဲမှာပဲ အလုပ်သမား တွေ ငှားရမ်းကာ စတင်ဖယ်ရှားနေပြီဖြစ်ပါတယ်။ မိုရယ်လ်ကတော့ သူ့ရဲ့ ဗီနိုင်းအိတ်တွေကို Rere brand အမည်နဲ့ သက်သာတဲ့ ဈေးနှုန်းနဲ့ဈေးကွက်ထဲ ရောင်းချခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံမှာ အခုရွေးကောက်ပွဲ ရာသီမှာ မက္ကဆီကို စီးတီး တစ်ခုတည်းတောင် ဗီနိုင်း အမှိုက်တန်ချိန် ၁၀,၀၀၀ ခန့် ရှိမယ်လို့ယူဆရပါတယ်။ အဆိုပါ ဗီနိုင်းတွေဟာ "ပြန်လည်အသုံးပြုနိုင်သည်" ဆိုတဲ့ အမှတ်အသား လိုဂိုတွေ ပါရှိနေပေမယ့် အမှန်တကယ် ပြန်လည်အသုံးပြုနိုင်မယ့် အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Zawgyi Version;
မကၠဆီကို ဖက္ရွင္ဒီဇိုင္နာက ေ႐ြးေကာက္ပြဲေၾကာ္ျငာဗီႏိုင္းေတြကို လက္ကိုင္အိတ္အျဖစ္ ျပန္လည္ေျပာင္းလဲ ေရာင္းခ်
ေရာင္နီ (NP News) - ဇြန္ ၉

မကၠဆီကို ဖက္ရွင္ဒီဇိုင္နာ ကမ္မလာမိုရယ္လ္ဟာ ပလတ္စတစ္ ေဈးဝယ္အိတ္ေတြမွအစ အထည္အလိပ္ေတြ အထိ အရာအားလုံးကို အိတ္၊အဝတ္အထည္၊ အျခားအသုံးအေဆာင္ပစၥည္းေတြအျဖစ္ ေျပာင္းလဲဖန္တီးေလ့ရွိတဲ့ ဒီဇိုင္နာတစ္ဦးျဖစ္ပါတယ္။

အခုလည္း သူက ႏိုင္ငံေ႐ြးေကာက္ပြဲအတြက္ အသုံးျပဳခဲ့တဲ့ ဗီႏိုင္းပိုစတာေတြကို လက္ကိုင္အိတ္ေတြအျဖစ္ ေျပာင္းလဲဖန္တီးေနပါတယ္။ မကၠဆီကိုႏိုင္ငံမွာ ေဒသႏၲရ၊ ျပည္နယ္နဲ႔ ဖက္ဒရယ္ေ႐ြးေကာက္ပြဲေတြမွာ ကိုယ္စားလွယ္ေလာင္းေတြဟာ ဗီႏိုင္းပိုစတာေတြနဲ႔ ေနရာအႏွံ႔ခ်ိတ္ဆြဲၿပီး မဲဆြယ္ေလ့ ရွိပါတယ္။ မိုရယ္လ္ဟာ အဆိုပါ မဲဆြယ္ပိုစတာေတြကို ျဖဳတ္ခ်၊ ကတ္ႀကီးေတြနဲ႔ ျဖတ္ညႇပ္ၿပီး လက္ကိုင္အိတ္ေတြအျဖစ္ အသြင္ေျပာင္း ပါတယ္။
ေ႐ြးေကာက္ပြဲဥပေဒအရ ႏိုင္ငံေရးပါတီေတြဟာ ေ႐ြးေကာက္ပြဲၿပီးဆုံးၿပီး ေလးရက္အအတြင္း ၎တို႔ရဲ႕ ေၾကာ္ျငာ ပိုစတာေတြကို ဖယ္ရွားရေလ့ရွိပါတယ္။ ဒီႏွစ္ေတာ့ ဗီႏိုင္းပိုစတာေတြကို ယခုသီတင္းပတ္ထဲမွာပဲ အလုပ္သမား ေတြ ငွားရမ္းကာ စတင္ဖယ္ရွားေနၿပီျဖစ္ပါတယ္။ မိုရယ္လ္ကေတာ့ သူ႔ရဲ႕ ဗီႏိုင္းအိတ္ေတြကို Rere brand အမည္နဲ႔ သက္သာတဲ့ ေဈးႏႈန္းနဲ႔ေဈးကြက္ထဲ ေရာင္းခ်ခဲ့ပါတယ္။

မကၠဆီကိုႏိုင္ငံမွာ အခုေ႐ြးေကာက္ပြဲ ရာသီမွာ မကၠဆီကို စီးတီး တစ္ခုတည္းေတာင္ ဗီႏိုင္း အမႈိက္တန္ခ်ိန္ ၁၀,၀၀၀ ခန႔္ ရွိမယ္လို႔ယူဆရပါတယ္။ အဆိုပါ ဗီႏိုင္းေတြဟာ "ျပန္လည္အသုံးျပဳႏိုင္သည္" ဆိုတဲ့ အမွတ္အသား လိုဂိုေတြ ပါရွိေနေပမယ့္ အမွန္တကယ္ ျပန္လည္အသုံးျပဳႏိုင္မယ့္ အေရအတြက္ကို ရွင္းရွင္းလင္းလင္း မသိရေသး ပါဘူးလို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.