တရုတ်က အရှေ့တောင်အာရှ မီးရထားလမ်းကြောင်းများနှင့်တစ်ဆက်တည်း ဆက်သွယ်ရန် စီစဉ်လျက်ရှိ

 1095

Alynn (NP News) - ဇွန် ၂၅

မလေးရှားနိုင်ငံ၏ အမေရိ ကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သော အရှေ့ကျွန်းဆွယ်မီးရထား လမ်းကြောင်း (ECRL) မှ လာအိုနှင့် ထိုင်းနိုင်ငံရှိ အခြား တရုတ် ကျောထောက် နောက်ခံပြု မီးရထား လမ်းစီမံကိန်းများနှင့် ချိတ်ဆက်မည့် အစီအစဉ်ကိုစတင် ရန်ဆန္ဒရှိကြောင်း တရုတ်က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသို့ သုံးရက်ကြာ အလည် အပတ်ရောက်ရှိနေသည့် တရုတ်ဝန်ကြီး ချုပ် လီချန်း၏ အဆိုပြုချက်သည် တရုတ်နိုင်ငံ ကူမင်းမှ စင်ကာပူအထိ ပြေးဆွဲမည့် Pan-Asia မီးရထား၏ ဗဟိုလမ်းကြောင်းဖြစ်လာမည်ဖြစ် ကြောင်း ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

'ဒါက နိုင်ငံတကာရေကြောင်းနဲ့ ကုန်းကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်တွေ တည် ဆောက်ရေး၊ ဒေသတွင်း ဆက်သွယ်မှု တိုးမြှင့်ရေးနဲ့ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကို ပိုမို အား ကောင်းလာစေမှာ ဖြစ်ပါတယ်'ဟု လီက ပြောကြားခဲ့သည်။ ၂၀၂၆ နှစ်ကုန်တွင် မလေးရှား နိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရိုး တန်း များကို ဆက်သွယ်ပေးမည့် ၆၆၅ ကီလိုမီတာ အရှည်ရှိသော ECRL မီးရထားလမ်း တည်ဆောက်ရေးနေရာ၌ မြေချခြင်းအခမ်းအနားတွင် လီက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မလေးရှားအစိုးရသည် တရုတ်ကျော ထောက်နောက်ခံပြု ထားသော ထိုင်းနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် စီမံကိန်းများကို သက်တမ်းတိုးရန် စဉ်းစားမည်ဟု မတ်လတွင် ပြောကြားခဲ့သည်။

လီသည် အမေရိကန်နှင့် ပြိုင်ဆိုင်မှုများ ဖြစ်ပွားနေသည့်ကြားမှ အာရှ-ပစိဖိတ်ဒေသတွင် တရုတ်၏ ဩဇာနှင့် ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ရန် ကြိုးပမ်းသည့်အနေဖြင့် နယူးဇီလန်နှင့် ဩစတြေး လျတို့ ပါဝင်သည့် အရှေ့တောင်အာရှ တတိယ အကျော့ ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အင်္ဂါနေ့ (ဇွန်လ ၁၈ ရက်) က ကွာလာလမ်ပူသို့ ရောက်ရှိပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် အလည်အပတ် ခရီးစဉ်အဖြစ် မလေးရှား ဝန်ကြီးချုပ် အန်ဝါအီ ဘရာဟင်နှင့် ပူထရာဂျာယာတွင် တွေ့ဆုံခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၉ ရက်) က တံခါးပိတ်တွေ့ဆုံမှု အပြီးတွင် လီနှင့်အန်ဝါတို့သည် ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံနှင့် ဘဏ္ဍာ ရေး ဝန်ဆောင်မှုစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် သည့် ငါးနှစ်အစီအ စဉ်ကို သက်တမ်းတိုးရန် အပါအဝင် သဘောတူညီချက် တစ်ဒါဇင်ကျော်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။ ၂၀၂၃ ခုနှစ်တွင်စတင်ခဲ့သော ယင်း (၅) နှစ်တာ အစီအစဉ် သည် ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀ဝ၉ ခုနှစ်ကတည်းက မလေးရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၉ ဘီလျံ ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရသိရသည်။ တရုတ်နိုင်ငံ၏ ပထဝီ နိုင်ငံရေးအရ အမေရိကန်နှင့် ပြိုင်ဆိုင်မှုအပေါ်ကြားနေ နေမည်ဟု အန်ဝါက ကတိပြုခဲ့သည်။ တရုတ်၏ Byte Dance နှင့် အမေရိကန်နည်းပညာကုမ္ပဏီကြီး Google နှင့် Microsoft တို့အပါအဝင် နှစ်နိုင်ငံစလုံးမှ ကုမ္ပဏီများထံမှ ယခုနှစ်တွင် ကြီးမားသော ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာကြောင်း မလေးရှားက ကြေညာခဲ့သည်။ အန်ဝါနှင့် လီတို့သည် အရှေ့တောင်အာရှအရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဆီယံနိုင်ငံများက တရုတ်နှင့် သီးခြားဖြေရှင်းရန် သဘောတူညီခဲ့ကြသည်။

