ရှန်ဂရီလာဆွေးနွေးပွဲကပြောသော အမေရိကန်-တရုတ် ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)

 810

သန်းထိုက်စိုး (NP News) - ဇွန် ၂၀

ရှန်ဂရီလာဆွေးနွေးပွဲ ဆိုသည်မှာ
စင်ကာပူနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ရှန်ဂရီလာဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် မေလ(၃၁) ရက်နေ့ မှ ဇွန်လ (၂)ရက်နေ့အထိ သုံးရက်သာကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုံခြုံရေးပညာရှင်များ တက်ရောက်ကြသည့် ဆွေးနွေးပွဲဖြစ်ပြီး ဒေသဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးကြခြင်း ဖြစ်သည်။ ရှန်ဂရီလာဆွေးနွေးပွဲကို ၂၀ဝ၂ ခုနှစ်မှစ၍ စင်ကာပူနိုင်ငံတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ(၁၁) ရက်နေ့ တိုက်ခိုက်မှုကဲ့သို့သောအကြမ်းဖက်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စများဖြစ်လာချိန်တွင် ပို၍ ထင်ရှားလာခဲ့သည်။ စတင်ကျင်းပစဉ်က အာရှလုံခြုံရေး ကွန်ဖရင့်ဆိုသည့် အမည်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံကလည်း ၎င်း၏ ကာကွယ်ရေးဒုတိယဝန်ကြီးဦးဆောင် သည့်ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံပေါင်း (၅၀) နီးပါးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

ကမ္ဘာ့ခေါင်းဆောင်များသည် ရှန်ဂရီလာ ဆွေးနွေးပွဲကို ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစိန်ခေါ်မှုများအပေါ် ၎င်းတို့၏အမြင်များကို တင်ပြရန်နှင့် ဖြစ်လာနိုင်ခြေရှိသည့် အကဲခတ် မှုများကိုဖြေရှင်းနိုင်မည့် စိတ်ကူးစိတ်သန်းများကို ထုတ်ဖော်နိုင်သည့်ပလက်ဖောင်းအဖြစ် အသုံးပြုနေ ကြခြင်းဖြစ်သည်။ ရှန်ဂရီလာဆွေးနွေးပွဲသည် အင်အားကြီးနိုင်ငံများအတွက် တံခါးပိတ်ဆွေးနွေးနိုင် သည့် closed door diplomacy ဆက်သွယ်ပြောဆိုနိုင်မည့် corridor diplomacy လူပုဂ္ဂိုလ်အချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မည့် personal diplomacy ရရှိနိုင်မည့်အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။

အိမ်ရှင်ကာကွယ်ရေးဝန်ကြီး ဘာပြောလဲ
ရှန်ဂရီလာဆွေးနွေးပွဲ၏ ခုနစ်ခုမြောက် plenary တွင် စင်ကာပူ ကာကွယ်ရေးဝန်ကြီး Dr Ng Eng Hen က မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်း၏ မိန့်ခွန်းတွင် အာရှဒေသတွင် ပဋိပက္ခဖြစ်မလာစေရန် မလွဲမသွေ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အာရှဒေသ တွင်ဖြစ်စေ၊ ကမ္ဘာ့အခြားနေရာတွင်ဖြစ်စေ တတိယမြောက် ပထဝီနိုင်ငံရေးဆိုင်ရာထိတွေ့မှုကို ခံနိုင်ရည်ရှိတော့မည်မဟုတ်သည်ကို အားလုံး သဘောတူနိုင်ကြမည်ဟုယုံကြည်ကြောင်း၊ ယူကရိန်းစစ်မှာ တတိယနှစ်အတွင်းသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ အစ္စရေး-ဟားမတ်စ်ပဋိပက္ခမှာလည်း အခြား အင်အားကြီးနိုင်ငံများကို စစ်ထဲဆွဲခေါ်ပြီး ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်ကြောင်း၊ ဆန်ဖရန်စစ္စကိုတွင် သမ္မတရှီကျင့်ဖျင်နှင့် သမ္မတ ဘိုင်ဒန် တို့တွေ့ဆုံခဲ့မှုသည် ပဋိပက္ခ လျော့ပါးစေရန် အပြုသဘောတိုးတက်မှုဖြစ်ခဲ့ကြောင်း၊ တွေ့ဆုံမှုအပြီးတွင် ထိုင်ဝမ်(တရုတ်တိုင်ပေ) ရွေးကောက်ပွဲနှင့်ပတ်သက်၍ သမ္မတဘိုင်ဒန်အား မေးမြန်းရာတွင် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)လွတ်လပ်ရေးကို မထောက်ခံဟု ပြန်လည် ဖြေကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်ကလည်း အမေရိကန်-တရုတ်ဆက်ဆံရေးသည် ခေတ်ဟောင်းဆီ ပြန်မသွားတော့ဘဲ ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီဦးတည်ရမည်ဟု ပြောဆိုခဲ့သည်။ ထိုင်ဝမ် (တရုတ်တိုင်ပေ)ကိစ္စမှာ ရှုပ်ထွေးသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး လွတ်လပ်သည့်နိုင်ငံအဖြစ် ရပ်တည် ၍မရသကဲ့သို့ အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းမှုသည်လည်း ပါဝင်ပတ်သက်သူအားလုံးအတွက် အကောင်းဆုံးသောအပေးအယူ အလျှော့အတင်းမဖြစ်နိုင်ကြောင်း၊ တောင်တရုတ်ပင်လယ် အတွင်း ငါးဖမ်းခြင်းနှင့်ပတ်သက်၍လည်း အပြန်အလှန် သဘောတူညီချက်များထားရှိနိုင်မှသာ ပဋိပက္ခများကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်နှင့်တရုတ် နိုင်ငံတို့သည် မဟာဗျူဟာမြောက် ပြိုင်ဘက်များ ဖြစ်သော်လည်း နှစ်နိုင်ငံလုံးသည် စီးပွားရေးအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချိတ်ဆက်နေခြင်း ဖြစ်ရာ အားလုံးမှာ အဆိုပါအချိတ်အဆက်အပေါ်တွင် မှီခိုနေရခြင်းဖြစ်သည်ဟု ထည့်သွင်းပြောဆိုသွား ခဲ့သည်။

နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ ပထမဆုံးအကြိမ် တွေ့ဆုံ
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun တို့သည် ရှန်ဂရီလာဆွေးနွေးပွဲတွင် ဘေးပန်းတွင် တွေ့ဆုံခဲ့ကြသည်။ ကာကွယ်ရေးဝန်ကြီးနှစ်ဦးတို့ သည် ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်သည်။ တွေ့ဆုံမှုအတွင်း အမေရိကန်-တရုတ် တည်ငြိမ်သည့်စစ်ဖက်ဆက်ဆံရေးရှိရန် အရေးကြီးသည်ဆိုသည်ကို နှစ်ဖက်လုံးက သဘောတူညီခဲ့ကြသည်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ ထိုင်ဝမ်(တရုတ်တိုင်ပေ)သို့သွားရောက်စဉ် တရုတ်နိုင်ငံက အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ထိပ်ပိုင်း အဆင့်ပုဂ္ဂိုလ်များ ထိတွေ့နိုင်မှုသည် အပြုသဘော တိုးတက်မှုဖြစ်သော်လည်း ထိုင်ဝမ်(တရုတ်တိုင်ပေ)ကိစ္စမှသည် တောင်တရုတ် ပင်လယ် အရေးအထိ နှစ်ဖက်အခြေအတင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ထိုင်ဝမ်ရေလက်ကြား ပတ်ဝန်းကျင် တွင် လှုပ်ရှားမှုများအပေါ် စိုးရိမ်ကြောင်း၊ ထိုင်ဝမ်(တရုတ်တိုင်ပေ) ၏ ဒီမိုကရေစီအသွင်းကူးပြောင်းမှု တွင် အင်အား ပြခြင်းမျိုးမပြုလုပ်သင့်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။ လူဦးရေ(၂၃)သန်းရှိသည့် ထိုင်ဝမ် ကျွန်းသည် တရုတ်ပိုင်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ် (တရုတ်တိုင်ပေ) ခွဲထွက်ရေး အင်အားစုများကို မှားယွင်းအချက်ပြခြင်းမျိုးလုပ်ဆောင်နေခြင်းဖြစ်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun က တုံ့ ပြန်ပြောဆိုခဲ့သည်။ ယခုနှစ်ကုန်တွင် အကျပ်အတည်းကာလ ဆက်သွယ်ရေး လုပ်ငန်း အဖွဲ့ ဖွဲ့စည်းမည့်အစီအစဉ်နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။ ယုံကြည်မှု တည်ဆောက်ရန်အတွက် စစ်ဘက် ဆိုင်ရာပညာရှင်များအကြား အပြန်အလှန်တွေ့ဆုံကြရန် တရုတ်နိုင်ငံဘက်က တောင်းဆိုခဲ့သည် ဟုဆိုသည်။ တရုတ်နိုင်ငံက ထိုင်ဝမ်(တ ရုတ်တိုင်ပေ)အနီးတွင် ဖိုက်တာဂျက်များနှင့် စစ်သင်္ဘော များစေလွှတ်ခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်တို့အတွက် ပထဝီနိုင်ငံရေးတင်းမာမှုဖြစ်လာရန် အကြောင်းတစ်ခုဖြစ်လာခဲ့ပြန်သည်။

