တရုတ်လုပ်ပစ္စည်းများ နဲ့ ပြိုင်ဘက်နိုင်ငံရဲ့သမိုင်းကြွေး မကြေပွဲလား (ဘာသာပြန်ဆောင်းပါး)

 1033

Htay Oung (NP News) - ဇွန် ၁၇

ချားလ်စ်ဘုရင်မင်းမြတ် ထီးနန်းဆက်ခံခြင်း အထိန်းအမှတ်အဖြစ် ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ ဗြိတိန်တပ်မတော် တံဆိပ်များဟာ တရုတ်နိုင်ငံမှာ အသစ်ပြုလုပ်ဖွယ်ရှိခြင်းနဲ့ ပေကျင်းအာဏာပိုင်များက ခြေရာခံကိရိယာများကို ထည့်သွင်းပေးလိုက်ဖွယ်အန္တရာယ်များကြောင့် အသုံးပြုဖို့ နှောင့်နှေးနေရတယ်လို့ “ဖန်နေရှယ် တိုင်းမ်စ်” အမေရိကန်မီဒီယာက ယမန်နေ့ ရေးသားပါတယ်။

ဗြိတိသျှတပ်မတော် တပ်ရင်း တပ်ဖွဲ့တွေရဲ့ဦးထုပ်တံဆိပ်တွေမှာ တော်ဝင်အမှတ်အသားအဖြစ် ယခင် အယ်လိ ဇဘက်ဘုရင်မကြီးရဲ့ စိန့်အက်ဒ်ဝပ် သရဖူဒီဇိုင်းမှ ယခုလက်ရှိ တတိယမြောက်ချားလ်ဘုရင်ရဲ့ “သတ္တမမြောက် ဟင်နရီမင်းဆက် “တူဒေါ” သရဖူ အမှတ်အသားကို အစဉ်အလာအရ ပြောင်းလဲတပ်ဆင်ရဖို့ ရှိနေပါ တယ်။

ဒါပေမယ့် အဲဒီတံဆိပ်တွေကို ပြုလုပ်ပေးဖို့ စာချုပ်ချုပ်ဆိုထားတဲ့ အင်္ဂလန်မြောက်ပိုင်း ယော့ခ်ရှိုင်းယား အခြေစိုက် “ဝိုင်ဒင်းဝေဗင်း ကုမ္ပဏီ” ရဲ့ ကုန်ထုတ်လုပ်မှုကွင်းဆက်အချို့မှာ တရုတ်နိုင်ငံစက်ရုံများကို ရင်းမြစ်ပြုထားတဲ့ အတွက် လုပ်ငန်းစဉ်မှာ ရှုပ်ထွေးနေတယ်လို့ သိရှိရပါတယ်။ ဦးထုပ်တံဆိပ်တွေမှာ ခြေရာခံကိရိယာများ (သို့မဟုတ်) GPS လမ်းညွှန် ထုတ်လွှင့်နိုင်တာမျိုးတွေ မြှုပ်ထည့်ပေးလိုက်မလားလို့ စိုးရိမ်စရာရှိကြောင်း ယူကေ နိုင်ငံအကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ပြောပြပါတယ်။
ယူကေနိုင်ငံအနေနဲ့ အဲဒီဦးထုပ်တံဆိပ်တွေကို ကိုယ်တိုင်ထုတ်လုပ်မယ်ဆိုရင် အရေအတွက် များများစားစား ပြုလုပ်ဖို့ အချိန်မနည်းကြာမှာဖြစ်ပြီး ဈေးလည်း အတော်ကြီးမြင့်နေမှာဖြစ်ကြောင်း၊ အဲဒါကြောင့် ဦးထုပ်တံ ဆိပ်သစ် အသုံးပြုဖို့ကိစ္စ နှောင့်နှေးသွားရကြောင်း၊ လိုအပ်ချက်များကို အပြီးသတ်ပြီးတာနဲ့ တစ်ပြိုင်နက် တံဆိပ် သစ်များ ဝယ်ယူရေးကိစ္စ အကောင်အထည်ပေါ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါပြဿနာဟာ ရင်းနှီးတဲ့ကုန်သွယ်ဖက် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ တရုတ်အပေါ် ဗြိတိန်က အတိတ်ဖြစ်ရပ်များအတွက် စိုးရိမ်ဖွယ်ရန်သူအဖြစ် ဆက်ဆံနေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

တရုတ်လုပ် ပစ္စည်းများနဲ့ပတ်သက်ပြီး အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ဖူးတာ သြစတေးလျှနိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဖြစ်ပါတယ်။ သြစတြေးလျ လက်နက်ကိုင်တပ်ဖွဲ့များဟာ တရုတ်လုပ် စစ်ဘက်ဆိုင်ရာဝတ်စုံနဲ့ ဘွတ်ဖိနပ်များအတွက် တစ်နှစ်လျှင် ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။

ဗြိတိသျှစစ်တပ်တံဆိပ်များဟာ ပုံမှန်အားဖြင့် အရာရှိများအတွက် ချည်ထိုးအထည်၊ အခြားအဆင့်အားလုံး အတွက် သတ္တုဖြင့်ပြုလုပ်ထားကြပါတယ်။ တပ်ရင်းအလိုက် စစ်သားတစ်ဦးချင်းစီအတွက် ခွဲခြားသတ်မှတ်ထ ထားပြီး အတိတ်ကာလ နေမဝင်အင်ပါယာကြီးကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ ဗြိတိသျှတော်ဝင်တပ်မတော်ကြီးမှာ ဂုဏ်ယူစွာ ဝတ်ဆင်ထားလေ့ရှိကြပါတယ်။
ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီး ကွယ်လွန်ပြီးနောက် တော်ဝင်တပ်ရင်းတပ်ဖွဲ့များအတွက် ယခင် ဘုရင်မကြီးရဲ့သရဖူအစား လက်ရှိဘုရင်ရဲ့နန်းဆက် အတိုကောက်အမှတ်အသားကို ပြောင်းလဲရွေးချယ်ရပါလိမ့် မယ်။ ၂၀၂၂ ခုနှစ် ဝိုင်ဒင်းကုမ္ပဏီဟာ ယူကေနိုင်ငံ စစ်တပ်များအတွက် အမှတ်အသားတံဆိပ် ပေးသွင်းဖို့ အမေရိကန်နိုင်ငံ အသိအမှတ်ပြု “လိုင်ဒို ကာကွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ” ထံမှ ပေါင်စတာလင် ၂.၉ သန်း နဲ့ ၃ နှစ်စာ တစ်ဆင့်ခံ ကန်ထရိုက်အဖြစ် ဝယ်ယူခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကေ ကာကွယ်ရေးန်ကြီးဌာနနဲ့ တိုက်ရိုက်စာချုပ်ချုပ်ခဲ့သူ လိုင်ဒိုကုမ္ပဏီတို့က မှတ်ချက်ပေးဖို့ ငြင်းဆိုနေပါတယ်။

