ယူကရိန်းက ငြိမ်းချမ်းရေးကို ဖြစ်နိုင်သမျှအမြန်ဆုံးလိုချင်တယ်လို့ သမ္မတလက်ထောက်အကြီးအကဲ ပြော
1274
Pika (NP News) - ဇွန် ၂၃
ယူကရိန်းနိုင်ငံဟာ ယခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ရုံးလက်ထောက်အကြီးအကဲ အီဂေါဇာ့ဖ်ဂါက ပြောကြားခဲ့ပါ တယ်။
ဒါပေမယ့်လည်း ဒေသလေးခုမှာရှိတဲ့ တပ်ဖွဲ့တွေကို ရုတ်သိမ်းပေးဖို့ ရုရှားရဲ့တောင်းဆိုချက်တွေကို ယူကရိန်းက လက်မခံနိုင်ဘူးလို့ အီဂေါဇာ့ဖ်ဂါက ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့နောက်ဆက်တွဲဆွေးနွေးပွဲကို ကျင်းပလိုတယ်လို့ အီဂေါဇာ့ဖ်ဂါက ဇွန်လ(၂၁)ရက်မှာ Interfax-Ukraine သတင်းအေဂျင်စီနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောကြားခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ဆွေးနွေးပွဲအတွင်း အကျဉ်းသားအပြန်အလှန်လဲလှယ်မှု၊ အစားအစာနဲ့ နျူကလီးယားလုံခြုံရေးတို့အပါအဝင် ဇီလန်စကီးရဲ့အချက်သုံးချက်ပါတဲ့ငြိမ်းချမ်းရေးဖော်မြူလာကို အာရုံစိုက်ခဲ့ တယ်လို့လည်း သိရပါတယ်။ အဲဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက် ရုရှားကို ယူကရိန်းက ဖိတ်ကြားခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ယူကရိန်းနယ်မြေတွေအားလုံးကနေ ရုရှားတပ်ဖွဲ့ဝင်တွေအားလုံးကို ရုတ်သိမ်းပေးဖို့ တောင်းဆိုထားတဲ့ ဇီလန်စကီးရဲ့အစီအစဉ်ကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ အီဂေါဇာ့ဖ်ဂါက “ယခုနှစ်မကုန်ခင်မှာ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ကျွန်တော်တို့ ကျင်းပလိုပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေ နှောင့်နှေးမနေသင့်ပါဘူး။ ယူကရိန်းဟာ အခြားသူတွေလိုပဲ ငြိမ်းချမ်းရေးကို တတ်နိုင်သမျှ အမြန်ဆုံးလိုချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
ယူကရိန္းက ၿငိမ္းခ်မ္းေရးကို ျဖစ္ႏိုင္သမွ်အျမန္ဆုံးလိုခ်င္တယ္လို႔ သမၼတလက္ေထာက္အႀကီးအကဲ ေျပာ
Pika (NP News) - ဇြန္ ၂၃
ယူကရိန္းႏိုင္ငံဟာ ယခုႏွစ္ေႏွာင္းပိုင္းမွာ ဒုတိယအႀကိမ္ေျမာက္ ၿငိမ္းခ်မ္းေရးထိပ္သီးေဆြးေႏြးပြဲကို က်င္းပဖို႔ ရည္႐ြယ္ထားတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးရဲ႕႐ုံးလက္ေထာက္အႀကီးအကဲ အီေဂါဇာ့ဖ္ဂါက ေျပာၾကားခဲ့ပါ တယ္။
ဒါေပမယ့္လည္း ေဒသေလးခုမွာရွိတဲ့ တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းေပးဖို႔ ႐ုရွားရဲ႕ေတာင္းဆိုခ်က္ေတြကို ယူကရိန္းက လက္မခံႏိုင္ဘူးလို႔ အီေဂါဇာ့ဖ္ဂါက ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းႏိုင္ငံဟာ ၿပီးခဲ့တဲ့သီတင္းပတ္က ဆြစ္ဇာလန္ ႏိုင္ငံမွာ က်င္းပခဲ့တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲရဲ႕ေနာက္ဆက္တြဲေဆြးေႏြးပြဲကို က်င္းပလိုတယ္လို႔ အီေဂါဇာ့ဖ္ဂါက ဇြန္လ(၂၁)ရက္မွာ Interfax-Ukraine သတင္းေအဂ်င္စီနဲ႔ ေတြ႕ဆုံေမးျမန္းခန္းအတြင္း ေျပာၾကားခဲ့ပါတယ္။
ဆြစ္ဇာလန္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ေဆြးေႏြးပြဲအတြင္း အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈ၊ အစားအစာနဲ႔ န်ဴကလီးယားလုံၿခဳံေရးတို႔အပါအဝင္ ဇီလန္စကီးရဲ႕အခ်က္သုံးခ်က္ပါတဲ့ၿငိမ္းခ်မ္းေရးေဖာ္ျမဴလာကို အာ႐ုံစိုက္ခဲ့ တယ္လို႔လည္း သိရပါတယ္။ အဲဒီေဆြးေႏြးပြဲကိုတက္ေရာက္ဖို႔အတြက္ ႐ုရွားကို ယူကရိန္းက ဖိတ္ၾကားခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းနယ္ေျမေတြအားလုံးကေန ႐ုရွားတပ္ဖြဲ႕ဝင္ေတြအားလုံးကို ႐ုတ္သိမ္းေပးဖို႔ ေတာင္းဆိုထားတဲ့ ဇီလန္စကီးရဲ႕အစီအစဥ္ကို ႐ုရွားအစိုးရက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ အီေဂါဇာ့ဖ္ဂါက “ယခုႏွစ္မကုန္ခင္မွာ ဒုတိယအႀကိမ္ေျမာက္ ၿငိမ္းခ်မ္းေရးထိပ္သီးေဆြးေႏြးပြဲကို ကြၽန္ေတာ္တို႔ က်င္းပလိုပါတယ္။ ဒီလိုလုပ္ငန္းစဥ္ေတြ ေႏွာင့္ေႏွးမေနသင့္ပါဘူး။ ယူကရိန္းဟာ အျခားသူေတြလိုပဲ ၿငိမ္းခ်မ္းေရးကို တတ္ႏိုင္သမွ် အျမန္ဆုံးလိုခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။