နှစ်ဖက် ရပ်တည်ချက်များကို ထုတ်ပြောကြ
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lioyd Austin က အမေရိကန်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပါအဝင် ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသတို့နှင့် ချိတ်ဆက်ပေးခြင်း၊ အင်ဒို-ပစိဖိတ်မိတ်ဖက်ဖြစ်မှုတွင် ပေါင်းစည်းမှုအသစ်နှင့်အတူ အနာဂတ်အာရှကို ပုံဖော်သွားမည် ဟု ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun ကလည်း ရှန်ဂရီလာ ဆွေးနွေးပွဲသို့ ပထမဆုံးတက်ရောက်လာ ခဲ့ပြီး ဒေသတွင်းလုံခြုံရေး မူဘောင်တည်ဆောက် ရန် တရုတ်နိုင်ငံက ရှေ့ဆက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်ဝမ် (တရုတ်တိုင်ပေ)အရေးသည် အန္တရာယ်ကြီးသည့် အခြေအနေတစ်ခုဖြစ်နေကြောင်း သတိပေးခဲ့သည်။ ထို့ပြင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံတစ်နိုင်ငံက(ဖိလစ်ပိုင်နိုင်ငံကို ရည်ညွှန်းခြင်းဟုဆို)က ရန်စမှုများပြုလုပ်ခြင်းသည် အာဆီယံပဋိညာဉ်ကို ချိုးဖောက်ပြီးဒေသတွင်း အကျိုးစီးပွားကို လျစ်လျူရှု ခြင်းဖြစ်ရာ တန်ပြန်အကျိုးသက်ရောက်မှုရှိလာမည်ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန် နှင့်တရုတ်နိုင်ငံတို့သည် ၎င်းတို့၏မျှော်မှန်းချက် အသီးသီးကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေကြရသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lioyd Austin ၏မိန့်ခွန်း တွင်ပါဝင်သည့် ပေါင်းစည်းမှုအသစ် “new convergence” ဆိုသည်မှာ အမေရိကန်၏ တရုတ်နိုင်ငံ ဆိုင်ရာမူဝါဒဖြစ်ပြီး အမေရိကန်၏ မဟာမိတ်နိုင်ငံအချို့ကြားမှာပင် ရှိနေသည့်စိုးရိမ်မှုများကို အရေးမကြီး သကဲ့သို့ သဘောထားခဲ့ခြင်းဟု ယူဆချက်များရှိနေသည်။ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun၏ plenary session ၌ ပြောကြားသည့်မိန့်ခွန်းတွင် တရုတ်နိုင်ငံသည် Global Development Initiative, Global Security Initiative နှင့် Global Civilization Initiative နှင့်အတူ လူသား တို့အတွက် အေးအတူပူအမျှအနာဂတ်ဖြစ်စေမည့် အသိုက်အဝန်းတစ်ခုတည်ဆောက်သွားရန် မျှော်မှန်းထားကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် အာရှပစိဖိတ်ဒေသရှိ ပြည်သူများသည် သဟဇာတရှိမှုနှင့် ငြိမ်းချမ်းမှုကို လိုလားကြ သူများဖြစ်ပြီး အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးကြသူများဖြစ်ကြကြောင်း၊ မည်သို့သော အခြေအနေ တွင်မဆို တစ်ဦးကိုတစ်ဦး အမြဲတစေ အကူအညီပေးကြကြောင်း၊ အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများ ၏အကျိုးစီးပွားကို ယုတ်လျော့စေမည့် ပါဝါနိုင်ငံရေးနှင့် ဩဇာကြီးစိုးမှုကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ အာရှပစိဖိတ်ဒေသသို့ စစ်အေးဖြစ်စေ၊ စစ်ပူဖြစ်စေ စစ်ပွဲများ သို့မဟုတ် ပထဝီနိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ သယ်ဆောင်လာမည့်မည်သူတစ်ဦး တစ်ယောက်ကိုမှ ခွင့်ပြုမည်မဟုတ်ကြောင်း၊ အာရှပ စိဖိတ်ဒေသကို ကစဉ့်ကလျားဖြစ်အောင်၊ ပဋိပက္ခဖြစ်အောင်ဖန်တီးမည့် မည်သည့်နိုင်ငံ၊ မည်သည့်အင်အားစုကိုမှလည်း ခွင့်ပြုမည်မဟုတ်ကြောင်းပြောဆိုသွားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား နှင့် ဖိလစ်ပိုင်ကဲ့သို့သော မဟာမိတ်များနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရန် အမေရိကန်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို ဆန့်ကျင် ရှုတ်ချသည်ဟု ထုတ်ပြောသည်။ အာရှဒေသတွင် အမေရိကန်တို့ စစ်အင်အားပြနေခြင်းကို တရုတ်တို့က မြင်တွေ့လိုခြင်းရှိမည် မဟုတ်ပါ။ မကြာသေးမီနှစ်များအတွင်းက အမေရိကန်-တရုတ် စစ်ရေးအရ ဆွေးနွေးမှုများ ယိုယွင်းလာခြင်းသည် ပဋိပက္ခအထိ ဦးတည်လာမည်ကို နိုင်ငံတကာတွင် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ရုရှား၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများကို အထောက် အပံ့ပေးနေခြင်း၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)ရေလက်ကြားအနီး စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က စိုးရိမ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် သတင်း ထုတ်ပြန်ရေးအကြီးအကဲ ဗိုလ်ချုပ် Pat Ryder က သတင်းထုတ်ပြန်ချက်ကို ဖတ်ပြခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေကခွင့်ပြုထားသည့်အတိုင်း လုံခြုံမှုနှင့် တာဝန်ယူမှုရှိရှိဖြင့် ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်းလည်းပြောဆိုခဲ့သည်။ မည်သည့် ဘက်ကဖြစ်စေ တစ်ဖက်ကို ထိန်းချုပ်လိုခြင်း၊ ဂရုမစိုက်ခြင်း မဖြစ်သင့်ဘဲ အပြန်အလှန် ယုံကြည်မှု တည်ဆောက်သင့်ကြောင်း၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်အတွင်း ကုန်တင်သင်္ဘောများနှင့် လေယာဉ်များ လုံခြုံစွာဖြတ်သန်းနိုင်ကြောင်း၊ သို့သော် လွတ်လပ်မှုနှင့် ပရမ်းပတာနိုင်မှုမှာ များစွာ ခြားနားပါကြောင်း၊ တစ်ဖက်၏စိုးရိမ်မှုကိုလေးစားရန် အရေးကြီးပြီး လုံခြုံရေးကို အပြန်အလှန် ဂရုပြုသင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun က တုံ့ပြန်ခဲ့သည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်ကဆိုသည်။ ဖိလစ်ပိုင်နိုင်ငံ၌ စစ်ရေး လေ့ကျင့်စဉ်အတွင်း အမေရိကန်မစ်ဆိုင်းစနစ်တစ်ခု ဖြန့်ကြက်ချထားခြင်းသည် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်သည်ဟုဆိုကာ Dong Jun က ပြစ်တင်ရှုတ်ချခဲ့သည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံကိုလည်း ဒေသပြင်ပ အင်အားကြီးနိုင်ငံများကို ရဲဆေး တင်ပေးနိုင်သည်ဟု စွပ်စွဲခဲ့သည်။ အဆက်မပြတ်ရန် စနေမှုများအပေါ် သည်းခံနိုင်မှုမှာ အကန့်အသတ်ရှိ သည်ဟုလည်း ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun ၏ပြောကြားချက်ကို ကိုး ကားပြီး ပြန်လည်ပြောကြားခဲ့သည်။

