ယူကရိန်းရဲ့ ဒရုန်းနဲ့ တာဝေးပစ် ဒုံးကျည်တွေကြောင့် ပင်လယ်နက်ရုရှားရေတပ်စခန်း ပေါက်ကွဲပျက်စီးနေပုံ ဂြိုဟ်တုဓာတ်ပုံတွေ ထွက်ပေါ်လာ

 6909

Htay Oung (NP News) - ဇွန် ၂၅

ယူကရိန်းတို့ဟာ လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတင် ဒရုန်းတွေ၊ တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုနေပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုက ပေးအပ်ထားတဲ့ လက်နက်တွေကို အသုံးပြုပြီး ပင်လယ်နက်ရေပြင်ကို ကာလရှည် ထိန်းချုပ်ထားတဲ့ သိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားစစ်ဌာန ချုပ်နဲ့ ရုရှားပင်လယ်နက်ရေတပ်ကို တခြား အဝေး တစ်နေရာ အခြေစိုက်စခန်းတွေဆီကို ထွက်ခွာသွားအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ “Business insider” သတင်းဌာနက ဇွန်လ ၂၁ ရက်မှာ ရေးသားပါတယ်။

ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဆီဗက်စတိုလ်ပို မြို့ မှာ အခြေစိုက်ထားတဲ့ ရုရှားပင်လယ်နက်ရေတပ် ဌာနချုပ်ဟာ မော်စကိုအတွက် သမိုင်းတစ်လျှောက် မဟာဗျူဟာမြောက် အရေးပါပါတယ်။ ရုရှားဘာသာ စကားပြောဆိုသူ အများစုနေထိုင်ရာ ခရိုင်မီးယားကျွန်းဆွယ်ကို ယူကရိန်းအရှေ့ပိုင်းသား အဲဒီအချိန် ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီခေါင်းဆောင် နီကီ တာခရူးရှော့ဗ်က ၁၉၅၄ ခုနှစ်မှာ ယူကရိန်းပိုင်နက်အတွင်း ထည့်သွင်းပေးခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဆိုဗီ ယက်ယူနီယံပြိုကွဲပြီး ယူကရိန်းဟာ သီးခြားလွတ်လပ် တဲ့ နိုင်ငံဖြစ်လာပါတယ်။ ကိယက်ဗ်မှာ အနောက်အုပ်စု နိုင်ငံရေးသမားတွေ၊ သံတမန်တွေ၊ NGOs အဖွဲ့ အစည်းတွေနဲ့ ဝင်ထွက်မှုပိုမိုလာပြီး ယခင်ဆန့်ကျင် ဘက်ဖြစ်ခဲ့တဲ့ အနောက်အုပ်စုရဲ့ ဥရောပဘုံဈေး အတွင်း ဝင်ရောက်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဗလာဒီမာပူတင်လက်ထက် စစ်ရေး၊ စီးပွားရေး အင်အား ကြီးထွားလာတဲ့ ရုရှားနိုင်ငံက အဲဒီအချိန်ထိ ဘာမှဝင်ရောက်ဖွက်ဖက်ခြင်းမရှိခဲ့ပါ။

