အသစ်တွေ့ရှိထားတဲ့ အမေဇုန် ငါးမျိုးစိတ်တစ်ခုကို The Lord of the Rings' ဗီလိန် Sauron ကို အစွဲပြု နာမည်ပေးထား

 512

ရောင်နီ (NP News) - ဇွန် ၁၇

အမေဇုန်သစ်တောထဲက မိုင်ပေါင်း ၄၀၀၀ ရှည်လျားတဲ့ မြစ်ကြောတစ်လျောက် အရေးကြီး ငါးဗီဇမျိုးကွဲ၊ ငါးမျိုးစိတ်ပေါင်း ၂,၅၀၀ ခန့် နေထိုင်ကျက်စားနေကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အခုတစ်ခေါက်မှာလည်း နိုင်ငံတကာ သုတေသီအဖွဲ့တစ်ဖွဲ့က ရေအောက်အပင်တွေကို အဓိကစားပြီး လိမ္မော်နဲ့ အနက် ရောစပ်နေတဲ့အရောင်နဲ့ ပီရန်ဟာ ငါးမျိုးစိတ်သစ်တစ်မျိုးကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ အဲဒီ ငါးပုံစံဟာ "The Lord of the Rings" ရုပ်ရှင်စီးရီးထဲက ဗလိန်ဇာတ်ကောင် Sauron ရဲ့ မီးတောက် သင်္ကေတနဲ့ဆင်တူတာကြောင့် ငါးရဲ့အမည်ကို Myloplus sauron လို့ အမည်မှည့်ခေါ်ခဲ့ပါတယ်။

ဒီအမည်ဟာ လူတွေ ငါးမျိုးစိတ်တွေအပေါ် အာရုံစိုက်လာပြီး အမေဇုန်ရှိ ဇီဝမျိုးစုံမျိုးကွဲတွေ မျိုးတုံးမယ့် အန္တရာယ်မှ ကာကွယ်ဖို့အတွက် ကြိုးပမ်းလှုပ်ရှားမှုတွေ ပြုလုပ်လာလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Zawgyi Version;
အသစ္ေတြ႕ရွိထားတဲ့ အေမဇုန္ ငါးမ်ိဳးစိတ္တစ္ခုကို The Lord of the Rings' ဗီလိန္ Sauron ကို အစြဲျပဳ နာမည္ေပးထား
ေရာင္နီ (NP News) - ဇြန္ ၁၇

အေမဇုန္သစ္ေတာထဲက မိုင္ေပါင္း ၄၀၀၀ ရွည္လ်ားတဲ့ ျမစ္ေၾကာတစ္ေလ်ာက္ အေရးႀကီး ငါးဗီဇမ်ိဳးကြဲ၊ ငါးမ်ိဳးစိတ္ေပါင္း ၂,၅၀၀ ခန႔္ ေနထိုင္က်က္စားေနၾကတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

အခုတစ္ေခါက္မွာလည္း ႏိုင္ငံတကာ သုေတသီအဖြဲ႕တစ္ဖြဲ႕က ေရေအာက္အပင္ေတြကို အဓိကစားၿပီး လိေမၼာ္နဲ႔ အနက္ ေရာစပ္ေနတဲ့အေရာင္နဲ႔ ပီရန္ဟာ ငါးမ်ိဳးစိတ္သစ္တစ္မ်ိဳးကို ရွာေဖြေတြ႕ရွိ ခဲ့ပါတယ္။ အဲဒီ ငါးပုံစံဟာ "The Lord of the Rings" ႐ုပ္ရွင္စီးရီးထဲက ဗလိန္ဇာတ္ေကာင္ Sauron ရဲ႕ မီးေတာက္ သေကၤတနဲ႔ဆင္တူတာေၾကာင့္ ငါးရဲ႕အမည္ကို Myloplus sauron လို႔ အမည္မွည့္ေခၚခဲ့ပါတယ္။

ဒီအမည္ဟာ လူေတြ ငါးမ်ိဳးစိတ္ေတြအေပၚ အာ႐ုံစိုက္လာၿပီး အေမဇုန္ရွိ ဇီဝမ်ိဳးစုံမ်ိဳးကြဲေတြ မ်ိဳးတုံးမယ့္ အႏၲရာယ္မွ ကာကြယ္ဖို႔အတြက္ ႀကိဳးပမ္းလႈပ္ရွားမႈေတြ ျပဳလုပ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔ သုေတသီေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.