အားပြိုင်မှုများ ဆက်ရှိနေမည်
ရှန်ဂရီလာဆွေးနွေးပွဲတွင် ယူကရိန်းစစ်ပွဲ၊ ဂါဇာ အရေး၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)အရေး၊ တောင် တရုတ်ပင်လယ်ကိစ္စနှင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကိစ္စတို့က အဓိကလွှမ်းမိုးထားသည်။ အမေရိ ကန်နှင့် တရုတ်နိုင်ငံတို့သည် ရုရှား-ယူကရိန်းစစ်ပွဲ နှင့် အစ္စရေး-ဂါဇာစစ်ပွဲအပါအဝင် ဒေသတွင်းလုံခြုံ ရေးကိစ္စများနှင့်ပတ်သက်၍ အာရှဒေသအပေါ် ရှုမြင်ပုံခြင်းကွဲပြားကြသည်။ အမေရိကန်နှင့် တရုတ် နိုင်ငံတို့သည် ပြိုင်ဘက်များဖြစ်သကဲ့သို့ စီးပွားဖက်များလည်း ဖြစ်သည်။ သို့ဖြစ်ရာ အမေရိကန်-တရုတ် ဆက်ဆံရေး မည်သို့ရှိသည်၊ အမေရိကန်သမ္မတ၏ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒမည်သို့ရှိသည် ဆိုသည်ကို စောင့်ကြည့်လေ့လာကြရသည်။ အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းအရေး၊ ရုရှား-ယူကရိန်း အရေးတို့ရှိနေသော်လည်း အာရှပစိဖိတ်ဒေသတွင်လည်း မျက်ခြည်မပြတ်ဘဲ အုပ်စုဖွဲ့မှုအသစ်များ ဖွဲ့စည်းလှုပ်ရှားနေကြောင်း “new convergence” ဟု သုံးနှုန်းပြောဆိုသွားခဲ့သည်။ ယင်းကို ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သည်ဟု တရုတ်နိုင်ငံက ရှုမြင်သည်။ ဒေသတွင်းမတည်ငြိမ်အောင် ပြုလုပ်သည့် လုပ်ရပ်မှန်သမျှ ခွင့်မပြုဟု အတိအလင်း တုံ့ပြန်ခဲ့သည်။ ရှန်ဂရီလာဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံမှုကို အပြုသဘောဆောင်သည့် တိုးတက်မှုအဖြစ်ရှု မြင်နိုင်သော်လည်း ရပ်တည်ချက်များမှာ ပြောင်းလဲသွားခြင်းမျိုးမဟုတ်ပါ။ သို့ဖြစ်ရာ ပါဝါကြီးနှစ်ခု၏ အားပြိုင်မှုများမှာ ဆက်လက်အရှိန်မြင့်နေဦးမည်ဟု ယူဆရပါကြောင်း ရှန်ဂရီလာဆွေးနွေးပွဲကပြော သည့် အမေရိကန်-တရုတ် ဆက်ဆံရေးကို တင်ပြလိုက်ရပါသည်။

zawgyi version
ရွန္ဂရီလာေဆြးေႏြးပြဲက ေျပာေသာ အေမရိကန္-တ႐ုတ္ ဆက္ဆံေရး (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP New‌ေs) - ဇြန္ ၂၀

ရွန္ဂရီလာေဆြးေႏြးပြဲ ဆိုသည္မွာ
စင္ကာပူႏိုင္ငံတြင္ ႏွစ္စဥ္က်င္းပေလ့ရွိသည့္ ရွန္ဂရီလာေဆြးေႏြးပြဲကို ၂၀၂၄ ခုႏွစ္ ေမလ(၃၁) ရက္ေန႔ မွ ဇြန္လ (၂)ရက္ေန႔အထိ သုံးရက္သာက်င္းပခဲ့သည္။ အဆိုပါေဆြးေႏြးပြဲသည္ အစိုးရကိုယ္စားလွယ္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ လုံၿခဳံေရးပညာရွင္မ်ား တက္ေရာက္ၾကသည့္ ေဆြးေႏြးပြဲျဖစ္ၿပီး ေဒသဆိုင္ရာ လုံၿခဳံေရးကိစၥရပ္မ်ားကို အဓိကထားေဆြးေႏြးၾကျခင္း ျဖစ္သည္။ ရွန္ဂရီလာေဆြးေႏြးပြဲကို ၂၀ဝ၂ ခုႏွစ္မွစ၍ စင္ကာပူႏိုင္ငံတြင္ စတင္က်င္းပခဲ့ျခင္းျဖစ္သည္။ ၂၀၁၁ ခုႏွစ္ စက္တင္ဘာ(၁၁)ရက္ေန႔ တိုက္ခိုက္မႈကဲ့သို႔ေသာအၾကမ္းဖက္မႈမ်ားႏွင့္ ကမာၻလုံးဆိုင္ရာ လုံၿခဳံေရးကိစၥမ်ားျဖစ္လာခ်ိန္တြင္ ပို၍ ထင္ရွားလာခဲ့သည္။ စတင္က်င္းပစဥ္က အာရွလုံၿခဳံေရး ကြန္ဖရင့္ဆိုသည့္ အမည္ျဖင့္ က်င္းပခဲ့ျခင္း ျဖစ္သည္။ အေမရိကန္ႏိုင္ငံကလည္း ၎၏ ကာကြယ္ေရးဒုတိယဝန္ႀကီးဦးေဆာင္ သည့္ကိုယ္စားလွယ္ အဖြဲ႕ကို ေစလႊတ္ခဲ့သည္။ ၂၀၁၈ ခုႏွစ္တြင္ ႏိုင္ငံေပါင္း (၅၀) နီးပါးမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ ၾကသည္။ ၂၀၂၀ ျပည့္ႏွစ္ႏွင့္ ၂၀၂၁ ခုႏွစ္တြင္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ က်င္းပႏိုင္ခဲ့ျခင္းမရွိေပ။

ကမာၻ႔ေခါင္းေဆာင္မ်ားသည္ ရွန္ဂရီလာ ေဆြးေႏြးပြဲကို ေဒသဆိုင္ရာႏွင့္ ကမာၻလုံးဆိုင္ရာ လုံၿခဳံေရးစိန္ေခၚမႈမ်ားအေပၚ ၎တို႔၏အျမင္မ်ားကို တင္ျပရန္ႏွင့္ ျဖစ္လာႏိုင္ေျခရွိသည့္ အကဲခတ္ မႈမ်ားကိုေျဖရွင္းႏိုင္မည့္ စိတ္ကူးစိတ္သန္းမ်ားကို ထုတ္ေဖာ္ႏိုင္သည့္ပလက္ေဖာင္းအျဖစ္ အသုံးျပဳေန ၾကျခင္းျဖစ္သည္။ ရွန္ဂရီလာေဆြးေႏြးပြဲသည္ အင္အားႀကီးႏိုင္ငံမ်ားအတြက္ တံခါးပိတ္ေဆြးေႏြးႏိုင္ သည့္ closed door diplomacy ဆက္သြယ္ေျပာဆိုႏိုင္မည့္ corridor diplomacy လူပုဂၢိဳလ္အခ်င္းခ်င္း ေတြ႕ဆုံေဆြးေႏြးႏိုင္မည့္ personal diplomacy ရရွိႏိုင္မည့္အခြင့္အလမ္းတစ္ခုလည္း ျဖစ္သည္။