ယူကရိန်းနိုင်ငံအတွင်းမှာ နာဇီလက်သစ် အမျိုး သားရေးဝါဒီနဲ့ အဇော့ပြည်သူ့စစ်တွေမင်းမူသောင်းကျန်းလာပြီး ၂၀၁၄ ခုနှစ်မှာ “ဂုဏ်သိက္ခာ တော်လှန် ရေး”လူထုအုံကြွမှုနဲ့အတူ ရုရှားလိုလားတဲ့ သမ္မတ ယာနျူကိုဗစ်ချ် ထွက်ပြေးသွားရပါတယ်။ အဲဒီနောက် ရုရှားဘာသာစကားပြောဆိုသူများကို ကာကွယ်ဖို့ အကြောင်းပြချက်နဲ့ ရုရှားက ခရိုင်မီးယားကျွန်းဆွယ် ကို သိမ်းပိုက်လိုက်ပါတယ်။ မော်စကိုရဲ့ ပင်လယ်ရေ တပ်မတော်ဌာနချုပ်လည်း ပြန်လည်အသက်ဝင်လာ ပြီး တစ်ဆက်တည်းရှိနေတဲ့ ယူကရိန်းအရှေ့ပိုင်းမှ ခွဲထွက်ရေးပုန်ကန်သူတွေကို ထောက်ပံ့ကူညီလာခဲ့ ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းနိုင်ငံ အတွင်း ရုရှားတပ်တွေ အတိအလင်း ဝင်ရောက်ခဲ့ပြီး စစ်ပွဲကြီး စတင်ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲအတွင်း ကိယက်ဗ်ဘက်က အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကကူညီနေခဲ့ရာမှာ လူသားချင်း စာနာမှုဆိုင်ရာပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာအ ထောက်အပံ့အများစုဖြစ်ပါတယ်။ စစ်လက်နက် ယန္တရားအများအပြားလည်းပါဝင်ခဲ့ပေမယ့် အဲဒီပစ္စည်းတွေကို ယူကရိန်းနိုင်ငံဧရိယာအတွင်းမှာသာ အသုံးပြုရမှာဖြစ်ပြီး အဲဒီလက်နက်တွေနဲ့ ရုရှားပိုင်နက်အ တွင်း တိုက်ခိုက်ခြင်းမပြုဖို့တားမြစ်ထားပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အဲဒီကန့်သတ်ချက် ကို အနောက်အုပ်စုက ပယ်ဖျက်လိုက်ပါတယ်။ ခရိုင် မီးယားကျွန်းဆွယ် အနောက်တောင်ဘက် ရုရှားစစ်သင်္ဘောတွေဆိုက်ကပ်ရာ ဆီဗက်စတို ပိုလ်ဆိပ်ကမ်း ကို ယမန်နှစ်မှာ ယူကရိန်းတို့က အဆက်မပြတ်တိုက် ခိုက်တဲ့အတွက် အရှေ့တောင်ဘက် ဖိုဒက်ဆီရာ ဆိပ်ကမ်းကို အတော်များများ ရွှေ့ပြောင်းသွားခဲ့ရပါတယ်။ ပင်လယ်နက်ရေတပ် အဆောက်အအုံတွေကို ကာကွယ်ဖို့အတွက် ရုရှားဘက်ခြမ်းမှာရှိတဲ့ နိုဗိုရိုဆီ ယက်ဆိပ်ကမ်းကို နောက်တစ်ဖန် ရွှေ့ပြောင်းသွားခဲ့ရပြန်ပါတယ်။

