ဖိလစ်ပိုင်နိုင်ငံက စစ်ပွဲတွေကို သွေးထိုးလှုံ့ဆော်ပြီး အကျိုးစီးပွားဖန်တီးနေတဲ့နိုင်ငံမျိုးမဟုတ်ကြောင်း သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာပြော

 540

ဂျန်ဇက် (NP News) - ဇွန် ၂၄

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ဖိလစ်ပိုင်နိုင်ငံဟာ စစ်ပွဲတွေကို သွေးထိုးလှုံဆော်ပြီး အကျိုးစီးပွားဖန်တီးနေတဲ့နိုင်ငံမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လက်ရှိအချိန်မှာဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အမြဲတမ်းဆန္ဒရှိနေကြောင်း ဖိလစ်ပိုင်သမ္မတက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အတွင်းပိုင်နက်နယ်မြေအငြင်း ပွားမှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာနေကြောင်း သိရပါတယ်။ ဖိလစ်ပိုင်သမ္မတက "ဖိလစ်ပိုင်နိုင်ငံဟာ အငြင်းပွားမှုပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့သာ နှစ်သက်တယ်"လို့ပြောပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေ နဲ့ တရုတ်ကမ်း ခြေစောင့်တပ်ဖွဲ့သင်္ဘောတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောသားတွေဒဏ်ရာရခဲ့သလို ထိခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေဟာ ဓါးတွေ၊ လှံတွေကိုင်ဆောင်ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေအပေါ် တက်ရောက်ခဲ့ကြောင်းသိရပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေတဲ့ ကျွန်းနားမှာထိပ်တိုက်တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရက ၎င်းတို့ပိုင်နက်အတွင်းကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေ ဝင်ရောက်လာခြင်းကြောင့် ဟန့်တားခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။

zawgyi version
ဖိလစ္ပိုင္ႏိုင္ငံက စစ္ပြဲေတြကို ေသြးထိုးလႈံ႕ေဆာ္ၿပီး အက်ိဳးစီးပြားဖန္တီးေနတဲ့ႏိုင္ငံမ်ိဳးမဟုတ္ေၾကာင္း သမၼတ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄

ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာက ဖိလစ္ပိုင္ႏိုင္ငံဟာ စစ္ပြဲေတြကို ေသြးထိုးလႈံေဆာ္ၿပီး အက်ိဳးစီးပြားဖန္တီးေနတဲ့ႏိုင္ငံမဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံအေနနဲ႔ လက္ရွိအခ်ိန္မွာျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ အၿမဲတမ္းဆႏၵရွိေနေၾကာင္း ဖိလစ္ပိုင္သမၼတက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ေတာင္တ႐ုတ္ပင္လယ္အတြင္းပိုင္နက္နယ္ေျမအျငင္း ပြားမႈေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးတင္းမာေနေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္သမၼတက "ဖိလစ္ပိုင္ႏိုင္ငံဟာ အျငင္းပြားမႈျပႆနာေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔သာ ႏွစ္သက္တယ္"လို႔ေျပာပါတယ္။ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြ နဲ႔ တ႐ုတ္ကမ္း ေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ဖိလစ္ပိုင္သေဘၤာသားေတြဒဏ္ရာရခဲ့သလို ထိခိုက္ပ်က္စီးမႈေတြျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြဟာ ဓါးေတြ၊ လွံေတြကိုင္ေဆာင္ၿပီး ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာေတြအေပၚ တက္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။

တ႐ုတ္နဲ႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားေနတဲ့ ကြၽန္းနားမွာထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး တ႐ုတ္အစိုးရက ၎တို႔ပိုင္နက္အတြင္းကို ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြ ဝင္ေရာက္လာျခင္းေၾကာင့္ ဟန႔္တားခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာပါတယ္။

Picture

Tusken Dmf

24/06/2024 14:25

With the efforts of the Government of Myanmar, the ICRC continues to work with the Ministry of Health and Sports to improve health care services for local communities, particularly in rural Rakhine State.

Related news

© 2021. All rights reserved.