မြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို ပေးပို့မယ်လို့ယူဆရတဲ့ ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းတွေကို ထိုင်းအစိုးရ သိမ်းဆည်းရမိ

 2462

Pika (NP News) - ဇွန် ၂ဝ

ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း(DES) ဝန်ကြီးဌာနနဲ့ အခြားဆက်စပ်အေဂျင်စီတွေဟာ အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုတွေ ကျူးလွန်သူအုပ်စုတွေထံ ပေးပို့မယ့် Starlink ဂြိုလ်တုဆက်သွယ်ရေးပစ္စည်း (၅၈) ခုကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(DES) နဲ့ အခြားဆက်စပ်အေဂျင်စီတွေဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို ဖြိုခွင်းဖို့ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ယခုလိုသိမ်းဆည်းမှုတွေ လုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အထူးသဖြင့် ခွင့်ပြုထားခြင်းမျိုးမရှိတဲ့ ဆဲလ်အချက်ပြမှုတာဝါတိုင်တွေ နဲ့ နယ်စပ်ဖြတ်ကျော်ကေဘယ်ကြိုးတွေကို ဖယ်ရှားတာ အပါအဝင် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့အတွက် လုပ်ဆောင်လာတာတွေကြောင့် ရာဇဝတ်ဂိုဏ်းတွေဟာ စစ်ဆေးခံရမှုတွေကို ရှောင်ရှားဖို့အတွက် ၎င်းတို့ရဲ့အွန်လိုင်းရာဇဝတ်မှုပုံစံကို ပြောင်းလဲ လာခဲ့ကြတယ်လို့ DES ဝန်ကြီး Prasert Jantararuangthong က ပြောကြားခဲ့ပါတယ်။

ရလဒ်အနေနဲ့ DESဝန်ကြီးဌာနနဲ့ အခြားဆက်စပ်အေဂျင်စီတွေဟာ ၎င်းတို့ရဲ့စစ်ဆင်ရေးပုံစံတွေကို ပြုပြင် ပြောင်းလဲပြီး လိမ်လည်သူတွေကို တားဆီးဖို့အတွက် လုံခြုံရေးအေဂျင်စီတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ Prasert Jantararuangthong က ပြောကြားခဲ့ပါတယ်။

သိမ်းဆည်းရမိထားတဲ့ Starlink ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းတွေကို ဇွန်လ(၁၈)ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြသခဲ့တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ ပူးတွဲကြိုးပမ်းအားထုတ်မှုအတွင်း ဗဟိုစုံစမ်း စစ်ဆေးရေးဗျူရို၊အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင်(NBTC) နဲ့ နိုင်ငံပိုင်လုပ်ငန်း National Telecom တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

Starlink ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းတွေကို Tak ပြည်နယ် မဲဆောက်နဲ့ Mae Ramat ခရိုင်တွေမှာရှိတဲ့ လိပ်စာတွေကိုပေးပို့မယ့် Chanthaburi ပြည်နယ် Pong Nam Ron ခရိုင်မှာရှိတဲ့ ပါဆယ်ပို့ဆောင်ရေးဆိုင်တစ်ခုမှာ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် Starlink ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းတွေဟာ မြန်မာနယ်စပ်နဲ့နီးကပ်တဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်း၊ အွန်လိုင်းလောင်းကစားကွန်ရက်တို့နဲ့ သက်ဆိုင်တယ်လို့ လည်း ယူဆထားကြပါတယ်။ အွန်လိုင်းရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် ဒီဂြိုလ်တုဆက်သွယ်ရေးပစ္စည်း တွေကို အသုံးပြုနိုင်ဖွယ်ရှိနေတယ်လို့လည်း Prasert Jantararuangthong က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ျမန္မာနယ္စပ္မွာရွိတဲ့ အြန္လိုင္းလိမ္လည္မႈဂိုဏ္းေတြကို ေပးပို႔မယ္လို႔ယူဆရတဲ့ ၿဂိဳလ္တုဆက္သြယ္ေရးပစၥည္းေတြကို ထိုင္းအစိုးရ သိမ္းဆည္းရမိ
Pika (NP News) - ဇြန္ ၂ဝ

ထိုင္းႏိုင္ငံ ဒစ္ဂ်စ္တယ္စီးပြားေရးႏွင့္ လူမႈအဖြဲ႕အစည္း(DES) ဝန္ႀကီးဌာနနဲ႔ အျခားဆက္စပ္ေအဂ်င္စီေတြဟာ အြန္လိုင္းကတစ္ဆင့္ လိမ္လည္မႈေတြ က်ဴးလြန္သူအုပ္စုေတြထံ ေပးပို႔မယ့္ Starlink ၿဂိဳလ္တုဆက္သြယ္ေရးပစၥည္း (၅၈) ခုကို သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

