ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၄၁ စင်း ကင်းလှည့်လှုပ်ရှား
1463
ALynn (NP News) - ဇွန် ၂၃
တရုတ်က ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသူများ သေဒဏ်ကျခံရနိုင်သည်ဟု ပြောကြားပြီးနောက် တစ်ရက်အကြာတွင် ကျွန်းပတ်ပတ်လည်တွင် တရုတ်စစ်လေယာဉ် ၄၁ စင်း ကို ၂၄ နာရီပတ်လုံး ရှာဖွေတွေ့ရှိခဲ့ ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့ (ဇွန် ၂၂ ရက်) တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာပြောဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ရောက် စေရန် အင်အားအသုံးပြုမှုကို ဘယ်သောအခါမှ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားထားသည်။
ပြီးခဲ့သည့်လက ထိုင်ဝမ်ခေါင်းဆောင်သစ် လိုင်ချန်တဲ စတင်တာဝန်ယူပြီးနောက် မကြာသေးမီ အတွင်းမှာပင် ထိုင်ဝမ်အပေါ် တရုတ်ပြည်မကြီး၏ ဖိအားများ တိုးမြင့်လာကာ ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်ကျွန်းအနီး တွင် ၂၄ နာရီကြာ ကင်းလှည့်နေသည့် တရုတ် စစ်လေယာဉ် ၄၁ စင်းနှင့် ရေတပ်သင်္ဘော ခုနစ်စင်းကို နံနက် ၆ နာရီအထိ တွေ့ရှိခဲ့ကြောင်း စနေနေ့ (ဇွန်လ ၂၂ ရက်) က ပြောကြားခဲ့သည်။
“လေယာဉ်အစင်းသုံးဆယ့်နှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ ပျမ်းမျှမျဉ်းကို ဖြတ်ကျော်သွားသည်” ဟု ထိုင်ဝမ် နှင့် တရုတ်နိုင်ငံအား ပိုင်းခြားထားသည့် ကီလိုမီတာ ၁၈၀ ကွာဝေးသော ရေလမ်းကို ဖြတ်သည့်မျဉ်းကို ရည်ညွှန်းပြီး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနက ၎င်းသည် "အခြေအနေကိုစောင့်ကြည့်ပြီး လိုက်လျောညီထွေ တုံ့ပြန်ခဲ့သည်" ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံသူများအား အလွန်ပြင်းထန်သည့် သေဒဏ်ပေးခြင်းများ အပါအဝင် တရားစီရင် ရေးဆိုင်ရာလမ်းညွှန်ချက်များကို သောကြာနေ့ (ဇွန်လ ၂၁ ရက်) တွင် တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ကျူးကျော်ဝင်ရောက်မှုဖြစ်လာခဲ့ခြင်းဖြစ်သည်ဟု ထိုင်ဝမ်အစိုးရပိုင်မီဒီယာက ဖော်ပြထားသည်။ မေလ ၂၅ ရက်တွင် ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၆၂ စင်းပါဝင်သည့် ၂၄ နာရီကြာ စစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့သည်။ ယင်းမှာ သမ္မတလိုင်ကို ပေကျင်းက အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပြုလုပ်ခဲ့သည့် ယခုနှစ်အတွင်း အမြင့်ဆုံးစစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။
Zawgyi Version;
