အမေရိကန်မှာ အာကာသအပျက်အစီးတစ်ခု လူနေအိမ်ပေါ်ပြုတ်ကျလာခြင်းကြောင့် Nasa ဒေါ်လာ ၈၀,၀၀၀ ကျော် လျော်ကြေးပေးရဖို့ ရှိလာ

 9853

ရောင်နီ (NP News) - ဇွန် ၂၃

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်တစ်အိမ်ရဲ့ခေါင်မိုးပေါ်ကို အာကာသအပျက်အစီး အပိုင်းအစတစ်ခု ပြုတ်ကျလာခြင်းကြောင့် အဆိုပါ အိမ်ပိုင်ရှင် မိသားစုက Nasa ကို အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ကျော် လျော်ကြေး တောင်းခံခဲ့တယ်လို့ ဥပဒေကုမ္ပဏီ Cranfill Sumner က ဇွန် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

မတ်လ ၈ ရက်က ဖလော်ရီဒါပြည်နယ် နက်ပလက်မြို့ရှိ မစ္စဆာအဲလက်ဂျန်ဒရိုအိုတာရိုရဲ့နေအိမ်ပေါ်ကို အလေးချိန် ၇၀၀ ဂရမ် ရှိတဲ့ အရာဝတ္ထုကျရောက်ခဲ့တာဖြစ်ပြီး အိမ်ခေါင်မိုးလည်း ပျက်စီးခဲ့ပါတယ်။ အဆိုပါ အရာဝတ္တုဟာ NASA ရဲ့ ၂၀၂၁ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အာကာသယာဉ် ဘတ္ထရီအစိတ်အပိုင်းဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်မကျရောက်ခင် လေထုထဲမှာတင် အပြည့်အဝ ပြိုကွဲပျက်စီးသွားရမယ့်အစား ကမ္ဘာမြေပေါ်ပြန်ကျ လာကာ လူနေအိမ်ကို ထိခိုက်ခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန်အာကာသအေဂျင်စီ Nasa က ပြောကြားပါတယ်။

ဒါဟာ အာကာသအတွင်း ယာဉ်အသွားအလာ များပြားလာခြင်းကြောင့် အာကာသအမှိုက်ပြဿနာမြင့်တက် လာနေခြင်းကို မီးမောင်းထိုးပြသနေပြီး ဒီကိစ္စအပေါ် Nasa ရဲ့တုံ့ပြန်မှုဟာ အနာဂတ်မှာ အလားတူ ပြဿနာ အရေးဆိုမှုတွေအတွက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စံနမူနာပြနိုင်မယ်လို့ ဥပဒေကုမ္ပဏီ Cranfill Sumner က ဆိုပါတယ်။

Zawgyi Version;
အေမရိကန္မွာ အာကာသအပ်က္အစီးတစ္ခု လူေနအိမ္ေပၚျပဳတ္က်လာျခင္းေၾကာင့္ Nasa ေဒၚလာ ၈၀,၀၀၀ ေက်ာ္ ေလ်ာ္ေၾကးေပးရဖို႔ ရွိလာ
ေရာင္နီ (NP News) - ဇြန္ ၂၃

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္ရွိ ေနအိမ္တစ္အိမ္ရဲ႕ေခါင္မိုးေပၚကို အာကာသအပ်က္အစီး အပိုင္းအစတစ္ခု ျပဳတ္က်လာျခင္းေၾကာင့္ အဆိုပါ အိမ္ပိုင္ရွင္ မိသားစုက Nasa ကို အေမရိကန္ေဒၚလာ ၈၀,၀၀၀ ေက်ာ္ ေလ်ာ္ေၾကး ေတာင္းခံခဲ့တယ္လို႔ ဥပေဒကုမၸဏီ Cranfill Sumner က ဇြန္ ၂၁ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

မတ္လ ၈ ရက္က ဖေလာ္ရီဒါျပည္နယ္ နက္ပလက္ၿမိဳ႕ရွိ မစၥဆာအဲလက္ဂ်န္ဒ႐ိုအိုတာ႐ိုရဲ႕ေနအိမ္ေပၚကို အေလးခ်ိန္ ၇၀၀ ဂရမ္ ရွိတဲ့ အရာဝတၳဳက်ေရာက္ခဲ့တာျဖစ္ၿပီး အိမ္ေခါင္မိုးလည္း ပ်က္စီးခဲ့ပါတယ္။ အဆိုပါ အရာဝတၱဳဟာ NASA ရဲ႕ ၂၀၂၁ ခုႏွစ္က ထုတ္လႊင့္ခဲ့တဲ့ အာကာသယာဥ္ ဘတၳရီအစိတ္အပိုင္းျဖစ္ပါတယ္။ ကမာၻေျမေပၚမက်ေရာက္ခင္ ေလထုထဲမွာတင္ အျပည့္အဝ ၿပိဳကြဲပ်က္စီးသြားရမယ့္အစား ကမာၻေျမေပၚျပန္က် လာကာ လူေနအိမ္ကို ထိခိုက္ခဲ့ျခင္းျဖစ္တယ္လို႔ အေမရိကန္အာကာသေအဂ်င္စီ Nasa က ေျပာၾကားပါတယ္။

ဒါဟာ အာကာသအတြင္း ယာဥ္အသြားအလာ မ်ားျပားလာျခင္းေၾကာင့္ အာကာသအမႈိက္ျပႆနာျမင့္တက္ လာေနျခင္းကို မီးေမာင္းထိုးျပသေနၿပီး ဒီကိစၥအေပၚ Nasa ရဲ႕တုံ႔ျပန္မႈဟာ အနာဂတ္မွာ အလားတူ ျပႆနာ အေရးဆိုမႈေတြအတြက္ ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတာ စံနမူနာျပႏိုင္မယ္လို႔ ဥပေဒကုမၸဏီ Cranfill Sumner က ဆိုပါတယ္။

Related news

© 2021. All rights reserved.