သံတွဲလေဆိပ်ကို AA သိမ်းပိုက်သည်ဆိုခြင်းမှာသတင်းမှားဖြစ်ပြီး လေဆိပ်အနီးတဝိုက်တွင်သာ တိုက်ပွဲဖြစ်ပွားနေ
10821
ပုံစာ - သံတွဲလေဆိပ်ကို ယခင်က မြင်တွေ့ရစဉ်
သုတကျော် (NP News) - ဇွန် ၂၄
သံတွဲလေဆိပ် ကို AA သိမ်းပိုက်သည်ဆိုခြင်းမှာ သတင်းမှားဖြစ်ပြီး လေဆိပ်အနီးတဝိုက်တွင်သာ တပ်မတော် နှင့် AA အကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ယုံကြည်ရသော ဒေသ ခံသတင်းရင်းမြစ်အချို့ထံ NP News သတင်းဌာနက ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းအချိန်တွင် ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ယနေ့ ဇွန်လ ၂၄ ရက်တွင် အွန်လိုင်းထက်၌ သံတွဲလေဆိပ်ကို AA အဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သတင်းများထွက်ပေါ်နေခြင်းမှာ သတင်းမှားသာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေကြဆဲဖြစ်ကြောင်းလည်း သိရသည်။
“သူတို့ လေဆိပ်ကို ပိုင်သွားတာ၊ ရသွားတာ ဆိုတာကတော့ သူတို့ဘက်က လော်ဘီတွေက တင်နေတာ ရှိပါတယ်။ သံတွဲ လေဆိပ် အနီးတဝိုက်မှာပဲ၊ လေဆိပ်အတွင်းထဲ မဟုတ်ဘူး အနီးတဝိုက်မှာပဲ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တောက်လျှောက်ဖြစ်နေတာ ရှိပါတယ်။ တပ်မတော်ဘက်ကလည်း လေကြောင်းတွေကော၊ ရေတပ်ကကော အကုန်လုံး လုပ်နေတာ ရှိပါတယ်။ လက်တလောတော့ ငပလီနဲ့ သံတွဲဘက်ကိုတော့ လုံးလုံးလျားလျား ပိုင်ဆိုင်သွားတဲ့ အခြေအနေမရှိပါဘူး။ အွန်လိုင်းကနေပြီးတော့ စိတ်ဓာတ်ပိုင်းအရ ထိုးနှက်တဲ့ အခြေ အနေမျိုးပဲလုပ်နိုင်ပါသေးတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ အခြေအနေအရ သံတွဲလေဆိပ်၏ မြောက်ဘက်တွင်ရှိသော ဂေါ့ရွာတွင် တပ်မတော် နှင့် AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကာ AA အနေဖြင့် သံတွဲလေဆိပ်ကို ရရှိရန်အတွက် ကြိုးစားနေကြောင်းလည်း ၎င်းက ဆိုသည်။
“သံတွဲရဲ့မြောက်ဘက်က ဂေါ့ရွာမှာတပ်တွေရှိတယ်။ တိုက်ပွဲ ဖြစ်နေပါတယ်။ မနေ့ကတော့ အင်တိုက်အားတိုက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သံတွဲလေဆိပ်နားမှာရှိတဲ့ မဇင်ဆိုတဲ့ နေရာရှိပါတယ်။ ရွာဆိုပေမယ့် ရပ်ကွက်ပေါ့ အခုကတော့။ အဲဒီဘက်ထဲကိုလည်း အရပ်သား အသွင်နဲ့ သူတို့ ဝင်လာတာရှိပါတယ်။ တပ်နဲ့လည်း တိုက်ပွဲဖြစ်နေတုန်း ဖြစ်ပါတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ၎င်းသိရသည့် အခြေအနေကို ရှင်းပြသည်။
သံတွဲမြို့နယ်တွင် ဧပြီလ ၂၂ ရက်မှစတင်ကာ AA အဖွဲ့က တိုက်ပွဲများ ဖော်ဆောင်လာခြင်း ဖြစ်ပြီး သံတွဲမြို့ခံအများအပြားအနေဖြင့်လည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြရသည်။