မြေကမ္ဘာပုံဖော်ရေးအတွက် အမေရိကန် ဟဲရစ်ကော်ပိုရေးရှင်းက လွှတ်တင်ထားတဲ့ အာကာသ အခြေပြု “ဘလက်စကိုင်း” ဂြိုဟ်တုစနစ်ဟာ ကမ္ဘာအရပ်ရပ်မြေမျက်နှာသွင်ပြင်တွေကို အချိန်နဲ့တစ်ပြေးညီ ဓာတ်ပုံရိုက်ကူးမှတ်တမ်းတင်နေပါတယ်။ ယခုနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဘလက်စကိုင်းရဲ့ ဓါတ်ပုံတွေအရဆိုလျှင် ယူကရိန်းအနေနဲ့ အောင် မြင်မှုတွေရရှိနေတယ်လို့ အဓိပ္ပါယ်ထွက်နေပါတယ်။ ကိုယ်ပိုင်ရေတပ်မရှိတဲ့ ကိယက်ဗ်ဟာ ရုရှားစစ် သင်္ဘောတွေအတွက် အံ့အားသင့်ဖွယ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သီးနှံနဲ့ ထွက်ကုန်တွေတင်ပို့ခြင်းဖြင့် သူ့နိုင်ငံစီးပွားရေးကို ပံ့ပိုးကူညီဖို့ အရေးကြီး ရေကြောင်းစင်္ကြံတစ်ခုကိုလည်း ဖွင့်လှစ်ဖို့ အခွင့်သာလာခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ ပင်လယ်နက်အတွင်း ပစ်မှတ်တွေကို နစ်မြုပ်-ဖျက်ဆီး သို့မဟုတ် ထိခိုက်စေဖို့အတွက် သူ့ရဲ့ ပြည်တွင်းထုတ် ရေကြောင်းသုံး ဒရုန်းတွေနဲ့ ဒုံးကျည်တွေကိုသာ အသုံးပြုနေရဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်က ပြောခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲကာလတစ်လျှောက်လုံး ကိယက်ဗ်ရဲ့ တိုက်ခိုက်မှုတွေဟာ ဆက်တိုက်ဖြစ်ပွား နေခဲ့ပေမယ့် စက်တင်ဘာလအထိ ရုရှားပင်လယ်နက် တိုက်ခိုက်ရေးရေယာဉ်စုအနေတဲ့ တစ်စုံတစ်ရာ ရွှေ့ပြောင်းခြင်း မရှိခဲ့ပါဘူး။ ဆီဗက်စတိုပိုလ် ရုရှား ရေယာဉ်စုဌာချုပ်နဲ့ သင်္ဘောကျင်းကို အနောက်နိုင်ငံလုပ် ခရုဇ်ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီးနောက် ရွှေ့ပြောင်းသွားခြင်းဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ရုရှားရေတပ်စစ်ဆင်ရေးအင်အားများကို ပင်လယ်နက် တခြားနေရာတွေထံရွှေ့ပြောင်းရဖို့ ဖြစ်နိုင်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စောင်းပါးရိပ်ခြေ ပြောပါတယ်။ ဆီဗက်စတိုပိုလ်ဆိပ်ကမ်းမှာ ဆိုက် ကပ်ထားတဲ့ ရုရှားသင်္ဘောအရေအတွက်ကလည်း ကျဆင်းလာပြီး ခရိုင်းမီးယား အနောက်တောင်ဘက် ဖိုဒက်ဆီရာဆိပ်ကမ်းနဲ့ ရုရှားဘက်ခြမ်းမှာရှိတဲ့ နိုဗိုရိုဆီယက်ဆိပ်ကမ်းတို့မှာ များပြားလာကြောင်း ဘလက်စကိုင်းရဲ့ ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြနေပါ တယ်။ ယူကရိန်းရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေကနေ ရှောင်ရှားလိုတဲ့ ရုရှားရဲ့ ဗျူဟာတစ်ခု ဖြစ်ပုံရပါတယ်။ ဆီဗက်စတိုပိုလ်မြို့တိုက်ခိုက်မှုတွေ မတိုင်မီနဲ့ တိုက် ခိုက်ခံရအပြီး ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ အရ ရုရှားပင်လယ်နက်ရေတပ်မတော်မှာ ဒေသတွင်း တခြားဆိပ်ကမ်းတွေဆီ ပြောင်းရွှေ့ထားတာကြောင့် မြို့တော်ရဲ့ဆိပ်ကမ်းမှာ သင်္ဘောအနည်းငယ်သာ ရှိတော့ကြောင်း တွေ့မြင်နေရပါတယ်။ ဆိပ်ကမ်းမှာ စစ်သင်္ဘောလှုပ်ရှားမှု နည်းပါးသွားပေမယ့် လုံခြုံရေး အစီအမံတွေကို တိုးမြှင့်ထားကြောင်း သိသာနေပါတယ်။

မော်စကိုရဲ့ရေတပ်အင်အား ချည့်နဲ့သွားအောင် ဆက်လက်ကြိုးစားနေတဲ့ ယူကရိန်းကလည်း ပင်လယ် နက်ရေပြင်ရှိ ကင်းလှည့်သင်္ဘောတွေနဲ့ တွန်းသင်္ဘောမျိုးတို့လို ရုရှားသင်္ဘောငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ဒါဟာ ယူကရိန်း တို့အတွက် အောင်မြင်ခဲ့ပြီး ပဋိပက္ခမှာ အပြုသဘော ဆောင်တဲ့ အချိုးအကွေ့ တစ်ခုလည်း ဖြစ်ပါတယ်။ ယူကရိန်းလုံခြုံရေးဌာနဟာ ဝေဟင်/ရေပြင်သွား ဒရုန်းတွေနဲ့ ရုရှားသင်္ဘောတွေကို ဖျက်ဆီးခြင်း မောင်းထုတ်ခြင်းတွေကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ယူကရိန်းတို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်စေဖို့ အထောက်အကူပေးခဲ့ပြီး စစ် ဆင်ရေးအတွက် ဗျူဟာမြောက် အကျိုးကျေးဇူးတွေ ရရှိခဲ့တယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

