ယူနက်စကို၏ လူငယ်များအတွက် ချစ်ကြည်ရေးသံတမန်များအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Seventeen

 48

Pika (NP News) - ဇွန် ၁၃

တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Seventeen သည် ယူနက်စကို၏ လူငယ်များအတွက်ချစ်ကြည်ရေးသံတမန်များအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် K-pop အဆိုတော်အဖွဲ့တစ်ဖွဲ့က ယူနက်စကိုထံမှ ယင်းကဲ့သို့ ဂုဏ်ပြုမှုကို ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

Seventeen အဖွဲ့သည် ပွဲဦးထွက်ဖျော်ဖြေမှုလုပ်ဆောင်ခဲ့သည့် ၂၀၁၅ ခုနှစ်တည်းက ၎င်းတို့၏ ဖျော်ဖြေမှုများကို ကမ္ဘာလုံးဆိုင်ရာလူငယ်ထိတွေ့ဆက်ဆံမှုနှင့်အတူ ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခန့်အပ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီ Pledis Entertainment က ပြောကြားခဲ့သည်။
ယူနက်စကိုသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများတွင် တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားမှုနှင့် ပူးပေါင်းပါဝင်မှုကို တိုးမြင့်လာစေရန်အတွက် နယ်ပယ်အသီးသီးမှ အထင်ကရပုဂ္ဂိုလ်များကို ချစ်ကြည်ရေးသံတမန်များအဖြစ် ခန့်အပ်ထားသည်။

ထို့ပြင် Seventeen အဖွဲ့ နှင့် ယူနက်စကိုတို့သည် ပညာရေး၏ အရေးပါမှုကို ထောက်ခံအားပေးသည့် #GoingTogether ကမ်းပိန်းတွင် ယခင်က ပူးပေါင်းဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။ Seventeen အဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ယူနက်စကိုရုံးချုပ်တွင် ကျင်းပသည့် (၁၃)ကြိမ်မြောက် ယူနက်စကိုလူငယ်ဖိုရမ်တွင် ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း(၁၇၀)ကျော်မှ လူငယ်ကိုယ်စားလှယ်များ နှင့် နှီးနှောဖလှယ်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် Seventeen အဖွဲ့ဝင်များသည် လူငယ်အချင်းချင်းကြား စည်းလုံးညီညွတ်မှု နှင့် ပညာရေးသည် လူငယ်များ နှင့် ကမ္ဘာမြေကြီး၏ အနာဂတ်ကို ပြောင်းလဲစေနိုင်သည်ဆိုသည့် အမှာစကားများကို ပြောကြားခဲ့ကြကြောင်း သိရသည်။
Seventeen အဖွဲ့သည် လာမည့်ဇွန်လ(၂၆)ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ယူနက်စကိုရုံးချုပ်မှာ ကျင်းပမည့် လူငယ်သံတမန်များအဖြစ် ခန့်အပ်ခြင်းအခမ်းအနားကို တက်ရောက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Zawgyi Version;
ယူနက္စကို၏ လူငယ္မ်ားအတြက္ ခ်စ္ၾကည္ေရးသံတမန္မ်ားအျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕ Seventeen
Pika (NP News) - ဇြန္ ၁၃

ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕ Seventeen သည္ ယူနက္စကို၏ လူငယ္မ်ားအတြက္ခ်စ္ၾကည္ေရးသံတမန္မ်ားအျဖစ္ ခန႔္အပ္ခံခဲ့ရေၾကာင္း သိရသည္။ ထို႔ျပင္ K-pop အဆိုေတာ္အဖြဲ႕တစ္ဖြဲ႕က ယူနက္စကိုထံမွ ယင္းကဲ့သို႔ ဂုဏ္ျပဳမႈကို ရရွိျခင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္းလည္း သိရသည္။

Seventeen အဖြဲ႕သည္ ပြဲဦးထြက္ေဖ်ာ္ေျဖမႈလုပ္ေဆာင္ခဲ့သည့္ ၂၀၁၅ ခုႏွစ္တည္းက ၎တို႔၏ ေဖ်ာ္ေျဖမႈမ်ားကို ကမာၻလုံးဆိုင္ရာလူငယ္ထိေတြ႕ဆက္ဆံမႈႏွင့္အတူ ေပါင္းစပ္ႏိုင္ခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ခန႔္အပ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎တို႔၏ ေအဂ်င္စီ Pledis Entertainment က ေျပာၾကားခဲ့သည္။
ယူနက္စကိုသည္ ၎တို႔၏ လုပ္ငန္းေဆာင္တာမ်ားတြင္ တစ္ကမာၻလုံး၏ စိတ္ဝင္စားမႈႏွင့္ ပူးေပါင္းပါဝင္မႈကို တိုးျမင့္လာေစရန္အတြက္ နယ္ပယ္အသီးသီးမွ အထင္ကရပုဂၢိဳလ္မ်ားကို ခ်စ္ၾကည္ေရးသံတမန္မ်ားအျဖစ္ ခန႔္အပ္ထားသည္။

ထို႔ျပင္ Seventeen အဖြဲ႕ ႏွင့္ ယူနက္စကိုတို႔သည္ ပညာေရး၏ အေရးပါမႈကို ေထာက္ခံအားေပးသည့္ #GoingTogether ကမ္းပိန္းတြင္ ယခင္က ပူးေပါင္းေဆာင္႐ြက္ခဲ့ဖူးေၾကာင္း သိရသည္။ Seventeen အဖြဲ႕သည္ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလက ယူနက္စကို႐ုံးခ်ဳပ္တြင္ က်င္းပသည့္ (၁၃)ႀကိမ္ေျမာက္ ယူနက္စကိုလူငယ္ဖိုရမ္တြင္ ပါဝင္ခဲ့ၿပီး ႏိုင္ငံေပါင္း(၁၇၀)ေက်ာ္မွ လူငယ္ကိုယ္စားလွယ္မ်ား ႏွင့္ ႏွီးေႏွာဖလွယ္မႈမ်ား လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားတြင္ Seventeen အဖြဲ႕ဝင္မ်ားသည္ လူငယ္အခ်င္းခ်င္းၾကား စည္းလုံးညီၫြတ္မႈ ႏွင့္ ပညာေရးသည္ လူငယ္မ်ား ႏွင့္ ကမာၻေျမႀကီး၏ အနာဂတ္ကို ေျပာင္းလဲေစႏိုင္သည္ဆိုသည့္ အမွာစကားမ်ားကို ေျပာၾကားခဲ့ၾကေၾကာင္း သိရသည္။
Seventeen အဖြဲ႕သည္ လာမည့္ဇြန္လ(၂၆)ရက္တြင္ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရွိ ယူနက္စကို႐ုံးခ်ဳပ္မွာ က်င္းပမည့္ လူငယ္သံတမန္မ်ားအျဖစ္ ခန႔္အပ္ျခင္းအခမ္းအနားကို တက္ေရာက္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.