တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး မတူကွဲပြားမှုတွေကို စားပွဲဝိုင်းမှာဖြေရှင်းဖို့ ဖိလစ်ပိုင်အစိုးရ လိုလား

 699

ဂျန်ဇက် (NP News) - ဇွန် ၂၅

ဖိလစ်ပိုင်အစိုးရအနေနဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး မတူကွဲပြားမှုတွေကို စားပွဲဝိုင်းအပေါ်မှာ ငြိမ်းချမ်းစွာဖြေရှင်းလိုတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အင်နရစ် မာနာလိုက ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။
တရုတ် နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နဲ့ တိုင်ပင်ဆွေးနွေးရေးအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းနိုင်အောင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးအစီအမံတွေကို လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဲဒီလိုမျိုးလုပ်ဆောင်တာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့အချုပ်အခြာ၊ အာဏာပိုင်နက်တွေနဲ့ အနောက်ဖက်ဖိလစ်ပိုင်ကမ်းခြေစီရင်ခွင့်တွေကို ထိခိုက်ခံမှာတော့ မဟုတ်ဘူး" လို့ ပြောပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေဖြစ်လာခဲ့ရာ နှစ်နိုင်ငံကြားထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဆက်ဆံရေးအေးစက်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး ဘရူးနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံတို့နဲ့အငြင်းပွားမှုတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ်က နိုင်ငံတကာခုံရုံးမှာ တရားရင်ဆိုင်ခဲ့ပြီးခုံရုံးက တရုတ်အစိုးရရဲ့တင်ပြချက်တွေကို ငြင်းဆန်ပယ်ချခဲ့ကာ တရုတ်ရဲ့လုပ်ရပ်က ကျူးကျော်မှုဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

Zawgyi Version;
ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး မတူကြဲျပားမႈေတြကို စားပြဲဝိုင္းမွာေျဖရွင္းဖို႔ ဖိလစ္ပိုင္အစိုးရ လိုလား
ဂ်န္ဇက္ (NP News) - ဇြန္ ၂၅

ဖိလစ္ပိုင္အစိုးရအေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး မတူကြဲျပားမႈေတြကို စားပြဲဝိုင္းအေပၚမွာ ၿငိမ္းခ်မ္းစြာေျဖရွင္းလိုတယ္လို႔ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး အင္နရစ္ မာနာလိုက ထုတ္ေဖာ္ေျပာဆိုလိုက္ပါ တယ္။
တ႐ုတ္ နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ဖို႔ အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ေရး နဲ႔ တိုင္ပင္ေဆြးေႏြးေရးအဖြဲ႕အစည္းတစ္ရပ္ ဖြဲ႕စည္းႏိုင္ေအာင္ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ အျပန္အလွန္ ယုံၾကည္မႈတည္ေဆာက္ေရးအစီအမံေတြကို လုပ္ေဆာင္ခဲ့တယ္။ ဒါေပမယ့္ အဲဒီလိုမ်ိဳးလုပ္ေဆာင္တာဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕အခ်ဳပ္အျခာ၊ အာဏာပိုင္နက္ေတြနဲ႔ အေနာက္ဖက္ဖိလစ္ပိုင္ကမ္းေျခစီရင္ခြင့္ေတြကို ထိခိုက္ခံမွာေတာ့ မဟုတ္ဘူး" လို႔ ေျပာပါတယ္။ တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြျဖစ္လာခဲ့ရာ ႏွစ္ႏိုင္ငံၾကားထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ဆက္ဆံေရးေအးစက္ေနေၾကာင္း သတင္းေတြလည္း ထြက္ေပၚေနပါတယ္။
တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း ေျပာဆိုထားၿပီး ဘ႐ူးႏိုင္း၊ ဖိလစ္ပိုင္၊ မေလးရွား၊ ထိုင္ဝမ္၊ ဗီယက္နမ္ႏိုင္ငံတို႔နဲ႔အျငင္းပြားမႈေတြျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး ၂၀၁၆ ခုႏွစ္က ႏိုင္ငံတကာခုံ႐ုံးမွာ တရားရင္ဆိုင္ခဲ့ၿပီးခုံ႐ုံးက တ႐ုတ္အစိုးရရဲ႕တင္ျပခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ကာ တ႐ုတ္ရဲ႕လုပ္ရပ္က က်ဴးေက်ာ္မႈျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.