K-pop စတား G-Dragon ကိုရီးယားတက္ကသိုလ်ရဲ့စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဌာနမှာ ပါမောက္ခအဖြစ် တာဝန်ယူမည်

 170

ရောင်နီ (NP News) - ဇွန် ၈

တောင်ကိုရီးယား နာမည်ကျော် အဆိုတော် G-Dragon - အမည်ရင်း ကွမ်ဂျီယောင်းဟာ Korea Advanced Institute of Science & Technology (KAIST) မှာ ဧည့်ပါမောက္ခအဖြစ် ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

KAIST နဲ့ G-Dragon ရဲ့ အေဂျင်စီဖြစ်တဲ့ Galaxy Corporation တို့အကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်အရ အဆိုပါ ဧည့်ပါမောက္ခအဖြစ် တာဝန်ယူမှုဟာ ၂၀၂၆ ခုနှစ်အထိ ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းဟာ အဆိုပါတက္ကသိုလ်မှာ တက်ရောက်နေတဲ့ BIGBANG ပရိသတ်တွေအတွက် ကံကောင်းမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ သဘောတူညီချက်အရ G-Dragon ဟာ AI၊ စက်ရုပ် အသွင်အပြင်နဲ့ KAIST နဲ့ ဖက်စပ်လုပ်ကိုင်တဲ့ အနုပညာ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးသုတေသနတွေမှာ ပါဝင်သွားမှာဖြစ်ပါတယ်။
ဒီအကြောင်းကို G-Dragon ကလည်း “KAIST မှာ ဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံရတာ ဂုဏ်ယူ ဝမ်းမြောက်ပါတယ်” လို့ ဗုဒ္ဓဟူးနေ့ (ဇွန် ၅ ရက်) က ပြောကြားခဲ့ပါတယ်။ G- Dragon သင်ကြားမယ့် အတန်းနဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်က တရားမဝင် မူးယစ်ဆေးသုံးစွဲမှု တရားစွဲဆိုချက်ကို ကွင်းလုံးကျွတ်ဖြေရှင်းခဲ့တဲ့ G-Dragon ဟာ ခုနှစ်နှစ်အတွင်း ၎င်းရဲ့ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်သစ် ထွက်ရှိဖို့လည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ် လို့ သိရပါတယ်။

Zawgyi Version;
K-pop စတား G-Dragon ကိုရီးယားတကၠသိုလ္ရဲ႕စက္ပိုင္းဆိုင္ရာ အင္ဂ်င္နီယာဌာနမွာ ပါေမာကၡအျဖစ္ တာဝန္ ယူမည္
ေရာင္နီ (NP News) - ဇြန္ ၈

ေတာင္ကိုရီးယား နာမည္ေက်ာ္ အဆိုေတာ္ G-Dragon - အမည္ရင္း ကြမ္ဂ်ီေယာင္းဟာ Korea Advanced Institute of Science & Technology (KAIST) မွာ ဧည့္ပါေမာကၡအျဖစ္ ကမ္းလွမ္းမႈကို လက္ခံခဲ့ပါတယ္။

KAIST နဲ႔ G-Dragon ရဲ႕ ေအဂ်င္စီျဖစ္တဲ့ Galaxy Corporation တို႔အၾကား ခ်ဳပ္ဆိုထားတဲ့ သေဘာတူညီခ်က္အရ အဆိုပါ ဧည့္ပါေမာကၡအျဖစ္ တာဝန္ယူမႈဟာ ၂၀၂၆ ခုႏွစ္အထိ ၾကာျမင့္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီသတင္းဟာ အဆိုပါတကၠသိုလ္မွာ တက္ေရာက္ေနတဲ့ BIGBANG ပရိသတ္ေတြအတြက္ ကံေကာင္းမႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။ သေဘာတူညီခ်က္အရ G-Dragon ဟာ AI၊ စက္႐ုပ္ အသြင္အျပင္နဲ႔ KAIST နဲ႔ ဖက္စပ္လုပ္ကိုင္တဲ့ အႏုပညာ လုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးသုေတသနေတြမွာ ပါဝင္သြားမွာျဖစ္ပါတယ္။
ဒီအေၾကာင္းကို G-Dragon ကလည္း “KAIST မွာ ဧည့္ပါေမာကၡအျဖစ္ ခန႔္အပ္ျခင္းခံရတာ ဂုဏ္ယူ ဝမ္းေျမာက္ပါတယ္” လို႔ ဗုဒၶဟူးေန႔ (ဇြန္ ၅ ရက္) က ေျပာၾကားခဲ့ပါတယ္။ G- Dragon သင္ၾကားမယ့္ အတန္းနဲ႔ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ၿပီးခဲ့တဲ့ႏွစ္က တရားမဝင္ မူးယစ္ေဆးသုံးစြဲမႈ တရားစြဲဆိုခ်က္ကို ကြင္းလုံးကြၽတ္ေျဖရွင္းခဲ့တဲ့ G-Dragon ဟာ ခုႏွစ္ႏွစ္အတြင္း ၎ရဲ႕ပထမဆုံး တစ္ကိုယ္ေတာ္ အယ္လ္ဘမ္သစ္ ထြက္ရွိဖို႔လည္း အဆင္သင့္ျဖစ္ေနၿပီ ျဖစ္တယ္ လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.