အမေရိကန် အစုအပြုံလိုက် သေနတ်ပစ်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ
3490
Htay Oung (NP News) - ဇွန် ၂၅
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ စောစောပိုင်း အမေရိကန်နိုင်ငံမှာ ပြည်နယ် ၄ ခု အစုအပြုံလိုက် သေနတ်ပစ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ နယူးယောက်၊ အလာဘားမား၊ မစ်ဆိုရီနဲ့ အိုဟိုင်းယိုးပြည်နယ်တို့မှာ သေနတ်ပစ်ခံရ မှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံးပြီ ၃၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဂါးဒီးယန်း က ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၃ ရက်မှာ ရေးသားခဲ့ပါတယ်။
အဲဒီမတိုင်ခင် သောကြာနေ့ အာကင်ဆောပြည်နယ် ဂေရာ့ဆရီကုန်စုံဆိုင်မှာ အစုအပုံလိုက် သေနတ်ပစ်ခံခဲ့ရရာ လေးဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စနေနေ့ ကင်တပ်ကီပြည်နယ် နိုက်ကလပ်တစ်ခုမှာလည်း လူစုလူဝေးအတွင်း သေနတ်နဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ရပြီးပါပြီ။ ဒီအတွက် အမေရိကန်နိုင်ငံမှာ အစုအပုံလိုက် သေနတ်ပစ်ခံရမှုတွေဟာ ၃ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
ဒီလိုအကြမ်းဖက်မှုတွေဟာ ယခုနှစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့အထိ အမေရိကန်ပြည်တွင်း အစုလိုက်အပြုံလိုက် သေနတ်ပစ်ခံရမှုအရေအတွက် ၂၄ဝ ထက်မနည်းရှိနေပြီး နေ့စဉ်ပျမ်းမျှ တစ်ကြိမ်ထက်မက ပိုမိုများပြားနေတယ် လို့ သေနတ်ကိုင်ကျူးလွန်မှုမှတ်တမ်းဌာန အဆိုအရ သိရှိပါတယ်။
အမေရိကန်နိုင်ငံသမိုင်းတစ်လျောက်မှာ ရီပတ်ဘလစ်ကင်တို့က လူတိုင်းလွတ်လပ်စွာ သေန်ကိုင်ဆောင်ခွင့်ကို ထောက်ခံပြီး ဒီမိုကရက်တစ်တို့က ဆန့်ကျင်ပါတယ်။ ပါတီစြဲမထားပဲ ပြုစုထားတဲ့မှတ်တမ်းများအချက်အလက် များဟာ သေဆုံး (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိသူ လေးဦးနဲ့အထက် ရှိမှသာလျှင် အစုအပုံလိုက် သေနတ်ပစ်ခံရမှု လို့ သတ်မှတ်ပါတယ်။
အမေရိကန်ပြည်တွင်း အခုလိုအစုလိုက်အပြုံလိုက် သေနတ်ပစ်ခံရမှုနှုန်း မြင့်မားနေခြင်းဟာ သေနတ်ကိုင်ဆောင် မှုကို ပိုမိုထိန်းချုပ်ဖို့ အများလူထုအတွက် တောင်းဆိုစရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ဖက်ဒရယ်အစိုးရအနေနဲ့ ပြည်သူလူထုတောင်းဆိုတိုင်းလည်း လုပ်မပေးနိုင် (သို့မဟုတ်) လုပ်ပေးချင်စိတ် မရှိလို့ လည်း ဖြစ်နိုင်ပါတယ်။
