BTS အဖွဲ့ဝင်ဂျင်ရဲ့စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့်နေ့မှာ အဖွဲ့ဝင်အားလုံး ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိနေ

 50

Pika (NP News) - ဇွန် ၁၃

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်၏ စစ်မှုထမ်းတာဝန်ပြီးဆုံးခြင်းကို ဂုဏ်ပြုရန်အတွက် ဇွန်လ(၁၂)ရက်တွင် အဖွဲ့ဝင်အားလုံး ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိနေကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီ Dispatchက ရေးသားဖော်ပြခဲ့သည်။

စစ်မှုထမ်းနေဆဲအဖွဲ့ဝင်များဖြစ်သော RM၊ Suga၊ J-Hope၊ ဂျီမင်း၊ ဂျောင်ကွတ် နှင့် Vတို့သည် အဆိုပါနေ့အတွက် ပျက်ကွက်ခွင့်ကို လျှောက်ထားခဲ့ကြောင်း Dispatch က ဖော်ပြခဲ့သည်။ ထို့အပြင် အဖွဲ့ဝင်အားလုံးသည် ဆိုးလ်မြို့ရှိ ဖော်ပြထားခြင်းမျိုးမရှိသောနေရာတွင် တွေ့ဆုံမှုများ လုပ်ဆောင်ကြမယ်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော်လည်း ဂျင်၏ စစ်မှုထမ်းတာဝန်ပြီးဆုံးခြင်းအတွက် တရားဝင်အခမ်းအနားပြုလုပ်ခြင်းမျိုးရှိမည်မဟုတ်ကြောင်းလည်း သိရသည်။ အဆိုပါဖော်ပြချက်များကို BTS အဖွဲ့၏ အေဂျင်စီ BigHit Music က အတည်ပြုခြင်းမျိုး (သို့မဟုတ်) ငြင်းဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်စစ်မှုထမ်းခဲ့သော ဂျင်သည် စစ်မှုထမ်းတာဝန်အရင်ဆုံးပြီးဆုံးမည့် ပထမဆုံးအဖွဲ့ဝင်ဖြစ်လာမည်ဖြစ်သည်။ ဂျင်သည် စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး နောက်တစ်နေ့တွင် ပရိသတ်များကို ပွေ့ဖက်ခြင်းများ အပါအဝင် ပရိသတ်တွေ့ဆုံပွဲကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်မှုထမ်းတာဝန်ကို ဒုတိယမြောက်ပြီးဆုံးမည့် အခြားအဖွဲ့ဝင်တစ်ဦးမှာ J-Hope ဖြစ်ပြီး လာမည့်အောက်တိုဘာလတွင် စစ်မှုထမ်းတာဝန်ပြီးဆုံးနိုင်ဖွယ်ရှိနေသည်။ ထို့ပြင် အဖွဲ့ဝင်အားလုံးသည် ၂၀၂၅ ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ ၎င်းတို့၏ ဖျော်ဖြေရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။

Zawgyi Version;
BTS အဖြဲ႕ဝင္ဂ်င္ရဲ႕စစ္မႈထမ္းတာဝန္ၿပီးဆုံးမယ့္ေန႔မွာ အဖြဲ႕ဝင္အားလုံး ျပန္လည္ေပါင္းစည္းႏိုင္ဖြယ္ရွိေန
Pika (NP News) - ဇြန္ ၁၃

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးျခင္းကို ဂုဏ္ျပဳရန္အတြက္ ဇြန္လ(၁၂)ရက္တြင္ အဖြဲ႕ဝင္အားလုံး ျပန္လည္ေပါင္းစည္းႏိုင္ဖြယ္ရွိေနေၾကာင္း ေတာင္ကိုရီးယားသတင္းေအဂ်င္စီ Dispatchက ေရးသားေဖာ္ျပခဲ့သည္။

စစ္မႈထမ္းေနဆဲအဖြဲ႕ဝင္မ်ားျဖစ္ေသာ RM၊ Suga၊ J-Hope၊ ဂ်ီမင္း၊ ေဂ်ာင္ကြတ္ ႏွင့္ Vတို႔သည္ အဆိုပါေန႔အတြက္ ပ်က္ကြက္ခြင့္ကို ေလွ်ာက္ထားခဲ့ေၾကာင္း Dispatch က ေဖာ္ျပခဲ့သည္။ ထို႔အျပင္ အဖြဲ႕ဝင္အားလုံးသည္ ဆိုးလ္ၿမိဳ႕ရွိ ေဖာ္ျပထားျခင္းမ်ိဳးမရွိေသာေနရာတြင္ ေတြ႕ဆုံမႈမ်ား လုပ္ေဆာင္ၾကမယ္ျဖစ္ေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း ဂ်င္၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးျခင္းအတြက္ တရားဝင္အခမ္းအနားျပဳလုပ္ျခင္းမ်ိဳးရွိမည္မဟုတ္ေၾကာင္းလည္း သိရသည္။ အဆိုပါေဖာ္ျပခ်က္မ်ားကို BTS အဖြဲ႕၏ ေအဂ်င္စီ BigHit Music က အတည္ျပဳျခင္းမ်ိဳး (သို႔မဟုတ္) ျငင္းဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလတြင္ စတင္စစ္မႈထမ္းခဲ့ေသာ ဂ်င္သည္ စစ္မႈထမ္းတာဝန္အရင္ဆုံးၿပီးဆုံးမည့္ ပထမဆုံးအဖြဲ႕ဝင္ျဖစ္လာမည္ျဖစ္သည္။ ဂ်င္သည္ စစ္မႈထမ္းတာဝန္ၿပီးဆုံးၿပီး ေနာက္တစ္ေန႔တြင္ ပရိသတ္မ်ားကို ေပြ႕ဖက္ျခင္းမ်ား အပါအဝင္ ပရိသတ္ေတြ႕ဆုံပြဲကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

စစ္မႈထမ္းတာဝန္ကို ဒုတိယေျမာက္ၿပီးဆုံးမည့္ အျခားအဖြဲ႕ဝင္တစ္ဦးမွာ J-Hope ျဖစ္ၿပီး လာမည့္ေအာက္တိုဘာလတြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံးႏိုင္ဖြယ္ရွိေနသည္။ ထို႔ျပင္ အဖြဲ႕ဝင္အားလုံးသည္ ၂၀၂၅ ခုႏွစ္တြင္ ျပန္လည္ေပါင္းစည္းကာ ၎တို႔၏ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ားကို ျပန္လည္စတင္ႏိုင္ဖြယ္ရွိေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.