အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ပင်လယ်ကမ်းစပ်မှာ အမျိုးသမီး ၂ ဦး ရေနစ်သေဆုံး

 990

ရောင်နီ (NP News) - ဇွန် ၂၃

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဟတ်ချင်ဆန်ကျွန်းကမ်းလွန်မှာ ကြာသပတေးနေ့(ဇွန်လ ၂၀ ရက်) က ကလေးတွေနဲ့ အပန်းဖြေခရီးထွက်လာတဲ့ စုံတွဲတစ်တွဲ ရေစီးကြောင်းနဲ့မျောပါ။ ရေနစ်သေဆုံးသွားခဲ့တယ်လို့ Martin County ရဲအရာရှိရုံးက ပြောပါတယ်။

ဘရီယန်ဝါတာ(၅၁ နှစ်) နဲ့ အဲရီကာဝစ်ရှက် (အသက် ၄၈ နှစ်) တို့ စုံတွဲဟာ ကြာသပတေးနေ့ (ဇွန်လ ၂ဝ ရက်) မွန်းလွဲပိုင်းက ဆယ်ကျော်သက်ကလေးနှစ်ဦးနဲ့အတူ ရေကူးနေခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေကလည်း ဆိုပါ တယ်။ သက်သေတွေအရ ၎င်းတို့စုံတွဲဟာ ရေဆွဲထဲကိုရောက်သွားခဲ့ပြီး ကမ်းနဲ့အဝေးဆုံးကိုရောက်ကာ ရေနစ်ခဲ့ ခြင်းဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ၄င်းတို့ရဲ့ဆယ်ကျော်သက် ကလေး ၂ ဦးကတော့ ကမ်းပေါ် ကူးခတ်နိုင်ခဲ့ပြီး အသက်အန္တရာယ်က လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ရေဆွဲတွေဟာ သမုဒ္ဒရာကမ်းရိုးတန်းမှာရှိတဲ့ ရေစီးကြောင်းတွေဖြစ်ပြီး အလွန်တော်တဲ့ ရေကူးသမားတောင် ဒီရေစီးကြောင်းနဲ့တွေ့ရင် အလွယ်တကူ မျောပါသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္၊ ပင္လယ္ကမ္းစပ္မွာ အမ်ိဳးသမီး ၂ ဦး ေရနစ္ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂၃

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္၊ ဟတ္ခ်င္ဆန္ကြၽန္းကမ္းလြန္မွာ ၾကာသပေတးေန႔(ဇြန္လ ၂၀ ရက္) က ကေလးေတြနဲ႔ အပန္းေျဖခရီးထြက္လာတဲ့ စုံတြဲတစ္တြဲ ေရစီးေၾကာင္းနဲ႔ေမ်ာပါ။ ေရနစ္ေသဆုံးသြားခဲ့တယ္လို႔ Martin County ရဲအရာရွိ႐ုံးက ေျပာပါတယ္။

ဘရီယန္ဝါတာ(၅၁ ႏွစ္) နဲ႔ အဲရီကာဝစ္ရွက္ (အသက္ ၄၈ ႏွစ္) တို႔ စုံတြဲဟာ ၾကာသပေတးေန႔ (ဇြန္လ ၂ဝ ရက္) မြန္းလြဲပိုင္းက ဆယ္ေက်ာ္သက္ကေလးႏွစ္ဦးနဲ႔အတူ ေရကူးေနခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြကလည္း ဆိုပါ တယ္။ သက္ေသေတြအရ ၎တို႔စုံတြဲဟာ ေရဆြဲထဲကိုေရာက္သြားခဲ့ၿပီး ကမ္းနဲ႔အေဝးဆုံးကိုေရာက္ကာ ေရနစ္ခဲ့ ျခင္းျဖစ္တယ္လို႔ ရဲအရာရွိေတြက ေျပာပါတယ္။ ၄င္းတို႔ရဲ႕ဆယ္ေက်ာ္သက္ ကေလး ၂ ဦးကေတာ့ ကမ္းေပၚ ကူးခတ္ႏိုင္ခဲ့ၿပီး အသက္အႏၲရာယ္က လြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။
ေရဆြဲေတြဟာ သမုဒၵရာကမ္း႐ိုးတန္းမွာရွိတဲ့ ေရစီးေၾကာင္းေတြျဖစ္ၿပီး အလြန္ေတာ္တဲ့ ေရကူးသမားေတာင္ ဒီေရစီးေၾကာင္းနဲ႔ေတြ႕ရင္ အလြယ္တကူ ေမ်ာပါသြားႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.