တောင်အာဖရိကမှာ အလုပ်အကိုင်မြှင့်တင်ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တောရိုင်းတိရစ္ဆာန်တွေကို စီးပွားရေး စားနပ်ရိက္ခာအဖြစ်ပြောင်းလဲဖို့ ပြင်ဆင်နေ
724
ရောင်နီ (NP News) - ဇွန် ၂၄
တောင်အာဖရိကမှာ အလုပ်အကိုင်မြှင့်တင်ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒရယ်၊ သမင် နဲ့ နွားသိုး အသေကောင်တွေကို အသားကင်၊ ဝက်အူချောင်း၊ ဘာဂါအသားပြားတွေအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။
ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသားစားသူတွေအတွက် အကောင်းဆုံး နှစ်သက်စရာ အရသာပေးစွမ်းနိုင်ပြီး တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းရာမှာ လိုအပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုဖန်တီးပေးနိုင်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဇီဝမျိုးစုံမျိုးကွဲ စီးပွားရေးအကြီးအကဲ ခိုရိုမ်ဘီမာတီဘီ က ပြောကြားပါတယ်။
တောင်အာဖရိကဟာ တောရိုင်းတိရစ္ဆာန်နယ်ပယ်တွေကို ခရီးသွားလာရေးအတွက် ထိပ်တန်းနေရာတစ်ခုဖြစ်ပြီး အမဲလိုက်ခြင်းမှရတဲ့ အသားပမာဏ တစ်နှစ်ကို တန်ချိန် ၆၀,၀၀၀ ခန့် ထုတ်လုပ်ပါတယ်။ ၎င်းဟာ အကြမ်းဖျင်းအားဖြင့် တွက်ကြည့်မယ်ဆိုရင် သစ်ကုလားအုတ် အကောင်ရေ ၆၀,၀၀၀ ရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။
ဒါပေမယ့် အဲဒီပမာဏရဲ့ ၉၀ ရာခိုင်နှုန်းဟာ အလွတ်သဘော အမဲလိုက်ရာမှ ရရှိ စားသုံးလိုက်ခြင်းဖြစ်ပြီး တင်ပို့တာတော့ နည်းပါးတယ်လို့ သိရပါတယ်။ တောင်အာဖရိကဟာ ၂၀၁၉ ခုနှစ်က ငှက်ကုလားအုတ်၊ မိကျောင်းနဲ့ မြင်းကျားတန်ချိန် ၃၀၀၀ ကျော်ကို ဥရောပသမဂ္ဂ၊ တရုတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို တင်ပို့နိုင်ခဲ့ပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ အလုပ်လက်မဲ့ဦးရေ ၃၂ ဒသမ ၉ ရာခိုင်နှုန်းရှိနေတာကြောင့် အဆိုပါ တောရိုင်းအသား တင်ပို့မှုတွေဟာ အလုပ်အကိုင်ရှားပါးတဲ့ ကျေးလက်နဲ့ စီးပွားရေးအရ ချို့တဲ့သောဒေသတွေမှာ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်တယ်လို့ ဇီဝမျိုးစုံမျိုးကွဲ စီးပွားရေးအကြီးအကဲ ခိုရိုမ်ဘီမာတီဘီက ဆိုပါတယ်။
Zawgyi Version;
ေတာင္အာဖရိကမွာ အလုပ္အကိုင္ျမႇင့္တင္ေရးနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ ေတာ႐ိုင္းတိရစာၦန္ေတြကို စီးပြားေရး စားနပ္ရိကၡာအျဖစ္ေျပာင္းလဲဖို႔ ျပင္ဆင္ေန
ေရာင္နီ (NP News) - ဇြန္ ၂၄
ေတာင္အာဖရိကမွာ အလုပ္အကိုင္ျမႇင့္တင္ေရးနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ ဒရယ္၊ သမင္ နဲ႔ ႏြားသိုး အေသေကာင္ေတြကို အသားကင္၊ ဝက္အူေခ်ာင္း၊ ဘာဂါအသားျပားေတြအျဖစ္ ေျပာင္းလဲဖို႔ ျပင္ဆင္ေနပါတယ္။
ဒါဟာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အသားစားသူေတြအတြက္ အေကာင္းဆုံး ႏွစ္သက္စရာ အရသာေပးစြမ္းႏိုင္ၿပီး ေတာ႐ိုင္းတိရစာၦန္ေတြကို ထိန္းသိမ္းရာမွာ လိုအပ္တဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြကိုဖန္တီးေပးႏိုင္တယ္လို႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲ စီးပြားေရးအႀကီးအကဲ ခို႐ိုမ္ဘီမာတီဘီ က ေျပာၾကားပါတယ္။
ေတာင္အာဖရိကဟာ ေတာ႐ိုင္းတိရစာၦန္နယ္ပယ္ေတြကို ခရီးသြားလာေရးအတြက္ ထိပ္တန္းေနရာတစ္ခုျဖစ္ၿပီး အမဲလိုက္ျခင္းမွရတဲ့ အသားပမာဏ တစ္ႏွစ္ကို တန္ခ်ိန္ ၆၀,၀၀၀ ခန႔္ ထုတ္လုပ္ပါတယ္။ ၎ဟာ အၾကမ္းဖ်င္းအားျဖင့္ တြက္ၾကည့္မယ္ဆိုရင္ သစ္ကုလားအုတ္ အေကာင္ေရ ၆၀,၀၀၀ ရဲ႕ အေလးခ်ိန္နဲ႔ ညီမွ်ပါတယ္။
ဒါေပမယ့္ အဲဒီပမာဏရဲ႕ ၉၀ ရာခိုင္ႏႈန္းဟာ အလြတ္သေဘာ အမဲလိုက္ရာမွ ရရွိ စားသုံးလိုက္ျခင္းျဖစ္ၿပီး တင္ပို႔တာေတာ့ နည္းပါးတယ္လို႔ သိရပါတယ္။ ေတာင္အာဖရိကဟာ ၂၀၁၉ ခုႏွစ္က ငွက္ကုလားအုတ္၊ မိေက်ာင္းနဲ႔ ျမင္းက်ားတန္ခ်ိန္ ၃၀၀၀ ေက်ာ္ကို ဥေရာပသမဂၢ၊ တ႐ုတ္နဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုကို တင္ပို႔ႏိုင္ခဲ့ပါတယ္။
တစ္ႏိုင္ငံလုံး အတိုင္းအတာအရ အလုပ္လက္မဲ့ဦးေရ ၃၂ ဒသမ ၉ ရာခိုင္ႏႈန္းရွိေနတာေၾကာင့္ အဆိုပါ ေတာ႐ိုင္းအသား တင္ပို႔မႈေတြဟာ အလုပ္အကိုင္ရွားပါးတဲ့ ေက်းလက္နဲ႔ စီးပြားေရးအရ ခ်ိဳ႕တဲ့ေသာေဒသေတြမွာ အလုပ္အကိုင္သစ္ေတြ ဖန္တီးေပးႏိုင္တယ္လို႔ ဇီဝမ်ိဳးစုံမ်ိဳးကြဲ စီးပြားေရးအႀကီးအကဲ ခို႐ိုမ္ဘီမာတီဘီက ဆိုပါတယ္။