အိမ္ရွင္ကာကြယ္ေရးဝန္ႀကီး ဘာေျပာလဲ
ရွန္ဂရီလာေဆြးေႏြးပြဲ၏ ခုနစ္ခုေျမာက္ plenary တြင္ စင္ကာပူ ကာကြယ္ေရးဝန္ႀကီး Dr Ng Eng Hen က မိန႔္ခြန္းေျပာၾကားခဲ့သည္။ ၎၏ မိန႔္ခြန္းတြင္ အာရွေဒသတြင္ ပဋိပကၡျဖစ္မလာေစရန္ မလြဲမေသြ ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္း၊ အာရွေဒသ တြင္ျဖစ္ေစ၊ ကမာၻ႔အျခားေနရာတြင္ျဖစ္ေစ တတိယေျမာက္ ပထဝီႏိုင္ငံေရးဆိုင္ရာထိေတြ႕မႈကို ခံႏိုင္ရည္ရွိေတာ့မည္မဟုတ္သည္ကို အားလုံး သေဘာတူႏိုင္ၾကမည္ဟုယုံၾကည္ေၾကာင္း၊ ယူကရိန္းစစ္မွာ တတိယႏွစ္အတြင္းသို႔ ေရာက္ရွိလာၿပီ ျဖစ္ေၾကာင္း၊ အစၥေရး-ဟားမတ္စ္ပဋိပကၡမွာလည္း အျခား အင္အားႀကီးႏိုင္ငံမ်ားကို စစ္ထဲဆြဲေခၚၿပီး ပိုမိုက်ယ္ျပန႔္လာမည္ကို စိုးရိမ္ေၾကာင္း၊ ဆန္ဖရန္စစၥကိုတြင္ သမၼတရွီက်င့္ဖ်င္ႏွင့္ သမၼတ ဘိုင္ဒန္ တို႔ေတြ႕ဆုံခဲ့မႈသည္ ပဋိပကၡ ေလ်ာ့ပါးေစရန္ အျပဳသေဘာတိုးတက္မႈျဖစ္ခဲ့ေၾကာင္း၊ ေတြ႕ဆုံမႈအၿပီးတြင္ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ) ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ သမၼတဘိုင္ဒန္အား ေမးျမန္းရာတြင္ အေမရိကန္ႏိုင္ငံအေနျဖင့္ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)လြတ္လပ္ေရးကို မေထာက္ခံဟု ျပန္လည္ ေျဖၾကားခဲ့သည္။ သမၼတရွီက်င့္ဖ်င္ကလည္း အေမရိကန္-တ႐ုတ္ဆက္ဆံေရးသည္ ေခတ္ေဟာင္းဆီ ျပန္မသြားေတာ့ဘဲ ပိုမိုေကာင္းမြန္သည့္ အနာဂတ္ဆီဦးတည္ရမည္ဟု ေျပာဆိုခဲ့သည္။ ထိုင္ဝမ္ (တ႐ုတ္တိုင္ေပ)ကိစၥမွာ ရႈပ္ေထြးသည့္ ျပႆနာတစ္ရပ္ျဖစ္ၿပီး လြတ္လပ္သည့္ႏိုင္ငံအျဖစ္ ရပ္တည္ ၍မရသကဲ့သို႔ အင္အားသုံးၿပီး ျပန္လည္ေပါင္းစည္းမႈသည္လည္း ပါဝင္ပတ္သက္သူအားလုံးအတြက္ အေကာင္းဆုံးေသာအေပးအယူ အေလွ်ာ့အတင္းမျဖစ္ႏိုင္ေၾကာင္း၊ ေတာင္တ႐ုတ္ပင္လယ္ အတြင္း ငါးဖမ္းျခင္းႏွင့္ပတ္သက္၍လည္း အျပန္အလွန္ သေဘာတူညီခ်က္မ်ားထားရွိႏိုင္မွသာ ပဋိပကၡမ်ားကို တားဆီးႏိုင္မည္ျဖစ္ေၾကာင္း၊ အေမရိကန္ႏွင့္တ႐ုတ္ ႏိုင္ငံတို႔သည္ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဘက္မ်ား ျဖစ္ေသာ္လည္း ႏွစ္ႏိုင္ငံလုံးသည္ စီးပြားေရးအရ တစ္ကမာၻလုံးအတိုင္းအတာျဖင့္ ခ်ိတ္ဆက္ေနျခင္း ျဖစ္ရာ အားလုံးမွာ အဆိုပါအခ်ိတ္အဆက္အေပၚတြင္ မွီခိုေနရျခင္းျဖစ္သည္ဟု ထည့္သြင္းေျပာဆိုသြား ခဲ့သည္။

ႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးမ်ား ပထမဆုံးအႀကိမ္ ေတြ႕ဆုံ
အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin ႏွင့္ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Dong Jun တို႔သည္ ရွန္ဂရီလာေဆြးေႏြးပြဲတြင္ ေဘးပန္းတြင္ ေတြ႕ဆုံခဲ့ၾကသည္။ ကာကြယ္ေရးဝန္ႀကီးႏွစ္ဦးတို႔ သည္ ပထမဆုံးအႀကိမ္မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံခဲ့ၾကျခင္းလည္းျဖစ္သည္။ ေတြ႕ဆုံမႈအတြင္း အေမရိကန္-တ႐ုတ္ တည္ၿငိမ္သည့္စစ္ဖက္ဆက္ဆံေရးရွိရန္ အေရးႀကီးသည္ဆိုသည္ကို ႏွစ္ဖက္လုံးက သေဘာတူညီခဲ့ၾကသည္။ အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီပလိုစီ ဦးေဆာင္သည့္ ကိုယ္စား လွယ္အဖြဲ႕ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)သို႔သြားေရာက္စဥ္ တ႐ုတ္ႏိုင္ငံက အေမရိကန္ႏွင့္ စစ္ဘက္ဆိုင္ရာ ဆက္သြယ္မႈအားလုံးကို ျဖတ္ေတာက္ခဲ့ျခင္းျဖစ္သည္။ ထိပ္ပိုင္း အဆင့္ပုဂၢိဳလ္မ်ား ထိေတြ႕ႏိုင္မႈသည္ အျပဳသေဘာ တိုးတက္မႈျဖစ္ေသာ္လည္း ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)ကိစၥမွသည္ ေတာင္တ႐ုတ္ ပင္လယ္ အေရးအထိ ႏွစ္ဖက္အေျခအတင္ေဆြးေႏြးခဲ့ၾကသည္ဟု ဆိုသည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္၏ ထိုင္ဝမ္ေရလက္ၾကား ပတ္ဝန္းက်င္ တြင္ လႈပ္ရွားမႈမ်ားအေပၚ စိုးရိမ္ေၾကာင္း၊ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ) ၏ ဒီမိုကေရစီအသြင္းကူးေျပာင္းမႈ တြင္ အင္အား ျပျခင္းမ်ိဳးမျပဳလုပ္သင့္ဟု ေျပာဆိုခဲ့သည္ဟု ဆိုသည္။ လူဦးေရ(၂၃)သန္းရွိသည့္ ထိုင္ဝမ္ ကြၽန္းသည္ တ႐ုတ္ပိုင္ျဖစ္ေၾကာင္း၊ အေမရိကန္ႏိုင္ငံအေနျဖင့္ ထိုင္ဝမ္ (တ႐ုတ္တိုင္ေပ) ခြဲထြက္ေရး အင္အားစုမ်ားကို မွားယြင္းအခ်က္ျပျခင္းမ်ိဳးလုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Dong Jun က တုံ႔ ျပန္ေျပာဆိုခဲ့သည္။ ယခုႏွစ္ကုန္တြင္ အက်ပ္အတည္းကာလ ဆက္သြယ္ေရး လုပ္ငန္း အဖြဲ႕ ဖြဲ႕စည္းမည့္အစီအစဥ္ႏွင့္ပတ္သက္၍လည္း ေဆြးေႏြးခဲ့ၾကသည္ဟု ပင္တဂြန္စစ္ဌာနခ်ဳပ္က ထုတ္ျပန္သည့္ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ယုံၾကည္မႈ တည္ေဆာက္ရန္အတြက္ စစ္ဘက္ ဆိုင္ရာပညာရွင္မ်ားအၾကား အျပန္အလွန္ေတြ႕ဆုံၾကရန္ တ႐ုတ္ႏိုင္ငံဘက္က ေတာင္းဆိုခဲ့သည္ ဟုဆိုသည္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္(တ ႐ုတ္တိုင္ေပ)အနီးတြင္ ဖိုက္တာဂ်က္မ်ားႏွင့္ စစ္သေဘၤာ မ်ားေစလႊတ္ခဲ့ၿပီးေနာက္ အေမရိကန္ႏွင့္ တ႐ုတ္တို႔အတြက္ ပထဝီႏိုင္ငံေရးတင္းမာမႈျဖစ္လာရန္ အေၾကာင္းတစ္ခုျဖစ္လာခဲ့ျပန္သည္။

ႏွစ္ဖက္ ရပ္တည္ခ်က္မ်ားကို ထုတ္ေျပာၾက
အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lioyd Austin က အေမရိကန္-ဂ်ပန္-ေတာင္ကိုရီးယား သုံးႏိုင္ငံ ပူးတြဲစစ္ေရးေလ့က်င့္မႈအပါအဝင္ ဥေရာပ၊ အေရွ႕အလယ္ပိုင္းေဒသတို႔ႏွင့္ ခ်ိတ္ဆက္ေပးျခင္း၊ အင္ဒို-ပစိဖိတ္မိတ္ဖက္ျဖစ္မႈတြင္ ေပါင္းစည္းမႈအသစ္ႏွင့္အတူ အနာဂတ္အာရွကို ပုံေဖာ္သြားမည္ ဟု ၎၏မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Dong Jun ကလည္း ရွန္ဂရီလာ ေဆြးေႏြးပြဲသို႔ ပထမဆုံးတက္ေရာက္လာ ခဲ့ၿပီး ေဒသတြင္းလုံၿခဳံေရး မူေဘာင္တည္ေဆာက္ ရန္ တ႐ုတ္ႏိုင္ငံက ေရွ႕ဆက္လုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ထိုင္ဝမ္ (တ႐ုတ္တိုင္ေပ)အေရးသည္ အႏၲရာယ္ႀကီးသည့္ အေျခအေနတစ္ခုျဖစ္ေနေၾကာင္း သတိေပးခဲ့သည္။ ထို႔ျပင္ ေတာင္တ႐ုတ္ပင္လယ္တြင္ ႏိုင္ငံတစ္ႏိုင္ငံက(ဖိလစ္ပိုင္ႏိုင္ငံကို ရည္ၫႊန္းျခင္းဟုဆို)က ရန္စမႈမ်ားျပဳလုပ္ျခင္းသည္ အာဆီယံပဋိညာဥ္ကို ခ်ိဳးေဖာက္ၿပီးေဒသတြင္း အက်ိဳးစီးပြားကို လ်စ္လ်ဴရႈ ျခင္းျဖစ္ရာ တန္ျပန္အက်ိဳးသက္ေရာက္မႈရွိလာမည္ျဖစ္သည္ဟုလည္း ထည့္သြင္းေျပာၾကားခဲ့သည္။ အေမရိကန္ ႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ၎တို႔၏ေမွ်ာ္မွန္းခ်က္ အသီးသီးကို အေကာင္အထည္ေဖာ္ရာတြင္ စိန္ေခၚမႈမ်ားႏွင့္ရင္ဆိုင္ေနၾကရသည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lioyd Austin ၏မိန႔္ခြန္း တြင္ပါဝင္သည့္ ေပါင္းစည္းမႈအသစ္ “new convergence” ဆိုသည္မွာ အေမရိကန္၏ တ႐ုတ္ႏိုင္ငံ ဆိုင္ရာမူဝါဒျဖစ္ၿပီး အေမရိကန္၏ မဟာမိတ္ႏိုင္ငံအခ်ိဳ႕ၾကားမွာပင္ ရွိေနသည့္စိုးရိမ္မႈမ်ားကို အေရးမႀကီး သကဲ့သို႔ သေဘာထားခဲ့ျခင္းဟု ယူဆခ်က္မ်ားရွိေနသည္။ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Dong Jun၏ plenary session ၌ ေျပာၾကားသည့္မိန႔္ခြန္းတြင္ တ႐ုတ္ႏိုင္ငံသည္ Global Development Initiative, Global Security Initiative ႏွင့္ Global Civilization Initiative ႏွင့္အတူ လူသား တို႔အတြက္ ေအးအတူပူအမွ်အနာဂတ္ျဖစ္ေစမည့္ အသိုက္အဝန္းတစ္ခုတည္ေဆာက္သြားရန္ ေမွ်ာ္မွန္းထားေၾကာင္း ေျပာဆိုခဲ့သည္။

