တောင်တရုတ်ပင်လယ်အခြေအနေတွေက စိုးရိမ်စရာဖြစ်တယ်လို့ အရှေ့အာရှဆိုင်ရာ အမေရိကန်သံတမန် သတိပေး

 1073

Pika (NP News) - ဇွန် ၂၃

တောင်တရုတ်ပင်လယ်အခြေအနေဟာ စိုးရိမ်စရာဖြစ်ပြီး အငြင်းပွားရေလမ်းကြောင်းအတွင်း တရုတ်နိုင်ငံရဲ့ မကြာသေးခင်က လုပ်ရပ်တွေဟာ မတည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေတယ်လို့ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ်ကရီတန်ဘရင့်ခ်က ဇွန်လ(၂၂)ရက်မှာ ပြောကြားခဲ့ပါ တယ်။

ဒန်နီယယ်ကရီတန်ဘရင့်ခ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းက “Second Thomas Shoal ကျွန်းအနီးမှာ တရုတ်နိုင်ငံရဲ့ မကြာသေးခင်ကလုပ်ရပ်တွေဟာ တာဝန်မဲ့ပြီး အန္တရာယ်ရှိတဲ့လုပ်ရပ်တွေလို့ ကျွန်တော်တို့ထင်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံနဲ့အတူ ကျွန်တော်တို့ ဆက်လက်ရပ်တည်သွားမှာပါ။ တရုတ် အပါအဝင် ဒေသအတွင်းနိုင်ငံတွေအားလုံးဟာ နိုင်ငံတကာဥပဒေကို လေးစားဖို့လိုအပ်ပြီး ရေကြောင်းပိုင်နက်တွေမှာ တာဝန်သိစွာပြုမူဖို့လိုအပ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်ကပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်း ကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်တရုတ် ပင်လယ်အတွင်း မှာရှိတဲ့အငြင်းပွားကျွန်းတစ်ခုအနီးမှာ ဖိလစ်ပိုင်နဲ့ တရုတ်တို့ရဲ့ရေတပ်သင်္ဘောတွေ တိုက်မိခဲ့ပြီး ဖိလစ်ပိုင်စစ်သား တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္တ႐ုတ္ပင္လယ္အေျခအေနေတြက စိုးရိမ္စရာျဖစ္တယ္လို႔ အေရွ႕အာရွဆိုင္ရာ အေမရိကန္သံတမန္ သတိေပး
Pika (NP News) - ဇြန္ ၂၃

ေတာင္တ႐ုတ္ပင္လယ္အေျခအေနဟာ စိုးရိမ္စရာျဖစ္ၿပီး အျငင္းပြားေရလမ္းေၾကာင္းအတြင္း တ႐ုတ္ႏိုင္ငံရဲ႕ မၾကာေသးခင္က လုပ္ရပ္ေတြဟာ မတည္ၿငိမ္မႈေတြကိုျဖစ္ေပၚေစတယ္လို႔ အေရွ႕အာရွနဲ႔ပစိဖိတ္ေရးရာ အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ဒန္နီယယ္ကရီတန္ဘရင့္ခ္က ဇြန္လ(၂၂)ရက္မွာ ေျပာၾကားခဲ့ပါ တယ္။

ဒန္နီယယ္ကရီတန္ဘရင့္ခ္က ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕ကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ၎က “Second Thomas Shoal ကြၽန္းအနီးမွာ တ႐ုတ္ႏိုင္ငံရဲ႕ မၾကာေသးခင္ကလုပ္ရပ္ေတြဟာ တာဝန္မဲ့ၿပီး အႏၲရာယ္ရွိတဲ့လုပ္ရပ္ေတြလို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္။ ဖိလစ္ပိုင္ ႏိုင္ငံနဲ႔အတူ ကြၽန္ေတာ္တို႔ ဆက္လက္ရပ္တည္သြားမွာပါ။ တ႐ုတ္ အပါအဝင္ ေဒသအတြင္းႏိုင္ငံေတြအားလုံးဟာ ႏိုင္ငံတကာဥပေဒကို ေလးစားဖို႔လိုအပ္ၿပီး ေရေၾကာင္းပိုင္နက္ေတြမွာ တာဝန္သိစြာျပဳမူဖို႔လိုအပ္တယ္လို႔ ကြၽန္ေတာ္တို႔ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္ကေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္း ကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ေတာင္တ႐ုတ္ ပင္လယ္အတြင္း မွာရွိတဲ့အျငင္းပြားကြၽန္းတစ္ခုအနီးမွာ ဖိလစ္ပိုင္နဲ႔ တ႐ုတ္တို႔ရဲ႕ေရတပ္သေဘၤာေတြ တိုက္မိခဲ့ၿပီး ဖိလစ္ပိုင္စစ္သား ေတြ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.