ဝိုင်ဒင်းကုမ္ပဏီရဲ့နည်းစနစ်များဆိုင်ရာ ဒါရိုက်တာတစ်ဦးကတော့ သူတို့မိသားစုပိုင်ကုမ္ပဏီအနေနဲ့ တံဆိပ်များ ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ နောက်ဆုံးအတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။
ကုမ္ပဏီရဲ့ထောက်ပံ့ရေးကွင်းဆက်များမှာ တရုတ်နိုင်ငံက တစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း ၁၅ နှစ်ကျော် ကြာရှည်တဲ့ဆက်ဆံရေးရှိပြီး စိုးရိမ်ပူပန်စရာ ဘာတစ်ခုမှ မရှိကြောင်း၊ ဦးထုပ်တံဆိပ်သစ်ကို တရုတ်ပြည်တွင်း အပါအဝင် နေရာအတော်များများမှာ အဆင့်ဆင့်ပြုလုပ်သွားမှာဖြစ်ပြီး ယူကေနိုင်ငံမှာ အရည်အသွေး စစ်ဆေးခံယူ ရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

၁၉၈၄ ခုနှစ် စတင်တည်ထောင်ခဲ့တဲ့ ဝိုင်ဒင်းကုမ္ပဏီဟာ ဗြိတိန်စစ်တပ်အတွက်သာမက ကနေဒါရိန်းဂျားများ အပါအဝင် အခြားနိုင်ငံအများအပြားရှိ လုံခြုံရေးတပ်ဖွဲ့များအတွက် တာဝန်ယူတာဝန်ခံမှုစနစ်နဲ့ ပစ္စည်းများ ပေးသွင်းနေဆဲဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဘာမင်ဂမ်အခြေစိုက် ဖာမင်းအင်န်ဆန်းစ်ကုမ္ပဏီနဲ့အတူ ယမန်နှစ် ချားလ်စ်ဘုရင် နန်းတက်ပွဲအတွင်း ချီတက်ခဲ့ကြတဲ့တပ်ဖွဲ့များအတွက် တံဆိပ်ငယ်များကိုလည်း ပြုလုပ် ပေးခဲ့ဖူးပါတယ်။
ယခုပြဿနာဟာ ဗြိတိသျှပါလီမန် “ပါတီစုံကော်မတီ” အတွက်လည်း အတော် စိတ်မသက်သာစရာ ဖြစ်နေပါ တယ်။ နန်းတက်ပွဲအခန်းအနား တက်ရောက်သူ ဧည့်သည်တော် ဂုဏ်သရေရှိ လူကြီးလူကောင်းများကို လက် ဆောင်ပေးဖို့အတွက် “လေးစားဂုဏ်ပြုခြင်း အထိန်းအမှတ် ဒင်္ဂါးပြား” ကို ဆက်တိုက် ထုတ်ဝေရန် လောလော ဆယ် စဉ်းစားနေခိုက်ဖြစ်တယ်လို့ ဗြိတိန်ပါလီမန် ကာကွယ်ရေးကော်မတီအကြီးအကဲဟောင်း တိုဘိုင်း ယပ်စ် အယ်လ်ဝုဒ် က ဆိုပါတယ်။

ဒင်္ဂါးပြားတွေကို ယူကေမှာပဲ ထုတ်လုပ်မလား အဲ့ဒီ ကုန်ကျစရိတ် ငါးပုံတစ်ပုံနဲ့ တရုတ်ပြည်ကို အပ်သင့်/မအပ်သင့် သူ နဲ့ အခြားကော်မတီဝင်များအကြား ဒေါတကြီး ငြင်းခုန်ခဲ့ကြကြောင်း၊ နောက်ဆုံး လုံခြုံရေးကိစ္စ စိုးရိမ်မှုများ ကြောင့် ဗြိတိန်ကုမ္ပဏီများထံမှ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဗြိတိန်နိုင်ငံဟာ 5G ဆက်သွယ်ရေး ကွန်ရက်များမှာ “တရုတ် ဟွာဝေး” စက်ပစ္စည်းများ အသုံးပြုခြင်းမှာ ပိတ်ပင်ထားခြင်းကြောင့် သူလျှိုလုပ်ခံရမယ့် အရေး စိုးရိမ်မှုများ တိုးမြင့်လာနေချိန် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ဗြိတိန်ရဲ့အများသူငှာသုံး ပစ္စည်းများ ဝယ်ယူရေးစည်းမျဉ်းတွေဟာ လန်ဒန်နဲ့ သိသိသာသာကုန်သွယ်မှုပြုလုပ် နေတဲ့ တရုတ်နိုင်ငံအပေါ်အများဆုံးဖြစ်နေတဲ့အတွက် တရုတ်မူဝါဒနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာ ပါတယ်။ တရုတ်လုပ်ကုန်ပစ္စည်းများဝယ်ယူခြင်းရဲ့အန္တရာယ်များနဲ့ ဝယ်ယူခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူး များအကြား ဟန်ချက်ညီစေရေးဆိုတာ ပါလလေဟန်မျှသာ ရှိပါတယ်။ တရုတ်လုပ်သမျှ အရာအားလုံးကို ပြစ်တင်ရှုတ်ချခြင်းထက် သိမ်မွေတဲ့ချဉ်းကပ်မှုလိုအပ်တယ်လို့ အယ်လ်ဝုဒ်က ယုံကြည်ပါတယ်။

လန်ဒန် တရုတ်သံရုံးကိုတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး လုံခြုံ ရေးစိုးရိမ်မှုများအရ ဒင်္ဂါးပြားများတွေကို ဗြိတိန်မှာပဲ လုပ်သင့်ကြောင်း ညွှန်ပြနေပေမယ့် အချို့ကတော့ ဗြိတိန် စစ်တပ်မှာ တရုတ်လုပ် တံဆိပ်များကိုသုံးလည်း အန္တရာယ်အလွန်နည်းပါးနိုင်တယ်လို့ စောဒကတက်ကြ ပါ တယ်။ ယခုဖြစ်ရပ်များဟာ တရုတ်နဲ့ ဆက်ဆံရေးစီမံခန့်ခွဲရာမှာ ရှုပ်ထွေးမှုများကို မီးမောင်းထိုးပြနေပြီး အနာဂတ်ကာလ သည့်ထက် ပိုမိုတဲ့ စိန်ခေါ်မှုများ ဖြစ်လာဖွယ်ရှိနေပါတယ်။

