ရုရှားရဲ့လုပ်ရပ်တွေကြောင့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီပေးဖို့ စဉ်းစားရဖွယ်ရှိနေဟု တောင်ကိုရီးယား သတိပေး

 2681

ဂျန်ဇက် (NP News) - ဇွန် ၂၄

တောင်ကိုရီးယားအစိုးရအနေနဲ့ ရုရှားနဲ့ စစ်ပွဲဖြစ်နေတဲ့ ယူကရိန်းနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ စဉ်းစားနေတယ်လို့ တောင်ကိုရီးယာအးမျိုးသား လုံခြုံရေး အကြံပေးအရာရှိက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မယ့် သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရဘက်က သတိပေးခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေးအရာရှိက "အရာရာတိုင်းဟာ ရုရှားနိုင်ငံရဲ့လုပ်ရပ်တွေအပေါ်မူတည်နေတယ်။ ရုရှားဟာ မြောက်ကိုရီးယားကို စစ်လက်နက် ပစ္စည်းတွေ ကူညီထောက်ပံ့ပေးလာမယ်ဆိုရင် ကျွန်တော်တို့ကလည်း ယူကရိန်းကို စစ်လက် နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ စဉ်းစားမယ်"လို့ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ကာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မယ့် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။ တောင်ကိုရီးယားအစိုးရက ရုရှားအစိုးရဟာ မြောက်ကိုရီးယားကို ခေတ်မီလက်နက်တွေ ကူညီထောက်ပံ့ပေးမယ်ဆိုရင် ရုရှားနဲ့တောင်ကိုရီးယားနိုင်ငံကြားဆက်ဆံရေး အပြောင်းအလဲတွေဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ တောင်ကိုရီးယားနိုင်ငံကြားအပြန်အလှန်ဆက်ဆံရေးဟာ အနာဂတ်မှာ ပိုမိုကောင်းမွန်လာစေဖို့ ရုရှားရဲ့လုပ်ရပ်တွေအပေါ်မှာမူတည်နေကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးအရာရှိကပြောပါတယ်။

မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့လက်နက်စမ်းသပ်မှုတွေနဲ့ဆက်နွယ်ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေဖြစ်လာနေကြောင်းသိရပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ တစ်နိုင်ငံက ကျူးကျော်ခံရမယ်ဆိုရင် အခြားတစ်နိုင်ငံက စစ်ရေးကူညီပေးမယ်ဆိုတဲ့ စာချုပ်မျိုးချုပ်ဆိုခဲ့ရာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအများစု စိုးရိမ်မှုမြင့်တက်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ၎င်းကပြောပါတယ်။

zawgyi version
႐ုရွားရဲ႕လုပ္ရပ္ေတြေၾကာင့္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီေပးဖို႔ စဥ္းစားရဖြယ္ရွိေနဟု ေတာင္ကိုရီးယား သတိေပး
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄

ေတာင္ကိုရီးယားအစိုးရအေနနဲ႔ ႐ုရွားနဲ႔ စစ္ပြဲျဖစ္ေနတဲ့ ယူကရိန္းႏိုင္ငံကို စစ္လက္နက္ ပစၥည္းေတြ ကူညီေထာက္ပံ့ေပးဖို႔ စဥ္းစားေနတယ္လို႔ ေတာင္ကိုရီးယာအးမ်ိဳးသား လုံၿခဳံေရး အႀကံေပးအရာရွိက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ႐ုရွားႏိုင္ငံၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မယ့္ သေဘာတူ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားအစိုးရဘက္က သတိေပးခဲ့တာျဖစ္ပါတယ္။ ေတာင္ကိုရီးယားအမ်ိဳးသားလုံၿခဳံေရးအႀကံေပးအရာရွိက "အရာရာတိုင္းဟာ ႐ုရွားႏိုင္ငံရဲ႕လုပ္ရပ္ေတြအေပၚမူတည္ေနတယ္။ ႐ုရွားဟာ ေျမာက္ကိုရီးယားကို စစ္လက္နက္ ပစၥည္းေတြ ကူညီေထာက္ပံ့ေပးလာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ကလည္း ယူကရိန္းကို စစ္လက္ နက္ပစၥည္းေတြ ကူညီေထာက္ပံ့ေပးဖို႔ စဥ္းစားမယ္"လို႔ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေျမာက္ကိုရီးယားႏိုင္ငံကို သြားေရာက္ကာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္မယ့္ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရပါတယ္။ ေတာင္ကိုရီးယားအစိုးရက ႐ုရွားအစိုးရဟာ ေျမာက္ကိုရီးယားကို ေခတ္မီလက္နက္ေတြ ကူညီေထာက္ပံ့ေပးမယ္ဆိုရင္ ႐ုရွားနဲ႔ေတာင္ကိုရီးယားႏိုင္ငံၾကားဆက္ဆံေရး အေျပာင္းအလဲေတြျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ ၎ကထပ္မံေျပာဆိုခဲ့ပါတယ္။ ႐ုရွားနဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကားအျပန္အလွန္ဆက္ဆံေရးဟာ အနာဂတ္မွာ ပိုမိုေကာင္းမြန္လာေစဖို႔ ႐ုရွားရဲ႕လုပ္ရပ္ေတြအေပၚမွာမူတည္ေနေၾကာင္း ေတာင္ကိုရီးယား အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအရာရွိကေျပာပါတယ္။

ေျမာက္ကိုရီးယားနဲ႔ေတာင္ကိုရီးယားတို႔ဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕လက္နက္စမ္းသပ္မႈေတြနဲ႔ဆက္ႏြယ္ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြျဖစ္လာေနေၾကာင္းသိရပါတယ္။ ႐ုရွားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံတို႔ဟာ တစ္ႏိုင္ငံက က်ဴးေက်ာ္ခံရမယ္ဆိုရင္ အျခားတစ္ႏိုင္ငံက စစ္ေရးကူညီေပးမယ္ဆိုတဲ့ စာခ်ဳပ္မ်ိဳးခ်ဳပ္ဆိုခဲ့ရာ အေမရိကန္အပါအဝင္ ကမာၻ႔ႏိုင္ငံအမ်ားစု စိုးရိမ္မႈျမင့္တက္ခဲ့ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ကို ခ်ိဳးေဖာက္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ၎ကေျပာပါတယ္။

Related news

© 2021. All rights reserved.