zawgyi version
ယူကရိန္းရဲ႕ ဒ႐ုန္းနဲ႔ တာေဝးပစ္ ဒုံးက်ည္ေတြေၾကာင့္ ပင္လယ္နက္႐ုရွားေရတပ္စခန္း ေပါက္ကြဲပ်က္စီးေနပုံ ၿဂိဳဟ္တုဓာတ္ပုံေတြ ထြက္ေပၚလာ
Htay Oung (NP News) - ဇြန္ ၂၅

ယူကရိန္းတို႔ဟာ လက္နက္နဲ႔ ေဖာက္ခြဲေရး ပစၥည္းတင္ ဒ႐ုန္းေတြ၊ တာေဝးပစ္ဒုံးက်ည္ေတြကို အသုံးျပဳေနပါတယ္။ အေမရိကန္နဲ႔ အေနာက္အုပ္စုက ေပးအပ္ထားတဲ့ လက္နက္ေတြကို အသုံးျပဳၿပီး ပင္လယ္နက္ေရျပင္ကို ကာလရွည္ ထိန္းခ်ဳပ္ထားတဲ့ သိမ္းပိုက္ခံ ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ႐ုရွားစစ္ဌာန ခ်ဳပ္နဲ႔ ႐ုရွားပင္လယ္နက္ေရတပ္ကို တျခား အေဝး တစ္ေနရာ အေျခစိုက္စခန္းေတြဆီကို ထြက္ခြာသြားေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ “Business insider” သတင္းဌာနက ဇြန္လ ၂၁ ရက္မွာ ေရးသားပါတယ္။

ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ဆီဗက္စတိုလ္ပို ၿမိဳ႕ မွာ အေျခစိုက္ထားတဲ့ ႐ုရွားပင္လယ္နက္ေရတပ္ ဌာနခ်ဳပ္ဟာ ေမာ္စကိုအတြက္ သမိုင္းတစ္ေလွ်ာက္ မဟာဗ်ဴဟာေျမာက္ အေရးပါပါတယ္။ ႐ုရွားဘာသာ စကားေျပာဆိုသူ အမ်ားစုေနထိုင္ရာ ခ႐ိုင္မီးယားကြၽန္းဆြယ္ကို ယူကရိန္းအေရွ႕ပိုင္းသား အဲဒီအခ်ိန္ ဆိုဗီယက္ယူနီယံကြန္ျမဴနစ္ပါတီေခါင္းေဆာင္ နီကီ တာခ႐ူးေရွာ့ဗ္က ၁၉၅၄ ခုႏွစ္မွာ ယူကရိန္းပိုင္နက္အတြင္း ထည့္သြင္းေပးခဲ့ပါတယ္။ ၁၉၉၁ ခုႏွစ္ ဆိုဗီ ယက္ယူနီယံၿပိဳကြဲၿပီး ယူကရိန္းဟာ သီးျခားလြတ္လပ္ တဲ့ ႏိုင္ငံျဖစ္လာပါတယ္။ ကိယက္ဗ္မွာ အေနာက္အုပ္စု ႏိုင္ငံေရးသမားေတြ၊ သံတမန္ေတြ၊ NGOs အဖြဲ႕ အစည္းေတြနဲ႔ ဝင္ထြက္မႈပိုမိုလာၿပီး ယခင္ဆန႔္က်င္ ဘက္ျဖစ္ခဲ့တဲ့ အေနာက္အုပ္စုရဲ႕ ဥေရာပဘုံေဈး အတြင္း ဝင္ေရာက္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။ ဗလာဒီမာပူတင္လက္ထက္ စစ္ေရး၊ စီးပြားေရး အင္အား ႀကီးထြားလာတဲ့ ႐ုရွားႏိုင္ငံက အဲဒီအခ်ိန္ထိ ဘာမွဝင္ေရာက္ဖြက္ဖက္ျခင္းမရွိခဲ့ပါ။

