ပူတင်၏ ခရီးစဉ်အပြီး ဗီယက်နမ်သို့ အမေရိကန်သံတမန်ရောက်ရှိလာ
303
ALynn (NP News) - ဇွန် ၂၄
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ရောက်ရှိပြီး ရက်ပိုင်းအကြာတွင် သံတမန်ရေးရာ ဆွေးနွေးပွဲအတွက် အမေရိကန်အကြီးတန်းသံတမန်တစ်ဦး ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေး၀န်ကြီး Daniel Kritenbrink က ၎င်း၏ခရီးစဉ်သည် ရုရှားကိုယ် စားလှယ်အဖွဲ့၏ ကြာသပတေးနေ့ ခရီးစဉ်နှင့်မသက်ဆိုင်ကြောင်း စနေနေ့ (ဇွန်လ ၂၂ ရက်) က အခိုင်အမာ ပြောကြားခဲ့သည်။
၎င်းက ဟနွိုင်းတွင် သတင်းထောက်များအား အမေရိကန် နှင့် ဗီယက်နမ်ကြား ယုံကြည်မှုမှာ အချိန်တိုင်း မြင့်မားနေသည်ဟု ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခများ ပြင်းထန်နေချိန်တွင် ပူတင်အား လက်ခံတွေ့ဆုံဆွေးနွေးရန် သတ္တိရှိရှိ ဆုံးဖြတ်ခဲ့သည့် ဗီယက်နမ်အစိုးရအား ဟနွိုင်းရှိ အမေရိကန်သံရုံးက ပြစ်တင်ရှုတ်ချပြီးနောက် Kritenbrink ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ “ဘယ်နိုင်ငံကမှ ပူတင်ကို သူ့ရဲ့ရန်လိုစစ်ပွဲကို မြှင့်တင်ပေးပြီး သူ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်ဖြစ်အောင် လုပ်ခွင့်မပေးသင့်ပါ” ဟု သံရုံးပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့ (ဇွန်လ ၂၄ ရက်) တွင် Reuters သို့ ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် တွေ့ဆုံရခြင်း၏ အဓိကအကြောင်းရင်းမှာ နှစ်နိုင်ငံကြားဆက်ဆံရေးကို အထောက်အကူဖြစ်စေရန် ဖြစ်သည်ဟု အမေရိကန်သံတမန်က စနေနေ့တွင် ကွဲပြားသောလေသံဖြင့် ပြောဆိုခဲ့သည်။ "ဗီယက်နမ်သာလျှင် ၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ၎င်း၏အကျိုးစီးပွားကို မြှင့်တင်ရန် အကောင်းဆုံး ဆုံးဖြတ်နိုင်သည်"ဟု Kritenbrink က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပူတင်သည် ဗီယက်နမ်သမ္မတ တိုလမ်၊ ၀န်ကြီးချုပ် Pham Minh Chinh၊ အခြား ခေါင်း ဆောင်များနှင့်အတူ ဟနွိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းအကျပ်အတည်းအပေါ် ၎င်း၏ "ဟန်ချက်ညီပြီး ဦးတည်ချက်ရှိသော ရပ်တည်ချက်"အတွက် ဗီယက်နမ်ကို ကျေးဇူး တင်ရှိပြီး အစိုးရနှစ်ရပ်သည် ၎င်းတို့၏ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေမည့် သဘောတူညီချက် (၁၁)ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်များတွင် နျူကလီးယားနည်းပညာ၊ ကမ်းလွန်ရေနံရှာဖွေရေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဖော်ပြထားသည်။ ယူကရိန်းအကျပ် အတည်း စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရုရှားနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေပြီး သံတမန်နည်းအရ အထီးကျန်စေရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အုပ်ချုပ်ရေးက စီမံခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
zawgyi version
ပူတင္၏ ခရီးစဥ္အၿပီး ဗီယက္နမ္သို႔ အေမရိကန္သံတမန္ေရာက္ရွိလာ