(မျိုးချစ်စိတ် နိုင်ငံချစ်စိတ်နဲ့ပတ်သက်လာရင် ကိုလိုနီခေတ် မြန်မာအမျိုးသားရေးဝါဒီများ ပျစ်ပျစ်နှစ်နှစ် ဆဲရေးခဲ့ တဲ့ အင်္ဂလိပ်တို့ရဲ့ Bourgeois mentality အရင်းရှင်လူတန်းစား ဉာဉ်အကြောင်းက အစချီ ပြောဆိုရပါလိမ့်မယ်။ အဲဒီကိန်းကြီးခန်းကြီးစရိုက်ရရှိအောင် အင်္ဂလိပ်တို့ကိုယ်တိုင် သားစဉ်မြေးဆက် နှစ်ပေါင်းရာချီ တမင်မွေးမြူယူခဲ့ ကြပါတယ်။ တကယ်တော့ အမျိုးသားရေးဝါဒဟာ ကြောင်းတူ သံကွဲ ၅ မျိုးခန့်ရှိနေပြီး အဲဒါအားလုံးကို ဒီနေ့ထိ ဥရောပတိုက်နိုင်ငံများမှာ တွေ့နိုင်ပါတယ်။
၁၉၁၂ ခုနှစ် အသားအရောင် ခွဲခြားတဲ့စနစ်အရ တောင်အာဖရိကနိုင်ငံမှာ မဟတ္တမ ဂနွီကြီးကို မီးရထားပေါ်က မောင်းချခဲ့သူများဟာ ပဉ္စမမြောက် ဂျော့ဘုရင်မင်းမြတ်ရဲ့အင်္ဂလိပ်အစိုးရဖြစ်ပါတယ်။ ဗြိတိန်လို့ ကျွန်တော်တို့ သိနေကြတဲ့ ယူကေနိုင်ငံရဲ့ ၂၀၂၂-ခုနှစ် ဝန်ကြီးချုပ် ရာရှီဆူနတ်ဟာ တစ်ချိန်က သူတို့ မီးရထားပေါ်က မောင်းချ ခဲ့ဖူးတဲ့ ဂန္ဓီကြီးတို့လို အိန္ဒိယနွယ်ဖွားဖြစ်နေပါတယ်။ ပိုပြီး ထူးခြားတာက ဆူနပ်ကို ခေါင်းဆောင်ရွေးချယ်လိုက်သူ တွေဟာ အင်္ဂလန်ကျွန်းမှာ အလွန်ရှေးရိုးဆန်တဲ့ တိုရီစ် (ခေါ်) ကွန်ဆာဗေးတစ်ပါတီ ဖြစ်နေခြင်းပါ။

နှစ်ပေါင်း ၁၁၀ ကျော်မှာ အလိုက်သင့်ပြောင်းလဲလာတဲ့အင်္ဂလိပ်တို့ရဲ့စရိုက်ကို သတိထားမိလျှင် ကျွန်တော်တို့ နိုင်ငံကို ဘာ့ကြောင့် နှစ် ၁၀၀ လောက် လူကိုလူချင်း ကိုလိုနီပြုသွားနိုင်သလဲဆိုတာ စဉ်းစားမိမှာပါ။ အလားတူ ယခု တစ်ကြိမ်မှာတော့ သူတို့ လူ့အဖွဲ့အစည်းရဲ့အမျိုးသားလုံခြုံရေးအပေါ် အလွန်အလေးအနက်ထားပြီး သမိုင်း မမေ့ကြောင်းကိုလည်း အကဲခတ်မိမှာပါ။ ချားလ်ဒါဝင်ရဲ့သီအိုရီအရဆိုလျှင် အဲဒီလို နိုင်ငံ အဲဒီလူမျိုးတွေ မျိုးတုန်း မှေးမှိန်သွားဖို့ သူတို့ကိုးကွယ်ယုံကြည်ရာ ပျောက်ဆုံးဖို့ အလွန်ခဲယဉ်းပါတယ်။
၁၆၂ ပြည့်နှစ်မှာ အင်္ဂလိပ်သင်္ဘောများ တရုတ်ပြည်ကို စတင်ရောက်ရှိလာပါတယ်။ အဲဒီအချိန် ပေါ်တူဂီတို့က သူတို့ ထက် လက်ဦးပြီး မကာအိုကို တရုတ်ဘုရင်ထံမှ အငှားရနေပြီးပါပြီ၊ အဲဒီနောက် အင်္ဂလန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးဖွင့်လှစ်ဖို့အတွက် ဗြိတိသျှတော်ဝင်ရေတပ်မတော်ရဲ့အမြောက်တင် စစ်သင်္ဘော ၄ စင်း ရောက်ရှိလာ ပါတယ်။ အဲဒီ စစ်သင်္ဘောတွေဟာ ပထမမြောက် ချားလ်ဘုရင်ရဲ့အမိန့်အောက်မှာဖြစ်ပါတယ်။ “ဆာဝီလျှံ ကုတ်တင်” ဦးဆောင်ပြီး ဗြိတိသျှ မူးမတ်များ၊ ဂုဏ်သရေရှိ ကုန်သည်ကြီးများ ရှယ်ယာပါဝင်တဲ့ “အရှေ့ အိန္ဒိယ ကုမ္ပဏီ” နဲ့ လုပ်ပိုင်ခွင့်ချင်း အလွန်ကွဲပြားပါတယ်။ မကာအိုမှာ အင်္ဂလိပ်တို့ရဲ့လုပ်ရပ်ဟာ တရုတ် မင် ဧကရာဇ်အတွက် အလွန်ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး လူမှောင်ခို အလုပ်နဲ့ အင်္ဂလိပ်တို့ စတင်တာထွက်ခဲ့ပါတယ်။
၁၇၉၃ ခုနှစ် တရုတ်မြောက်ပိုင်း ပေကျင်းမြို့တော်မှာ အင်္ဂလိပ်သံရုံးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၈၂ဝ ပြည့်နှစ် ရောက်တော့ တရုတ်တောင်ပိုင်း ပုလဲမြစ်၀ ယခု ဟောင်ကောင် အရှေ့ဘက်မှာ တည်ရှိနေတဲ့ လင်တင်ကျွန်း ဟာ ဗြိတိသျှကုန်သည်များရဲ့ဘိန်းကုန်သွယ်မှုဌာနချုပ်ဖြစ်လာပါတယ်။ ၁၈၃၉ ခုနှစ်မှာ တရုတ်-အင်္ဂလိပ် “ပထမဘိန်း စစ်ပွဲ” ဖြစ်ပွားခဲ့ပါတယ်။ သံတမန်ရေးရာ တန်းတူညီမျှမှုလို့ အင်္ဂလိပ်တို့က အကြောင်းပြတိုက်ခိုက်ခဲ့တဲ့ အဲဒီစစ်ပွဲ ဟာ ၃ နှစ်ကြာခဲ့ပြီး တရုတ်တို့ မရှု့မလှ အရေးနိမ့်ခဲ့ရပါတယ်။

