စာသင်ကျောင်းများနှင့် ကလေးငယ်များကို မည်သည့်အဖွဲ့အစည်းကမျှ နှောင့်ယှက်ဖျက်ဆီးခြင်းမျိုး မပြုလုပ်ရန် အသိုင်းအဝိုင်းအစုံက တောင်းဆို

 874

မြူနစ် / သန့်ဇင် (NP News) - ဇွန် ၁၆

နိုင်ငံတစ်ဝန်းဖွင့်လှစ်နေသော ပညာရေးကျောင်းများကို မည်သည့်အဖွဲ့အစည်းကမျှ နှောင့် ယှက်ဖျက်ဆီးခြင်းမျိုးမပြုလုပ်ရန် တောင်းဆိုမှုများ ရှိနေသည်။ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဇွန်လ ၃ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး၌ ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိသည်။

လက်ရှိပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ (၆၆၇၂၃၂၉)ဦး ကျောင်းအပ်နှံထားပြီး တက်ရောက်ပညာသင်ကြားနေသူမှာ (၆၄၁၄၇၉၉)ဦးရှိကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။ မြန်မာတစ်နိုင်ငံလုံး၌ နိုင်ငံတော်က ဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများအားလုံးကို မည်သည့်အဖွဲ့အစည်းကမျှ အနှောင့်အယှက်မပေး ကြရန် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတက ဇွန် ၃ ရက်နေ့တွင် တောင်းဆိုမိန့်ကြားထားသည်။

“၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ တစ်လောကလုံးက ကြောက်နေရတဲ့၊ တစ်ကမ္ဘာလုံးက ကြောက်နေရတဲ့လောကကြီးကနေ ရုန်းထွက်ဖို့ ပညာသင်ကြားဖို့လိုတယ်။ အဲဒီတော့ အကြောက်တရားတွေကင်းစင်ဖို့အတွက် တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပညာရေးဌာနတွေ၊ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ကျောင်းတွေကို ဘယ်လိုအဖွဲ့အစည်းကမှ အနှောင့်အယှက်မပေးဖို့ ဒီနေ့ ကျောင်းဖွင့်ပွဲမှာ ဘုန်းဘုန်းက တောင်းဆိုလိုက်တယ်။ ဒါကြောင့် ပညာသင်ကြား ချင်တဲ့ သားတို့၊ သမီးတို့ရဲ့ အနာဂတ် လှပ၊ တောက်ပ စေဖို့အတွက်၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ဘဝ တည် ငြိမ်အေးချမ်းစေဖို့အတွက် ပညာရေးဟာအရေး ကြီးတဲ့အကြောင်း ကမ္ဘာသူ၊ ကမ္ဘာသားတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ နိုင်ငံတော်ကဖွင့်လှစ်နေတဲ့ ကျောင်းတွေအားလုံးကို ဘယ်အဖွဲ့အစည်းကမှ အနှောင့်အယှက်မပေးကြဖို့ တောင်းဆိုပါတယ်”ဟု အရှင်သောဘိတက မိန့်ကြားသည်။

ပညာရေးကျောင်းများကို နှောင့်ယှက်ဖျက်ဆီးခြင်းမျိုးမပြုလုပ်ရန် တောင်းဆိုမှုများရှိနေ သော်လည်း ဇွန်လ ၄ ရက်နေ့တွင် တနင်္သာရီတိုင်း အတွင်း၌ အခြေခံပညာကျောင်းတစ်ခုနှင့် ကျောင်း ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ် ကွက်ရှိ အခြေခံပညာမူတန်းကျောင်း(အိမ်ရှေ့ပြင်)၌ ဇွန် ၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်တွင် ၄၀ မမ ဗုံးသီးဟုယူဆရသော ဗုံးသီးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကျောင်းသားတစ်ဦးသေဆုံးခဲ့သည့်အပြင် ကျောင်းသား/သူ (၂၂)ဦးနှင့် ကျောင်းသားမိဘ တစ်ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ အဆိုပါလုပ်ရပ်သည် ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများကို ကျောင်းမတက်စေ ရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူးဦးထွန်းရီက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

“အကြမ်းဖက်မှုဆိုရင် ဘယ်အကြမ်းဖက်မှုကိုမှ အန်ကယ်တို့ လက်မခံဘူး။ ဆန့်ကျင်တယ်။ အထူးသဖြင့် ဘာမှမသိသေးတဲ့ ကလေးငယ်တွေကို သေကျေစေတဲ့ဟာမျိုးကျတော့ ပိုပြီးတော့ ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်။ အဲဒီတော့ ဒီက လေးတွေရဲ့ ပညာရေးဆိုတာ ဘယ်အစိုးရလက်ထက်၊ ဘယ်သူ့လက်ထက်မှာ တာဝန်ယူမယ့် မျိုးဆက်သစ် တွေ မဟုတ်ဘူး။ တကယ်တမ်းတော့ တိုင်းပြည်ရဲ့ အနာဂတ်ပဲ။ ဒီကလေးတွေ တိုင်းပြည်တာဝန်ယူတဲ့ အခါမှာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အစိုးရနဲ့ တွေ့မယ်ဆိုတာ ကို မှန်းလို့မရဘူး။ တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည် ရဲ့ အညွန့်အဖူးလေးတွေကို ပြိုကွဲအောင် လုပ်တာကို က အင်မတန် မနှစ်မြို့စရာလုပ်ရပ်လို့ သဘောထားပါတယ်”ဟု ဦးထွန်းရီကပြောသည်။

အလားတူ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ အထက-၁ (ထားဝယ်)သို့ ကျောင်းသားများ ပို့ဆောင်ရန် မောင်းနှင်လာသည့် ကျောင်းကားတစ်စီးကို အကြမ်းဖက်လက်နက်ကိုင်(၅)ဦးက ပစ်ခတ်တိုက်ခိုက်မှု ပြု လုပ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် Grade-7 ကျောင်းသားဖြစ်သူ မောင်သက်ပိုင်မျိုး(၁၄နှစ်)တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခ များအကြား ကျောင်းနေအရွယ်ကလေးအများအပြား ပညာသင်ကြားခွင့် ဆုံးရှုံးနေလျက်ရှိသည်။

“ကလေးတွေက ပညာတတ်မှကို အသိပညာပွင့်မယ်။ အခုကလည်းအများကြီးပဲ ပညာမ တတ်တာကြောင့် ဆုံးရှုံးမှုတွေ အများကြီးပဲ ရှိနေ တယ်။ ကျောင်းမထားနိုင်တဲ့လူတွေက ပညာမ တတ်လို့ သူတို့လုံခြုံရေးက မလုံခြုံတာမျိုးတွေ တွေ့နေရတယ်။ အဲဒါကြောင့် ပညာရေးအများကြီး လိုအပ်တယ်။ အတန်းပညာမှမဟုတ်ဘူး။ အခြား အသိပညာရေးက လိုအပ်တယ်။ မိဘတစ်ယောက် အနေနဲ့ခံစားရရင် ကလေးတွေပညာရေးက အမှောင် ကျသွားမှာကို မလိုလားဘူး။ ကလေးတွေပညာရေးက ရှေ့မရောက်ရင် အမှောင်ကျသွားရင် နိုင်ငံရဲ့ အလင်းတန်းတွေမမြင်ရနိုင်ဘူး”ဟု အခြေခံပညာကျောင်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေသူတစ်ဦးကလည်း NP News ကို သုံးသပ်ပြောကြားသည်။