zawgyi version
သံတြဲေလဆိပ္ကို AA သိမ္းပိုက္သည္ဆိုျခင္းမွာသတင္းမွားျဖစ္ၿပီး ေလဆိပ္အနီးတဝိုက္တြင္သာ တိုက္ပြဲျဖစ္ပြားေန
သုတေက်ာ္ (NP News) - ဇြန္ ၂၄
သံတြဲေလဆိပ္ ကို AA သိမ္းပိုက္သည္ဆိုျခင္းမွာ သတင္းမွားျဖစ္ၿပီး ေလဆိပ္အနီးတဝိုက္တြင္သာ တပ္မေတာ္ ႏွင့္ AA အၾကား တိုက္ပြဲျဖစ္ပြားေနျခင္း ျဖစ္ေၾကာင္း ယုံၾကည္ရေသာ ေဒသ ခံသတင္းရင္းျမစ္အခ်ိဳ႕ထံ NP News သတင္းဌာနက ဇြန္လ ၂၄ ရက္ ေန႔လည္ပိုင္းအခ်ိန္တြင္ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ယေန႔ ဇြန္လ ၂၄ ရက္တြင္ အြန္လိုင္းထက္၌ သံတြဲေလဆိပ္ကို AA အဖြဲ႕က သိမ္းပိုက္လိုက္ေၾကာင္း သတင္းမ်ားထြက္ေပၚေနျခင္းမွာ သတင္းမွားသာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ တိုက္ပြဲ ျဖစ္ပြားေနၾကဆဲျဖစ္ေၾကာင္းလည္း သိရသည္။
“သူတို႔ ေလဆိပ္ကို ပိုင္သြားတာ၊ ရသြားတာ ဆိုတာကေတာ့ သူတို႔ဘက္က ေလာ္ဘီေတြက တင္ေနတာ ရွိပါတယ္။ သံတြဲ ေလဆိပ္ အနီးတဝိုက္မွာပဲ၊ ေလဆိပ္အတြင္းထဲ မဟုတ္ဘူး အနီးတဝိုက္မွာပဲ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ေတာက္ေလွ်ာက္ျဖစ္ေနတာ ရွိပါတယ္။ တပ္မေတာ္ဘက္ကလည္း ေလေၾကာင္းေတြေကာ၊ ေရတပ္ကေကာ အကုန္လုံး လုပ္ေနတာ ရွိပါတယ္။ လက္တေလာေတာ့ ငပလီနဲ႔ သံတြဲဘက္ကိုေတာ့ လုံးလုံးလ်ားလ်ား ပိုင္ဆိုင္သြားတဲ့ အေျခအေနမရွိပါဘူး။ အြန္လိုင္းကေနၿပီးေတာ့ စိတ္ဓာတ္ပိုင္းအရ ထိုးႏွက္တဲ့ အေျခ အေနမ်ိဳးပဲလုပ္ႏိုင္ပါေသးတယ္”ဟု သတင္းရင္းျမစ္က ေျပာသည္။
လက္ရွိ အေျခအေနအရ သံတြဲေလဆိပ္၏ ေျမာက္ဘက္တြင္ရွိေသာ ေဂါ့႐ြာတြင္ တပ္မေတာ္ ႏွင့္ AA အဖြဲ႕ၾကား တိုက္ပြဲျဖစ္ပြားေနကာ AA အေနျဖင့္ သံတြဲေလဆိပ္ကို ရရွိရန္အတြက္ ႀကိဳးစားေနေၾကာင္းလည္း ၎က ဆိုသည္။
“သံတြဲရဲ႕ေျမာက္ဘက္က ေဂါ့႐ြာမွာတပ္ေတြရွိတယ္။ တိုက္ပြဲ ျဖစ္ေနပါတယ္။ မေန႔ကေတာ့ အင္တိုက္အားတိုက္ေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ သံတြဲေလဆိပ္နားမွာရွိတဲ့ မဇင္ဆိုတဲ့ ေနရာရွိပါတယ္။ ႐ြာဆိုေပမယ့္ ရပ္ကြက္ေပါ့ အခုကေတာ့။ အဲဒီဘက္ထဲကိုလည္း အရပ္သား အသြင္နဲ႔ သူတို႔ ဝင္လာတာရွိပါတယ္။ တပ္နဲ႔လည္း တိုက္ပြဲျဖစ္ေနတုန္း ျဖစ္ပါတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ၎သိရသည့္ အေျခအေနကို ရွင္းျပသည္။
သံတြဲၿမိဳ႕နယ္တြင္ ဧၿပီလ ၂၂ ရက္မွစတင္ကာ AA အဖြဲ႕က တိုက္ပြဲမ်ား ေဖာ္ေဆာင္လာျခင္း ျဖစ္ၿပီး သံတြဲၿမိဳ႕ခံအမ်ားအျပားအေနျဖင့္လည္း တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာေနၾကရသည္။