အဲဒီအချိန် ကမ္ဘာ့စီးပွားရေး အတိုးတက်ဆုံးဖြစ်နေတဲ့အင်္ဂလိပ်တို့ဟာ နိုင်ငံကျယ်ဝန်းပြီး လူဦးရေများပြား သလောက် ဖွံ့ဖြိုးမှုခေတ်နောက်ကျနေတဲ့ အာရှတိုက်နိုင်ငံကြီးနဲ့ စစ်ပွဲများ ကြို့ကြားဖြစ်ပွားနေခဲ့ပါတယ်။ စစ်ဖြစ် လိုက်တိုင်းလဲ တရုတ်တို့ဘက်က ရှုံးချည့်ခဲ့ပါတယ်။ ၁၈၄၂-ခုနှစ် နန်ကင်းစာချုပ်အရ စစ်ပွဲများ အဆုံးသတ်သွားခဲ့ ပေမယ့် တောင်ပိုင်း ပုလဲမြစ်ဝ ဟောင်ကောင်ကျွန်းကို ဗြိတိသျှတို့ လက်တွင်း ထိုးအပ်လိုက်ရပါတယ်။ အဲဒီ နောက်မြောက်ပိုင်း ယန်စီမြစ် ကုန်သွယ်ရေးအချက်အချာ “ရှန်ဟိုင်း” နဲ့ အနီးတဝှိုက်မှာ အထူးအခွင့်အရေးရ ဗြိတိသျှ ကျေးတော်မျိုး ကျွန်တော်မျိုးများအတွက် “ပိုင်နက်နယ်မြေ” များအဖြစ် သတ်မှတ်ပေးလိုက်ရပါတယ်။

တရုတ်တို့အပေါ် လက်နက်အားကိုးနဲ့ စိတ်ထင်သလို အနိုင်ကျင့်ရာမှာ ပြင်သစ်တို့ကလည်း ပုလင်းတူ ဗူးဆို့များ ဖြစ်ပါတယ်။ ၁၈၅၆-ခုနှစ်မှာ ဒုတိယဘိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီး တရုတ်တို့အပေါ် ဗြိတိသျှနဲ့ ပြင်သစ်တို့က အောင်ပွဲခံခဲ့ ပါတယ်။ နောက်ဆက်တွဲအဖြစ် ဗြိတိသျှတို့ရရှိသွားတာက ဟောင်ကောင်မြောက်ပိုင်း ကောင်းလွန်း ကျွန်းဆွယ် ဖြစ်ပါတယ်။ ၂၀ ရာစုတစ်လျှောက်လုံး တရုတ်-ဗြိတိန်ဆက်ဆံရေးဟာ တက်ချည်ကျချည်ရှိခဲ့ပြီး စစ်အေးတိုက်ပွဲ ကာလတစ်လျှောက် ဆန့်ကျင်ဘက်နိုင်ငံများဖြစ်ခဲ့ပါတယ်။ ။သတင်းဘာသာပြန်သူ)
#ဗြိတိသျှတော်ဝင်တပ်မတော်_ဦးထုပ်တံဆိပ် #တရုတ်သူလျှို #အယ်လိဇဘက်ဘုရင်မကြီး #ဘိန်းစစ်ပွဲ
#ဟောင်ကောင် #တတိယမြောက်ချားလ်ဘုရင် #စိန့်အက်ဒ်ဝပ်သရဖူဒီဇိုင်း #နန်ကင်းစာချုပ်
(Financial Times., 15 June 2024,” British army delays King Charles cap badges over China spying fears” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
တ႐ုတ္လုပ္ပစၥည္းမ်ား နဲ႔ ၿပိဳင္ဘက္ႏိုင္ငံရဲ႕သမိုင္းေႂကြး မေၾကပြဲလား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇြန္ ၁၇

ခ်ားလ္စ္ဘုရင္မင္းျမတ္ ထီးနန္းဆက္ခံျခင္း အထိန္းအမွတ္အျဖစ္ ျပန္လည္ဒီဇိုင္းထုတ္ထားတဲ့ ၿဗိတိန္တပ္မေတာ္ တံဆိပ္မ်ားဟာ တ႐ုတ္ႏိုင္ငံမွာ အသစ္ျပဳလုပ္ဖြယ္ရွိျခင္းနဲ႔ ေပက်င္းအာဏာပိုင္မ်ားက ေျခရာခံကိရိယာမ်ားကို ထည့္သြင္းေပးလိုက္ဖြယ္အႏၲရာယ္မ်ားေၾကာင့္ အသုံးျပဳဖို႔ ေႏွာင့္ေႏွးေနရတယ္လို႔ “ဖန္ေနရွယ္ တိုင္းမ္စ္” အေမရိကန္မီဒီယာက ယမန္ေန႔ ေရးသားပါတယ္။

ၿဗိတိသွ်တပ္မေတာ္ တပ္ရင္း တပ္ဖြဲ႕ေတြရဲ႕ဦးထုပ္တံဆိပ္ေတြမွာ ေတာ္ဝင္အမွတ္အသားအျဖစ္ ယခင္ အယ္လိ ဇဘက္ဘုရင္မႀကီးရဲ႕ စိန႔္အက္ဒ္ဝပ္ သရဖူဒီဇိုင္းမွ ယခုလက္ရွိ တတိယေျမာက္ခ်ားလ္ဘုရင္ရဲ႕ “သတၱမေျမာက္ ဟင္နရီမင္းဆက္ “တူေဒါ” သရဖူ အမွတ္အသားကို အစဥ္အလာအရ ေျပာင္းလဲတပ္ဆင္ရဖို႔ ရွိေနပါ တယ္။