ALynn (NP News) - ဇြန္ ၂၄
႐ုရွားသမၼတ ဗလာဒီမာပူတင္သည္ ဗီယက္နမ္ႏိုင္ငံသို႔ ႏိုင္ငံေတာ္အလည္အပတ္ေရာက္ရွိၿပီး ရက္ပိုင္းအၾကာတြင္ သံတမန္ေရးရာ ေဆြးေႏြးပြဲအတြက္ အေမရိကန္အႀကီးတန္းသံတမန္တစ္ဦး ဗီယက္နမ္ႏိုင္ငံသို႔ သြားေရာက္ခဲ့သည္။ အေရွ႕အာရွႏွင့္ ပစိဖိတ္ေရးရာ လက္ေထာက္ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Daniel Kritenbrink က ၎၏ခရီးစဥ္သည္ ႐ုရွားကိုယ္ စားလွယ္အဖြဲ႕၏ ၾကာသပေတးေန႔ ခရီးစဥ္ႏွင့္မသက္ဆိုင္ေၾကာင္း စေနေန႔ (ဇြန္လ ၂၂ ရက္) က အခိုင္အမာ ေျပာၾကားခဲ့သည္။
၎က ဟႏြိဳင္းတြင္ သတင္းေထာက္မ်ားအား အေမရိကန္ ႏွင့္ ဗီယက္နမ္ၾကား ယုံၾကည္မႈမွာ အခ်ိန္တိုင္း ျမင့္မားေနသည္ဟု ေျပာၾကားခဲ့သည္။ ႐ုရွား-ယူကရိန္း ပဋိပကၡမ်ား ျပင္းထန္ေနခ်ိန္တြင္ ပူတင္အား လက္ခံေတြ႕ဆုံေဆြးေႏြးရန္ သတၱိရွိရွိ ဆုံးျဖတ္ခဲ့သည့္ ဗီယက္နမ္အစိုးရအား ဟႏြိဳင္းရွိ အေမရိကန္သံ႐ုံးက ျပစ္တင္ရႈတ္ခ်ၿပီးေနာက္ Kritenbrink ၏ မွတ္ခ်က္မ်ား ထြက္ေပၚလာျခင္း ျဖစ္သည္။ “ဘယ္ႏိုင္ငံကမွ ပူတင္ကို သူ႔ရဲ႕ရန္လိုစစ္ပြဲကို ျမႇင့္တင္ေပးၿပီး သူ႔ရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ပုံမွန္ျဖစ္ေအာင္ လုပ္ခြင့္မေပးသင့္ပါ” ဟု သံ႐ုံးေျပာေရးဆိုခြင့္ရွိသူက တနလၤာေန႔ (ဇြန္လ ၂၄ ရက္) တြင္ Reuters သို႔ ေျပာၾကားခဲ့သည္။
ဗီယက္နမ္ႏိုင္ငံျခားေရးဝန္ႀကီး Bui Thanh Son ႏွင့္ ေတြ႕ဆုံရျခင္း၏ အဓိကအေၾကာင္းရင္းမွာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို အေထာက္အကူျဖစ္ေစရန္ ျဖစ္သည္ဟု အေမရိကန္သံတမန္က စေနေန႔တြင္ ကြဲျပားေသာေလသံျဖင့္ ေျပာဆိုခဲ့သည္။ "ဗီယက္နမ္သာလွ်င္ ၎၏ အခ်ဳပ္အျခာအာဏာကို ကာကြယ္ရန္ႏွင့္ ၎၏အက်ိဳးစီးပြားကို ျမႇင့္တင္ရန္ အေကာင္းဆုံး ဆုံးျဖတ္ႏိုင္သည္"ဟု Kritenbrink က သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။
ပူတင္သည္ ဗီယက္နမ္သမၼတ တိုလမ္၊ ၀န္ႀကီးခ်ဳပ္ Pham Minh Chinh၊ အျခား ေခါင္း ေဆာင္မ်ားႏွင့္အတူ ဟႏြိဳင္းတြင္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။ ယူကရိန္းအက်ပ္အတည္းအေပၚ ၎၏ "ဟန္ခ်က္ညီၿပီး ဦးတည္ခ်က္ရွိေသာ ရပ္တည္ခ်က္"အတြက္ ဗီယက္နမ္ကို ေက်းဇူး တင္ရွိၿပီး အစိုးရႏွစ္ရပ္သည္ ၎တို႔၏ဘက္စုံမဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးကို ခိုင္မာေစမည့္ သေဘာတူညီခ်က္ (၁၁)ခ်က္ကို လက္မွတ္ေရးထိုးခဲ့သည္။ သေဘာတူညီခ်က္မ်ားတြင္ န်ဴကလီးယားနည္းပညာ၊ ကမ္းလြန္ေရနံရွာေဖြေရးႏွင့္ ကပ္ေရာဂါတိုက္ဖ်က္ေရးစသည့္ နယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ရန္ ေဖာ္ျပထားသည္။ ယူကရိန္းအက်ပ္ အတည္း စတင္ခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလကတည္းက ႐ုရွားႏိုင္ငံ၏ စီးပြားေရးကို ထိခိုက္ေစၿပီး သံတမန္နည္းအရ အထီးက်န္ေစရန္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္၏ အုပ္ခ်ဳပ္ေရးက စီမံခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။