အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရမယ်ဆိုရင် ယူကရိန်းပဋိပက္ခကို ချက်ချင်းဖြေရှင်းသွားမယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ထပ်မံကတိပြု
926
Pika (NP News) - ဇွန် ၂၃
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ မယ်ဆိုရင် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ယူကရိန်းပဋိပက္ခကို ဖြေရှင်းပေးသွားမယ်လို့ ပင်ဆယ်ဗေးနီးယား ပြည်နယ် Philadelphia မြို့မှာရှိတဲ့ ၎င်းရဲ့ထောက်ခံသူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိမယ့် ရွေးကောက်ခံသမ္မတရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်မတိုင်ခင် ကျင်းပနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့် က “ကျွန်တော် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရမယ်ဆိုရင် သမ္မတရုံးကိုမရောက်ခင်မှာပဲ ရုရှား-ယူကရိန်းပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကိုလည်း တားဆီးသွားမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ သမ္မတသစ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ(၅)ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရမယ်ဆိုရင် ယူကရိန်း ပဋိပက္ခကို (၂၄)နာရီအတွင်း ဖြေရှင်းပေးနိုင်တယ်လို့ ပြီးခဲ့တဲ့လတွေမှာလည်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီ ထုတ်ဖော်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတဇီလန်စကီးက ဒေါ်နယ်ထရမ့်ကို ယူကရိန်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်လည်း ဒေါ်နယ်ထရမ့်ဘက်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
အေမရိကန္သမၼတအျဖစ္ေ႐ြးေကာက္ခံခဲ့ရမယ္ဆိုရင္ ယူကရိန္းပဋိပကၡကို ခ်က္ခ်င္းေျဖရွင္းသြားမယ္လို႔ သမၼတေဟာင္း ေဒၚနယ္ထရမ့္ ထပ္မံကတိျပဳ
Pika (NP News) - ဇြန္ ၂၃
အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ၎အေနနဲ႔ လာမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ မယ္ဆိုရင္ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္ခင္ ယူကရိန္းပဋိပကၡကို ေျဖရွင္းေပးသြားမယ္လို႔ ပင္ဆယ္ေဗးနီးယား ျပည္နယ္ Philadelphia ၿမိဳ႕မွာရွိတဲ့ ၎ရဲ႕ေထာက္ခံသူေတြကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
လာမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိမယ့္ ေ႐ြးေကာက္ခံသမၼတရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲဟာ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ(၂၀)ရက္မတိုင္ခင္ က်င္းပႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ က “ကြၽန္ေတာ္ သမၼတအျဖစ္ ေ႐ြးေကာက္ခံခဲ့ရမယ္ဆိုရင္ သမၼတ႐ုံးကိုမေရာက္ခင္မွာပဲ ႐ုရွား-ယူကရိန္းပဋိပကၡကို ေျပလည္ေအာင္ေျဖရွင္းေပးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တတိယကမာၻစစ္ျဖစ္ပြားလာမွာကိုလည္း တားဆီးသြားမယ္လို႔ ေဒၚနယ္ထရမ့္က ကတိျပဳခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံမွာ သမၼတသစ္ေ႐ြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာလ(၅)ရက္မွာ က်င္းပမွာျဖစ္ပါတယ္။ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ၎အေနနဲ႔ သမၼတအျဖစ္ေ႐ြးေကာက္ခံခဲ့ရမယ္ဆိုရင္ ယူကရိန္း ပဋိပကၡကို (၂၄)နာရီအတြင္း ေျဖရွင္းေပးႏိုင္တယ္လို႔ ၿပီးခဲ့တဲ့လေတြမွာလည္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ အဲဒီ ထုတ္ေဖာ္ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ယူကရိန္းသမၼတဇီလန္စကီးက ေဒၚနယ္ထရမ့္ကို ယူကရိန္းကို လာေရာက္လည္ပတ္ဖို႔ ဖိတ္ေခၚခဲ့ေပမယ့္လည္း ေဒၚနယ္ထရမ့္ဘက္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။