zawgyi version
တ႐ုတ္က အေရွ႕ေတာင္အာရွ မီးရထားလမ္းေၾကာင္းမ်ားႏွင့္တစ္ဆက္တည္း ဆက္သြယ္ရန္ စီစဥ္လ်က္ရွိ
Alynn (NP News) - ဇြန္ ၂၅

မေလးရွားႏိုင္ငံ၏ အေမရိ ကန္ေဒၚလာ ၁၀ ဘီလ်ံတန္ဖိုးရွိ ေသာ အေရွ႕ကြၽန္းဆြယ္မီးရထား လမ္းေၾကာင္း (ECRL) မွ လာအိုႏွင့္ ထိုင္းႏိုင္ငံရွိ အျခား တ႐ုတ္ ေက်ာေထာက္ ေနာက္ခံျပဳ မီးရထား လမ္းစီမံကိန္းမ်ားႏွင့္ ခ်ိတ္ဆက္မည့္ အစီအစဥ္ကိုစတင္ ရန္ဆႏၵရွိေၾကာင္း တ႐ုတ္က ေျပာၾကားခဲ့သည္။ မေလးရွားႏိုင္ငံသို႔ သုံးရက္ၾကာ အလည္ အပတ္ေရာက္ရွိေနသည့္ တ႐ုတ္ဝန္ႀကီး ခ်ဳပ္ လီခ်န္း၏ အဆိုျပဳခ်က္သည္ တ႐ုတ္ႏိုင္ငံ ကူမင္းမွ စင္ကာပူအထိ ေျပးဆြဲမည့္ Pan-Asia မီးရထား၏ ဗဟိုလမ္းေၾကာင္းျဖစ္လာမည္ျဖစ္ ေၾကာင္း ဇြန္လ ၁၉ ရက္တြင္ ေျပာၾကားခဲ့သည္။

'ဒါက ႏိုင္ငံတကာေရေၾကာင္းနဲ႔ ကုန္းေၾကာင္း ကုန္သြယ္ေရးစႀကႍသစ္ေတြ တည္ ေဆာက္ေရး၊ ေဒသတြင္း ဆက္သြယ္မႈ တိုးျမႇင့္ေရးနဲ႔ အာဆီယံ အသိုက္အဝန္း တည္ေဆာက္ေရးကို ပိုမို အား ေကာင္းလာေစမွာ ျဖစ္ပါတယ္'ဟု လီက ေျပာၾကားခဲ့သည္။ ၂၀၂၆ ႏွစ္ကုန္တြင္ မေလးရွား ႏိုင္ငံ၏ အေရွ႕ဘက္ႏွင့္ အေနာက္ဘက္ကမ္း႐ိုး တန္း မ်ားကို ဆက္သြယ္ေပးမည့္ ၆၆၅ ကီလိုမီတာ အရွည္ရွိေသာ ECRL မီးရထားလမ္း တည္ေဆာက္ေရးေနရာ၌ ေျမခ်ျခင္းအခမ္းအနားတြင္ လီက ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ မေလးရွားအစိုးရသည္ တ႐ုတ္ေက်ာ ေထာက္ေနာက္ခံျပဳ ထားေသာ ထိုင္းႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ စီမံကိန္းမ်ားကို သက္တမ္းတိုးရန္ စဥ္းစားမည္ဟု မတ္လတြင္ ေျပာၾကားခဲ့သည္။