ထိုင္ဝမ္ကြၽန္းတစ္ဝိုက္တြင္ တ႐ုတ္စစ္ေလယာဥ္ ၄၁ စင္း ကင္းလွည့္လႈပ္ရွား
ALynn (NP News) - ဇြန္ ၂၃
တ႐ုတ္က ထိုင္ဝမ္လြတ္လပ္ေရးကို ေထာက္ခံအားေပးသူမ်ား ေသဒဏ္က်ခံရႏိုင္သည္ဟု ေျပာၾကားၿပီးေနာက္ တစ္ရက္အၾကာတြင္ ကြၽန္းပတ္ပတ္လည္တြင္ တ႐ုတ္စစ္ေလယာဥ္ ၄၁ စင္း ကို ၂၄ နာရီပတ္လုံး ရွာေဖြေတြ႕ရွိခဲ့ ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက စေနေန႔ (ဇြန္ ၂၂ ရက္) တြင္ ေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ထိုင္ဝမ္အား ၎၏ပိုင္နက္အစိတ္အပိုင္းအျဖစ္ အခိုင္အမာေျပာဆိုထားၿပီး ၎၏ ထိန္းခ်ဳပ္မႈေအာက္သို႔ေရာက္ ေစရန္ အင္အားအသုံးျပဳမႈကို ဘယ္ေသာအခါမွ စြန႔္လႊတ္မည္မဟုတ္ေၾကာင္း ေျပာၾကားထားသည္။
ၿပီးခဲ့သည့္လက ထိုင္ဝမ္ေခါင္းေဆာင္သစ္ လိုင္ခ်န္တဲ စတင္တာဝန္ယူၿပီးေနာက္ မၾကာေသးမီ အတြင္းမွာပင္ ထိုင္ဝမ္အေပၚ တ႐ုတ္ျပည္မႀကီး၏ ဖိအားမ်ား တိုးျမင့္လာကာ ကြၽန္းတစ္ဝိုက္တြင္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ သည္။ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနသည္ ထိုင္ဝမ္ကြၽန္းအနီး တြင္ ၂၄ နာရီၾကာ ကင္းလွည့္ေနသည့္ တ႐ုတ္ စစ္ေလယာဥ္ ၄၁ စင္းႏွင့္ ေရတပ္သေဘၤာ ခုနစ္စင္းကို နံနက္ ၆ နာရီအထိ ေတြ႕ရွိခဲ့ေၾကာင္း စေနေန႔ (ဇြန္လ ၂၂ ရက္) က ေျပာၾကားခဲ့သည္။
“ေလယာဥ္အစင္းသုံးဆယ့္ႏွစ္စင္းသည္ ထိုင္ဝမ္ေရလက္ၾကား၏ ပ်မ္းမွ်မ်ဥ္းကို ျဖတ္ေက်ာ္သြားသည္” ဟု ထိုင္ဝမ္ ႏွင့္ တ႐ုတ္ႏိုင္ငံအား ပိုင္းျခားထားသည့္ ကီလိုမီတာ ၁၈၀ ကြာေဝးေသာ ေရလမ္းကို ျဖတ္သည့္မ်ဥ္းကို ရည္ၫႊန္းၿပီး ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။ ဝန္ႀကီးဌာနက ၎သည္ "အေျခအေနကိုေစာင့္ၾကည့္ၿပီး လိုက္ေလ်ာညီေထြ တုံ႔ျပန္ခဲ့သည္" ဟု ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုင္ဝမ္လြတ္လပ္ေရးကို ေထာက္ခံသူမ်ားအား အလြန္ျပင္းထန္သည့္ ေသဒဏ္ေပးျခင္းမ်ား အပါအဝင္ တရားစီရင္ ေရးဆိုင္ရာလမ္းၫႊန္ခ်က္မ်ားကို ေသာၾကာေန႔ (ဇြန္လ ၂၁ ရက္) တြင္ တ႐ုတ္အစိုးရက ထုတ္ျပန္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔က်ဴးေက်ာ္ဝင္ေရာက္မႈျဖစ္လာခဲ့ျခင္းျဖစ္သည္ဟု ထိုင္ဝမ္အစိုးရပိုင္မီဒီယာက ေဖာ္ျပထားသည္။ ေမလ ၂၅ ရက္တြင္ ထိုင္ဝမ္ကြၽန္း အနီးတစ္ဝိုက္တြင္ တ႐ုတ္စစ္ေလယာဥ္ ၆၂ စင္းပါဝင္သည့္ ၂၄ နာရီၾကာ စစ္ေရး ေလ့က်င့္မႈျပဳလုပ္ခဲ့သည္။ ယင္းမွာ သမၼတလိုင္ကို ေပက်င္းက အႏၲရာယ္ရွိေသာ ခြဲထြက္ေရးသမားအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ျပဳလုပ္ခဲ့သည့္ ယခုႏွစ္အတြင္း အျမင့္ဆုံးစစ္ေရးေလ့က်င့္မႈလည္းျဖစ္သည္။