တရုတ်နှင့်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းသွားမည်ဖြစ်သော်လည်း အငြင်းပွားဖွယ်ကိစ္စများတွင် နှုတ်ဆိတ်မနေနိုင်ကြောင်း ဩစတေးလျဝန်ကြီးချုပ်ပြော

 288

ALynn (NP News) - ဇွန် ၁၇

သြစတြေးလျဝန်ကြီးချုပ် Anthony Albanese က တရုတ်ဝန်ကြီးချုပ် Li Qiang ကို ကင်ဘာရာရှိနိုင်ငံ၏ ပါလီမန်တွင် ကျင်းပမည့် အဆင့်မြင့်ဆွေးနွေးပွဲအတွက် ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာနေသောဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ရန် မျှော်လင့်ထားသော်လည်း သြစတြေးလျသည် စိုးရိမ်ရသည့် အခြေအနေများတွင် နှုတ်ဆိတ်မနေနိုင်ကြောင်း အလေးပေးပြောကြားခဲ့သည်။

တာဝန်ထမ်းဆောင်ခဲ့သည့် (၇)နှစ်အတွင်း လီ၏လေးရက်ကြာ ခရီးစဉ်သည် သြစတြေးလျပို့ကုန်များဖြစ်သည့် ဝိုင်၊ ကျောက်မီးသွေး နှင့် မုယောစပါးများအပေါ် ပေကျင်းမှ အခွန်စည်း ကြပ်မှု ဖယ်ရှားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။ Li မရောက်မီ ပါလီမန်ရှေ့၌ လူ့အခွင့်အရေးဆန္ဒပြသူများသည် တိဗက်၊ ရှင်ကျန်းနှင့် ဟောင်ကောင်တို့ကို ထောက်ခံသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ အလံများနှင့် စာတန်းများကို ဝှေ့ယမ်းခဲ့ကြသည်။ ယင်းဆန္ဒပြလူအုပ်ကြီး နှင့် တရုတ်လိုလားသူအုပ်စုအကြားခွဲထုတ်ရန် ရဲတပ်ဖွဲ့ဝင်များ ထူထပ်စွာချထားကာ အကာအရံများ တပ်ဆင်ထားသည်။

တနင်္ဂနွေနေ့ (ဇွန်လ ၁၆ ရက်)တွင် ရောက်ရှိလာသော Li သည် ၎င်းခရီးစဉ်အတွင်း ကုန် သွယ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် သြစတြေးလျထုတ်ကုန်များအပေါ် တရုတ်၏သဘောကျနှစ်သက်မှုတို့ကို မီးမောင်းထိုးပြခဲ့သည်။ သို့သော် Albanese သည် ၎င်းတို့၏ တံခါးပိတ်အစည်းအဝေးအတွင်း ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ “အမျိုးသားအကျိုးစီးပွား”ဆိုင်ရာ အကျပ်အတည်းများနှင့်အတူ တရုတ်တွင် အကျဉ်းကျခံနေရသော အတိုက်အခံစာရေးဆရာ Yang Hengjun ၏ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့သည်။

တရုတ်နွယ်ဖွားသြစတြေးလျစာရေးဆရာကို သူလျှိုလုပ်မှုတွင် အပြစ်ရှိကြောင်းတွေ့ရှိပြီးနောက် ဖေဖော်ဝါရီလတွင် ဆိုင်းငံ့သေဒဏ်ချမှတ်ခံခဲ့ရသည်။ Li ခရီးစဉ်မတိုင်မီ ဘေဂျင်းတရားရုံးက ၎င်းစီရင်ချက်ကို ချမှတ်ခဲ့ကြောင်း Yang အား ထောက်ခံသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ၎င်းထောက်ခံသူများက Albanese အနေဖြင့် ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်ဖြင့် Yang အား သြစတြေးလျသို့ လွှဲပြောင်းခွင့်ပြုရန် Li အား တောင်းဆိုစေခဲ့ပြီး “တရုတ်သည် သြစတြေးလျနိုင်ငံရေးအကျဉ်းသားအား ကွပ်မျက်ရန် ခြိမ်းခြောက်နေချိန်တွင် တရုတ်နိုင်ငံနှင့်တည်ငြိမ်၍ လေးစားဖွယ်ကောင်းသော နှစ်နိုင်ငံဆက်ဆံရေးကို ရရှိရန် မဖြစ်နိုင်ကြောင်း”ကြေညာချက်တွင် ဖော်ပြထားသည်။