လီသည္ အေမရိကန္ႏွင့္ ၿပိဳင္ဆိုင္မႈမ်ား ျဖစ္ပြားေနသည့္ၾကားမွ အာရွ-ပစိဖိတ္ေဒသတြင္ တ႐ုတ္၏ ဩဇာႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းသည့္အေနျဖင့္ နယူးဇီလန္ႏွင့္ ဩစေၾတး လ်တို႔ ပါဝင္သည့္ အေရွ႕ေတာင္အာရွ တတိယ အေက်ာ့ ခရီးစဥ္ကို စတင္ခဲ့ျခင္းျဖစ္သည္။ ၎သည္ အဂၤါေန႔ (ဇြန္လ ၁၈ ရက္) က ကြာလာလမ္ပူသို႔ ေရာက္ရွိၿပီးေနာက္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံ ေရး ႏွစ္ ၅၀ ျပည့္ အထိမ္းအမွတ္ အလည္အပတ္ ခရီးစဥ္အျဖစ္ မေလးရွား ဝန္ႀကီးခ်ဳပ္ အန္ဝါအီ ဘရာဟင္ႏွင့္ ပူထရာဂ်ာယာတြင္ ေတြ႕ဆုံခဲ့သည္။

ဗုဒၶဟူးေန႔ (ဇြန္လ ၁၉ ရက္) က တံခါးပိတ္ေတြ႕ဆုံမႈ အၿပီးတြင္ လီႏွင့္အန္ဝါတို႔သည္ ကုန္ သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ စိုက္ပ်ိဳးေရး၊ ကုန္ထုတ္လုပ္မႈ၊ အေျခခံအေဆာက္အအုံႏွင့္ ဘ႑ာ ေရး ဝန္ေဆာင္မႈစသည့္ နယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ သည့္ ငါးႏွစ္အစီအ စဥ္ကို သက္တမ္းတိုးရန္ အပါအဝင္ သေဘာတူညီခ်က္ တစ္ဒါဇင္ေက်ာ္ကို လက္မွတ္ေရးထိုးခဲ့ၾကသည္ဟု သိရသည္။ ၂၀၂၃ ခုႏွစ္တြင္စတင္ခဲ့ေသာ ယင္း (၅) ႏွစ္တာ အစီအစဥ္ သည္ ၂၀၂၈ ခုႏွစ္တြင္ သက္တမ္းကုန္ဆုံးမည္ျဖစ္သည္။

တ႐ုတ္ႏိုင္ငံသည္ ၂၀ဝ၉ ခုႏွစ္ကတည္းက မေလးရွားႏိုင္ငံ၏ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံ ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္တြင္ စုစုေပါင္းကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ ၉၈ ဒသမ ၉ ဘီလ်ံ ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေဖာ္ျပခ်က္အရသိရသည္။ တ႐ုတ္ႏိုင္ငံ၏ ပထဝီ ႏိုင္ငံေရးအရ အေမရိကန္ႏွင့္ ၿပိဳင္ဆိုင္မႈအေပၚၾကားေန ေနမည္ဟု အန္ဝါက ကတိျပဳခဲ့သည္။ တ႐ုတ္၏ Byte Dance ႏွင့္ အေမရိကန္နည္းပညာကုမၸဏီႀကီး Google ႏွင့္ Microsoft တို႔အပါအဝင္ ႏွစ္ႏိုင္ငံစလုံးမွ ကုမၸဏီမ်ားထံမွ ယခုႏွစ္တြင္ ႀကီးမားေသာ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္လာေၾကာင္း မေလးရွားက ေၾကညာခဲ့သည္။ အန္ဝါႏွင့္ လီတို႔သည္ အေရွ႕ေတာင္အာရွအေရးႏွင့္ပတ္သက္၍ သက္ဆိုင္ရာအာဆီယံႏိုင္ငံမ်ားက တ႐ုတ္ႏွင့္ သီးျခားေျဖရွင္းရန္ သေဘာတူညီခဲ့ၾကသည္။

Related news

© 2021. All rights reserved.