လက်ဘနွန်ခရီးစဉ်အတွင်း ဂါဇာစစ်ပွဲ၊ ဟစ်ဘိုလာအုပ်စုတွေနဲ့ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေလျှော့ချနိုင်ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဆွေးနွေးမယ်

 589

ဂျန်ဇက် (NP News) - ဇွန် ၂၄

အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်နိုင်ဖို့ အမေရိကန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာပဲ အစ္စရေး ကာကွယ်ရေးဝန်ကြီး ဂယ်လန့်ဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး နောက်ထပ်အဆင့်တွေကို ဆွေးနွေးဖို့ လက်ဘနွန်နိုင်ငံကို သွားရောက်ခဲ့ကြောင်းသိရပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဟာ လက်ဘနွန်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း ဟစ်ဘိုလာအုပ်စုတွေနဲ့ဖြစ်ပွားနေတဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကို လျော့နည်းအောင်ထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်းသိရပါတယ်။ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟစ်ဘိုလာအုပ်စုဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ပစ်မှတ်ထား ပစ်မှတ်တိုက်ခိုက်နေခဲ့ရာနှစ်ဖက်ကြားတင်းမာမှုများဖြစ်ပွားနေကြောင်းသိရပါတယ်။ ဟစ်ဘိုလာအုပ်စုက ဂါဇာစစ်ပွဲအဆုံးမသတ်ဘူးဆိုရင် အစ္စရေးနိုင်ငံဘက်ခြမ်းကို ပစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက "ဂါဇာစစ်ပွဲအပြင် လက်ဘနွန်နိုင်ငံဘက်ခြမ်းက ပစ်ခတ်နေတာတွေနဲ့ပတ်သက်ပြီးလိုအပ်တဲ့အရာတွေကိုလုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်"လို့ပြောပါတယ်။ အမေရိကန်အစိုးရရဲ့အထူးကိုယ်စားလှယ်ဟာလည်း အစ္စရေးနိုင်ငံကို သွားရောက်ပြီး လာမယ့်သီတင်းပတ်အတွင်း လက်ဘနွန်နိုင်ငံကို ဆက်လက်သွားရောက်ကာ အစ္စရေးနဲ့ဟစ်ဘိုလာအုပ်စုကြားဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေအဆုံးသတ်စေဖို့ လုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ အစ္စရေးစစ်တပ်ဟာ ဟစ်ဘိုလာအုပ်စုရဲ့တိုက်ခိုက်မှုတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်တိုက်ခိုက်မှုတွေပါလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းခွင့်ပြုခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်းသိရပါတယ်။

zawgyi version
လက္ဘႏြန္ခရီးစဥ္အတြင္း ဂါဇာစစ္ပြဲ၊ ဟစ္ဘိုလာအုပ္စုေတြနဲ႔ျဖစ္ပြားေနတဲ့ ပစ္ခတ္မႈေတြေလွ်ာ့ခ်ႏိုင္ဖို႔ အစၥေရးကာကြယ္ေရးဝန္ႀကီး ေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄

အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ႏိုင္ဖို႔ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ဝိုင္းဝန္းႀကိဳးပမ္းေနခ်ိန္မွာပဲ အစၥေရး ကာကြယ္ေရးဝန္ႀကီး ဂယ္လန႔္ဟာ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ေနာက္ထပ္အဆင့္ေတြကို ေဆြးေႏြးဖို႔ လက္ဘႏြန္ႏိုင္ငံကို သြားေရာက္ခဲ့ေၾကာင္းသိရပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီးဟာ လက္ဘႏြန္ႏိုင္ငံကို သြားေရာက္တဲ့ခရီးစဥ္အတြင္း ဟစ္ဘိုလာအုပ္စုေတြနဲ႔ျဖစ္ပြားေနတဲ့ အျပန္အလွန္ပစ္ခတ္မႈေတြကို ေလ်ာ့နည္းေအာင္ထည့္သြင္းေဆြးေႏြးဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ဟစ္ဘိုလာအုပ္စုဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကို ပစ္မွတ္ထား ပစ္မွတ္တိုက္ခိုက္ေနခဲ့ရာႏွစ္ဖက္ၾကားတင္းမာမႈမ်ားျဖစ္ပြားေနေၾကာင္းသိရပါတယ္။ ဟစ္ဘိုလာအုပ္စုက ဂါဇာစစ္ပြဲအဆုံးမသတ္ဘူးဆိုရင္ အစၥေရးႏိုင္ငံဘက္ျခမ္းကို ပစ္ခတ္တိုက္ခိုက္မႈေတြဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီးက "ဂါဇာစစ္ပြဲအျပင္ လက္ဘႏြန္ႏိုင္ငံဘက္ျခမ္းက ပစ္ခတ္ေနတာေတြနဲ႔ပတ္သက္ၿပီးလိုအပ္တဲ့အရာေတြကိုလုပ္ေဆာင္သြားဖို႔ ျပင္ဆင္ထားတယ္"လို႔ေျပာပါတယ္။ အေမရိကန္အစိုးရရဲ႕အထူးကိုယ္စားလွယ္ဟာလည္း အစၥေရးႏိုင္ငံကို သြားေရာက္ၿပီး လာမယ့္သီတင္းပတ္အတြင္း လက္ဘႏြန္ႏိုင္ငံကို ဆက္လက္သြားေရာက္ကာ အစၥေရးနဲ႔ဟစ္ဘိုလာအုပ္စုၾကားျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြအဆုံးသတ္ေစဖို႔ လုပ္ေဆာင္မွာျဖစ္ေၾကာင္းသိရပါတယ္။ အစၥေရးစစ္တပ္ဟာ ဟစ္ဘိုလာအုပ္စုရဲ႕တိုက္ခိုက္မႈေတြကို ေလေၾကာင္းတိုက္ခိုက္မႈေတြအျပင္ ေျမျပင္တိုက္ခိုက္မႈေတြပါလုပ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းခြင့္ျပဳခဲ့ရာ အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္းသိရပါတယ္။

Picture

Jhordy Drury

24/06/2024 14:41

The Myanmar government has carried out important infrastructure projects such as Internet, hydropower and roads to improve the quality of life of the people.

Related news

© 2021. All rights reserved.