ယူကရိန္းႏိုင္ငံအတြင္းမွာ နာဇီလက္သစ္ အမ်ိဳး သားေရးဝါဒီနဲ႔ အေဇာ့ျပည္သူ႔စစ္ေတြမင္းမူေသာင္းက်န္းလာၿပီး ၂၀၁၄ ခုႏွစ္မွာ “ဂုဏ္သိကၡာ ေတာ္လွန္ ေရး”လူထုအုံႂကြမႈနဲ႔အတူ ႐ုရွားလိုလားတဲ့ သမၼတ ယာန်ဴကိုဗစ္ခ်္ ထြက္ေျပးသြားရပါတယ္။ အဲဒီေနာက္ ႐ုရွားဘာသာစကားေျပာဆိုသူမ်ားကို ကာကြယ္ဖို႔ အေၾကာင္းျပခ်က္နဲ႔ ႐ုရွားက ခ႐ိုင္မီးယားကြၽန္းဆြယ္ ကို သိမ္းပိုက္လိုက္ပါတယ္။ ေမာ္စကိုရဲ႕ ပင္လယ္ေရ တပ္မေတာ္ဌာနခ်ဳပ္လည္း ျပန္လည္အသက္ဝင္လာ ၿပီး တစ္ဆက္တည္းရွိေနတဲ့ ယူကရိန္းအေရွ႕ပိုင္းမွ ခြဲထြက္ေရးပုန္ကန္သူေတြကို ေထာက္ပံ့ကူညီလာခဲ့ ပါတယ္။ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီမွာ ယူကရိန္းႏိုင္ငံ အတြင္း ႐ုရွားတပ္ေတြ အတိအလင္း ဝင္ေရာက္ခဲ့ၿပီး စစ္ပြဲႀကီး စတင္ျဖစ္လာခဲ့ပါတယ္။ စစ္ပြဲအတြင္း ကိယက္ဗ္ဘက္က အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုကကူညီေနခဲ့ရာမွာ လူသားခ်င္း စာနာမႈဆိုင္ရာပစၥည္းေတြနဲ႔ ေငြေၾကးဆိုင္ရာအ ေထာက္အပံ့အမ်ားစုျဖစ္ပါတယ္။ စစ္လက္နက္ ယႏၲရားအမ်ားအျပားလည္းပါဝင္ခဲ့ေပမယ့္ အဲဒီပစၥည္းေတြကို ယူကရိန္းႏိုင္ငံဧရိယာအတြင္းမွာသာ အသုံးျပဳရမွာျဖစ္ၿပီး အဲဒီလက္နက္ေတြနဲ႔ ႐ုရွားပိုင္နက္အ တြင္း တိုက္ခိုက္ျခင္းမျပဳဖို႔တားျမစ္ထားပါတယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္မွာေတာ့ အဲဒီကန႔္သတ္ခ်က္ ကို အေနာက္အုပ္စုက ပယ္ဖ်က္လိုက္ပါတယ္။ ခ႐ိုင္ မီးယားကြၽန္းဆြယ္ အေနာက္ေတာင္ဘက္ ႐ုရွားစစ္သေဘၤာေတြဆိုက္ကပ္ရာ ဆီဗက္စတို ပိုလ္ဆိပ္ကမ္း ကို ယမန္ႏွစ္မွာ ယူကရိန္းတို႔က အဆက္မျပတ္တိုက္ ခိုက္တဲ့အတြက္ အေရွ႕ေတာင္ဘက္ ဖိုဒက္ဆီရာ ဆိပ္ကမ္းကို အေတာ္မ်ားမ်ား ေ႐ႊ႕ေျပာင္းသြားခဲ့ရပါတယ္။ ပင္လယ္နက္ေရတပ္ အေဆာက္အအုံေတြကို ကာကြယ္ဖို႔အတြက္ ႐ုရွားဘက္ျခမ္းမွာရွိတဲ့ ႏိုဗို႐ိုဆီ ယက္ဆိပ္ကမ္းကို ေနာက္တစ္ဖန္ ေ႐ႊ႕ေျပာင္းသြားခဲ့ရျပန္ပါတယ္။