မောင်းပြန်စက်သေနတ်မျိုးတို့လို လျင်မြန်စွာ ပစ်ခတ်နိုင်တဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းများအပေါ် ပိတ်ပင်ထား တဲ့ ဖက်ဒရယ်အစိုးရရဲ့"bump stocks" တားမြစ်ချက်ကို ဇွန်လဆန်းပိုင်း အမေရိကန်တရားရုံးချုပ်က ပယ်ဖျက် လိုက်ပြီးနောက် ရက်သတ္တတစ်ပတ်ခန့်အကြာမှာ ယခုလို သွေးထွက်သံယိုမှုများ ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။
ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အမ်ားစု တရားရုံးက ၆ မဲ ၃ မဲနဲ့ ဆုံးဖြတ်ချက်ကို ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်က ရှုတ်ချခဲ့ပါတယ်။ လူ့အသက်တွေကို ကယ်တင်ဖို့ အတွက် မောင်းပြန်စက်သေနတ်နဲ့ စစ်သုံးချေမှုန်းရေး လက်နက်တွေကို တားမြစ်ဖို့ နောက်တစ်ဖန် ဥပဒေပြဌာန်းပေးရန် ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုကြောင်း၊ ဥပဒေကြမ်းဖြစ်လာရင် ချက်ချင်းလက်မှတ်ထိုးပေးပါ့မယ်လို့လည်း ပြောပါတယ်။
တနင်္ဂနွေနေ့ အကြမ်းဖက်မှုမှာ ဘယ်လိုသေနတ် သို့မဟုတ် လက်နက်ဆက်စပ်ပစ္စည်းများကို အသုံးပြုခဲ့တယ် ဆိုတာ ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာ မပါဝင်ပါဘူး။ ဒါပေမယ့် တရားရုံးချုပ်ကတော့ "bump stocks" တားမြစ်ရုံနဲ့ သာမန်ပြည်သူလူထုရဲ့ဘေးကင်းလုံခြုံရေးအပေါ်အထောက်အကူမပြုဘူးလို့ အပြီးသတ်ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နယူးယောက် ရိုချက်စတာမြို့ရှိ ပန်းခြံတစ်ခုမှာ အငြင်းအခုံဖြစ်ပွားရာမှ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး အခြားလူခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး ဖြစ်ပြီး ၁၈၊ ၂၁ နဲ့ ၃၃ နှစ်ကြား အမျိုးသား ၃ ဦး၊ အသက် ၂၀ နဲ့ ၂၅ နှစ်ကြား အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရရှိကြောင်း၊ အခင်းဖြစ်ပွားပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဒုတိယအဆင့် လက်ရောက်စော်ကားမှု၊ အစိုးရအုပ်ချုပ်ရေးအပေါ် နှောင့်ယှက်မှု၊ ဒုတိယအဆင့် နှောင့်ယှက်မှု၊ ဖမ်းဆီးရာမှာ ခုခံကာကွယ်မှုတို့နဲ့ စွဲချက် တင်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရပါတယ်။
တနင်္ဂနွေနေ့ နံနက်စောစော ၁ နာရီ ၄၅ မိနစ်ခန့် အလာဘားမားပြည်နယ် မြန္ဂိုမာရီမွာ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း၊ နော့သ်ပတ်စ်ဒေသ ပါတီပြဲတစ္ခုမွာ သေနတ်အချက်ရေ ၆၀၀ ကျော် ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ နဲ့ မှုခင်းဆေးပညာရှင်များက ပြောပါတယ်။ မွန်ဂိုမာရီမြို့တော်ဝန်ကတော့ အခင်းဖြစ်ပွားရာမှာ လူ ၉-ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဝရုန်းသုန်းကားပြေးလွှားကြတဲ့အတွက် နောက်ထပ် ၄-ဦးထက်မနည်း ဒဏ်ရာရရှိ တယ်လို့ ဆိုပါတယ်။ ထိခိုက်သူ ၉ ဦးဟာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် သုံးဦးလည်း ပါဝင်တယ်လို့ ပြောပါ တယ်။ ဒါပေမယ့် သံသယရွိသူ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ဘာ့ကြောင့် ပစ်ခတ်မှုဖြစ်ရတယ်ဆိုတာကိုတော့ လောလောဆယ် အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
တနင်္ဂနွေနေ့ နံနက် ၂ နာရီခွဲခန့်က မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့လယ်မှာ ဖြစ်ပွားတဲ့ သေနတ်ပစ်ခတ်မှုမှာတော့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး၊ ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ အခြေအနေ စိုးရိမ်ရ ကြောင်း၊ ထိခိုက်သေဆုံးသူအများစုမှာ အသက် ၂ဝ ဝန်းကျင်အရွယ်များသာ ရှိသေးကြောင်း အမျိုးသမီးအုပ်စုကြား ခိုက်ရန်ဖြစ်ပွားရာမှ အမျိုးသားတွေ ပါဝင်လာခဲ့တယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသခံ သတင်းစာက ရေးပါတယ်။
အခြားဒေသခံသတင်းစာကတော့ သေဆုံးသူများ အားလုံးမှာ အသက် ၁၆ နှစ်မှ ၂၇ နှစ်ကြား အမျိုးသားများဖြစ်ကြ ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။
#အမေရိကန်အစုအပုံလိုက်သေနတ်ပစ်ခံရမှု
(The Guardian., 23 June 2024, Series of US mass shootings brings weekend of death and mayhem ကို #HtayOung #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Zawgyi Version;
အေမရိကန္ အစုအၿပဳံလိုက္ ေသနတ္ပစ္ခံရမႈ ဆက္တိုက္ျဖစ္ပြားေန
Htay Oung (NP News) - ဇြန္ ၂၅
လြန္ခဲ့တဲ့ တနဂၤေႏြေန႔ ေစာေစာပိုင္း အေမရိကန္ႏိုင္ငံမွာ ျပည္နယ္ ၄ ခု အစုအၿပဳံလိုက္ ေသနတ္ပစ္ခံရမႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ပါတယ္။ နယူးေယာက္၊ အလာဘားမား၊ မစ္ဆိုရီနဲ႔ အိုဟိုင္းယိုးျပည္နယ္တို႔မွာ ေသနတ္ပစ္ခံရ မႈေၾကာင့္ လူတစ္ဦးထက္မနည္း ေသဆုံးၿပီ ၃၄ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ဂါးဒီးယန္း က ၂ဝ၂၄ ခုႏွစ္ ဇြန္လ ၂၃ ရက္မွာ ေရးသားခဲ့ပါတယ္။
အဲဒီမတိုင္ခင္ ေသာၾကာေန႔ အာကင္ေဆာျပည္နယ္ ေဂရာ့ဆရီကုန္စုံဆိုင္မွာ အစုအပုံလိုက္ ေသနတ္ပစ္ခံခဲ့ရရာ ေလးဦးေသဆုံးၿပီး ကိုးဦး ဒဏ္ရာရရွိခဲ့ပါတယ္။ စေနေန႔ ကင္တပ္ကီျပည္နယ္ ႏိုက္ကလပ္တစ္ခုမွာလည္း လူစုလူေဝးအတြင္း ေသနတ္နဲ႔ပစ္ခတ္မႈေၾကာင့္ တစ္ဦးေသဆုံး ခုႏွစ္ဦး ဒဏ္ရာရရွိခဲ့ရၿပီးပါၿပီ။ ဒီအတြက္ အေမရိကန္ႏိုင္ငံမွာ အစုအပုံလိုက္ ေသနတ္ပစ္ခံရမႈေတြဟာ ၃ ရက္ဆက္တိုက္ျဖစ္ပြားခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။
