တရုတ်နိုင်ငံရဲ့လုပ်ရပ်ကိုမကျေနပ်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက ကုလသမဂ္ဂကို တိုင်ကြား

 890

ဂျန်ဇက် (NP News) - ဇွန် ၁၇

ဖိလစ်ပိုင်အစိုးရဟာ အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့တိုးချဲ့လုပ်ဆောင်လာ တဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကို တိုင်ကြားလိုက်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်ရေကြောင်း နဲ့ သမုဒ္ဒရာရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးက " တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံရဲ့အထူးစီးပွားရေးဇုန်နားတွေမှာလည်း သဘာဝဓါတ်ငွေ့တူးဖော်တာတွေ၊ လုပ်ပိုင်ခွင့် အခွင့်အရေး တိုးချဲ့လုပ်ယူနေတာတွေ ရှိနေပါတယ်" လို့ ပြောပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက် နယ်မြေအများစုကို ၎င်းတို့ပိုင်ဆိုင်ထားကြောင်း ပြောဆို ထားရာ အာဆီယံဒေသအတွင်းနိုင်ငံတွေနဲ့ တင်းမာမှုတွေဖြစ်ပွားနေကြောင်း သိရပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံ တို့ဟာ တောင်တရုတ်ပင်လယ်အတွင်းပိုင်နက်နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ်က နိုင်ငံတကာခုံရုံး မှာ ဖြေရှင်းခဲ့ရပြီး ခုံရုံးက တရုတ်နိုင်ငံရဲ့တင်ပြချက်တွေကို အခြေအမြစ်မရှိဟုဆိုကာ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်း မရှိသေးပါဘူး။ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း အငြင်းပွားမှုများဖြစ်ပွားနေတဲ့ တောင်တရုတ် ပင်လယ်အတွင်း ထိပ်တိုက်တွေဆုံမှုတွေဖြစ်လာခဲ့ရာ နှစ်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ချဲ့ထွင်မှုတွေကြောင့် ရေကြောင်းသွားလာမှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင် နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ကိုမေက်နပ္တဲ့အတြက္ ဖိလစ္ပိုင္ႏိုင္ငံက ကုလသမဂၢကို တိုင္ၾကား
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇

ဖိလစ္ပိုင္အစိုးရဟာ အျငင္းပြားမႈေတြရွိေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ႏိုင္ငံရဲ႕တိုးခ်ဲ႕လုပ္ေဆာင္လာ တဲ့လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ကုလသမဂၢအဖြဲ႕ကို တိုင္ၾကားလိုက္ေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္ေရေၾကာင္း နဲ႔ သမုဒၵရာေရးရာဝန္ႀကီးဌာနဒုတိယဝန္ႀကီးက " တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္ အတြင္းရွိ ဖိလစ္ပိုင္ႏိုင္ငံရဲ႕အထူးစီးပြားေရးဇုန္နားေတြမွာလည္း သဘာဝဓါတ္ေငြ႕တူးေဖာ္တာေတြ၊ လုပ္ပိုင္ခြင့္ အခြင့္အေရး တိုးခ်ဲ႕လုပ္ယူေနတာေတြ ရွိေနပါတယ္" လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ပိုင္နက္ နယ္ေျမအမ်ားစုကို ၎တို႔ပိုင္ဆိုင္ထားေၾကာင္း ေျပာဆို ထားရာ အာဆီယံေဒသအတြင္းႏိုင္ငံေတြနဲ႔ တင္းမာမႈေတြျဖစ္ပြားေနေၾကာင္း သိရပါတယ္။ တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံ တို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းပိုင္နက္နယ္ေျမအျငင္းပြားမႈနဲ႔ပတ္သက္ၿပီး ၂ဝ၁၆ ခုႏွစ္က ႏိုင္ငံတကာခုံ႐ုံး မွာ ေျဖရွင္းခဲ့ရၿပီး ခုံ႐ုံးက တ႐ုတ္ႏိုင္ငံရဲ႕တင္ျပခ်က္ေတြကို အေျခအျမစ္မရွိဟုဆိုကာ ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးကေတာ့ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး တစ္စုံတရာမွတ္ခ်က္ျပဳေျပာဆိုျခင္း မရွိေသးပါဘူး။ ဖိလစ္ပိုင္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့လပိုင္းအတြင္း အျငင္းပြားမႈမ်ားျဖစ္ပြားေနတဲ့ ေတာင္တ႐ုတ္ ပင္လယ္အတြင္း ထိပ္တိုက္ေတြဆုံမႈေတြျဖစ္လာခဲ့ရာ ႏွစ္ႏိုင္ငံၾကားတင္းမာမႈအရွိန္ျမင့္တက္ေနေၾကာင္း သိရပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ခ်ဲ႕ထြင္မႈေတြေၾကာင့္ ေရေၾကာင္းသြားလာမႈနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ နဲ႔ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.