ဒါေပမယ့္ အဲဒီတံဆိပ္ေတြကို ျပဳလုပ္ေပးဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ အဂၤလန္ေျမာက္ပိုင္း ေယာ့ခ္ရႈိင္းယား အေျခစိုက္ “ဝိုင္ဒင္းေဝဗင္း ကုမၸဏီ” ရဲ႕ ကုန္ထုတ္လုပ္မႈကြင္းဆက္အခ်ိဳ႕မွာ တ႐ုတ္ႏိုင္ငံစက္႐ုံမ်ားကို ရင္းျမစ္ျပဳထားတဲ့ အတြက္ လုပ္ငန္းစဥ္မွာ ရႈပ္ေထြးေနတယ္လို႔ သိရွိရပါတယ္။ ဦးထုပ္တံဆိပ္ေတြမွာ ေျခရာခံကိရိယာမ်ား (သို႔မဟုတ္) GPS လမ္းၫႊန္ ထုတ္လႊင့္ႏိုင္တာမ်ိဳးေတြ ျမႇဳပ္ထည့္ေပးလိုက္မလားလို႔ စိုးရိမ္စရာရွိေၾကာင္း ယူေက ႏိုင္ငံအႀကီးတန္းကာကြယ္ေရးအရာရွိတစ္ဦးက ေျပာျပပါတယ္။
ယူေကႏိုင္ငံအေနနဲ႔ အဲဒီဦးထုပ္တံဆိပ္ေတြကို ကိုယ္တိုင္ထုတ္လုပ္မယ္ဆိုရင္ အေရအတြက္ မ်ားမ်ားစားစား ျပဳလုပ္ဖို႔ အခ်ိန္မနည္းၾကာမွာျဖစ္ၿပီး ေဈးလည္း အေတာ္ႀကီးျမင့္ေနမွာျဖစ္ေၾကာင္း၊ အဲဒါေၾကာင့္ ဦးထုပ္တံ ဆိပ္သစ္ အသုံးျပဳဖို႔ကိစၥ ေႏွာင့္ေႏွးသြားရေၾကာင္း၊ လိုအပ္ခ်က္မ်ားကို အၿပီးသတ္ၿပီးတာနဲ႔ တစ္ၿပိဳင္နက္ တံဆိပ္ သစ္မ်ား ဝယ္ယူေရးကိစၥ အေကာင္အထည္ေပၚလာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါျပႆနာဟာ ရင္းႏွီးတဲ့ကုန္သြယ္ဖက္ ကမာၻ႔ဒုတိယအႀကီးဆုံးစီးပြားေရးႏိုင္ငံ တ႐ုတ္အေပၚ ၿဗိတိန္က အတိတ္ျဖစ္ရပ္မ်ားအတြက္ စိုးရိမ္ဖြယ္ရန္သူအျဖစ္ ဆက္ဆံေနသလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

တ႐ုတ္လုပ္ ပစၥည္းမ်ားနဲ႔ပတ္သက္ၿပီး အုတ္အုတ္က်က္က်က္ျဖစ္ခဲ့ဖူးတာ ၾသစေတးလွ်ႏိုင္ငံျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက ျဖစ္ပါတယ္။ ၾသစေၾတးလ် လက္နက္ကိုင္တပ္ဖြဲ႕မ်ားဟာ တ႐ုတ္လုပ္ စစ္ဘက္ဆိုင္ရာဝတ္စုံနဲ႔ ဘြတ္ဖိနပ္မ်ားအတြက္ တစ္ႏွစ္လွ်င္ ေဒၚလာ သန္းေပါင္းမ်ားစြာ အသုံးျပဳခဲ့ပါတယ္။

ၿဗိတိသွ်စစ္တပ္တံဆိပ္မ်ားဟာ ပုံမွန္အားျဖင့္ အရာရွိမ်ားအတြက္ ခ်ည္ထိုးအထည္၊ အျခားအဆင့္အားလုံး အတြက္ သတၱဳျဖင့္ျပဳလုပ္ထားၾကပါတယ္။ တပ္ရင္းအလိုက္ စစ္သားတစ္ဦးခ်င္းစီအတြက္ ခြဲျခားသတ္မွတ္ထ ထားၿပီး အတိတ္ကာလ ေနမဝင္အင္ပါယာႀကီးကို ကာကြယ္ေစာင့္ေရွာက္ခဲ့တဲ့ ၿဗိတိသွ်ေတာ္ဝင္တပ္မေတာ္ႀကီးမွာ ဂုဏ္ယူစြာ ဝတ္ဆင္ထားေလ့ရွိၾကပါတယ္။
ဒုတိယေျမာက္ အဲလိဇဘက္ဘုရင္မႀကီး ကြယ္လြန္ၿပီးေနာက္ ေတာ္ဝင္တပ္ရင္းတပ္ဖြဲ႕မ်ားအတြက္ ယခင္ ဘုရင္မႀကီးရဲ႕သရဖူအစား လက္ရွိဘုရင္ရဲ႕နန္းဆက္ အတိုေကာက္အမွတ္အသားကို ေျပာင္းလဲေ႐ြးခ်ယ္ရပါလိမ့္ မယ္။ ၂၀၂၂ ခုႏွစ္ ဝိုင္ဒင္းကုမၸဏီဟာ ယူေကႏိုင္ငံ စစ္တပ္မ်ားအတြက္ အမွတ္အသားတံဆိပ္ ေပးသြင္းဖို႔ အေမရိကန္ႏိုင္ငံ အသိအမွတ္ျပဳ “လိုင္ဒို ကာကြယ္ေရးဝန္ေဆာင္မႈကုမၸဏီ” ထံမွ ေပါင္စတာလင္ ၂.၉ သန္း နဲ႔ ၃ ႏွစ္စာ တစ္ဆင့္ခံ ကန္ထ႐ိုက္အျဖစ္ ဝယ္ယူခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ယူေက ကာကြယ္ေရးန္ႀကီးဌာနနဲ႔ တိုက္႐ိုက္စာခ်ဳပ္ခ်ဳပ္ခဲ့သူ လိုင္ဒိုကုမၸဏီတို႔က မွတ္ခ်က္ေပးဖို႔ ျငင္းဆိုေနပါတယ္။