ဒီလိုအၾကမ္းဖက္မႈေတြဟာ ယခုႏွစ္ ၿပီးခဲ့တဲ့တနဂၤေႏြေန႔အထိ အေမရိကန္ျပည္တြင္း အစုလိုက္အၿပဳံလိုက္ ေသနတ္ပစ္ခံရမႈအေရအတြက္ ၂၄ဝ ထက္မနည္းရွိေနၿပီး ေန႔စဥ္ပ်မ္းမွ် တစ္ႀကိမ္ထက္မက ပိုမိုမ်ားျပားေနတယ္ လို႔ ေသနတ္ကိုင္က်ဴးလြန္မႈမွတ္တမ္းဌာန အဆိုအရ သိရွိပါတယ္။
အေမရိကန္ႏိုင္ငံသမိုင္းတစ္ေလ်ာက္မွာ ရီပတ္ဘလစ္ကင္တို႔က လူတိုင္းလြတ္လပ္စြာ ေသန္ကိုင္ေဆာင္ခြင့္ကို ေထာက္ခံၿပီး ဒီမိုကရက္တစ္တို႔က ဆန႔္က်င္ပါတယ္။ ပါတီၿစဲမထားပဲ ျပဳစုထားတဲ့မွတ္တမ္းမ်ားအခ်က္အလက္ မ်ားဟာ ေသဆုံး (သို႔မဟုတ္) ထိခိုက္ဒဏ္ရာရရွိသူ ေလးဦးနဲ႔အထက္ ရွိမွသာလွ်င္ အစုအပုံလိုက္ ေသနတ္ပစ္ခံရမႈ လို႔ သတ္မွတ္ပါတယ္။
အေမရိကန္ျပည္တြင္း အခုလိုအစုလိုက္အၿပဳံလိုက္ ေသနတ္ပစ္ခံရမႈႏႈန္း ျမင့္မားေနျခင္းဟာ ေသနတ္ကိုင္ေဆာင္ မႈကို ပိုမိုထိန္းခ်ဳပ္ဖို႔ အမ်ားလူထုအတြက္ ေတာင္းဆိုစရာ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ေယဘုယ်အားျဖင့္ ဖက္ဒရယ္အစိုးရအေနနဲ႔ ျပည္သူလူထုေတာင္းဆိုတိုင္းလည္း လုပ္မေပးႏိုင္ (သို႔မဟုတ္) လုပ္ေပးခ်င္စိတ္ မရွိလို႔ လည္း ျဖစ္ႏိုင္ပါတယ္။
ေမာင္းျပန္စက္ေသနတ္မ်ိဳးတို႔လို လ်င္ျမန္စြာ ပစ္ခတ္ႏိုင္တဲ့ လက္နက္နဲ႔ ဆက္စပ္ပစၥည္းမ်ားအေပၚ ပိတ္ပင္ထား တဲ့ ဖက္ဒရယ္အစိုးရရဲ႕"bump stocks" တားျမစ္ခ်က္ကို ဇြန္လဆန္းပိုင္း အေမရိကန္တရား႐ုံးခ်ဳပ္က ပယ္ဖ်က္ လိုက္ၿပီးေနာက္ ရက္သတၱတစ္ပတ္ခန႔္အၾကာမွာ ယခုလို ေသြးထြက္သံယိုမႈမ်ား ေပၚေပါက္လာရျခင္းျဖစ္ပါတယ္။
ေရွး႐ိုးစြဲ ကြန္ဆာေဗးတစ္ အမ္ားစု တရား႐ုံးက ၆ မဲ ၃ မဲနဲ႔ ဆုံးျဖတ္ခ်က္ကို ဒီမိုကရက္တစ္သမၼတ ဂ်ိဳးဘိုင္ဒန္က ရႈတ္ခ်ခဲ့ပါတယ္။ လူ႔အသက္ေတြကို ကယ္တင္ဖို႔ အတြက္ ေမာင္းျပန္စက္ေသနတ္နဲ႔ စစ္သုံးေခ်မႈန္းေရး လက္နက္ေတြကို တားျမစ္ဖို႔ ေနာက္တစ္ဖန္ ဥပေဒျပဌာန္းေပးရန္ ကြန္ဂရက္လႊတ္ေတာ္ကို ေတာင္းဆိုေၾကာင္း၊ ဥပေဒၾကမ္းျဖစ္လာရင္ ခ်က္ခ်င္းလက္မွတ္ထိုးေပးပါ့မယ္လို႔လည္း ေျပာပါတယ္။
တနဂၤေႏြေန႔ အၾကမ္းဖက္မႈမွာ ဘယ္လိုေသနတ္ သို႔မဟုတ္ လက္နက္ဆက္စပ္ပစၥည္းမ်ားကို အသုံးျပဳခဲ့တယ္ ဆိုတာ ရဲတပ္ဖြဲ႕ရဲ႕သတင္းထုတ္ျပန္ခ်က္မွာ မပါဝင္ပါဘူး။ ဒါေပမယ့္ တရား႐ုံးခ်ဳပ္ကေတာ့ "bump stocks" တားျမစ္႐ုံနဲ႔ သာမန္ျပည္သူလူထုရဲ႕ေဘးကင္းလုံၿခဳံေရးအေပၚအေထာက္အကူမျပဳဘူးလို႔ အၿပီးသတ္ဆုံးျဖတ္ခဲ့ ျခင္းျဖစ္ပါတယ္။