ေျမကမာၻပုံေဖာ္ေရးအတြက္ အေမရိကန္ ဟဲရစ္ေကာ္ပိုေရးရွင္းက လႊတ္တင္ထားတဲ့ အာကာသ အေျချပဳ “ဘလက္စကိုင္း” ၿဂိဳဟ္တုစနစ္ဟာ ကမာၻအရပ္ရပ္ေျမမ်က္ႏွာသြင္ျပင္ေတြကို အခ်ိန္နဲ႔တစ္ေျပးညီ ဓာတ္ပုံ႐ိုက္ကူးမွတ္တမ္းတင္ေနပါတယ္။ ယခုေနာက္ဆုံး႐ိုက္ကူးခဲ့တဲ့ ဘလက္စကိုင္းရဲ႕ ဓါတ္ပုံေတြအရဆိုလွ်င္ ယူကရိန္းအေနနဲ႔ ေအာင္ ျမင္မႈေတြရရွိေနတယ္လို႔ အဓိပၸါယ္ထြက္ေနပါတယ္။ ကိုယ္ပိုင္ေရတပ္မရွိတဲ့ ကိယက္ဗ္ဟာ ႐ုရွားစစ္ သေဘၤာေတြအတြက္ အံ့အားသင့္ဖြယ္ဆုံးရႈံးမႈေတြ ျဖစ္ေပၚေစခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ သီးႏွံနဲ႔ ထြက္ကုန္ေတြတင္ပို႔ျခင္းျဖင့္ သူ႔ႏိုင္ငံစီးပြားေရးကို ပံ့ပိုးကူညီဖို႔ အေရးႀကီး ေရေၾကာင္းစႀကႍတစ္ခုကိုလည္း ဖြင့္လွစ္ဖို႔ အခြင့္သာလာခဲ့ပါတယ္။ ယူကရိန္းအေနနဲ႔ ပင္လယ္နက္အတြင္း ပစ္မွတ္ေတြကို နစ္ျမဳပ္-ဖ်က္ဆီး သို႔မဟုတ္ ထိခိုက္ေစဖို႔အတြက္ သူ႔ရဲ႕ ျပည္တြင္းထုတ္ ေရေၾကာင္းသုံး ဒ႐ုန္းေတြနဲ႔ ဒုံးက်ည္ေတြကိုသာ အသုံးျပဳေနရဆဲျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ အေမရိကန္ ကာကြယ္ေရး ဝန္ႀကီး လြိဳက္ေအာ္စတင္က ေျပာခဲ့ပါတယ္။

