ဟားမက်စ်နိုင်ငံရေးခေါင်းဆောင်က အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ မှတ်ချက်ပြု

 501

ALynn (NP News) - ဇွန် ၁၇

ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် အစ္စရေး နှင့် အပစ်အခတ်ရပ်စဲရေးရရှိရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ တနင်္ဂနွေနေ့ (ဇွန်လ ၁၆ ရက်) က အာစ္စလမ်တို့၏ အားလပ်ရက် Eid al-Adha အတွက် ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာတွင် ကာတာ အခြေစိုက်ဘီလျံနာသူဋ္ဌေးကြီးက ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်လိုအပ်ကြောင်း နှင့် ယင်းသည် အစ္စရေးအကျဉ်းထောင်ထဲရှိ ပါလက်စတိုင်းအကျဉ်းသားများကို လဲလှယ်ရာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းသဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့များသည် ပါလက်စတိုင်းမြေပေါ်မှ ဆုတ်ခွာပေးရမည်ဖြစ်သည်။ ဘိုင်ဒင် အစိုးရသည် ပြီးခဲ့သည့်လက အဆင့် ၃ ဆင့်ပါ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့သည်။ ဟားမက်စ်တို့ကလည်း ၎င်းအဆိုပြုချက်ပါ စည်းမျဉ်းများနှင့်အညီ တုံ့ပြန်လျက်ရှိကြောင်း နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ထားသော ဆုံးဖြတ်ချက်မှာလည်း ၎င်းအစီအစဉ်ကို အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း Haniyeh က ဖော်ပြခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်အပေါ် ဟားမက်စ်တို့က လက်ခံနိုင်ဖွယ်မရှိသော ပြင်ဆင်ချက်များကို တောင်းဆိုခဲ့သည်ဟု အစ္စရေးတာဝန်ရှိသူများက ဖော်ပြထားသည်။ သို့သော် ဟားမက်စ်အဖွဲ့ခေါင်းဆောင် တစ်ဦးကမူ ၎င်းတို့သည် သိသာသောပြင်ဆင်ချက်များအတွက် တောင်းဆိုခဲ့ခြင်းမဟုတ်ဟု Reuters သို့ တုံ့ပြန် ပြောကြားထားသည်။

အစ္စရေးသည်လည်း အမေရိကန်တို့အဆိုပြုထားသော အစီအမံကို ပြုပြင်ပြောင်းလဲလိုကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုက ဟားမက်စ်အဖွဲ့၏ အုပ်ချုပ်ရေးအာဏာ နှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှု များကို အလုံးစုံဖြိုဖျက်ခြင်းမပြီးခင်အထိ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို ယာယီသာပြုလုပ်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဘိုင်ဒင်အစိုးရသည် ၎င်းအစီအစဉ်ကို ကြေညာရာတွင် အစ္စရေးတို့သည် တိုက်ပွဲများကို အပြီးတိုင်ရပ်တန့် ခြင်းမဟုတ်ဘဲ စစ်ပွဲ၏ ဒုတိယအဆင့်ကို ရပ်တန့်ထားရန်သာသဘောတူညီခဲ့သည်ဟူသောအချက်ကို ချန်လှပ်ထား ခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

Zawgyi Version;
ဟားမက္စ္ႏိုင္ငံေရးေခါင္းေဆာင္က အပစ္အခတ္ရပ္စဲေရးႏွင့္ပတ္သက္၍ မွတ္ခ်က္ျပဳ
ALynn (NP News) - ဇြန္ ၁၇