တနဂၤေႏြေန႔ နယူးေယာက္ ႐ိုခ်က္စတာၿမိဳ႕ရွိ ပန္းၿခံတစ္ခုမွာ အျငင္းအခုံျဖစ္ပြားရာမွ လူတစ္ေယာက္ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရၿပီး အျခားလူေျခာက္ဦး ဒဏ္ရာရခဲ့ပါတယ္။ ေသဆုံးသူမွာ အသက္ ၁၇ ႏွစ္အ႐ြယ္ ေယာက္်ားေလး ျဖစ္ၿပီး ၁၈၊ ၂၁ နဲ႔ ၃၃ ႏွစ္ၾကား အမ်ိဳးသား ၃ ဦး၊ အသက္ ၂၀ နဲ႔ ၂၅ ႏွစ္ၾကား အမ်ိဳးသမီး ၂ ဦးတို႔ ဒဏ္ရာရရွိေၾကာင္း၊ အခင္းျဖစ္ပြားၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးခဲ့ၿပီး ဒုတိယအဆင့္ လက္ေရာက္ေစာ္ကားမႈ၊ အစိုးရအုပ္ခ်ဳပ္ေရးအေပၚ ေႏွာင့္ယွက္မႈ၊ ဒုတိယအဆင့္ ေႏွာင့္ယွက္မႈ၊ ဖမ္းဆီးရာမွာ ခုခံကာကြယ္မႈတို႔နဲ႔ စြဲခ်က္ တင္ထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရွိရပါတယ္။
တနဂၤေႏြေန႔ နံနက္ေစာေစာ ၁ နာရီ ၄၅ မိနစ္ခန႔္ အလာဘားမားျပည္နယ္ ျမႏၢိဳမာရီမြာ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြား ခဲ့ေၾကာင္း၊ ေနာ့သ္ပတ္စ္ေဒသ ပါတီၿပဲတစၡဳမြာ ေသနတ္အခ်က္ေရ ၆၀၀ ေက်ာ္ ပစ္ခတ္ခဲ့ျခင္းျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ နဲ႔ မႈခင္းေဆးပညာရွင္မ်ားက ေျပာပါတယ္။ မြန္ဂိုမာရီၿမိဳ႕ေတာ္ဝန္ကေတာ့ အခင္းျဖစ္ပြားရာမွာ လူ ၉-ဦး ဒဏ္ရာရရွိ ခဲ့ၿပီး ဝ႐ုန္းသုန္းကားေျပးလႊားၾကတဲ့အတြက္ ေနာက္ထပ္ ၄-ဦးထက္မနည္း ဒဏ္ရာရရွိ တယ္လို႔ ဆိုပါတယ္။ ထိခိုက္သူ ၉ ဦးဟာ မစိုးရိမ္ရဒဏ္ရာမ်ား ရရွိခဲ့ၿပီး အဲဒီအထဲမွာ ကေလးငယ္ သုံးဦးလည္း ပါဝင္တယ္လို႔ ေျပာပါ တယ္။ ဒါေပမယ့္ သံသယ႐ြိသူ မည္သူမည္ဝါျဖစ္ေၾကာင္းနဲ႔ ဘာ့ေၾကာင့္ ပစ္ခတ္မႈျဖစ္ရတယ္ဆိုတာကိုေတာ့ ေလာေလာဆယ္ အေသးစိတ္သတင္းထုတ္ျပန္ျခင္းမရွိေသးပါဘူး။
တနဂၤေႏြေန႔ နံနက္ ၂ နာရီခြဲခန႔္က မစ္ဇူရီျပည္နယ္၊ စိန႔္လူးဝစ္ၿမိဳ႕လယ္မွာ ျဖစ္ပြားတဲ့ ေသနတ္ပစ္ခတ္မႈမွာေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံး၊ ငါးဦးထက္မနည္း ဒဏ္ရာရခဲ့ၿပီး တစ္ဦးမွာ အေျခအေန စိုးရိမ္ရ ေၾကာင္း၊ ထိခိုက္ေသဆုံးသူအမ်ားစုမွာ အသက္ ၂ဝ ဝန္းက်င္အ႐ြယ္မ်ားသာ ရွိေသးေၾကာင္း အမ်ိဳးသမီးအုပ္စုၾကား ခိုက္ရန္ျဖစ္ပြားရာမွ အမ်ိဳးသားေတြ ပါဝင္လာခဲ့တယ္လို႔ ယူဆရေၾကာင္း ရဲတပ္ဖြဲ႕ကို ကိုးကားၿပီး ေဒသခံ သတင္းစာက ေရးပါတယ္။
အျခားေဒသခံသတင္းစာကေတာ့ ေသဆုံးသူမ်ား အားလုံးမွာ အသက္ ၁၆ ႏွစ္မွ ၂၇ ႏွစ္ၾကား အမ်ိဳးသားမ်ားျဖစ္ၾက ၿပီး ၎တို႔အနက္ တစ္ဦးမွာ ဒဏ္ရာျပင္းထန္တယ္လို႔ ေျပာပါတယ္။
#အေမရိကန္အစုအပုံလိုက္ေသနတ္ပစ္ခံရမႈ
(The Guardian., 23 June 2024, Series of US mass shootings brings weekend of death and mayhem ကို #HtayOung #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)