ဝိုင္ဒင္းကုမၸဏီရဲ႕နည္းစနစ္မ်ားဆိုင္ရာ ဒါ႐ိုက္တာတစ္ဦးကေတာ့ သူတို႔မိသားစုပိုင္ကုမၸဏီအေနနဲ႔ တံဆိပ္မ်ား ကိစၥကို ဆက္လက္ေဆာင္႐ြက္ဖို႔ ေနာက္ဆုံးအတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနတယ္လို႔ ေျပာပါတယ္။
ကုမၸဏီရဲ႕ေထာက္ပံ့ေရးကြင္းဆက္မ်ားမွာ တ႐ုတ္ႏိုင္ငံက တစ္စိတ္တစ္ပိုင္းပါဝင္ေနေၾကာင္း ၁၅ ႏွစ္ေက်ာ္ ၾကာရွည္တဲ့ဆက္ဆံေရးရွိၿပီး စိုးရိမ္ပူပန္စရာ ဘာတစ္ခုမွ မရွိေၾကာင္း၊ ဦးထုပ္တံဆိပ္သစ္ကို တ႐ုတ္ျပည္တြင္း အပါအဝင္ ေနရာအေတာ္မ်ားမ်ားမွာ အဆင့္ဆင့္ျပဳလုပ္သြားမွာျဖစ္ၿပီး ယူေကႏိုင္ငံမွာ အရည္အေသြး စစ္ေဆးခံယူ ရမွာျဖစ္တယ္လို႔ ရွင္းျပပါတယ္။

၁၉၈၄ ခုႏွစ္ စတင္တည္ေထာင္ခဲ့တဲ့ ဝိုင္ဒင္းကုမၸဏီဟာ ၿဗိတိန္စစ္တပ္အတြက္သာမက ကေနဒါရိန္းဂ်ားမ်ား အပါအဝင္ အျခားႏိုင္ငံအမ်ားအျပားရွိ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအတြက္ တာဝန္ယူတာဝန္ခံမႈစနစ္နဲ႔ ပစၥည္းမ်ား ေပးသြင္းေနဆဲျဖစ္ပါတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ဘာမင္ဂမ္အေျခစိုက္ ဖာမင္းအင္န္ဆန္းစ္ကုမၸဏီနဲ႔အတူ ယမန္ႏွစ္ ခ်ားလ္စ္ဘုရင္ နန္းတက္ပြဲအတြင္း ခ်ီတက္ခဲ့ၾကတဲ့တပ္ဖြဲ႕မ်ားအတြက္ တံဆိပ္ငယ္မ်ားကိုလည္း ျပဳလုပ္ ေပးခဲ့ဖူးပါတယ္။
ယခုျပႆနာဟာ ၿဗိတိသွ်ပါလီမန္ “ပါတီစုံေကာ္မတီ” အတြက္လည္း အေတာ္ စိတ္မသက္သာစရာ ျဖစ္ေနပါ တယ္။ နန္းတက္ပြဲအခန္းအနား တက္ေရာက္သူ ဧည့္သည္ေတာ္ ဂုဏ္သေရရွိ လူႀကီးလူေကာင္းမ်ားကို လက္ ေဆာင္ေပးဖို႔အတြက္ “ေလးစားဂုဏ္ျပဳျခင္း အထိန္းအမွတ္ ဒဂၤါးျပား” ကို ဆက္တိုက္ ထုတ္ေဝရန္ ေလာေလာ ဆယ္ စဥ္းစားေနခိုက္ျဖစ္တယ္လို႔ ၿဗိတိန္ပါလီမန္ ကာကြယ္ေရးေကာ္မတီအႀကီးအကဲေဟာင္း တိုဘိုင္း ယပ္စ္ အယ္လ္ဝုဒ္ က ဆိုပါတယ္။

ဒဂၤါးျပားေတြကို ယူေကမွာပဲ ထုတ္လုပ္မလား အဲ့ဒီ ကုန္က်စရိတ္ ငါးပုံတစ္ပုံနဲ႔ တ႐ုတ္ျပည္ကို အပ္သင့္/မအပ္သင့္ သူ နဲ႔ အျခားေကာ္မတီဝင္မ်ားအၾကား ေဒါတႀကီး ျငင္းခုန္ခဲ့ၾကေၾကာင္း၊ ေနာက္ဆုံး လုံၿခဳံေရးကိစၥ စိုးရိမ္မႈမ်ား ေၾကာင့္ ၿဗိတိန္ကုမၸဏီမ်ားထံမွ ဝယ္ယူဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္လို႔ သိရွိရပါတယ္။ ၿဗိတိန္ႏိုင္ငံဟာ 5G ဆက္သြယ္ေရး ကြန္ရက္မ်ားမွာ “တ႐ုတ္ ဟြာေဝး” စက္ပစၥည္းမ်ား အသုံးျပဳျခင္းမွာ ပိတ္ပင္ထားျခင္းေၾကာင့္ သူလွ်ိဳလုပ္ခံရမယ့္ အေရး စိုးရိမ္မႈမ်ား တိုးျမင့္လာေနခ်ိန္ ယခုဆုံးျဖတ္ခ်က္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။
ၿဗိတိန္ရဲ႕အမ်ားသူငွာသုံး ပစၥည္းမ်ား ဝယ္ယူေရးစည္းမ်ဥ္းေတြဟာ လန္ဒန္နဲ႔ သိသိသာသာကုန္သြယ္မႈျပဳလုပ္ ေနတဲ့ တ႐ုတ္ႏိုင္ငံအေပၚအမ်ားဆုံးျဖစ္ေနတဲ့အတြက္ တ႐ုတ္မူဝါဒနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာျဖစ္လာ ပါတယ္။ တ႐ုတ္လုပ္ကုန္ပစၥည္းမ်ားဝယ္ယူျခင္းရဲ႕အႏၲရာယ္မ်ားနဲ႔ ဝယ္ယူျခင္းျဖင့္ ရရွိလာမယ့္အက်ိဳးေက်းဇူး မ်ားအၾကား ဟန္ခ်က္ညီေစေရးဆိုတာ ပါလေလဟန္မွ်သာ ရွိပါတယ္။ တ႐ုတ္လုပ္သမွ် အရာအားလုံးကို ျပစ္တင္ရႈတ္ခ်ျခင္းထက္ သိမ္ေမြတဲ့ခ်ဥ္းကပ္မႈလိုအပ္တယ္လို႔ အယ္လ္ဝုဒ္က ယုံၾကည္ပါတယ္။