ထို႔ျပင္ အာရွပစိဖိတ္ေဒသရွိ ျပည္သူမ်ားသည္ သဟဇာတရွိမႈႏွင့္ ၿငိမ္းခ်မ္းမႈကို လိုလားၾက သူမ်ားျဖစ္ၿပီး အမွီအခိုကင္းၿပီး ကိုယ့္အားကိုယ္ကိုးၾကသူမ်ားျဖစ္ၾကေၾကာင္း၊ မည္သို႔ေသာ အေျခအေန တြင္မဆို တစ္ဦးကိုတစ္ဦး အၿမဲတေစ အကူအညီေပးၾကေၾကာင္း၊ အာရွပစိဖိတ္ေဒသတြင္းရွိ ႏိုင္ငံမ်ား ၏အက်ိဳးစီးပြားကို ယုတ္ေလ်ာ့ေစမည့္ ပါဝါႏိုင္ငံေရးႏွင့္ ဩဇာႀကီးစိုးမႈကို ခြင့္ျပဳမည္မဟုတ္ေၾကာင္း၊ အာရွပစိဖိတ္ေဒသသို႔ စစ္ေအးျဖစ္ေစ၊ စစ္ပူျဖစ္ေစ စစ္ပြဲမ်ား သို႔မဟုတ္ ပထဝီႏိုင္ငံေရးဆိုင္ရာ ပဋိပကၡမ်ား သယ္ေဆာင္လာမည့္မည္သူတစ္ဦး တစ္ေယာက္ကိုမွ ခြင့္ျပဳမည္မဟုတ္ေၾကာင္း၊ အာရွပ စိဖိတ္ေဒသကို ကစဥ့္ကလ်ားျဖစ္ေအာင္၊ ပဋိပကၡျဖစ္ေအာင္ဖန္တီးမည့္ မည္သည့္ႏိုင္ငံ၊ မည္သည့္အင္အားစုကိုမွလည္း ခြင့္ျပဳမည္မဟုတ္ေၾကာင္းေျပာဆိုသြားခဲ့သည္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ ဂ်ပန္၊ ေတာင္ကိုရီးယား ႏွင့္ ဖိလစ္ပိုင္ကဲ့သို႔ေသာ မဟာမိတ္မ်ားႏွင့္ လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုခိုင္မာရန္ အေမရိကန္ႏိုင္ငံ၏ ႀကိဳးပမ္းအားထုတ္မႈကို ဆန႔္က်င္ ရႈတ္ခ်သည္ဟု ထုတ္ေျပာသည္။ အာရွေဒသတြင္ အေမရိကန္တို႔ စစ္အင္အားျပေနျခင္းကို တ႐ုတ္တို႔က ျမင္ေတြ႕လိုျခင္းရွိမည္ မဟုတ္ပါ။ မၾကာေသးမီႏွစ္မ်ားအတြင္းက အေမရိကန္-တ႐ုတ္ စစ္ေရးအရ ေဆြးေႏြးမႈမ်ား ယိုယြင္းလာျခင္းသည္ ပဋိပကၡအထိ ဦးတည္လာမည္ကို ႏိုင္ငံတကာတြင္ စိုးရိမ္မႈမ်ား ျမင့္တက္လာေစခဲ့သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႐ုရွား၏ ကာကြယ္ေရးစက္မႈလုပ္ငန္းမ်ားကို အေထာက္ အပံ့ေပးေနျခင္း၊ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)ေရလက္ၾကားအနီး စစ္ေရးလႈပ္ရွားမႈမ်ားႏွင့္ပတ္သက္၍ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က စိုးရိမ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္ သတင္း ထုတ္ျပန္ေရးအႀကီးအကဲ ဗိုလ္ခ်ဳပ္ Pat Ryder က သတင္းထုတ္ျပန္ခ်က္ကို ဖတ္ျပခဲ့သည္။

