လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်နှစ်ဦး
647
ALynn (NP News) - ဇွန် ၂၃
ယခုလအတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ နယူးဒေလီသို့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၎င်းတို့၏နယ်စပ်အရေးမှသည် အာကာသအထိ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများကို လည်း စတင်ရန် သဘောတူညီခဲ့ကြသည်။
BJP ပါတီဦးဆောင်သော မဟာမိတ်အဖွဲ့က ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ တတိယမြောက်သက်တမ်းစတင်ချိန်မှစ၍ အိန္ဒိယနိုင်ငံသို့ ပြည်ပခေါင်းဆောင်တစ်ဦး လာရောက်ခြင်းမှာ ရှိတ်ဟာဆီနာ၏ ခရီးစဉ်က ပထမဆုံးဖြစ်သည်။
ရှိတ်ဟာဆီနာသည် ဇွန်လ ၉ ရက်က မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့တက်ရောက်ခဲ့သော ကမ္ဘာ့ ခေါင်းဆောင်များတွင်လည်း ပါဝင်ခဲ့သည်။ မိုဒီနှင့် ရှိတ်ဟာဆီနာတို့သည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ စစ်လက်နက်ထုတ်လုပ်မှု၊ အကြမ်းဖက်တိုက်ဖျက်မှု၊ နယ်စပ်စီမံခန့်ခွဲမှုနှင့် အခြားသောကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း စနေနေ့ (ဇွန်လ ၂၂ ရက်) က နယူးဒေလီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ပြင် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (CEPA) ဆိုင်ရာဆွေးနွေးပွဲ များကို ပြန်လည်အသက်သွင်းရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြောင်း မိုဒီက ပြောကြားခဲ့သည်။
နယူးဒေလီသည် ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (BIMSTEC) နှင့် အခြားနိုင်ငံတကာဖိုရမ်များတွင် ဒါကာနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်သည်။ BIMSTEC သည် ကုန်သွယ်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများအတွက် ဘင်္ဂလား ပင်လယ်အော်အပေါ်မှီခိုနေသည့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံ ခုနှစ်နိုင်ငံ ပါဝင်သော အုပ်စုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာတစ်ဝိုက်တွင် တရုတ်၏ လွှမ်းမိုးမှု တိုးလာနေချိန်တွင် အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှု ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံခြားရေးဝန်ကြီး S. Jaishankar က နယူးဒေလီသည် အိမ်နီးချင်းနိုင်ငံ များနှင့်ထိတွေ့ဆက်ဆံရာတွင် ပေကျင်းထက် ပိုမိုကောင်းမွန်အောင်ကြိုးစားသင့်ကြောင်း အကြံပြုခဲ့သည်။
နယ်ပယ်သစ်များတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံစလုံးမှ လူငယ်များသည် အကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း စနေနေ့တွင် မိုဒီက မှတ်ချက်ပြုခဲ့သည်။ တစ်ချိန်တည်းတွင် ရှိတ်ဟာဆီနာသည် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် မိုဒီအား ဘင်္ဂလားဒေ့ရှ်သို့လာရောက်ရန် ဖိတ်ကြားခဲ့ သည်။ ရှိတ်ဟာဆီနာ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော တွန်းအားဖြစ်စေသည် ဟု အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ဖော်ပြခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်နိုင်ငံထံမှ လွတ်လပ်ရေးရရှိရန်ကြိုးပမ်းရာတွင် အိန္ဒိယသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့ပြီး ထိုအချိန်ကတည်းက ခိုင်မာသောဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကြသည်။
Zawgyi Version;
လြတ္လပ္စြာကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ႏွင့္ပတ္သက္၍ ေဆြးေႏြးညႇိႏႈိင္းခဲ့ၾကေသာ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ ေခါင္းေဆာင္ႏွစ္ဦး