မကြာသေးမီလများအတွင်း ဩစတြေးလျသည် နိုင်ငံတကာကောင်းကင်ယံနှင့် ရေပြင်တွင် တရုတ်စစ်တပ်၏ "လက်မခံနိုင်သော" နှင့် "မလုံခြုံသော" အပြုအမူအတွက် ဝေဖန်ခဲ့ပြီး အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ သြစတြေးလျသည် တောင်တရုတ်ပင်လယ်ပြင်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သော အိန္ဒိယ၊ ဂျပန် နှင့် အမေရိကန်တို့ပါဝင်သည့် Quad လုံခြုံရေးမဟာမိတ်အပြင် ယူကေ၊ အမေရိကန်တို့နှင့် ဖွဲ့စည်းထားသော AUKUS စာချုပ်တွင်လည်း ပါဝင်ခဲ့သည်။ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က တနင်္လာနေ့ (ဇွန်လ ၁၇ ရက်)၊ ရေဒီယို အင်တာဗျူးတစ်ခုတွင် ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများသည် "ကျွန်ုပ်တို့၌ ပိုမိုလုံခြုံပြီး တည်ငြိမ်သောဒေသတစ်ခုရှိစေရန်"အတွက်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ထိုသဘောတူညီချက် များ သည် တရုတ်ကို ထိန်းချုပ်ရန်ကြိုးပမ်းမှုများဖြစ်သော်လည်း တရုတ်နိုင်ငံနှင့်ဆက်လက်ထိတွေ့ဆက်ဆံဖို့လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

zawgyi version
တ႐ုတ္ႏွင့္ဆက္ဆံေရးကို ျပန္လည္တည္ေဆာက္ရန္ ႀကိဳးပမ္းသြားမည္ျဖစ္ေသာ္လည္း အျငင္းပြားဖြယ္ကိစၥမ်ားတြင္ ႏႈတ္ဆိတ္မေနႏိုင္ေၾကာင္း ဩစေတးလ်ဝန္ႀကီးခ်ဳပ္ေျပာ
ALynn (NP News) - ဇြန္ ၁၇

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese က တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Qiang ကို ကင္ဘာရာရွိႏိုင္ငံ၏ ပါလီမန္တြင္ က်င္းပမည့္ အဆင့္ျမင့္ေဆြးေႏြးပြဲအတြက္ ႀကိဳဆိုခဲ့ၿပီး ႏွစ္ႏိုင္ငံအၾကား တင္းမာေနေသာဆက္ဆံေရးကို ျပန္လည္တည္ေဆာက္ႏိုင္ရန္ ေမွ်ာ္လင့္ထားေသာ္လည္း ၾသစေၾတးလ်သည္ စိုးရိမ္ရသည့္ အေျခအေနမ်ားတြင္ ႏႈတ္ဆိတ္မေနႏိုင္ေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။

တာဝန္ထမ္းေဆာင္ခဲ့သည့္ (၇)ႏွစ္အတြင္း လီ၏ေလးရက္ၾကာ ခရီးစဥ္သည္ ၾသစေၾတးလ်ပို႔ကုန္မ်ားျဖစ္သည့္ ဝိုင္၊ ေက်ာက္မီးေသြး ႏွင့္ မုေယာစပါးမ်ားအေပၚ ေပက်င္းမွ အခြန္စည္း ၾကပ္မႈ ဖယ္ရွားၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ထြက္ေပၚလာျခင္းျဖစ္သည္။ Li မေရာက္မီ ပါလီမန္ေရွ႕၌ လူ႔အခြင့္အေရးဆႏၵျပသူမ်ားသည္ တိဗက္၊ ရွင္က်န္းႏွင့္ ေဟာင္ေကာင္တို႔ကို ေထာက္ခံသည့္ ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္ကာ အလံမ်ားႏွင့္ စာတန္းမ်ားကို ေဝွ႔ယမ္းခဲ့ၾကသည္။ ယင္းဆႏၵျပလူအုပ္ႀကီး ႏွင့္ တ႐ုတ္လိုလားသူအုပ္စုအၾကားခြဲထုတ္ရန္ ရဲတပ္ဖြဲ႕ဝင္မ်ား ထူထပ္စြာခ်ထားကာ အကာအရံမ်ား တပ္ဆင္ထားသည္။

