ထိုင်ဝမ်အရေးတွင် နျူကလီးယားလက်နက်များ အသုံးပြုမည်မဟုတ်ကြောင်း တရုတ်အစိုးရ ကတိပြု
385
Pika (NP News) - ဇွန် ၂၄
အာရှ-ပစိဖိတ်ဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် အမေရိကန်နှင့် တရုတ် အစိုးရတာဝန်ရှိသူများ သည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားဆွေးနွေးပွဲများကျင်းပခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့သော အမေရိကန်အစိုးရကိုယ်စားလှယ်နှစ်ဦးကပြော သည်။ အဆိုပါအစည်းအဝေးအတွင်း တရုတ်အစိုးရ ကိုယ်စားလှယ်များက ထိုင်ဝမ်ကို နျူကလီးယားလက် နက်များဖြင့်ခြိမ်းခြောက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သည်ဟု သိရသည်။
ထိုင်ဝမ်နှင့်စစ်ပွဲ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အရေးနိမ့်မည်ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို နျူကလီးယား လက်နက်များအသုံးပြုခြင်းရှိမရှိဆိုသောအချက်အပြင် နျူကလီးယားလက်နက်များအသုံးပြုပြီး ခြိမ်းခြောက်မည်ကို အမေရိကန်အစိုးရက စိုးရိမ်နေခဲ့ကြောင်းသိရသည်။ ထို့အတွက်ကြောင့် နျူကလီးယား အစည်းအဝေးအတွင်း တရုတ် ကိုယ်စားလှယ်များကိုမေးမြန်းခဲ့ရာ တရုတ်ကိုယ်စားလှယ်များက ထိုင်ဝမ်ကိုနျူကလီးယား လက်နက် များအသုံးပြုခြင်း မျိုးလုပ်ဆောင်မည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ အမေရိကန်အစိုးရ ကိုယ်စား လှယ်နှစ်ဦးက ပြောသည်။ အစည်းအဝေးတက်ရောက်ခဲ့သောအမေရိကန်ကိုယ်စားလှယ်နှစ် "တရုတ်အာဏာပိုင်တွေဟာ ထိုင်ဝမ်ကို တိုက်ခိုက်ရာမှာ နျူကလီးယားလက်နက်တွေအသုံးပြုတာမျိုးမလုပ်ဘဲ သမားရိုးကျလက်နက် တွေအသုံးပြု တိုက်ခိုက်တာတွေလုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်"ဟုပြောသည်။ တရုတ်နိုင်ငံကထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုနေသော်လည်း ထိုင်ဝမ်က တရုတ်လက်အောက်မှခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ် ရေးရယူရန် ကြိုးပမ်းနေကြောင်းသိရသည်။
တရုတ်နိုင်ငံက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရန်လိုလားနေသော်လည်း ထိုင်ဝမ်က ကန့်ကွက်မှုများရှိနေခြင်းကြောင့် တင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီရောင်းချပေးခြင်းနှင့်ပတ်သက် ပြီးတရုတ်နှင့်အမေရိကန်နိုင်ငံကြားတွင် တင်းမာမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
အမေရိကန်အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ထိုင်ဝမ်သို့ သွားရောက် လည်ပတ်ခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများလည်းရှိနေကြောင်းသိရသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ လက်ရှိသမ္မတလိုင် ချန်တေးကို ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ထားကာ ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုင်ဝမ်ကျွန်းနားတွင် ကြီးမားသော စစ်ရေး လေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
zawgyi version