(DES) နဲ႔ အျခားဆက္စပ္ေအဂ်င္စီေတြဟာ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းေတြကို ၿဖိဳခြင္းဖို႔ ႀကိဳးပမ္းအားထုတ္မႈ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ယခုလိုသိမ္းဆည္းမႈေတြ လုပ္ေဆာင္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ အထူးသျဖင့္ ခြင့္ျပဳထားျခင္းမ်ိဳးမရွိတဲ့ ဆဲလ္အခ်က္ျပမႈတာဝါတိုင္ေတြ နဲ႔ နယ္စပ္ျဖတ္ေက်ာ္ေကဘယ္ႀကိဳးေတြကို ဖယ္ရွားတာ အပါအဝင္ အြန္လိုင္းလိမ္လည္မႈ ရာဇဝတ္ဂိုဏ္းေတြကို ႏွိမ္ႏွင္းဖို႔အတြက္ လုပ္ေဆာင္လာတာေတြေၾကာင့္ ရာဇဝတ္ဂိုဏ္းေတြဟာ စစ္ေဆးခံရမႈေတြကို ေရွာင္ရွားဖို႔အတြက္ ၎တို႔ရဲ႕အြန္လိုင္းရာဇဝတ္မႈပုံစံကို ေျပာင္းလဲ လာခဲ့ၾကတယ္လို႔ DES ဝန္ႀကီး Prasert Jantararuangthong က ေျပာၾကားခဲ့ပါတယ္။

ရလဒ္အေနနဲ႔ DESဝန္ႀကီးဌာနနဲ႔ အျခားဆက္စပ္ေအဂ်င္စီေတြဟာ ၎တို႔ရဲ႕စစ္ဆင္ေရးပုံစံေတြကို ျပဳျပင္ ေျပာင္းလဲၿပီး လိမ္လည္သူေတြကို တားဆီးဖို႔အတြက္ လုံၿခဳံေရးေအဂ်င္စီေတြနဲ႔ပူးေပါင္းေဆာင္႐ြက္မႈေတြကို အရွိန္ျမႇင့္ၿပီး ညႇိႏႈိင္းေဆာင္႐ြက္ခဲ့တယ္လို႔ Prasert Jantararuangthong က ေျပာၾကားခဲ့ပါတယ္။

သိမ္းဆည္းရမိထားတဲ့ Starlink ၿဂိဳလ္တုဆက္သြယ္ေရးပစၥည္းေတြကို ဇြန္လ(၁၈)ရက္က ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲအတြင္း ျပသခဲ့တယ္လို႔ ၎က ေျပာၾကားခဲ့ပါတယ္။ ပူးတြဲႀကိဳးပမ္းအားထုတ္မႈအတြင္း ဗဟိုစုံစမ္း စစ္ေဆးေရးဗ်ဴ႐ို၊အမ်ိဳးသားအသံလႊင့္ႏွင့္ ဆက္သြယ္ေရးေကာ္မရွင္(NBTC) နဲ႔ ႏိုင္ငံပိုင္လုပ္ငန္း National Telecom တို႔ ပါဝင္တယ္လို႔လည္း သိရပါတယ္။

Starlink ၿဂိဳလ္တုဆက္သြယ္ေရးပစၥည္းေတြကို Tak ျပည္နယ္ မဲေဆာက္နဲ႔ Mae Ramat ခ႐ိုင္ေတြမွာရွိတဲ့ လိပ္စာေတြကိုေပးပို႔မယ့္ Chanthaburi ျပည္နယ္ Pong Nam Ron ခ႐ိုင္မွာရွိတဲ့ ပါဆယ္ပို႔ေဆာင္ေရးဆိုင္တစ္ခုမွာ သိမ္းဆည္းရမိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ Starlink ၿဂိဳလ္တုဆက္သြယ္ေရးပစၥည္းေတြဟာ ျမန္မာနယ္စပ္နဲ႔နီးကပ္တဲ့ အြန္လိုင္းလိမ္လည္မႈဂိုဏ္း၊ အြန္လိုင္းေလာင္းကစားကြန္ရက္တို႔နဲ႔ သက္ဆိုင္တယ္လို႔ လည္း ယူဆထားၾကပါတယ္။ အြန္လိုင္းရာဇဝတ္မႈေတြကို က်ဴးလြန္ဖို႔အတြက္ ဒီၿဂိဳလ္တုဆက္သြယ္ေရးပစၥည္း ေတြကို အသုံးျပဳႏိုင္ဖြယ္ရွိေနတယ္လို႔လည္း Prasert Jantararuangthong က ေျပာၾကားခဲ့ပါတယ္။

Picture

Tusken Dmf

24/06/2024 14:23

The Myanmar government actively led the unity of the entire Myanmar people, so that the entire Myanmar after the war to show an unprecedented spirit of unity and mutual assistance, the Myanmar military government to return to the world, is the orthodox Myanmar.

Related news

© 2021. All rights reserved.