ALynn (NP News) - ဇြန္ ၂၃
ယခုလအတြင္း ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာ၏ နယူးေဒလီသို႔ ဒုတိယအႀကိမ္ ခရီးစဥ္အတြင္း အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔သည္ ၎တို႔၏နယ္စပ္အေရးမွသည္ အာကာသအထိ နယ္ပယ္အသီးသီးတြင္ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ လက္မွတ္ေရးထိုးခဲ့ၾကၿပီး လြတ္လပ္စြာကုန္သြယ္ေရးဆိုင္ရာ ညႇိႏႈိင္းမႈမ်ားကို လည္း စတင္ရန္ သေဘာတူညီခဲ့ၾကသည္။
BJP ပါတီဦးေဆာင္ေသာ မဟာမိတ္အဖြဲ႕က ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီ၏ တတိယေျမာက္သက္တမ္းစတင္ခ်ိန္မွစ၍ အိႏၵိယႏိုင္ငံသို႔ ျပည္ပေခါင္းေဆာင္တစ္ဦး လာေရာက္ျခင္းမွာ ရွိတ္ဟာဆီနာ၏ ခရီးစဥ္က ပထမဆုံးျဖစ္သည္။
ရွိတ္ဟာဆီနာသည္ ဇြန္လ ၉ ရက္က မိုဒီ၏ က်မ္းသစၥာက်ိန္ဆိုပြဲအခမ္းအနားသို႔တက္ေရာက္ခဲ့ေသာ ကမာၻ႔ ေခါင္းေဆာင္မ်ားတြင္လည္း ပါဝင္ခဲ့သည္။ မိုဒီႏွင့္ ရွိတ္ဟာဆီနာတို႔သည္ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ၊ စစ္လက္နက္ထုတ္လုပ္မႈ၊ အၾကမ္းဖက္တိုက္ဖ်က္မႈ၊ နယ္စပ္စီမံခန႔္ခြဲမႈႏွင့္ အျခားေသာကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း စေနေန႔ (ဇြန္လ ၂၂ ရက္) က နယူးေဒလီတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဘက္စုံစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္ (CEPA) ဆိုင္ရာေဆြးေႏြးပြဲ မ်ားကို ျပန္လည္အသက္သြင္းရန္ ႏွစ္ဖက္စလုံးက သေဘာတူခဲ့ေၾကာင္း မိုဒီက ေျပာၾကားခဲ့သည္။
နယူးေဒလီသည္ ဘဂၤလားပင္လယ္ေအာ္က႑စုံနည္းပညာႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ (BIMSTEC) ႏွင့္ အျခားႏိုင္ငံတကာဖိုရမ္မ်ားတြင္ ဒါကာႏွင့္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြား မည္ျဖစ္သည္။ BIMSTEC သည္ ကုန္သြယ္မႈႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားအတြက္ ဘဂၤလား ပင္လယ္ေအာ္အေပၚမွီခိုေနသည့္ ေတာင္အာရွႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံ ခုႏွစ္ႏိုင္ငံ ပါဝင္ေသာ အုပ္စုျဖစ္သည္။ အိႏၵိယသမုဒၵရာတစ္ဝိုက္တြင္ တ႐ုတ္၏ လႊမ္းမိုးမႈ တိုးလာေနခ်ိန္တြင္ အိႏၵိယသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံေရး၊ စီးပြားေရး ဆက္ဆံမႈ ပိုမိုအားေကာင္းလာေစရန္ ႀကိဳးပမ္းေနသည္။ ၿပီးခဲ့သည့္ႏွစ္က ႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar က နယူးေဒလီသည္ အိမ္နီးခ်င္းႏိုင္ငံ မ်ားႏွင့္ထိေတြ႕ဆက္ဆံရာတြင္ ေပက်င္းထက္ ပိုမိုေကာင္းမြန္ေအာင္ႀကိဳးစားသင့္ေၾကာင္း အႀကံျပဳခဲ့သည္။
နယ္ပယ္သစ္မ်ားတြင္ ၎တို႔၏ ပူးေပါင္းေဆာင္႐ြက္မႈမွတစ္ဆင့္ ႏွစ္ႏိုင္ငံစလုံးမွ လူငယ္မ်ားသည္ အက်ိဳးေက်းဇူး ရရွိမည္ျဖစ္ေၾကာင္း စေနေန႔တြင္ မိုဒီက မွတ္ခ်က္ျပဳခဲ့သည္။ တစ္ခ်ိန္တည္းတြင္ ရွိတ္ဟာဆီနာသည္ ႏွစ္ႏိုင္ငံ၏ ခ်စ္ၾကည္ရင္းႏွီးေသာဆက္ဆံေရး ပိုမိုခိုင္မာေစရန္အတြက္ မိုဒီအား ဘဂၤလားေဒ့ရွ္သို႔လာေရာက္ရန္ ဖိတ္ၾကားခဲ့ သည္။ ရွိတ္ဟာဆီနာ၏ ခရီးစဥ္သည္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ ႀကီးမားေသာ တြန္းအားျဖစ္ေစသည္ ဟု အိႏၵိယႏိုင္ငံျခား ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Randhir Jaiswal က ေဖာ္ျပခဲ့သည္။ ၁၉၇၁ ခုႏွစ္တြင္ ဘဂၤလားေဒ့ရွ္သည္ ပါကစၥတန္ႏိုင္ငံထံမွ လြတ္လပ္ေရးရရွိရန္ႀကိဳးပမ္းရာတြင္ အိႏၵိယသည္ အဓိကအခန္းက႑မွ ပါဝင္ကူညီေပးခဲ့ၿပီး ထိုအခ်ိန္ကတည္းက ခိုင္မာေသာဆက္ဆံေရးကို ထိန္းသိမ္းထားခဲ့ၾကသည္။