လန္ဒန္ တ႐ုတ္သံ႐ုံးကိုေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ဆက္သြယ္ႏိုင္ျခင္း မရွိေသးပါဘူး လုံၿခဳံ ေရးစိုးရိမ္မႈမ်ားအရ ဒဂၤါးျပားမ်ားေတြကို ၿဗိတိန္မွာပဲ လုပ္သင့္ေၾကာင္း ၫႊန္ျပေနေပမယ့္ အခ်ိဳ႕ကေတာ့ ၿဗိတိန္ စစ္တပ္မွာ တ႐ုတ္လုပ္ တံဆိပ္မ်ားကိုသုံးလည္း အႏၲရာယ္အလြန္နည္းပါးႏိုင္တယ္လို႔ ေစာဒကတက္ၾက ပါ တယ္။ ယခုျဖစ္ရပ္မ်ားဟာ တ႐ုတ္နဲ႔ ဆက္ဆံေရးစီမံခန႔္ခြဲရာမွာ ရႈပ္ေထြးမႈမ်ားကို မီးေမာင္းထိုးျပေနၿပီး အနာဂတ္ကာလ သည့္ထက္ ပိုမိုတဲ့ စိန္ေခၚမႈမ်ား ျဖစ္လာဖြယ္ရွိေနပါတယ္။

(မ်ိဳးခ်စ္စိတ္ ႏိုင္ငံခ်စ္စိတ္နဲ႔ပတ္သက္လာရင္ ကိုလိုနီေခတ္ ျမန္မာအမ်ိဳးသားေရးဝါဒီမ်ား ပ်စ္ပ်စ္ႏွစ္ႏွစ္ ဆဲေရးခဲ့ တဲ့ အဂၤလိပ္တို႔ရဲ႕ Bourgeois mentality အရင္းရွင္လူတန္းစား ဉာဥ္အေၾကာင္းက အစခ်ီ ေျပာဆိုရပါလိမ့္မယ္။ အဲဒီကိန္းႀကီးခန္းႀကီးစ႐ိုက္ရရွိေအာင္ အဂၤလိပ္တို႔ကိုယ္တိုင္ သားစဥ္ေျမးဆက္ ႏွစ္ေပါင္းရာခ်ီ တမင္ေမြးျမဴယူခဲ့ ၾကပါတယ္။ တကယ္ေတာ့ အမ်ိဳးသားေရးဝါဒဟာ ေၾကာင္းတူ သံကြဲ ၅ မ်ိဳးခန႔္ရွိေနၿပီး အဲဒါအားလုံးကို ဒီေန႔ထိ ဥေရာပတိုက္ႏိုင္ငံမ်ားမွာ ေတြ႕ႏိုင္ပါတယ္။
၁၉၁၂ ခုႏွစ္ အသားအေရာင္ ခြဲျခားတဲ့စနစ္အရ ေတာင္အာဖရိကႏိုင္ငံမွာ မဟတၱမ ဂႏြီႀကီးကို မီးရထားေပၚက ေမာင္းခ်ခဲ့သူမ်ားဟာ ပၪၥမေျမာက္ ေဂ်ာ့ဘုရင္မင္းျမတ္ရဲ႕အဂၤလိပ္အစိုးရျဖစ္ပါတယ္။ ၿဗိတိန္လို႔ ကြၽန္ေတာ္တို႔ သိေနၾကတဲ့ ယူေကႏိုင္ငံရဲ႕ ၂၀၂၂-ခုႏွစ္ ဝန္ႀကီးခ်ဳပ္ ရာရွီဆူနတ္ဟာ တစ္ခ်ိန္က သူတို႔ မီးရထားေပၚက ေမာင္းခ် ခဲ့ဖူးတဲ့ ဂႏၶီႀကီးတို႔လို အိႏၵိယႏြယ္ဖြားျဖစ္ေနပါတယ္။ ပိုၿပီး ထူးျခားတာက ဆူနပ္ကို ေခါင္းေဆာင္ေ႐ြးခ်ယ္လိုက္သူ ေတြဟာ အဂၤလန္ကြၽန္းမွာ အလြန္ေရွး႐ိုးဆန္တဲ့ တိုရီစ္ (ေခၚ) ကြန္ဆာေဗးတစ္ပါတီ ျဖစ္ေနျခင္းပါ။

