ဟစ်ဘိုလာအရေး၌ အမေရိကန်၏ ကြားဝင်ဆောင်ရွက်ပေးမှု လုံလောက်မှုမရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဝေဖန်

 433

ဂျန်ဇက် (NP News) - ဇွန် ၂၄

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအုပ်စုနှင့် အစ္စရေး နိုင်ငံကြား ဖြစ်ပွားနေသည့် တင်းမာမှုများလျော့ကျ နိုင်စေရန်အမေရိကန်အစိုးရ၏ ကြားဝင်ကူညီပေးမှုများ လုံလောက်မှုမရှိကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။

အစ္စရေးဝန်ကြီးချုပ်သည် အမေရိကန်နိုင်ငံမှ ကူညီပေးနေသည့် စစ်လက်နက် ကူညီထောက် ပံ့ပေးနေသည့်အစီအစဉ်များ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီးစိတ်ဆိုးဒေါသဖြစ် နေကြောင်း သိရသည်။ အမေရိကန်အစိုးရတာဝန်ရှိသူသုံးဦးက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၏ပြောဆိုချက်များ နှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ မဟာမိတ် အဖြစ်ရပ်တည်ခဲ့သော အမေရိကန်နှင့် အစ္စရေးနိုင်ငံကြား ဆက်ဆံရေးတင်းမာခြင်း၊ အေးစက်လာခြင်း များရှိမည်ကို စိုးရိမ်မိကြောင်း ပြောသည်။ အစ္စရေး နှင့်ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံဘက်ခြမ်းသို့ ရော့ကတ်များ၊ ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးနှင့်ဟစ်ဘိုလာအုပ်စုကြားတင်းမာမှုအ ရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် အစ္စရေးနှင့်ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကိုကြားဝင် စေ့စပ်ပေးနေသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး သဘောတူညီနိုင်ခြင်းမရှိသေး ကြောင်းသိရသည်။ အစ္စရေးနှင့်ဟစ်ဘိုလာအုပ်စုကြား တင်းမာမှုများထပ် မံဖြစ်လာချိန်တွင်လည်း အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေး နေသော်လည်း သဘောတူညီမှုမရသေးကြောင်းသိရသည်။ အစ္စရေး စစ်တပ်က ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ ဟစ်ဘိုလာ အုပ်စုမှ ပစ်ခတ်နေခြင်းနှင့်ပတ်သက်ပြီး လေကြောင်းတိုက်ခိုက်မှု များအပြင် မြေပြင်ထိုးစစ်ဆင်နွှဲမှုများပါလုပ်ဆောင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ အစ္စရေးနိုင်ငံသည် ဟစ်ဘိုလာအုပ်စုကို ထပ်မံတိုက်ခိုက်မည်ဆိုလျှင် ဂါဇာစစ်ပွဲက အရှေ့အလယ်ပိုင်းဒေသသို့ ကူးစက်လာမည်ကို အမေရိကန်အစိုးရကစိုးရိမ်နေပြီး တင်းမာမှုအရှိန် လျှော့ချရန် ဟစ်ဘိုလာအုပ်စုကိုစည်းရုံးနိုင်ရန် လက်ဘနွန်အစိုးရအပါအဝင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိနိုင်ငံများနှင့် ဆွေးနွေးနေကြောင်းသိရသည်။

zawgyi version
ဟစ္ဘိုလာအေရး၌ အေမရိကန္၏ ၾကားဝင္ေဆာင္႐ြက္ေပးမႈ လုံေလာက္မႈမရွိေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေဝဖန္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄

အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက လက္ဘႏြန္ႏိုင္ငံအေျခစိုက္ ဟစ္ဘိုလာအုပ္စုႏွင့္ အစၥေရး ႏိုင္ငံၾကား ျဖစ္ပြားေနသည့္ တင္းမာမႈမ်ားေလ်ာ့က် ႏိုင္ေစရန္အေမရိကန္အစိုးရ၏ ၾကားဝင္ကူညီေပးမႈမ်ား လုံေလာက္မႈမရွိေၾကာင္း ထုတ္ေဖာ္ေဝဖန္လိုက္သည္။

အစၥေရးဝန္ႀကီးခ်ဳပ္သည္ အေမရိကန္ႏိုင္ငံမွ ကူညီေပးေနသည့္ စစ္လက္နက္ ကူညီေထာက္ ပံ့ေပးေနသည့္အစီအစဥ္မ်ား ျပန္လည္႐ုပ္သိမ္းခဲ့ျခင္းႏွင့္ ပတ္သက္ၿပီးစိတ္ဆိုးေဒါသျဖစ္ ေနေၾကာင္း သိရသည္။ အေမရိကန္အစိုးရတာဝန္ရွိသူသုံးဦးက အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု၏ေျပာဆိုခ်က္မ်ား ႏွင့္ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာၾကာ မဟာမိတ္ အျဖစ္ရပ္တည္ခဲ့ေသာ အေမရိကန္ႏွင့္ အစၥေရးႏိုင္ငံၾကား ဆက္ဆံေရးတင္းမာျခင္း၊ ေအးစက္လာျခင္း မ်ားရွိမည္ကို စိုးရိမ္မိေၾကာင္း ေျပာသည္။ အစၥေရး ႏွင့္ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာအုပ္စုက အစၥေရးႏိုင္ငံဘက္ျခမ္းသို႔ ေရာ့ကတ္မ်ား၊ ဒုံးက်ည္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အစၥေရးႏွင့္ဟစ္ဘိုလာအုပ္စုၾကားတင္းမာမႈအ ရွိန္ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။

အေမရိကန္အစိုးရသည္ အစၥေရးႏွင့္ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္ ဂါဇာစစ္ပြဲကိုၾကားဝင္ ေစ့စပ္ေပးေနေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး သေဘာတူညီႏိုင္ျခင္းမရွိေသး ေၾကာင္းသိရသည္။ အစၥေရးႏွင့္ဟစ္ဘိုလာအုပ္စုၾကား တင္းမာမႈမ်ားထပ္ မံျဖစ္လာခ်ိန္တြင္လည္း အေမရိကန္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပး ေနေသာ္လည္း သေဘာတူညီမႈမရေသးေၾကာင္းသိရသည္။ အစၥေရး စစ္တပ္က ၎တို႔ႏိုင္ငံဘက္ျခမ္းသို႔ ဟစ္ဘိုလာ အုပ္စုမွ ပစ္ခတ္ေနျခင္းႏွင့္ပတ္သက္ၿပီး ေလေၾကာင္းတိုက္ခိုက္မႈ မ်ားအျပင္ ေျမျပင္ထိုးစစ္ဆင္ႏႊဲမႈမ်ားပါလုပ္ေဆာင္ရန္ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။ အစၥေရးႏိုင္ငံသည္ ဟစ္ဘိုလာအုပ္စုကို ထပ္မံတိုက္ခိုက္မည္ဆိုလွ်င္ ဂါဇာစစ္ပြဲက အေရွ႕အလယ္ပိုင္းေဒသသို႔ ကူးစက္လာမည္ကို အေမရိကန္အစိုးရကစိုးရိမ္ေနၿပီး တင္းမာမႈအရွိန္ ေလွ်ာ့ခ်ရန္ ဟစ္ဘိုလာအုပ္စုကိုစည္း႐ုံးႏိုင္ရန္ လက္ဘႏြန္အစိုးရအပါအဝင္ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိႏိုင္ငံမ်ားႏွင့္ ေဆြးေႏြးေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.