ယူကရိန္း စစ္ပြဲကာလတစ္ေလွ်ာက္လုံး ကိယက္ဗ္ရဲ႕ တိုက္ခိုက္မႈေတြဟာ ဆက္တိုက္ျဖစ္ပြား ေနခဲ့ေပမယ့္ စက္တင္ဘာလအထိ ႐ုရွားပင္လယ္နက္ တိုက္ခိုက္ေရးေရယာဥ္စုအေနတဲ့ တစ္စုံတစ္ရာ ေ႐ႊ႕ေျပာင္းျခင္း မရွိခဲ့ပါဘူး။ ဆီဗက္စတိုပိုလ္ ႐ုရွား ေရယာဥ္စုဌာခ်ဳပ္နဲ႔ သေဘၤာက်င္းကို အေနာက္ႏိုင္ငံလုပ္ ခ႐ုဇ္ဒုံးက်ည္ ႏွစ္စင္းထိမွန္ခဲ့ၿပီးေနာက္ ေ႐ႊ႕ေျပာင္းသြားျခင္းျဖစ္ပါတယ္။ အဲဒီျဖစ္ရပ္ဟာ ႐ုရွားေရတပ္စစ္ဆင္ေရးအင္အားမ်ားကို ပင္လယ္နက္ တျခားေနရာေတြထံေ႐ႊ႕ေျပာင္းရဖို႔ ျဖစ္ႏိုင္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေစာင္းပါးရိပ္ေျခ ေျပာပါတယ္။ ဆီဗက္စတိုပိုလ္ဆိပ္ကမ္းမွာ ဆိုက္ ကပ္ထားတဲ့ ႐ုရွားသေဘၤာအေရအတြက္ကလည္း က်ဆင္းလာၿပီး ခ႐ိုင္းမီးယား အေနာက္ေတာင္ဘက္ ဖိုဒက္ဆီရာဆိပ္ကမ္းနဲ႔ ႐ုရွားဘက္ျခမ္းမွာရွိတဲ့ ႏိုဗို႐ိုဆီယက္ဆိပ္ကမ္းတို႔မွာ မ်ားျပားလာေၾကာင္း ဘလက္စကိုင္းရဲ႕ ၿဂိဳဟ္တုဓာတ္ပုံေတြက ေဖာ္ျပေနပါ တယ္။ ယူကရိန္းရဲ႕ ေနာက္ထပ္တိုက္ခိုက္မႈေတြကေန ေရွာင္ရွားလိုတဲ့ ႐ုရွားရဲ႕ ဗ်ဴဟာတစ္ခု ျဖစ္ပုံရပါတယ္။ ဆီဗက္စတိုပိုလ္ၿမိဳ႕တိုက္ခိုက္မႈေတြ မတိုင္မီနဲ႔ တိုက္ ခိုက္ခံရအၿပီး ႐ိုက္ကူးထားတဲ့ ၿဂိဳဟ္တုဓာတ္ပုံေတြ အရ ႐ုရွားပင္လယ္နက္ေရတပ္မေတာ္မွာ ေဒသတြင္း တျခားဆိပ္ကမ္းေတြဆီ ေျပာင္းေ႐ႊ႕ထားတာေၾကာင့္ ၿမိဳ႕ေတာ္ရဲ႕ဆိပ္ကမ္းမွာ သေဘၤာအနည္းငယ္သာ ရွိေတာ့ေၾကာင္း ေတြ႕ျမင္ေနရပါတယ္။ ဆိပ္ကမ္းမွာ စစ္သေဘၤာလႈပ္ရွားမႈ နည္းပါးသြားေပမယ့္ လုံၿခဳံေရး အစီအမံေတြကို တိုးျမႇင့္ထားေၾကာင္း သိသာေနပါတယ္။

ေမာ္စကိုရဲ႕ေရတပ္အင္အား ခ်ည့္နဲ႔သြားေအာင္ ဆက္လက္ႀကိဳးစားေနတဲ့ ယူကရိန္းကလည္း ပင္လယ္ နက္ေရျပင္ရွိ ကင္းလွည့္သေဘၤာေတြနဲ႔ တြန္းသေဘၤာမ်ိဳးတို႔လို ႐ုရွားသေဘၤာငယ္ေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနပါတယ္။ ဒါဟာ ယူကရိန္း တို႔အတြက္ ေအာင္ျမင္ခဲ့ၿပီး ပဋိပကၡမွာ အျပဳသေဘာ ေဆာင္တဲ့ အခ်ိဳးအေကြ႕ တစ္ခုလည္း ျဖစ္ပါတယ္။ ယူကရိန္းလုံၿခဳံေရးဌာနဟာ ေဝဟင္/ေရျပင္သြား ဒ႐ုန္းေတြနဲ႔ ႐ုရွားသေဘၤာေတြကို ဖ်က္ဆီးျခင္း ေမာင္းထုတ္ျခင္းေတြကို ေအာင္ျမင္စြာ လုပ္ေဆာင္ ႏိုင္ခဲ့ပါတယ္။ ယူကရိန္းတို႔ရဲ႕ ရည္မွန္းခ်က္ကို ေအာင္ျမင္ေစဖို႔ အေထာက္အကူေပးခဲ့ၿပီး စစ္ ဆင္ေရးအတြက္ ဗ်ဴဟာေျမာက္ အက်ိဳးေက်းဇူးေတြ ရရွိခဲ့တယ္လို႔ သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။

Related news

© 2021. All rights reserved.