ထိုင္ဝမ္အေရးတြင္ န်ဴကလီးယားလက္နက္မ်ား အသုံးျပဳမည္မဟုတ္ေၾကာင္း တ႐ုတ္အစိုးရ ကတိျပဳ
Pika (NP News) - ဇြန္ ၂၄
အာရွ-ပစိဖိတ္ေဒသအတြင္း တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ႏွင့္ တ႐ုတ္ အစိုးရတာဝန္ရွိသူမ်ား သည္ ငါးႏွစ္အတြင္း ပထမဆုံးအႀကိမ္ န်ဴကလီးယားေဆြးေႏြးပြဲမ်ားက်င္းပခဲ့ေၾကာင္း၊ အဆိုပါအစည္းအေဝးကို တက္ေရာက္ခဲ့ေသာ အေမရိကန္အစိုးရကိုယ္စားလွယ္ႏွစ္ဦးကေျပာ သည္။ အဆိုပါအစည္းအေဝးအတြင္း တ႐ုတ္အစိုးရ ကိုယ္စားလွယ္မ်ားက ထိုင္ဝမ္ကို န်ဴကလီးယားလက္ နက္မ်ားျဖင့္ၿခိမ္းေျခာက္မည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာ ဆိုခဲ့သည္ဟု သိရသည္။
ထိုင္ဝမ္ႏွင့္စစ္ပြဲ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေရးနိမ့္မည္ဆိုလွ်င္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ထိုင္ဝမ္ကို န်ဴကလီးယား လက္နက္မ်ားအသုံးျပဳျခင္းရွိမရွိဆိုေသာအခ်က္အျပင္ န်ဴကလီးယားလက္နက္မ်ားအသုံးျပဳၿပီး ၿခိမ္းေျခာက္မည္ကို အေမရိကန္အစိုးရက စိုးရိမ္ေနခဲ့ေၾကာင္းသိရသည္။ ထို႔အတြက္ေၾကာင့္ န်ဴကလီးယား အစည္းအေဝးအတြင္း တ႐ုတ္ ကိုယ္စားလွယ္မ်ားကိုေမးျမန္းခဲ့ရာ တ႐ုတ္ကိုယ္စားလွယ္မ်ားက ထိုင္ဝမ္ကိုန်ဴကလီးယား လက္နက္ မ်ားအသုံးျပဳျခင္း မ်ိဳးလုပ္ေဆာင္မည္မဟုတ္ေၾကာင္း တုံ႔ျပန္ခဲ့ေၾကာင္း အစည္းအေဝးတက္ေရာက္ခဲ့သူ အေမရိကန္အစိုးရ ကိုယ္စား လွယ္ႏွစ္ဦးက ေျပာသည္။ အစည္းအေဝးတက္ေရာက္ခဲ့ေသာအေမရိကန္ကိုယ္စားလွယ္ႏွစ္ "တ႐ုတ္အာဏာပိုင္ေတြဟာ ထိုင္ဝမ္ကို တိုက္ခိုက္ရာမွာ န်ဴကလီးယားလက္နက္ေတြအသုံးျပဳတာမ်ိဳးမလုပ္ဘဲ သမား႐ိုးက်လက္နက္ ေတြအသုံးျပဳ တိုက္ခိုက္တာေတြလုပ္ေဆာင္ဖို႔ ေျပာဆိုခဲ့တယ္"ဟုေျပာသည္။ တ႐ုတ္ႏိုင္ငံကထိုင္ဝမ္ကို ၎တို႔ပိုင္နက္ျဖစ္ေၾကာင္း ေျပာဆိုေနေသာ္လည္း ထိုင္ဝမ္က တ႐ုတ္လက္ေအာက္မွခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ ေရးရယူရန္ ႀကိဳးပမ္းေနေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ႏွင့္ ျပန္လည္ေပါင္းစည္းရန္လိုလားေနေသာ္လည္း ထိုင္ဝမ္က ကန႔္ကြက္မႈမ်ားရွိေနျခင္းေၾကာင့္ တင္းမာမႈအရွိန္ျမင့္တက္ေနေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံသည္ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား ကူညီေရာင္းခ်ေပးျခင္းႏွင့္ပတ္သက္ ၿပီးတ႐ုတ္ႏွင့္အေမရိကန္ႏိုင္ငံၾကားတြင္ တင္းမာမႈမ်ား ျဖစ္ပြားေနေၾကာင္း သိရသည္။
အေမရိကန္အစိုးရတာဝန္ရွိသူမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ထိုင္ဝမ္သို႔ သြားေရာက္ လည္ပတ္ျခင္းႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားလည္းရွိေနေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံသည္ ထိုင္ဝမ္၏ လက္ရွိသမၼတလိုင္ ခ်န္ေတးကို ခြဲထြက္ေရးသမားအျဖစ္ သတ္မွတ္ထားကာ ထိုင္ဝမ္သမၼတအသစ္ က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ ထိုင္ဝမ္ကြၽန္းနားတြင္ ႀကီးမားေသာ စစ္ေရး ေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။