ငါးလတာကာလအတွင်း ယာဉ်တိုက်မှုပေါင်း (၁၈၀၀)ကျော်ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသူ (၈၀၀)နီးပါးသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေ

 1909

စော (NP News) - ဇွန် ၂၃

ငါးလတာကာလအတွင်း ယာဉ်တိုက်မှုပေါင်း (၁၈၀၀)ကျော်ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသူ (၈၀၀)နီးပါးသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ယခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ၊ ငါးလတာကာလအတွင်း ယာဉ်တိုက်မှုပေါင်း (၁၈၄၃)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၉၈၄)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၇၃၇)ဦး ရှိခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၈၀)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅၆)ဦးနှင့် သေဆုံးသူ (၄၃)ဦး ရှိခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းတွေအပေါ်မှာ သုတေသနပြုချက်အရဆိုရင် များသောအားဖြင့် ယာဉ်မောင်းတော်တော်များများ အဓိက မဆင်မခြင်မောင်းနှင်မှုက များပြီးတော့မှ အမှုအားလုံးရဲ့ (၇၉၇)ဦးသော ယာဉ်မောင်းတွေက ယာဉ်မောင်း လိုင်စင်မရှိတာကို သွားတွေ့ရတယ်။ ဆိုလိုတဲ့သဘောကတော့ ယာဉ်မောင်းကျွမ်းကျင်မှုမရှိဘဲနဲ့ မောင်းနှင်တယ် လို့ သုံးသပ်လို့ရတာပေါ့” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယာဉ်တိုက်မှုပေါင်း (၁၈၄၃)မှုများအနက် အသက် ၂၁ နှစ်မှ ၃၀ကြား အသက်အပိုင်းအခြားရှိသော ယာဉ်မောင်း (၅၉၅)ဦးတို့သည် ယာဉ်တိုက်မှုကို အများဆုံးကျူးလွန်သူများဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။
အလားတူ ဒဏ်ရာရရှိသူ၊ သေဆုံးများအနက် အသက် ၁၅ နှစ်နှစ် ၂၉ နှစ် ကြားအရွယ်ရှိသော လူဦးရေ ( ၉၅၄) ဦးတို့ သည် ဒဏ်ရာရရှိသူ အများဆုံးဖြစ်ပြီး အသက် ၃၀ နှင့် ၄၄ ကြားရှိသော လူဦးရေ (၃၂၀)ဦးမှာ သေဆုံးသူအများဆုံး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုများကြောင့် ငါးလတာကာလအတွင်း ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ်သိန်းပေါင်း (၃၃၉၇၀) ဆုံးရှုံးခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ငွေကျပ် (၂၂၃ ဒသမ ၉) သိန်း ဆုံးရှုံးနေကြောင်း တွက်ဆနိုင်သည်။

ထို့ပြင် ပြီးခဲ့သည့် မေလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုပေါင်း (၃၅၂)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူဦးရေမှာ (၄၉၃)ဦး နှင့် သေဆုံးသူဦးရေမှာ (၁၉၃)ဦးရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် သိန်းပေါင်း (၇၅၀၀) ကျော် ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ငါးလတာကာလအတြင္း ယာဥ္တိုက္မႈေပါင္း (၁၈၀၀)ေက်ာ္ျဖစ္ပြားခဲ့ရာ ယာဥ္ေမာင္းသူ (၈၀၀)နီးပါးသည္ ယာဥ္ေမာင္းလိုင္စင္မရွိဘဲ ေမာင္းႏွင္ေန
ေစာ (NP News) - ဇြန္ ၂၃