ထို့ပြင် ဇွန် ၅ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင်လည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာရှိ အခြေခံပညာ အထက်ကျောင်းကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး (၆)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရွာခံတစ်ဦးက NP News ကို ဆက်သွယ်ပြောဆို ထားသည်။ “ဒီနေ့မနက် ၁၁ နာရီလောက်မှာ စပစ်တာ။ ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာပေါ့။ စုစုပေါင်း (၆)လုံးနဲ့ ပစ်တာပေါ့။ အခြေခံပညာ အထက်တန်း ကျောင်း(မဒေါင်းလှ)ကိုပဲ အဓိက ပစ်တာ။ ဒါပေမဲ့ ကျောင်းကိုတော့ ထိသွားတာမရှိဘူး။ ကျောင်းကို ကျော်ပြီးတော့ပဲ ကျသွားတာ။ ထိခိုက်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ကျောင်းသားတွေ၊ ကလေးငယ်တွေ တော့ အလုအယက်ပဲ ကျောင်းကနေ ထွက်ပြေးရတာပေါ့။ ဒီနေ့တော့ ကျောင်းကို ပိတ်ထားလိုက်ရတယ်” ဟု မဒေါင်းလှရွာခံတစ်ဦးက ပြောသည်။

လက်ရှိ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားနှင့် စစ်ကိုင်းတိုင်းရှိ တချို့မြို့နယ်များတွင် တိုက်ပွဲများကြောင့် နယ်မြေမလုံခြုံသည့်အတွက် အစိုးရအနေဖြင့် မဖွင့်လှစ်နိုင်သော အခြေခံပညာကျောင်း အများအပြားရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူများက ဆိုသည်။ ထို့ပြင် လက်ရှိနစကအစိုးရလက်ထက်တွင် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးရခဲ့သည့် ပညာရေးဝန်ထမ်းအပါအဝင် ဆရာ/ဆရာမဦးရေသည် (၁ဝဝ)ဝန်းကျင်ရှိနေပြီး စာသင်ကျောင်းများ၊ ပညာရေးနှင့်သက်ဆိုင်သော ဌာနဆိုင်ရာအဆောက်အအုံအများအပြားသည်လည်း မိုင်းခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများခံထားရသည်။

zawgyi version
စာသင္ေက်ာင္းမ်ားႏွင့္ ကေလးငယ္မ်ားကို မည္သည့္အဖြဲ႕အစည္းကမွ် ေႏွာင့္ယွက္ဖ်က္ဆီးျခင္းမ်ိဳး မျပဳလုပ္ရန္ အသိုင္းအဝိုင္းအစုံက ေတာင္းဆို
ျမဴနစ္ / သန႔္ဇင္ (NP News) - ဇြန္ ၁၆

ႏိုင္ငံတစ္ဝန္းဖြင့္လွစ္ေနေသာ ပညာေရးေက်ာင္းမ်ားကို မည္သည့္အဖြဲ႕အစည္းကမွ် ေႏွာင့္ ယွက္ဖ်က္ဆီးျခင္းမ်ိဳးမျပဳလုပ္ရန္ ေတာင္းဆိုမႈမ်ား ရွိေနသည္။ ၂ဝ၂၄-၂၀၂၅ ပညာသင္ႏွစ္အတြက္ တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ အေျခခံပညာေက်ာင္း မ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားကို ဇြန္လ ၃ ရက္ေန႔မွ စတင္ကာ တစ္ႏိုင္ငံလုံး၌ ဖြင့္လွစ္သင္ၾကားေပးေနလ်က္ရွိသည္။

လက္ရွိပညာသင္ႏွစ္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူ (၆၆၇၂၃၂၉)ဦး ေက်ာင္းအပ္ႏွံထားၿပီး တက္ေရာက္ပညာသင္ၾကားေနသူမွာ (၆၄၁၄၇၉၉)ဦးရွိေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။ ျမန္မာတစ္ႏိုင္ငံလုံး၌ ႏိုင္ငံေတာ္က ဖြင့္လွစ္သင္ၾကားေနသည့္ ေက်ာင္းမ်ားအားလုံးကို မည္သည့္အဖြဲ႕အစည္းကမွ် အေႏွာင့္အယွက္မေပး ၾကရန္ စေတာ့ဟုမ္းကမာၻ႔ၿငိမ္းခ်မ္းေရးဆုရွင္၊ IBEC ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတက ဇြန္ ၃ ရက္ေန႔တြင္ ေတာင္းဆိုမိန႔္ၾကားထားသည္။

“၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္မွာ တစ္ေလာကလုံးက ေၾကာက္ေနရတဲ့၊ တစ္ကမာၻလုံးက ေၾကာက္ေနရတဲ့ေလာကႀကီးကေန ႐ုန္းထြက္ဖို႔ ပညာသင္ၾကားဖို႔လိုတယ္။ အဲဒီေတာ့ အေၾကာက္တရားေတြကင္းစင္ဖို႔အတြက္ တစ္တိုင္းျပည္လုံးမွာရွိတဲ့ ပညာေရးဌာနေတြ၊ တစ္တိုင္းျပည္လုံးမွာရွိတဲ့ ေက်ာင္းေတြကို ဘယ္လိုအဖြဲ႕အစည္းကမွ အေႏွာင့္အယွက္မေပးဖို႔ ဒီေန႔ ေက်ာင္းဖြင့္ပြဲမွာ ဘုန္းဘုန္းက ေတာင္းဆိုလိုက္တယ္။ ဒါေၾကာင့္ ပညာသင္ၾကား ခ်င္တဲ့ သားတို႔၊ သမီးတို႔ရဲ႕ အနာဂတ္ လွပ၊ ေတာက္ပ ေစဖို႔အတြက္၊ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ဘဝ တည္ ၿငိမ္ေအးခ်မ္းေစဖို႔အတြက္ ပညာေရးဟာအေရး ႀကီးတဲ့အေၾကာင္း ကမာၻသူ၊ ကမာၻသားေတြအပါအဝင္ ျမန္မာတစ္ႏိုင္ငံလုံးမွာ ႏိုင္ငံေတာ္ကဖြင့္လွစ္ေနတဲ့ ေက်ာင္းေတြအားလုံးကို ဘယ္အဖြဲ႕အစည္းကမွ အေႏွာင့္အယွက္မေပးၾကဖို႔ ေတာင္းဆိုပါတယ္”ဟု အရွင္ေသာဘိတက မိန႔္ၾကားသည္။

ပညာေရးေက်ာင္းမ်ားကို ေႏွာင့္ယွက္ဖ်က္ဆီးျခင္းမ်ိဳးမျပဳလုပ္ရန္ ေတာင္းဆိုမႈမ်ားရွိေန ေသာ္လည္း ဇြန္လ ၄ ရက္ေန႔တြင္ တနသၤာရီတိုင္း အတြင္း၌ အေျခခံပညာေက်ာင္းတစ္ခုႏွင့္ ေက်ာင္း ကားတစ္စီး ပစ္ခတ္တိုက္ခိုက္ျခင္းခံခဲ့ရသည္။ ထားဝယ္ၿမိဳ႕ အိမ္ေရွ႕ျပင္ရပ္ ကြက္ရွိ အေျခခံပညာမူတန္းေက်ာင္း(အိမ္ေရွ႕ျပင္)၌ ဇြန္ ၄ ရက္ ေန႔လယ္ ၁ နာရီဝန္းက်င္အခ်ိန္တြင္ ၄၀ မမ ဗုံးသီးဟုယူဆရေသာ ဗုံးသီးတစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ေက်ာင္းသားတစ္ဦးေသဆုံးခဲ့သည့္အျပင္ ေက်ာင္းသား/သူ (၂၂)ဦးႏွင့္ ေက်ာင္းသားမိဘ တစ္ဦးတို႔တြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည္။ အဆိုပါလုပ္ရပ္သည္ ေက်ာင္းသားမိဘမ်ားႏွင့္ ေက်ာင္းသား/သူမ်ားကို ေက်ာင္းမတက္ေစ ရန္ရည္႐ြယ္ခ်က္ျဖင့္ အၾကမ္းဖက္ၿခိမ္းေျခာက္ျခင္းျဖစ္ေၾကာင္း တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ အေထြေထြအတြင္းေရးမႉးဦးထြန္းရီက NP News ကို မွတ္ခ်က္ျပဳေျပာဆိုထားသည္။