ဟားမက္စ္ႏိုင္ငံေရးေခါင္းေဆာင္ Ismail Haniyeh က အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္၏ ေစ့စပ္ညႇိႏႈိင္းေပးမႈျဖင့္ အစၥေရး ႏွင့္ အပစ္အခတ္ရပ္စဲေရးရရွိရန္ ျပင္ဆင္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ တနဂၤေႏြေန႔ (ဇြန္လ ၁၆ ရက္) က အာစၥလမ္တို႔၏ အားလပ္ရက္ Eid al-Adha အတြက္ ႐ုပ္ျမင္သံၾကားမွ မိန႔္ခြန္းေျပာၾကားရာတြင္ ကာတာ အေျခစိုက္ဘီလ်ံနာသူေ႒းႀကီးက ဂါဇာတြင္ အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူညီခ်က္လိုအပ္ေၾကာင္း ႏွင့္ ယင္းသည္ အစၥေရးအက်ဥ္းေထာင္ထဲရွိ ပါလက္စတိုင္းအက်ဥ္းသားမ်ားကို လဲလွယ္ရာေရာက္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
၎သေဘာတူညီခ်က္အရ အစၥေရးတပ္ဖြဲ႕မ်ားသည္ ပါလက္စတိုင္းေျမေပၚမွ ဆုတ္ခြာေပးရမည္ျဖစ္သည္။ ဘိုင္ဒင္ အစိုးရသည္ ၿပီးခဲ့သည့္လက အဆင့္ ၃ ဆင့္ပါ အပစ္အခတ္ရပ္စဲေရးကို အဆိုျပဳခဲ့သည္။ ဟားမက္စ္တို႔ကလည္း ၎အဆိုျပဳခ်က္ပါ စည္းမ်ဥ္းမ်ားႏွင့္အညီ တုံ႔ျပန္လ်က္ရွိေၾကာင္း ႏွင့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ခ်မွတ္ ထားေသာ ဆုံးျဖတ္ခ်က္မွာလည္း ၎အစီအစဥ္ကို အေကာင္အထည္ေဖာ္ရန္ျဖစ္ေၾကာင္း Haniyeh က ေဖာ္ျပခဲ့သည္။

အပစ္အခတ္ရပ္စဲေရးကမ္းလွမ္းခ်က္အေပၚ ဟားမက္စ္တို႔က လက္ခံႏိုင္ဖြယ္မရွိေသာ ျပင္ဆင္ခ်က္မ်ားကို ေတာင္းဆိုခဲ့သည္ဟု အစၥေရးတာဝန္ရွိသူမ်ားက ေဖာ္ျပထားသည္။ သို႔ေသာ္ ဟားမက္စ္အဖြဲ႕ေခါင္းေဆာင္ တစ္ဦးကမူ ၎တို႔သည္ သိသာေသာျပင္ဆင္ခ်က္မ်ားအတြက္ ေတာင္းဆိုခဲ့ျခင္းမဟုတ္ဟု Reuters သို႔ တုံ႔ျပန္ ေျပာၾကားထားသည္။

အစၥေရးသည္လည္း အေမရိကန္တို႔အဆိုျပဳထားေသာ အစီအမံကို ျပဳျပင္ေျပာင္းလဲလိုေၾကာင္း ေဖာ္ျပထားသည္။ ဝန္ႀကီးခ်ဳပ္ဘန္ဂ်မင္ေနတန္ယာဟုက ဟားမက္စ္အဖြဲ႕၏ အုပ္ခ်ဳပ္ေရးအာဏာ ႏွင့္ လုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္မႈ မ်ားကို အလုံးစုံၿဖိဳဖ်က္ျခင္းမၿပီးခင္အထိ အစၥေရးသည္ အပစ္အခတ္ရပ္စဲေရးကို ယာယီသာျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ ဘိုင္ဒင္အစိုးရသည္ ၎အစီအစဥ္ကို ေၾကညာရာတြင္ အစၥေရးတို႔သည္ တိုက္ပြဲမ်ားကို အၿပီးတိုင္ရပ္တန႔္ ျခင္းမဟုတ္ဘဲ စစ္ပြဲ၏ ဒုတိယအဆင့္ကို ရပ္တန႔္ထားရန္သာသေဘာတူညီခဲ့သည္ဟူေသာအခ်က္ကို ခ်န္လွပ္ထား ခဲ့ေၾကာင္း ၎က ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.