နျူကလီးယားလက်နက်များအသုံးပြုရေးနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့အကြီးအကဲ တိုက်တွန်းပြောဆို

 1003

ဂျန်ဇက် (NP News) - ဇွန် ၁၇

ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေအသုံးပြုမယ့် စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်တွေလုပ်ဆောင်ခဲ့ပြီးနောက် နေတိုးအဖွဲ့ဟာ နျူကလီးယားလက်နက်များ အဆင့်သင့်အသုံးပြုနိုင်ဖို့ ဆွေးနွေးရမှာဖြစ်တယ်လို့ နေတိုးအဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ ဂျန်စတိုတန်ဘတ်ချ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေကြား ဆက်ဆံရေးတင်းမာမှုတွေရှိလာချိန်မှာ ရုရှားနိုင်ငံကနျူကလီးယားလက်နက်များအသုံးပြုမယ့် စစ်ရေးလေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ နေတိုးအုပ်စုကလည်း ဂျန်စတိုတန်ဘတ်ချ်က "နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ နျူကလီးယားထိပ်ဖူး ဘယ်နှစ်ခုရှိနေသလဲဆိုတဲ့အချက်ကို ဆွေးနွေးတာထက်၊ နျူကလီးယားလက်နက်အသုံးပြုရာမှာအဆင့်သင့်ဖြစ်ရေးတိုင်ပင်ဆွေးနွေးဖို့လိုအပ်တယ်"လို့ပြောပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အမေရိကန်အပါအဝင် ပြင်သစ်၊ ဗြိတိန်တို့ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြောင်းသိရပါတယ်။

ကမ္ဘာကြီးကို နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်စေလိုပေမယ့်လည်း ရုရှား၊ မြောက်ကိုရီးယား နဲ့ တရုတ်နိုင်ငံတို့မှာ နျူကလီးယားလက်နက်များရှိနေသလို တရုတ်နိုင်ငံက နျူကလီးယား လက်နက်များအရှိန်မြင့်လုပ်ဆောင်နေတယ်လို့ ၎င်းကထပ်မံပြောဆိုလိုက်ပါတယ်။ နေတိုးအုပ်စုတွေဟာ ယခင်က မကြုံဘူးတဲ့အရာတွေကို အရာများကို ကြုံလာရဖွယ်ရှိနေကြောင်း ဂျန်စတိုတန်ဘတ်ချ်ကပြောပါတယ်။ ရုရှားနိုင်ငံကလည်း ၎င်းနိုင်ငံရဲ့အကျိုးစီးပွားနဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို ထိခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက်တွေကို အသုံးပြုမယ်လို့ပြောဆိုထားဖူးရာ ရုရှားနယ်စပ်နားကိုတိုးချဲ့ဖို့ ကြိုးပမ်းနေတဲ့ နေတိုးအုပ်စုနဲ့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေပါတယ်။

zawgyi version
န်ဴကလီးယားလက္နက္မ်ားအသုံးျပဳေရးနဲ႔ပတ္သက္ၿပီး ေနတိုးအဖြဲ႕အႀကီးအကဲ တိုက္တြန္းေျပာဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇

႐ုရွားႏိုင္ငံက န်ဴကလီးယားလက္နက္ေတြအသုံးျပဳမယ့္ စစ္ေရးေလ့က်င့္ခန္းအစီအစဥ္ေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေနတိုးအဖြဲ႕ဟာ န်ဴကလီးယားလက္နက္မ်ား အဆင့္သင့္အသုံးျပဳႏိုင္ဖို႔ ေဆြးေႏြးရမွာျဖစ္တယ္လို႔ ေနတိုးအဖြဲ႕အႀကီးအကဲတစ္ဦးျဖစ္သူ ဂ်န္စတိုတန္ဘတ္ခ်္ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြၾကား ဆက္ဆံေရးတင္းမာမႈေတြရွိလာခ်ိန္မွာ ႐ုရွားႏိုင္ငံကန်ဴကလီးယားလက္နက္မ်ားအသုံးျပဳမယ့္ စစ္ေရးေလ့က်င့္ခန္းေတြကို စတင္လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ေနတိုးအုပ္စုကလည္း ဂ်န္စတိုတန္ဘတ္ခ်္က "ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြမွာ န်ဴကလီးယားထိပ္ဖူး ဘယ္ႏွစ္ခုရွိေနသလဲဆိုတဲ့အခ်က္ကို ေဆြးေႏြးတာထက္၊ န်ဴကလီးယားလက္နက္အသုံးျပဳရာမွာအဆင့္သင့္ျဖစ္ေရးတိုင္ပင္ေဆြးေႏြးဖို႔လိုအပ္တယ္"လို႔ေျပာပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာ အေမရိကန္အပါအဝင္ ျပင္သစ္၊ ၿဗိတိန္တို႔ဟာ န်ဴကလီးယားလက္နက္ေတြ ပိုင္ဆိုင္ထားေၾကာင္းသိရပါတယ္။

ကမာၻႀကီးကို န်ဴကလီးယားကင္းစင္တဲ့ ကမာၻႀကီးျဖစ္ေစလိုေပမယ့္လည္း ႐ုရွား၊ ေျမာက္ကိုရီးယား နဲ႔ တ႐ုတ္ႏိုင္ငံတို႔မွာ န်ဴကလီးယားလက္နက္မ်ားရွိေနသလို တ႐ုတ္ႏိုင္ငံက န်ဴကလီးယား လက္နက္မ်ားအရွိန္ျမင့္လုပ္ေဆာင္ေနတယ္လို႔ ၎ကထပ္မံေျပာဆိုလိုက္ပါတယ္။ ေနတိုးအုပ္စုေတြဟာ ယခင္က မႀကဳံဘူးတဲ့အရာေတြကို အရာမ်ားကို ႀကဳံလာရဖြယ္ရွိေနေၾကာင္း ဂ်န္စတိုတန္ဘတ္ခ်္ကေျပာပါတယ္။ ႐ုရွားႏိုင္ငံကလည္း ၎ႏိုင္ငံရဲ႕အက်ိဳးစီးပြားနဲ႔အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈေတြကို ထိခိုက္လာမယ္ဆိုရင္ န်ဴကလီးယားလက္နက္ေတြကို အသုံးျပဳမယ္လို႔ေျပာဆိုထားဖူးရာ ႐ုရွားနယ္စပ္နားကိုတိုးခ်ဲ႕ဖို႔ ႀကိဳးပမ္းေနတဲ့ ေနတိုးအုပ္စုနဲ႔ ထိပ္တိုက္ေတြ႕ဆုံဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.