“အၾကမ္းဖက္မႈဆိုရင္ ဘယ္အၾကမ္းဖက္မႈကိုမွ အန္ကယ္တို႔ လက္မခံဘူး။ ဆန႔္က်င္တယ္။ အထူးသျဖင့္ ဘာမွမသိေသးတဲ့ ကေလးငယ္ေတြကို ေသေက်ေစတဲ့ဟာမ်ိဳးက်ေတာ့ ပိုၿပီးေတာ့ ျပင္းျပင္း ထန္ထန္ ဆန႔္က်င္ကန႔္ကြက္တယ္။ အဲဒီေတာ့ ဒီက ေလးေတြရဲ႕ ပညာေရးဆိုတာ ဘယ္အစိုးရလက္ထက္၊ ဘယ္သူ႔လက္ထက္မွာ တာဝန္ယူမယ့္ မ်ိဳးဆက္သစ္ ေတြ မဟုတ္ဘူး။ တကယ္တမ္းေတာ့ တိုင္းျပည္ရဲ႕ အနာဂတ္ပဲ။ ဒီကေလးေတြ တိုင္းျပည္တာဝန္ယူတဲ့ အခါမွာ ဘယ္ပုဂၢိဳလ္၊ ဘယ္အစိုးရနဲ႔ ေတြ႕မယ္ဆိုတာ ကို မွန္းလို႔မရဘူး။ တိုင္းျပည္ရဲ႕ အနာဂတ္၊ တိုင္းျပည္ ရဲ႕ အၫြန႔္အဖူးေလးေတြကို ၿပိဳကြဲေအာင္ လုပ္တာကို က အင္မတန္ မႏွစ္ၿမိဳ႕စရာလုပ္ရပ္လို႔ သေဘာထားပါတယ္”ဟု ဦးထြန္းရီကေျပာသည္။

အလားတူ ဇြန္လ ၄ ရက္ေန႔ နံနက္ပိုင္းတြင္ တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္မွ အထက-၁ (ထားဝယ္)သို႔ ေက်ာင္းသားမ်ား ပို႔ေဆာင္ရန္ ေမာင္းႏွင္လာသည့္ ေက်ာင္းကားတစ္စီးကို အၾကမ္းဖက္လက္နက္ကိုင္(၅)ဦးက ပစ္ခတ္တိုက္ခိုက္မႈ ျပဳ လုပ္ခဲ့သည္။ ထိုသို႔ပစ္ခတ္မႈေၾကာင့္ Grade-7 ေက်ာင္းသားျဖစ္သူ ေမာင္သက္ပိုင္မ်ိဳး(၁၄ႏွစ္)တြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းသိရသည္။ လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရးပဋိပကၡ မ်ားအၾကား ေက်ာင္းေနအ႐ြယ္ကေလးအမ်ားအျပား ပညာသင္ၾကားခြင့္ ဆုံးရႈံးေနလ်က္ရွိသည္။