တနဂၤေႏြေန႔ (ဇြန္လ ၁၆ ရက္)တြင္ ေရာက္ရွိလာေသာ Li သည္ ၎ခရီးစဥ္အတြင္း ကုန္ သြယ္မႈ၊ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ၾသစေၾတးလ်ထုတ္ကုန္မ်ားအေပၚ တ႐ုတ္၏သေဘာက်ႏွစ္သက္မႈတို႔ကို မီးေမာင္းထိုးျပခဲ့သည္။ သို႔ေသာ္ Albanese သည္ ၎တို႔၏ တံခါးပိတ္အစည္းအေဝးအတြင္း ပထဝီဝင္ႏိုင္ငံေရးတင္းမာမႈမ်ား၊ “အမ်ိဳးသားအက်ိဳးစီးပြား”ဆိုင္ရာ အက်ပ္အတည္းမ်ားႏွင့္အတူ တ႐ုတ္တြင္ အက်ဥ္းက်ခံေနရေသာ အတိုက္အခံစာေရးဆရာ Yang Hengjun ၏ကိစၥရပ္မ်ားကို အေလးထားေဆြးေႏြးခဲ့သည္။

တ႐ုတ္ႏြယ္ဖြားၾသစေၾတးလ်စာေရးဆရာကို သူလွ်ိဳလုပ္မႈတြင္ အျပစ္ရွိေၾကာင္းေတြ႕ရွိၿပီးေနာက္ ေဖေဖာ္ဝါရီလတြင္ ဆိုင္းငံ့ေသဒဏ္ခ်မွတ္ခံခဲ့ရသည္။ Li ခရီးစဥ္မတိုင္မီ ေဘဂ်င္းတရား႐ုံးက ၎စီရင္ခ်က္ကို ခ်မွတ္ခဲ့ေၾကာင္း Yang အား ေထာက္ခံသူမ်ားက တနဂၤေႏြေန႔တြင္ ေျပာၾကားခဲ့သည္။ ၎ေထာက္ခံသူမ်ားက Albanese အေနျဖင့္ ေဆးဘက္ဆိုင္ရာ အေၾကာင္းျပခ်က္ျဖင့္ Yang အား ၾသစေၾတးလ်သို႔ လႊဲေျပာင္းခြင့္ျပဳရန္ Li အား ေတာင္းဆိုေစခဲ့ၿပီး “တ႐ုတ္သည္ ၾသစေၾတးလ်ႏိုင္ငံေရးအက်ဥ္းသားအား ကြပ္မ်က္ရန္ ၿခိမ္းေျခာက္ေနခ်ိန္တြင္ တ႐ုတ္ႏိုင္ငံႏွင့္တည္ၿငိမ္၍ ေလးစားဖြယ္ေကာင္းေသာ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ရရွိရန္ မျဖစ္ႏိုင္ေၾကာင္း”ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

မၾကာေသးမီလမ်ားအတြင္း ဩစေၾတးလ်သည္ ႏိုင္ငံတကာေကာင္းကင္ယံႏွင့္ ေရျပင္တြင္ တ႐ုတ္စစ္တပ္၏ "လက္မခံႏိုင္ေသာ" ႏွင့္ "မလုံၿခဳံေသာ" အျပဳအမူအတြက္ ေဝဖန္ခဲ့ၿပီး အျငင္းပြားေနသည့္ ေတာင္တ႐ုတ္ပင္လယ္အား ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ရန္ ေတာင္းဆိုခဲ့သည္။ ၾသစေၾတးလ်သည္ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြက္ ရည္႐ြယ္ဖြဲ႕စည္းခဲ့ေသာ အိႏၵိယ၊ ဂ်ပန္ ႏွင့္ အေမရိကန္တို႔ပါဝင္သည့္ Quad လုံၿခဳံေရးမဟာမိတ္အျပင္ ယူေက၊ အေမရိကန္တို႔ႏွင့္ ဖြဲ႕စည္းထားေသာ AUKUS စာခ်ဳပ္တြင္လည္း ပါဝင္ခဲ့သည္။ ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က တနလၤာေန႔ (ဇြန္လ ၁၇ ရက္)၊ ေရဒီယို အင္တာဗ်ဴးတစ္ခုတြင္ ထိုသို႔ေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ "ကြၽႏ္ုပ္တို႔၌ ပိုမိုလုံၿခဳံၿပီး တည္ၿငိမ္ေသာေဒသတစ္ခုရွိေစရန္"အတြက္ျဖစ္ေၾကာင္းေျပာၾကားခဲ့ၿပီး ထိုသေဘာတူညီခ်က္ မ်ား သည္ တ႐ုတ္ကို ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းမႈမ်ားျဖစ္ေသာ္လည္း တ႐ုတ္ႏိုင္ငံႏွင့္ဆက္လက္ထိေတြ႕ဆက္ဆံဖို႔လိုအပ္ေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.