တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို ထိန်းချုပ်ရန် ရပ်တန့်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတအသစ် ကြိုတင်သတိပေး

 428

ဂျန်ဇက် (NP News) - ဇွန် ၁၇

ထိုင်ဝမ်သမ္မတအသစ်က တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းကို ထိန်းချုပ်နိုင်ရန်အတွက် ရပ်တန့်မည်မဟုတ်ကြောင်း ထိုင်ဝမ်စစ်သားများကို ကြိုတင်သတိပေးပြောဆိုလိုက်သည်။

ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက ထိုင်ဝမ်စစ်သားများအနေဖြင့် အနာဂတ်တွင် ထိုင်ဝမ်ကျွန်း ရင်ဆိုင်နေရသည့်ခြိမ်းခြောက်မှုများကို နားလည်ရမည်ဖြစ်ကြောင်း ပြောသည်။ ထိုင်ဝမ်သမ္မတသည် ထိုင်ဝမ်စစ်ဘက် အကယ်ဒမီတွင်ပြုလုပ်သော သင်တန်းဆင်းပွဲတွင် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းမျိုးဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံအဖြစ် အသိအမှတ်ပြုထားသော နိုင်ငံပေါင်း ၁၂ နိုင်ငံရှိနေကြောင်း သိရသည်။ သို့သော်လည်း တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ပြန်လည်ပေါင်းစည်းရန်ကြိုးပမ်းမည်ဖြစ်ကာ လိုအပ်လျှင် အင်အားသုံးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက "အကြီးမားဆုံးစိန်ခေါ်မှုတွေဟာ ထိုင်ဝမ်ကို ကျူးကျော်ဖို့ ထိုင်ဝမ် ရေလက်ကြားရဲ့အဆင့်အတန်း ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ အရှိန်မြင့်လုပ်ဆောင်နေတဲ့အချက်တွေဖြစ်ပါတယ်" ဟု ပြောသည်။

တရုတ်အစိုးရက ထိုင်ဝမ်သမ္မတကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် ပြစ်တင်ရှုတ်ချထားကြောင်း သိရသည်။ လိုင်ချန်တေးသည် ထိုင်ဝမ်သမ္မတအဖြစ် ပြီးခဲ့သောလတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် တရုတ်အစိုးရက ထိုင်ဝမ်သမ္မတအသစ်၏ ခွဲထွက်ရေးလုပ်ရပ်တွေကို အပြစ်ပေးရန်ရည်ရွယ်ချက်ဖြင့် စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ကြၽန္းကို ထိန္းခ်ဳပ္ရန္ ရပ္တန႔္မည္မဟုတ္ေၾကာင္း ထိုင္ဝမ္သမၼတအသစ္ ႀကိဳတင္သတိေပး
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇

ထိုင္ဝမ္သမၼတအသစ္က တ႐ုတ္ႏိုင္ငံသည္ ထိုင္ဝမ္ကြၽန္းကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရပ္တန႔္မည္မဟုတ္ေၾကာင္း ထိုင္ဝမ္စစ္သားမ်ားကို ႀကိဳတင္သတိေပးေျပာဆိုလိုက္သည္။

ထိုင္ဝမ္သမၼတ လိုင္ခ်န္ေတးက ထိုင္ဝမ္စစ္သားမ်ားအေနျဖင့္ အနာဂတ္တြင္ ထိုင္ဝမ္ကြၽန္း ရင္ဆိုင္ေနရသည့္ၿခိမ္းေျခာက္မႈမ်ားကို နားလည္ရမည္ျဖစ္ေၾကာင္း ေျပာသည္။ ထိုင္ဝမ္သမၼတသည္ ထိုင္ဝမ္စစ္ဘက္ အကယ္ဒမီတြင္ျပဳလုပ္ေသာ သင္တန္းဆင္းပြဲတြင္ တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္ၿပီး ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းမ်ိဳးျဖစ္သည္။

ကမာၻ႔ႏိုင္ငံေပါင္း ၁၉၃ ႏိုင္ငံအနက္ ထိုင္ဝမ္ကို အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ေသာႏိုင္ငံအျဖစ္ အသိအမွတ္ျပဳထားေသာ ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံရွိေနေၾကာင္း သိရသည္။ သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ကို ၎တို႔ပိုင္နက္အျဖစ္ သတ္မွတ္ထားၿပီး ျပန္လည္ေပါင္းစည္းရန္ႀကိဳးပမ္းမည္ျဖစ္ကာ လိုအပ္လွ်င္ အင္အားသုံးမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ထိုင္ဝမ္သမၼတ လိုင္ခ်န္ေတးက "အႀကီးမားဆုံးစိန္ေခၚမႈေတြဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္ဖို႔ ထိုင္ဝမ္ ေရလက္ၾကားရဲ႕အဆင့္အတန္း ဂုဏ္သိကၡာကို ဖ်က္ဆီးဖို႔ အရွိန္ျမင့္လုပ္ေဆာင္ေနတဲ့အခ်က္ေတြျဖစ္ပါတယ္" ဟု ေျပာသည္။

တ႐ုတ္အစိုးရက ထိုင္ဝမ္သမၼတကို အႏၲရာယ္ရွိေသာ ခြဲထြက္ေရးသမားအျဖစ္ ျပစ္တင္ရႈတ္ခ်ထားေၾကာင္း သိရသည္။ လိုင္ခ်န္ေတးသည္ ထိုင္ဝမ္သမၼတအျဖစ္ ၿပီးခဲ့ေသာလတြင္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရက ထိုင္ဝမ္သမၼတအသစ္၏ ခြဲထြက္ေရးလုပ္ရပ္ေတြကို အျပစ္ေပးရန္ရည္႐ြယ္ခ်က္ျဖင့္ စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.