တရုတ်အစိုးရရဲ့လုပ်ရပ်များကို ထိုင်ဝမ်သမ္မတသစ် လူသိရှင်ကြားဝေဖန်ပြစ်တင်
773
ဂျန်ဇက် (NP News) - ဇွန် ၂၄
ဒီမိုကရေစီစနစ်ဟာ ရာဇဝတ်မှုမဟုတ်ကြောင်း၊ အာဏာရှင်စနစ်ကသာ စစ်မှန်တဲ့ ငရဲဘုံဖြစ်ကြောင်း ထိုင်ဝမ် သမ္မတသစ် လိုင်ချန်တေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ လွတ်လပ်ရေးရယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာမယ်ဆိုရင် သေဒဏ်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ခြိမ်းခြောက်လာခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတသစ်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်သမ္မတသစ်ကို ခွဲထွက်ရေးသမားလို့ ဝေဖန်ပြစ်တင်ထားသလို လိုင်ချန်တေး သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာမှာပဲ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ထိုင်ဝမ်သမ္မတသစ်က တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ ထိုင်ဝမ်ကျွန်းအစိုးရအပေါ် စီရင်ပိုင်ခွင့်မရှိကြောင်းပြောပါတယ်။ ထိုင်ဝမ်သမ္မတအသစ်က "ကျွန်တော်တစ်ခု ပြောလိုတယ်။ ဒီမိုကရေစီစနစ်ဟာ ရာဇဝတ်မှုမဟုတ်ဘူး၊ အာဏာရှင်စနစ်ကတော့ စစ်မှန်တဲ့ တကယ်မကောင်းမှုပါ။ တရုတ်ဟာ ထိုင်ဝမ်ပြည်သူတွေအပေါ် စီရင်ပိုင်ခွင့်၊ ပိတ်ဆို့ခွင့်အခွင့်အရေးမရှိဘူး။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ပြည်သူတွေရဲ့အခွင့်အရေးကို နယ်စပ်ဒေသဖြတ်ကျော်ပြီး လုပ်ပိုင်ခွင့်မရှိဘူး"လို့ ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ပြောဆိုထားပြီး ထိုင်ဝမ်ကတော့ တရုတ်လက်အောက်က ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းခဲ့ရာ နှစ်ဖက်တင်းမာမှုတွေရှိနေကြောင်းသိရပါတယ်။ ထိုင်ဝမ်သမ္မတ လိုင်ချန်တေး လက်ထက်မှာ တရုတ်နဲ့ထိုင်ဝမ်ကြားတင်းမာမှုအရှိန် ယခင်ထက်ပိုမိုမြင့်တက်လာနေကြောင်းသိရပါတယ်။
zawgyi version
တ႐ုတ္အစိုးရရဲ႕လုပ္ရပ္မ်ားကို ထိုင္ဝမ္သမၼတသစ္ လူသိရွင္ၾကားေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄
ဒီမိုကေရစီစနစ္ဟာ ရာဇဝတ္မႈမဟုတ္ေၾကာင္း၊ အာဏာရွင္စနစ္ကသာ စစ္မွန္တဲ့ ငရဲဘုံျဖစ္ေၾကာင္း ထိုင္ဝမ္ သမၼတသစ္ လိုင္ခ်န္ေတးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ လြတ္လပ္ေရးရယူဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းလာမယ္ဆိုရင္ ေသဒဏ္ရင္ဆိုင္ရဖြယ္ရွိတယ္လို႔ ၿခိမ္းေျခာက္လာခဲ့ၿပီးေနာက္ ထိုင္ဝမ္သမၼတသစ္က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
တ႐ုတ္အစိုးရက ထိုင္ဝမ္သမၼတသစ္ကို ခြဲထြက္ေရးသမားလို႔ ေဝဖန္ျပစ္တင္ထားသလို လိုင္ခ်န္ေတး သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ထိုင္ဝမ္ကြၽန္းနားမွာ စစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ထိုင္ဝမ္သမၼတသစ္က တ႐ုတ္ႏိုင္ငံဟာ ဒီမိုကေရစီနည္းက်ေ႐ြးခ်ယ္ထားတဲ့ ထိုင္ဝမ္ကြၽန္းအစိုးရအေပၚ စီရင္ပိုင္ခြင့္မရွိေၾကာင္းေျပာပါတယ္။ ထိုင္ဝမ္သမၼတအသစ္က "ကြၽန္ေတာ္တစ္ခု ေျပာလိုတယ္။ ဒီမိုကေရစီစနစ္ဟာ ရာဇဝတ္မႈမဟုတ္ဘူး၊ အာဏာရွင္စနစ္ကေတာ့ စစ္မွန္တဲ့ တကယ္မေကာင္းမႈပါ။ တ႐ုတ္ဟာ ထိုင္ဝမ္ျပည္သူေတြအေပၚ စီရင္ပိုင္ခြင့္၊ ပိတ္ဆို႔ခြင့္အခြင့္အေရးမရွိဘူး။ တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္ျပည္သူေတြရဲ႕အခြင့္အေရးကို နယ္စပ္ေဒသျဖတ္ေက်ာ္ၿပီး လုပ္ပိုင္ခြင့္မရွိဘူး"လို႔ ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ေျပာဆိုထားၿပီး ထိုင္ဝမ္ကေတာ့ တ႐ုတ္လက္ေအာက္က ခြဲထြက္ကာ ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ ႀကိဳးပမ္းခဲ့ရာ ႏွစ္ဖက္တင္းမာမႈေတြရွိေနေၾကာင္းသိရပါတယ္။ ထိုင္ဝမ္သမၼတ လိုင္ခ်န္ေတး လက္ထက္မွာ တ႐ုတ္နဲ႔ထိုင္ဝမ္ၾကားတင္းမာမႈအရွိန္ ယခင္ထက္ပိုမိုျမင့္တက္လာေနေၾကာင္းသိရပါတယ္။