ကာဇက်စတန်နိုင်ငံရှိ အထပ်မြင့်အဆောက်အဦးတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

 1030

Pika (NP News) - ဇွန် ၂၃

ကာဇက်စတန်နိုင်ငံ မြို့တော်အက်စတာနာမှာရှိတဲ့ (၂၆)ထပ်အဆောက်အဦးတစ်ခုမှာ ကြီးမားတဲ့မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဇွန်လ(၂၂)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Kazakh Emergency Situations Ministry က "အဲဒီအချိန်မှာ အက်စတာနာမြို့မှာရှိတဲ့ မီးသတ်သမားတွေဟာ Avenue ရိပ်သာလမ်း(၃၇/၉) မှာရှိတဲ့အဆောက်အဦးမှာ လောင်ကျွမ်းနေတဲ့မီးကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ အဆောက်အဦးရဲ့(၂၆)လွှာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။

အထူးပစ္စည်းကိရိယာတွေပါရှိတဲ့ မီးသတ်သမား(၁၇)ဦး နဲ့ ကယ်ဆယ်ရေးသမား(၈၀)ဦးတို့ဟာ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်လို့ Kazakh Emergency Situations Ministry ရဲ့ တာဝန်ရှိသူ Dinara Nurgalieva က နောက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် (၂၆)ထပ်ရှိတဲ့တိုက်ရဲ့တစ်စိတ်တစ်ပိုင်းဟာ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးအဆောက်အဦးဖြစ်ပြီး အခြားတစ်စိတ်တစ်ပိုင်းက လူနေထိုင်တယ်လို့ Dinara Nurgalieva က ထပ်မံပြောကြားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုအတွင်း လူသေဆုံး/ထိခိုက်ဒဏ်ရာရရှိတာမျိုးလည်း မရှိခဲ့ဘူးလို့ ၎င်းကပြောကြားခဲ့ပါတယ်။
(၂၆)ထပ်အဆောက်အဦးအတွင်း မီးလောင်ကျွမ်းမှုဟာ စတုရန်းမီတာ(၁၈၀)ကျော်ထိ ပျံ့နှံ့သွားခဲ့ပြီး လူ(၈)ဦးကို အဆောက်အဦးအတွင်းကနေ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ကာဇက္စတန္ႏိုင္ငံရွိ အထပ္ျမင့္အေဆာက္အဦးတစ္ခုတြင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြား
Pika (NP News) - ဇြန္ ၂၃

ကာဇက္စတန္ႏိုင္ငံ ၿမိဳ႕ေတာ္အက္စတာနာမွာရွိတဲ့ (၂၆)ထပ္အေဆာက္အဦးတစ္ခုမွာ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့တယ္လို႔ ေဒသတြင္းမီဒီယာေတြက ဇြန္လ(၂၂)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

Kazakh Emergency Situations Ministry က "အဲဒီအခ်ိန္မွာ အက္စတာနာၿမိဳ႕မွာရွိတဲ့ မီးသတ္သမားေတြဟာ Avenue ရိပ္သာလမ္း(၃၇/၉) မွာရွိတဲ့အေဆာက္အဦးမွာ ေလာင္ကြၽမ္းေနတဲ့မီးကို ၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈဟာ အေဆာက္အဦးရဲ႕(၂၆)လႊာမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္” လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အထူးပစၥည္းကိရိယာေတြပါရွိတဲ့ မီးသတ္သမား(၁၇)ဦး နဲ႔ ကယ္ဆယ္ေရးသမား(၈၀)ဦးတို႔ဟာ မီးေလာင္ကြၽမ္းမႈကို ၿငိမ္းသတ္ဖို႔အတြက္ ႀကိဳးပမ္းလုပ္ေဆာင္ခဲ့တယ္လို႔ Kazakh Emergency Situations Ministry ရဲ႕ တာဝန္ရွိသူ Dinara Nurgalieva က ေနာက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ (၂၆)ထပ္ရွိတဲ့တိုက္ရဲ႕တစ္စိတ္တစ္ပိုင္းဟာ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ပတ္သက္တဲ့ စီမံခန႔္ခြဲေရးအေဆာက္အဦးျဖစ္ၿပီး အျခားတစ္စိတ္တစ္ပိုင္းက လူေနထိုင္တယ္လို႔ Dinara Nurgalieva က ထပ္မံေျပာၾကားခဲ့ပါတယ္။

မီးေလာင္ကြၽမ္းမႈအတြင္း လူေသဆုံး/ထိခိုက္ဒဏ္ရာရရွိတာမ်ိဳးလည္း မရွိခဲ့ဘူးလို႔ ၎ကေျပာၾကားခဲ့ပါတယ္။
(၂၆)ထပ္အေဆာက္အဦးအတြင္း မီးေလာင္ကြၽမ္းမႈဟာ စတုရန္းမီတာ(၁၈၀)ေက်ာ္ထိ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူ(၈)ဦးကို အေဆာက္အဦးအတြင္းကေန ေအာင္ျမင္စြာ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ၎က ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.