တရုတ်နိုင်ငံ၊ ဖူကျင်းပြည်နယ်မှာ မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၆ ဦး သေဆုံးလျက်ပြန်တွေ့
266
ရောင်နီ (NP News) - ဇွန် ၂၂
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွန်ခဲ့တဲ့သီတင်းပတ်က ဖြစ်ခဲ့တဲ့ မြေပြိုမှုအတွင်း ပျောက်ဆုံးနေတဲ့လူခြောက်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံ CCTV က စနေနေ့ (ဇွန်လ ၂၂ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(ဇွန်လ ၁၆ ရက်) က ၎င်းတို့ ၆ ယောက်နဲ့အဆက်အသွယ်ပြတ်သွားပြီးနောက် ကယ်ဆယ်ရေးသမားတွေက ၎င်းတို့ကို လိုက်လံရှာဖွေနေခဲ့ကြတာဖြစ်ပြီး စနေနေ့(ဇွန်လ ၂၂ ရက်) မှာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ CCTV မှ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ဟူရှန်မြို့အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၇၉,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကာ အနည်းဆုံး နေအိမ် ၅၅ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။ သေဆုံးသူကတော့ ၄၇ ဦးထိ ရှိတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းမှာ နှစ်စဉ် မိုးဦးကာလ ရေကြီးရာသီ အစောပိုင်းတွေမှာ ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုမျိုး ကြုံတွေ့ရလေ့ ရှိပါတယ်။
Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ဖူက်င္းျပည္နယ္မွာ ေျမၿပိဳမႈေၾကာင့္ ေပ်ာက္ဆုံးေနသူ ၆ ဦး ေသဆုံးလ်က္ျပန္ေတြ႕
ေရာင္နီ (NP News) - ဇြန္ ၂၂
တ႐ုတ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လြန္ခဲ့တဲ့သီတင္းပတ္က ျဖစ္ခဲ့တဲ့ ေျမၿပိဳမႈအတြင္း ေပ်ာက္ဆုံးေနတဲ့လူေျခာက္ဦးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း ႏိုင္ငံပိုင္ ႐ုပ္သံ CCTV က စေနေန႔ (ဇြန္လ ၂၂ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ တနဂၤေႏြေန႔(ဇြန္လ ၁၆ ရက္) က ၎တို႔ ၆ ေယာက္နဲ႔အဆက္အသြယ္ျပတ္သြားၿပီးေနာက္ ကယ္ဆယ္ေရးသမားေတြက ၎တို႔ကို လိုက္လံရွာေဖြေနခဲ့ၾကတာျဖစ္ၿပီး စေနေန႔(ဇြန္လ ၂၂ ရက္) မွာမွ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္တယ္လို႔ CCTV မွ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံ၊ အေရွ႕ေတာင္ပိုင္း ဟူရွန္ၿမိဳ႕အနီးတစ္ဝိုက္မွာ ၿပီးခဲ့တဲ့သီတင္းပတ္က ျဖစ္ပြားခဲ့တဲ့ ေရႀကီးေရလွ်ံမႈေၾကာင့္ လူေပါင္း ၁၇၉,၀၀၀ ေက်ာ္ ထိခိုက္ခဲ့ၿပီး ေဒသခံ ၁၀,၀၀၀ ေက်ာ္ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရကာ အနည္းဆုံး ေနအိမ္ ၅၅ လုံး ၿပိဳက်ပ်က္စီးခဲ့ပါတယ္။ ေသဆုံးသူကေတာ့ ၄၇ ဦးထိ ရွိတယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းမွာ ႏွစ္စဥ္ မိုးဦးကာလ ေရႀကီးရာသီ အေစာပိုင္းေတြမွာ ပုံမွန္မဟုတ္တဲ့ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ိဳး ႀကဳံေတြ႕ရေလ့ ရွိပါတယ္။