“ကေလးေတြက ပညာတတ္မွကို အသိပညာပြင့္မယ္။ အခုကလည္းအမ်ားႀကီးပဲ ပညာမ တတ္တာေၾကာင့္ ဆုံးရႈံးမႈေတြ အမ်ားႀကီးပဲ ရွိေန တယ္။ ေက်ာင္းမထားႏိုင္တဲ့လူေတြက ပညာမ တတ္လို႔ သူတို႔လုံၿခဳံေရးက မလုံၿခဳံတာမ်ိဳးေတြ ေတြ႕ေနရတယ္။ အဲဒါေၾကာင့္ ပညာေရးအမ်ားႀကီး လိုအပ္တယ္။ အတန္းပညာမွမဟုတ္ဘူး။ အျခား အသိပညာေရးက လိုအပ္တယ္။ မိဘတစ္ေယာက္ အေနနဲ႔ခံစားရရင္ ကေလးေတြပညာေရးက အေမွာင္ က်သြားမွာကို မလိုလားဘူး။ ကေလးေတြပညာေရးက ေရွ႕မေရာက္ရင္ အေမွာင္က်သြားရင္ ႏိုင္ငံရဲ႕ အလင္းတန္းေတြမျမင္ရႏိုင္ဘူး”ဟု အေျခခံပညာေက်ာင္းမ်ားတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေပးေနသူတစ္ဦးကလည္း NP News ကို သုံးသပ္ေျပာၾကားသည္။

ထို႔ျပင္ ဇြန္ ၅ ရက္ နံနက္ ၁၁ နာရီ အခ်ိန္ခန႔္တြင္လည္း စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕နယ္၊ မေဒါင္းလွေက်း႐ြာရွိ အေျခခံပညာ အထက္ေက်ာင္းကို PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီး (၆)လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ႐ြာခံတစ္ဦးက NP News ကို ဆက္သြယ္ေျပာဆို ထားသည္။ “ဒီေန႔မနက္ ၁၁ နာရီေလာက္မွာ စပစ္တာ။ ေရွာ့တိုက္ဒုံးေတြနဲ႔ ပစ္တာေပါ့။ စုစုေပါင္း (၆)လုံးနဲ႔ ပစ္တာေပါ့။ အေျခခံပညာ အထက္တန္း ေက်ာင္း(မေဒါင္းလွ)ကိုပဲ အဓိက ပစ္တာ။ ဒါေပမဲ့ ေက်ာင္းကိုေတာ့ ထိသြားတာမရွိဘူး။ ေက်ာင္းကို ေက်ာ္ၿပီးေတာ့ပဲ က်သြားတာ။ ထိခိုက္တာမ်ိဳးေတာ့ မရွိဘူး။ ဒါေပမဲ့ ေက်ာင္းသားေတြ၊ ကေလးငယ္ေတြ ေတာ့ အလုအယက္ပဲ ေက်ာင္းကေန ထြက္ေျပးရတာေပါ့။ ဒီေန႔ေတာ့ ေက်ာင္းကို ပိတ္ထားလိုက္ရတယ္” ဟု မေဒါင္းလွ႐ြာခံတစ္ဦးက ေျပာသည္။

လက္ရွိ ပညာသင္ႏွစ္တြင္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အမ်ားအျပားႏွင့္ စစ္ကိုင္းတိုင္းရွိ တခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲမ်ားေၾကာင့္ နယ္ေျမမလုံၿခဳံသည့္အတြက္ အစိုးရအေနျဖင့္ မဖြင့္လွစ္ႏိုင္ေသာ အေျခခံပညာေက်ာင္း အမ်ားအျပားရွိေနေၾကာင္း ပညာေရးအသိုင္းအဝိုင္းႏွင့္နီးစပ္သူမ်ားက ဆိုသည္။ ထို႔ျပင္ လက္ရွိနစကအစိုးရလက္ထက္တြင္ အၾကမ္းဖက္သမားမ်ားက လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ေသဆုံးရခဲ့သည့္ ပညာေရးဝန္ထမ္းအပါအဝင္ ဆရာ/ဆရာမဦးေရသည္ (၁ဝဝ)ဝန္းက်င္ရွိေနၿပီး စာသင္ေက်ာင္းမ်ား၊ ပညာေရးႏွင့္သက္ဆိုင္ေသာ ဌာနဆိုင္ရာအေဆာက္အအုံအမ်ားအျပားသည္လည္း မိုင္းခြဲဖ်က္ဆီးျခင္း၊ မီးရႈိ႕ဖ်က္ဆီးျခင္းမ်ားခံထားရသည္။

Related news

© 2021. All rights reserved.