ငါးလတာကာလအတြင္း ယာဥ္တိုက္မႈေပါင္း (၁၈၀၀)ေက်ာ္ျဖစ္ပြားခဲ့ရာ ယာဥ္ေမာင္းသူ (၈၀၀)နီးပါးသည္ ယာဥ္ေမာင္းလိုင္စင္မရွိဘဲ ေမာင္းႏွင္ေနေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ယခုႏွစ္၊ ဇန္နဝါရီလမွ ေမလအထိ၊ ငါးလတာကာလအတြင္း ယာဥ္တိုက္မႈေပါင္း (၁၈၄၃)မႈျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၉၈၄)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၂၇၃၇)ဦး ရွိခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ယာဥ္တိုက္မႈေပါင္း (၈၀)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိသူ (၁၅၆)ဦးႏွင့္ ေသဆုံးသူ (၄၃)ဦး ရွိခဲ့ေၾကာင္း သိရသည္။

“ယာဥ္ေမာင္းေတြအေပၚမွာ သုေတသနျပဳခ်က္အရဆိုရင္ မ်ားေသာအားျဖင့္ ယာဥ္ေမာင္းေတာ္ေတာ္မ်ားမ်ား အဓိက မဆင္မျခင္ေမာင္းႏွင္မႈက မ်ားၿပီးေတာ့မွ အမႈအားလုံးရဲ႕ (၇၉၇)ဦးေသာ ယာဥ္ေမာင္းေတြက ယာဥ္ေမာင္း လိုင္စင္မရွိတာကို သြားေတြ႕ရတယ္။ ဆိုလိုတဲ့သေဘာကေတာ့ ယာဥ္ေမာင္းကြၽမ္းက်င္မႈမရွိဘဲနဲ႔ ေမာင္းႏွင္တယ္ လို႔ သုံးသပ္လို႔ရတာေပါ့” ဟု ၎က ေျပာသည္။

ထို႔ျပင္ ယာဥ္တိုက္မႈေပါင္း (၁၈၄၃)မႈမ်ားအနက္ အသက္ ၂၁ ႏွစ္မွ ၃၀ၾကား အသက္အပိုင္းအျခားရွိေသာ ယာဥ္ေမာင္း (၅၉၅)ဦးတို႔သည္ ယာဥ္တိုက္မႈကို အမ်ားဆုံးက်ဴးလြန္သူမ်ားျဖစ္ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
အလားတူ ဒဏ္ရာရရွိသူ၊ ေသဆုံးမ်ားအနက္ အသက္ ၁၅ ႏွစ္ႏွစ္ ၂၉ ႏွစ္ ၾကားအ႐ြယ္ရွိေသာ လူဦးေရ ( ၉၅၄) ဦးတို႔ သည္ ဒဏ္ရာရရွိသူ အမ်ားဆုံးျဖစ္ၿပီး အသက္ ၃၀ ႏွင့္ ၄၄ ၾကားရွိေသာ လူဦးေရ (၃၂၀)ဦးမွာ ေသဆုံးသူအမ်ားဆုံး ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈမ်ားေၾကာင့္ ငါးလတာကာလအတြင္း ဆုံးရႈံးမႈတန္ဖိုးအေနျဖင့္ ေငြက်ပ္သိန္းေပါင္း (၃၃၉၇၀) ဆုံးရႈံးခဲ့ၿပီး တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ ေငြက်ပ္ (၂၂၃ ဒသမ ၉) သိန္း ဆုံးရႈံးေနေၾကာင္း တြက္ဆႏိုင္သည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ေမလအတြင္း တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ယာဥ္တိုက္မႈေပါင္း (၃၅၂)မႈျဖစ္ပြားခဲ့ရာ ဒဏ္ရာရရွိသူဦးေရမွာ (၄၉၃)ဦး ႏွင့္ ေသဆုံးသူဦးေရမွာ (၁၉၃)ဦးရွိခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးအေနျဖင့္ သိန္းေပါင္း (၇၅၀၀) ေက်ာ္ ရွိခဲ့ေၾကာင္း သိရသည္။

Picture

Tusken Dmf

24/06/2024 14:20

The Myanmar government has actively provided assistance to the affected people, including providing basic needs such as food, water, medical supplies and shelter, as well as spiritual support such as psychological counseling and social assistance.

Related news

© 2021. All rights reserved.