အေမရိကန္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာဥပေဒကခြင့္ျပဳထားသည့္အတိုင္း လုံၿခဳံမႈႏွင့္ တာဝန္ယူမႈရွိရွိျဖင့္ ဆက္လက္လည္ပတ္သြားမည္ျဖစ္ေၾကာင္းလည္းေျပာဆိုခဲ့သည္။ မည္သည့္ ဘက္ကျဖစ္ေစ တစ္ဖက္ကို ထိန္းခ်ဳပ္လိုျခင္း၊ ဂ႐ုမစိုက္ျခင္း မျဖစ္သင့္ဘဲ အျပန္အလွန္ ယုံၾကည္မႈ တည္ေဆာက္သင့္ေၾကာင္း၊ အထူးသျဖင့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ကုန္တင္သေဘၤာမ်ားႏွင့္ ေလယာဥ္မ်ား လုံၿခဳံစြာျဖတ္သန္းႏိုင္ေၾကာင္း၊ သို႔ေသာ္ လြတ္လပ္မႈႏွင့္ ပရမ္းပတာႏိုင္မႈမွာ မ်ားစြာ ျခားနားပါေၾကာင္း၊ တစ္ဖက္၏စိုးရိမ္မႈကိုေလးစားရန္ အေရးႀကီးၿပီး လုံၿခဳံေရးကို အျပန္အလွန္ ဂ႐ုျပဳသင့္ေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Dong Jun က တုံ႔ျပန္ခဲ့သည္ဟု ေျပာခြင့္ရ ပုဂၢိဳလ္ကဆိုသည္။ ဖိလစ္ပိုင္ႏိုင္ငံ၌ စစ္ေရး ေလ့က်င့္စဥ္အတြင္း အေမရိကန္မစ္ဆိုင္းစနစ္တစ္ခု ျဖန႔္ၾကက္ခ်ထားျခင္းသည္ ေဒသတြင္းလုံၿခဳံေရးကို ၿခိမ္းေျခာက္မႈျဖစ္သည္ဟုဆိုကာ Dong Jun က ျပစ္တင္ရႈတ္ခ်ခဲ့သည္။ အလားတူ ဖိလစ္ပိုင္ႏိုင္ငံကိုလည္း ေဒသျပင္ပ အင္အားႀကီးႏိုင္ငံမ်ားကို ရဲေဆး တင္ေပးႏိုင္သည္ဟု စြပ္စြဲခဲ့သည္။ အဆက္မျပတ္ရန္ စေနမႈမ်ားအေပၚ သည္းခံႏိုင္မႈမွာ အကန႔္အသတ္ရွိ သည္ဟုလည္း ေျပာခြင့္ရပုဂၢိဳလ္က တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Dong Jun ၏ေျပာၾကားခ်က္ကို ကိုး ကားၿပီး ျပန္လည္ေျပာၾကားခဲ့သည္။

အားၿပိဳင္မႈမ်ား ဆက္ရွိေနမည္
ရွန္ဂရီလာေဆြးေႏြးပြဲတြင္ ယူကရိန္းစစ္ပြဲ၊ ဂါဇာ အေရး၊ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)အေရး၊ ေတာင္ တ႐ုတ္ပင္လယ္ကိစၥႏွင့္ အေမရိကန္-တ႐ုတ္ ၿပိဳင္ဆိုင္မႈကိစၥတို႔က အဓိကလႊမ္းမိုးထားသည္။ အေမရိ ကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ႐ုရွား-ယူကရိန္းစစ္ပြဲ ႏွင့္ အစၥေရး-ဂါဇာစစ္ပြဲအပါအဝင္ ေဒသတြင္းလုံၿခဳံ ေရးကိစၥမ်ားႏွင့္ပတ္သက္၍ အာရွေဒသအေပၚ ရႈျမင္ပုံျခင္းကြဲျပားၾကသည္။ အေမရိကန္ႏွင့္ တ႐ုတ္ ႏိုင္ငံတို႔သည္ ၿပိဳင္ဘက္မ်ားျဖစ္သကဲ့သို႔ စီးပြားဖက္မ်ားလည္း ျဖစ္သည္။ သို႔ျဖစ္ရာ အေမရိကန္-တ႐ုတ္ ဆက္ဆံေရး မည္သို႔ရွိသည္၊ အေမရိကန္သမၼတ၏ တ႐ုတ္ႏိုင္ငံဆိုင္ရာ မူဝါဒမည္သို႔ရွိသည္ ဆိုသည္ကို ေစာင့္ၾကည့္ေလ့လာၾကရသည္။ အေမရိကန္ႏိုင္ငံသည္ အေရွ႕အလယ္ပိုင္းအေရး၊ ႐ုရွား-ယူကရိန္း အေရးတို႔ရွိေနေသာ္လည္း အာရွပစိဖိတ္ေဒသတြင္လည္း မ်က္ျခည္မျပတ္ဘဲ အုပ္စုဖြဲ႕မႈအသစ္မ်ား ဖြဲ႕စည္းလႈပ္ရွားေနေၾကာင္း “new convergence” ဟု သုံးႏႈန္းေျပာဆိုသြားခဲ့သည္။ ယင္းကို ေဒသတြင္း မတည္မၿငိမ္ျဖစ္ေအာင္ေဆာင္႐ြက္သည္ဟု တ႐ုတ္ႏိုင္ငံက ရႈျမင္သည္။ ေဒသတြင္းမတည္ၿငိမ္ေအာင္ ျပဳလုပ္သည့္ လုပ္ရပ္မွန္သမွ် ခြင့္မျပဳဟု အတိအလင္း တုံ႔ျပန္ခဲ့သည္။ ရွန္ဂရီလာေဆြးေႏြးပြဲတြင္ ႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးႏွစ္ဦး မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံမႈကို အျပဳသေဘာေဆာင္သည့္ တိုးတက္မႈအျဖစ္ရႈ ျမင္ႏိုင္ေသာ္လည္း ရပ္တည္ခ်က္မ်ားမွာ ေျပာင္းလဲသြားျခင္းမ်ိဳးမဟုတ္ပါ။ သို႔ျဖစ္ရာ ပါဝါႀကီးႏွစ္ခု၏ အားၿပိဳင္မႈမ်ားမွာ ဆက္လက္အရွိန္ျမင့္ေနဦးမည္ဟု ယူဆရပါေၾကာင္း ရွန္ဂရီလာေဆြးေႏြးပြဲကေျပာ သည့္ အေမရိကန္-တ႐ုတ္ ဆက္ဆံေရးကို တင္ျပလိုက္ရပါသည္။

Related news

© 2021. All rights reserved.