စစ်ဘက်ဆိုင်ရာတင်ဆက်မှုပြိုင်ပွဲမှာ အမြင့်ဆုံးဆု ချီးမြှင့်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင် J-Hope

 800

Pika (NP News) - ဇွန် ၁၃

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ J- Hope သည် စစ်ဘက်ဆိုင်ရာတင်ဆက်မှုပြိုင်ပွဲတွင် အမြင့်ဆုံးဆုကိုချီးမြှင့်ခံခဲ့ရကြောင်းသိရသည်။ လက်ရှိအချိန်တွင် စစ်မှုထမ်းနေဆဲဖြစ်သော J- Hope သည် ဆိုးလ်မြို့ War Memorial of Korea တွင်ကျင်းပသည့် "Strong Warriors, Army!presentation contest" ပွဲတွင် အမြင့်ဆုံးဆုကို ဇွန်လ(၄) ရက်နေ့တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို တောင်ကိုရီးယားစစ်တပ်က ဂုဏ်ပြုပွဲတစ်ခုအနေဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်သား များ၏စိတ်ဓာတ်ခွန်အားကို မြှင့်တင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။အဆိုပါပွဲကို စစ်သားများနှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း(၁၇၀)ခန့်တက်ရောက်ခဲ့ပြီး စစ်မှုထမ်းခြင်း၏တန်ဖိုးနှင့် အတွေ့အကြုံများ၊ အခက်အခဲများကို ကျော်ဖြတ်ခဲ့ကြရပုံများကို မျှဝေခဲ့ကြကြောင်းသိရသည်။

J-Hope သည် ဂန်ဝွန်ပြည်နယ် Wonju မြို့ရှိ အမှတ်(၃၆)ခြေလျင်တပ်ရင်းမှ စစ်သားနှစ်ဦးနှင့် အတူ သုံးဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့အဖြစ် အဆိုပါပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ J-Hope “ BTS အဖွဲ့ဝင်အားလုံးဟာ တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ခွင့်ရလို့ ကျေးဇူးတင်မိပါတယ်။ စစ်မှုထမ်းရတာဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအတွက် တာဝန်ယူနေတဲ့သူတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ခြေလှမ်းတွေကို လှမ်းနေတယ်လို့ ခံစားရစေပါတယ်။ ကျွန်တော်တို့ရဲ့ သွေး၊ ချွေး၊ မျက် ရည်တွေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပံ့ပိုးပေးနေသလိုပဲ ဒီလိုမိန့်ခွန်း ပြောရတာက စစ်သားတွေအတွက် ခွန်အားဖြစ်စေဖို့ ပံ့ပိုးနေတယ်လို့ ခံစားရပါတယ်” ဟု ပြောဆိုခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီလတွင် စတင်စစ်မှုထမ်းခဲ့သော J-Hope သည် အမှတ် (၃၆) ခြေလျင်တပ်ရင်း၏ Baekho Recruit Training Batalion တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေကြောင်းလည်း သိရသည်။ ထို့ပြင် J-Hope သည် လာမည့်အောက်တိုဘာလ(၁၇)ရက်နေ့တွင် စစ်မှုထမ်း တာဝန် ပြီးဆုံးနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။

zawgyi version
စစ္ဘက္ဆိုင္ရာတင္ဆက္မႈၿပိဳင္ပြဲမွာ အျမင့္ဆုံးဆု ခ်ီးျမႇင့္ခံခဲ့ရတဲ့ BTS အဖြဲ႕ဝင္ J-Hope
Pika (NP News) - ဇြန္ ၁၃
ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ J- Hope သည္ စစ္ဘက္ဆိုင္ရာတင္ဆက္မႈၿပိဳင္ပြဲတြင္ အျမင့္ဆုံးဆုကိုခ်ီးျမႇင့္ခံခဲ့ရေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ စစ္မႈထမ္းေနဆဲျဖစ္ေသာ J- Hope သည္ ဆိုးလ္ၿမိဳ႕ War Memorial of Korea တြင္က်င္းပသည့္ "Strong Warriors, Army!presentation contest" ပြဲတြင္ အျမင့္ဆုံးဆုကို ဇြန္လ(၄) ရက္ေန႔တြင္ လက္ခံရယူခဲ့ေၾကာင္း သိရသည္။

အဆိုပါပြဲကို ေတာင္ကိုရီးယားစစ္တပ္က ဂုဏ္ျပဳပြဲတစ္ခုအေနျဖင့္က်င္းပခဲ့ျခင္းျဖစ္ၿပီး စစ္သား မ်ား၏စိတ္ဓာတ္ခြန္အားကို ျမႇင့္တင္ႏိုင္ရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။အဆိုပါပြဲကို စစ္သားမ်ားႏွင့္ စစ္ဘက္ဆိုင္ရာ ဝန္ထမ္း(၁၇၀)ခန႔္တက္ေရာက္ခဲ့ၿပီး စစ္မႈထမ္းျခင္း၏တန္ဖိုးႏွင့္ အေတြ႕အႀကဳံမ်ား၊ အခက္အခဲမ်ားကို ေက်ာ္ျဖတ္ခဲ့ၾကရပုံမ်ားကို မွ်ေဝခဲ့ၾကေၾကာင္းသိရသည္။

J-Hope သည္ ဂန္ဝြန္ျပည္နယ္ Wonju ၿမိဳ႕ရွိ အမွတ္(၃၆)ေျခလ်င္တပ္ရင္းမွ စစ္သားႏွစ္ဦးႏွင့္ အတူ သုံးဦးပါဝင္သည့္ အဖြဲ႕တစ္ဖြဲ႕အျဖစ္ အဆိုပါပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္သည္။ J-Hope “ BTS အဖြဲ႕ဝင္အားလုံးဟာ ေတာင္ကိုရီးယားႏိုင္ငံသားေတြျဖစ္ခြင့္ရလို႔ ေက်းဇူးတင္မိပါတယ္။ စစ္မႈထမ္းရတာဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ လုံၿခဳံေရးအတြက္ တာဝန္ယူေနတဲ့သူေတြနဲ႔ အဓိပၸါယ္ရွိတဲ့ေျခလွမ္းေတြကို လွမ္းေနတယ္လို႔ ခံစားရေစပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေသြး၊ ေခြၽး၊ မ်က္ ရည္ေတြနဲ႔ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ပံ့ပိုးေပးေနသလိုပဲ ဒီလိုမိန႔္ခြန္း ေျပာရတာက စစ္သားေတြအတြက္ ခြန္အားျဖစ္ေစဖို႔ ပံ့ပိုးေနတယ္လို႔ ခံစားရပါတယ္” ဟု ေျပာဆိုခဲ့သည္။ ၂၀၂၃ခုႏွစ္ ဧၿပီလတြင္ စတင္စစ္မႈထမ္းခဲ့ေသာ J-Hope သည္ အမွတ္ (၃၆) ေျခလ်င္တပ္ရင္း၏ Baekho Recruit Training Batalion တြင္ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူေနေၾကာင္းလည္း သိရသည္။ ထို႔ျပင္ J-Hope သည္ လာမည့္ေအာက္တိုဘာလ(၁၇)ရက္ေန႔တြင္ စစ္မႈထမ္း တာဝန္ ၿပီးဆုံးႏိုင္ဖြယ္ရွိေနေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.