ဆန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးပြီးနောက် ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်အချို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချမည်ဟု MRF ကြေညာ

 4804

ယွန်း(NP News) - ဇွန် ၂၃

ဆန်ဈေးအဆမတန်ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တာဝန်ရှိသူများကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးပြီးနောက် ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်အချို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချမည်ဟု MRF က အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူပြည်သူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ဆန်များရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) က ဇွန်(၂၂)ရက်တွင် အသိပေးကြေညာထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) အပါအဝင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့်ကုန်စည်ဒိုင်များ ပူးပေါင်း၍ အထက်ပါကဲ့သို့ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါအစီအစဥ်အရ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ မှ ငွေကျပ် ၁၄၅၀၀၀ ၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ မှ ငွေကျပ် ၁၂၀၀၀၀ တို့ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဧည့်မထတစ်အိတ်လျှင် ငွေကျပ် ၇၂၀၀၀ မှ ငွေကျပ် ၇၅၀၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ် နှင့် ပေါ်ဆန်းဆန် ၅ ပြည် တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀ တို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း MRF မှ ဆိုထားသည်။
အဆိုပါ ဆန်များကို ဇွန်လ ၂၄ ရက်မှစ၍ ရုံးဖွင့်ရက်များတွင် မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ရန်ကုန်မြို့ ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တို့တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူသူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းဆန်တစ်အိတ် နဲ့ ဧည့်မထဆန် တစ်အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူ နဲ့ အိမ်ထောင်စုစာရင်း၌ ပါဝင်သူတစ်ယောက်၏ မှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ပြန်လည်ရောင်းချမည့် ကုန်သည်များနှင့်လက်လီဆိုင်များကို ရောင်းချပေးသွားမှာ မဟုတ်ကြောင်း MRF မှ ထည့်သွင်းအသိပေးထားသည်။

ပြည်တွင်းဆန်စပါးဈေးနှုန်းအဆမတန် မြင့်တက်နေသည့်အတွက် ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းနေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန်လ ၂၂ ရက်တွင် အသိပေးထုတ်ပြန်ပြီးနောက် အထက်ပါကဲ့သို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း MRF က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) အနေဖြင့် လစဉ်ဆန်အိတ်ရေ(၂)သိန်းနီးပါးကို သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆိုင်(၅၈)ဆိုင် အပါအဝင် စက်ရုံဝန်ထမ်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ဆန္ေဈးႏႈန္းအဆမတန္ႀကီးျမင့္မႈကို သက္ဆိုင္ရာမွ ေခၚယူစစ္ေဆးၿပီးေနာက္ ေ႐ႊဘိုေပၚဆန္း အပါအဝင္ ဆန္အခ်ိဳ႕ကို သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်မည္ဟု MRF ေၾကညာ
ယြန္း(NP News) - ဇြန္ ၂၃

ဆန္ေဈးအဆမတန္ႀကီးျမင့္မႈေၾကာင့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)မွ တာဝန္ရွိသူမ်ားကို သက္ဆိုင္ရာမွ ေခၚယူစစ္ေဆးၿပီးေနာက္ ေ႐ႊဘိုေပၚဆန္း အပါအဝင္ ဆန္အခ်ိဳ႕ကို သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်မည္ဟု MRF က အသိေပးထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းအတြင္းရွိ စားသုံးသူျပည္သူမ်ားအတြက္ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ဆန္မ်ားေရာင္းခ်ေပးသြား မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ (MRF) က ဇြန္(၂၂)ရက္တြင္ အသိေပးေၾကညာထားျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) အပါအဝင္ ျမန္မာႏိုင္ငံဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းႏွင့္ကုန္စည္ဒိုင္မ်ား ပူးေပါင္း၍ အထက္ပါကဲ့သို႔ ေဆာင္႐ြက္ျခင္းျဖစ္ ေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္အရ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ ေငြက်ပ္ ၁၃၅၀၀၀ မွ ေငြက်ပ္ ၁၄၅၀၀၀ ၊ ဧရာဝတီေပၚဆန္း တစ္အိတ္လွ်င္ ေငြက်ပ္ ၁၁၀၀၀၀ မွ ေငြက်ပ္ ၁၂၀၀၀၀ တို႔ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ဧည့္မထတစ္အိတ္လွ်င္ ေငြက်ပ္ ၇၂၀၀၀ မွ ေငြက်ပ္ ၇၅၀၀၀ ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ေပၚဆန္းတစ္ျပည္လွ်င္ ၅၀၀၀ က်ပ္၊ ဧည့္မထဆန္ တစ္ျပည္လွ်င္ ၃၀၀၀ က်ပ္ ႏွင့္ ေပၚဆန္းဆန္ ၅ ျပည္ တစ္အိတ္လွ်င္ ေငြက်ပ္ ၂၅၀၀၀ တို႔ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း MRF မွ ဆိုထားသည္။
အဆိုပါ ဆန္မ်ားကို ဇြန္လ ၂၄ ရက္မွစ၍ ႐ုံးဖြင့္ရက္မ်ားတြင္ မနက္ ၉ နာရီခြဲမွ ညေန ၃ နာရီခြဲအထိ ရန္ကုန္ၿမိဳ႕ ဝါးတန္းဆန္စပါး ကုန္စည္ဒိုင္ႏွင့္ ဘုရင့္ေနာင္ဆန္စပါးကုန္စည္ဒိုင္တို႔တြင္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဝယ္ယူသူမ်ားအေနျဖင့္ အိမ္ေထာင္စုတစ္စုလွ်င္ တစ္လအတြက္ ေပၚဆန္းဆန္တစ္အိတ္ နဲ႔ ဧည့္မထဆန္ တစ္အိတ္ကို အိမ္ေထာင္စုစာရင္းမိတၱဴ နဲ႔ အိမ္ေထာင္စုစာရင္း၌ ပါဝင္သူတစ္ေယာက္၏ မွတ္ပုံတင္မူရင္းတို႔ျဖင့္ လာေရာက္ဝယ္ယူႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
သို႔ေသာ္ ျပန္လည္ေရာင္းခ်မည့္ ကုန္သည္မ်ားႏွင့္လက္လီဆိုင္မ်ားကို ေရာင္းခ်ေပးသြားမွာ မဟုတ္ေၾကာင္း MRF မွ ထည့္သြင္းအသိေပးထားသည္။

ျပည္တြင္းဆန္စပါးေဈးႏႈန္းအဆမတန္ ျမင့္တက္ေနသည့္အတြက္ ဆန္စပါးအသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ားအား ေခၚယူေမးျမန္းေနေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ဇြန္လ ၂၂ ရက္တြင္ အသိေပးထုတ္ျပန္ၿပီးေနာက္ အထက္ပါကဲ့သို႔ သက္သာေသာေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးမည္ ျဖစ္ေၾကာင္း MRF က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) အေနျဖင့္ လစဥ္ဆန္အိတ္ေရ(၂)သိန္းနီးပါးကို သက္သာေသာေဈးႏႈန္းျဖင့္ ဧည့္မထဆန္တစ္ျပည္လွ်င္ (၃၀၀၀)က်ပ္ျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လက္လီဆိုင္(၅၈)ဆိုင္ အပါအဝင္ စက္႐ုံဝန္ထမ္းမ်ားကို ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.