ႏွစ္ေပါင္း ၁၁၀ ေက်ာ္မွာ အလိုက္သင့္ေျပာင္းလဲလာတဲ့အဂၤလိပ္တို႔ရဲ႕စ႐ိုက္ကို သတိထားမိလွ်င္ ကြၽန္ေတာ္တို႔ ႏိုင္ငံကို ဘာ့ေၾကာင့္ ႏွစ္ ၁၀၀ ေလာက္ လူကိုလူခ်င္း ကိုလိုနီျပဳသြားႏိုင္သလဲဆိုတာ စဥ္းစားမိမွာပါ။ အလားတူ ယခု တစ္ႀကိမ္မွာေတာ့ သူတို႔ လူ႔အဖြဲ႕အစည္းရဲ႕အမ်ိဳးသားလုံၿခဳံေရးအေပၚ အလြန္အေလးအနက္ထားၿပီး သမိုင္း မေမ့ေၾကာင္းကိုလည္း အကဲခတ္မိမွာပါ။ ခ်ားလ္ဒါဝင္ရဲ႕သီအိုရီအရဆိုလွ်င္ အဲဒီလို ႏိုင္ငံ အဲဒီလူမ်ိဳးေတြ မ်ိဳးတုန္း ေမွးမွိန္သြားဖို႔ သူတို႔ကိုးကြယ္ယုံၾကည္ရာ ေပ်ာက္ဆုံးဖို႔ အလြန္ခဲယဥ္းပါတယ္။
၁၆၂ ျပည့္ႏွစ္မွာ အဂၤလိပ္သေဘၤာမ်ား တ႐ုတ္ျပည္ကို စတင္ေရာက္ရွိလာပါတယ္။ အဲဒီအခ်ိန္ ေပၚတူဂီတို႔က သူတို႔ ထက္ လက္ဦးၿပီး မကာအိုကို တ႐ုတ္ဘုရင္ထံမွ အငွားရေနၿပီးပါၿပီ၊ အဲဒီေနာက္ အဂၤလန္နဲ႔ တ႐ုတ္တို႔အၾကား ကုန္သြယ္ေရးဖြင့္လွစ္ဖို႔အတြက္ ၿဗိတိသွ်ေတာ္ဝင္ေရတပ္မေတာ္ရဲ႕အေျမာက္တင္ စစ္သေဘၤာ ၄ စင္း ေရာက္ရွိလာ ပါတယ္။ အဲဒီ စစ္သေဘၤာေတြဟာ ပထမေျမာက္ ခ်ားလ္ဘုရင္ရဲ႕အမိန႔္ေအာက္မွာျဖစ္ပါတယ္။ “ဆာဝီလွ်ံ ကုတ္တင္” ဦးေဆာင္ၿပီး ၿဗိတိသွ် မူးမတ္မ်ား၊ ဂုဏ္သေရရွိ ကုန္သည္ႀကီးမ်ား ရွယ္ယာပါဝင္တဲ့ “အေရွ႕ အိႏၵိယ ကုမၸဏီ” နဲ႔ လုပ္ပိုင္ခြင့္ခ်င္း အလြန္ကြဲျပားပါတယ္။ မကာအိုမွာ အဂၤလိပ္တို႔ရဲ႕လုပ္ရပ္ဟာ တ႐ုတ္ မင္ ဧကရာဇ္အတြက္ အလြန္ေဒါသထြက္စရာျဖစ္ခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္း တိုက္ပြဲငယ္မ်ား ျဖစ္ပြားခဲ့ၿပီး လူေမွာင္ခို အလုပ္နဲ႔ အဂၤလိပ္တို႔ စတင္တာထြက္ခဲ့ပါတယ္။
၁၇၉၃ ခုႏွစ္ တ႐ုတ္ေျမာက္ပိုင္း ေပက်င္းၿမိဳ႕ေတာ္မွာ အဂၤလိပ္သံ႐ုံးကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ၁၈၂ဝ ျပည့္ႏွစ္ ေရာက္ေတာ့ တ႐ုတ္ေတာင္ပိုင္း ပုလဲျမစ္၀ ယခု ေဟာင္ေကာင္ အေရွ႕ဘက္မွာ တည္ရွိေနတဲ့ လင္တင္ကြၽန္း ဟာ ၿဗိတိသွ်ကုန္သည္မ်ားရဲ႕ဘိန္းကုန္သြယ္မႈဌာနခ်ဳပ္ျဖစ္လာပါတယ္။ ၁၈၃၉ ခုႏွစ္မွာ တ႐ုတ္-အဂၤလိပ္ “ပထမဘိန္း စစ္ပြဲ” ျဖစ္ပြားခဲ့ပါတယ္။ သံတမန္ေရးရာ တန္းတူညီမွ်မႈလို႔ အဂၤလိပ္တို႔က အေၾကာင္းျပတိုက္ခိုက္ခဲ့တဲ့ အဲဒီစစ္ပြဲ ဟာ ၃ ႏွစ္ၾကာခဲ့ၿပီး တ႐ုတ္တို႔ မရႈ႕မလွ အေရးနိမ့္ခဲ့ရပါတယ္။

အဲဒီအခ်ိန္ ကမာၻ႔စီးပြားေရး အတိုးတက္ဆုံးျဖစ္ေနတဲ့အဂၤလိပ္တို႔ဟာ ႏိုင္ငံက်ယ္ဝန္းၿပီး လူဦးေရမ်ားျပား သေလာက္ ဖြံ႕ၿဖိဳးမႈေခတ္ေနာက္က်ေနတဲ့ အာရွတိုက္ႏိုင္ငံႀကီးနဲ႔ စစ္ပြဲမ်ား ႀကိဳ႕ၾကားျဖစ္ပြားေနခဲ့ပါတယ္။ စစ္ျဖစ္ လိုက္တိုင္းလဲ တ႐ုတ္တို႔ဘက္က ရႈံးခ်ည့္ခဲ့ပါတယ္။ ၁၈၄၂-ခုႏွစ္ နန္ကင္းစာခ်ဳပ္အရ စစ္ပြဲမ်ား အဆုံးသတ္သြားခဲ့ ေပမယ့္ ေတာင္ပိုင္း ပုလဲျမစ္ဝ ေဟာင္ေကာင္ကြၽန္းကို ၿဗိတိသွ်တို႔ လက္တြင္း ထိုးအပ္လိုက္ရပါတယ္။ အဲဒီ ေနာက္ေျမာက္ပိုင္း ယန္စီျမစ္ ကုန္သြယ္ေရးအခ်က္အခ်ာ “ရွန္ဟိုင္း” နဲ႔ အနီးတဝႈိက္မွာ အထူးအခြင့္အေရးရ ၿဗိတိသွ် ေက်းေတာ္မ်ိဳး ကြၽန္ေတာ္မ်ိဳးမ်ားအတြက္ “ပိုင္နက္နယ္ေျမ” မ်ားအျဖစ္ သတ္မွတ္ေပးလိုက္ရပါတယ္။

တ႐ုတ္တို႔အေပၚ လက္နက္အားကိုးနဲ႔ စိတ္ထင္သလို အႏိုင္က်င့္ရာမွာ ျပင္သစ္တို႔ကလည္း ပုလင္းတူ ဗူးဆို႔မ်ား ျဖစ္ပါတယ္။ ၁၈၅၆-ခုႏွစ္မွာ ဒုတိယဘိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီး တ႐ုတ္တို႔အေပၚ ၿဗိတိသွ်နဲ႔ ျပင္သစ္တို႔က ေအာင္ပြဲခံခဲ့ ပါတယ္။ ေနာက္ဆက္တြဲအျဖစ္ ၿဗိတိသွ်တို႔ရရွိသြားတာက ေဟာင္ေကာင္ေျမာက္ပိုင္း ေကာင္းလြန္း ကြၽန္းဆြယ္ ျဖစ္ပါတယ္။ ၂၀ ရာစုတစ္ေလွ်ာက္လုံး တ႐ုတ္-ၿဗိတိန္ဆက္ဆံေရးဟာ တက္ခ်ည္က်ခ်ည္ရွိခဲ့ၿပီး စစ္ေအးတိုက္ပြဲ ကာလတစ္ေလွ်ာက္ ဆန႔္က်င္ဘက္ႏိုင္ငံမ်ားျဖစ္ခဲ့ပါတယ္။ ။သတင္းဘာသာျပန္သူ)
#ၿဗိတိသွ်ေတာ္ဝင္တပ္မေတာ္_ဦးထုပ္တံဆိပ္ #တ႐ုတ္သူလွ်ိဳ #အယ္လိဇဘက္ဘုရင္မႀကီး #ဘိန္းစစ္ပြဲ
#ေဟာင္ေကာင္ #တတိယေျမာက္ခ်ားလ္ဘုရင္ #စိန႔္အက္ဒ္ဝပ္သရဖူဒီဇိုင္း #နန္ကင္းစာခ်ဳပ္
(Financial Times., 15 June 2024,” British army delays King Charles cap badges over China spying fears” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.