ပညတ်တော်ဆယ်ပါးနှင့်စပ်လျဉ်းသည့်ဥပဒေကို ပြဋ္ဌာန်းခြင်းကြောင့် လူဝီစီယားနားပြည်နယ် အစိုးရအား တရားစွဲဆို

 949

ALynn (NP News) - ဇွန် ၂၇

လူဝီစီယားနားပြည်နယ်အစိုးရသည် စာသင်ခန်းများတွင် ပညတ်တော်ဆယ်ပါးကို ချိတ်ဆွဲထားရှိရန် ဥပဒေသစ် ပြဋ္ဌာန်းခဲ့ခြင်းကြောင့် American Civil Liberties Union (ACLU) နှင့် အခြားသောတက်ကြွလှုပ်ရှားသူအဖွဲ့များ သည် မိသားစုကိုးစုနှင့် ပူးပေါင်းကာ တရားစွဲရန် ကြိုးပမ်းခဲ့သည်။ ၎င်းအမှုကို Baton Rouge တွင်ရှိသည့် အမေရိကန်ခရိုင်တရားရုံး၌ တနင်္လာနေ့ (ဇွန်လ ၂၄ ရက်) က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ၎င်းအငြင်းပွားဖွယ်ဥပဒေ သည် မိဘများက ၎င်းတို့ကိုးကွယ်ရာဘာသာရေးတွင် သားသမီးများကို ပြုစုပျိုးထောင်နိုင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခွင့်အရေးကို သိသိသာသာ အနှောင့်အယှက်ပေးနေသည်ဟု တရားစွဲဆိုထားသည်။ ပြည်နယ်အစိုးရက ယင်းကဲ့သို့ ဘာသာရေးတစ်ခုတည်းကိုသာ ဦးတည်သည့်ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးပမ်းခြင်းသည် ဘာသာရေး ယုံကြည်ချက်ကွဲပြားသော ကျောင်းသားများအတွက် အန္တရာယ်ရှိစေသည်ဟု တရားစွဲဆိုခဲ့သည်။

အုပ်ချုပ်ရေးမှူး Jeff Landry သည် ပြီးခဲ့သည့် သီတင်းပတ်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး လူဝီစီယားနား ပြည်နယ်သည် အစိုးရကျောင်းများအားလုံးတွင် ပညတ်တော်ဆယ်ပါးကို ချိတ်ဆွဲထားရန် ညွှန်ကြားခဲ့သည့် ပထမဆုံးသော အမေရိကန်ပြည်နယ်ဖြစ်လာခဲ့သည်။ အထူးသဖြင့် ပရိုတက်စတင့်ဘာသာဖြင့်ပြန်ဆိုထားသည့် သမ္မာကျမ်းစာက အသုံးပြုရန် ပညတ်တရားက ပြဋ္ဌာန်းထားသည်။ ၎င်းသည် အစိုးရနှင့်ဆက်နွှယ်သည့် မူလတန်း နှင့် အလယ်တန်းကျောင်းများအပြင် တက္ကသိုလ်များအားလုံးနှင့် သက်ဆိုင်သည်။

လူဝီစီယားနားပြည်နယ်၊ Madisonville ရှိ Presbyterian ဘုရားကျောင်းမှ သင်းအုပ်ဆရာ Rev. Jeff Sims သည် တရားစွဲဆိုမှုတွင် ပါဝင်ခဲ့သည့် ဓမ္မဆရာနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။ “ပညတ်တော်ဆယ်ပါး၏ ဗားရှင်းတစ်မျိုးကို မျက်နှာသာပေးကာ အစိုးရကျောင်းများတွင် ချိတ်ဆွဲထားရန် အမိန့်ပေးခြင်းမှာ အစိုးရက ဘာသာရေးကိစ္စများကို ထိပါးသလိုဖြစ်နေသည်” ဟု Sims က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းဥပဒေသည် အမျိုးမျိုးသော ဘာသာကွဲများနှင့် ဘာသာမဲ့များကို ထိခိုက်နစ်နာစေသည်။ သမ္မတဟောင်းထရမ့် ကမူ ၎င်းဥပဒေ ပြဋ္ဌာန်းခြင်းကို ထောက်ခံခဲ့ပြီး ၎င်းအနေဖြင့် ပညတ်တော်ဆယ်ပါးကို အခြားသော ပြည်သူပိုင်နေရာများတွင်ပါ ချိတ်ဆွဲထားစေလိုကြောင်း သောကြာနေ့က ဖော်ပြခဲ့သည်။

Zawgyi Version;
ပညတ္ေတာ္ဆယ္ပါးႏွင့္စပ္လ်ဥ္းသည့္ဥပေဒကို ျပ႒ာန္းျခင္းေၾကာင့္ လူဝီစီယားနားျပည္နယ္ အစိုးရအား တရားစြဲဆို
ALynn (NP News) - ဇြန္ ၂၇

လူဝီစီယားနားျပည္နယ္အစိုးရသည္ စာသင္ခန္းမ်ားတြင္ ပညတ္ေတာ္ဆယ္ပါးကို ခ်ိတ္ဆြဲထားရွိရန္ ဥပေဒသစ္ ျပ႒ာန္းခဲ့ျခင္းေၾကာင့္ American Civil Liberties Union (ACLU) ႏွင့္ အျခားေသာတက္ႂကြလႈပ္ရွားသူအဖြဲ႕မ်ား သည္ မိသားစုကိုးစုႏွင့္ ပူးေပါင္းကာ တရားစြဲရန္ ႀကိဳးပမ္းခဲ့သည္။ ၎အမႈကို Baton Rouge တြင္ရွိသည့္ အေမရိကန္ခ႐ိုင္တရား႐ုံး၌ တနလၤာေန႔ (ဇြန္လ ၂၄ ရက္) က အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။ ၎အျငင္းပြားဖြယ္ဥပေဒ သည္ မိဘမ်ားက ၎တို႔ကိုးကြယ္ရာဘာသာေရးတြင္ သားသမီးမ်ားကို ျပဳစုပ်ိဳးေထာင္ႏိုင္သည့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပါ အခြင့္အေရးကို သိသိသာသာ အေႏွာင့္အယွက္ေပးေနသည္ဟု တရားစြဲဆိုထားသည္။ ျပည္နယ္အစိုးရက ယင္းကဲ့သို႔ ဘာသာေရးတစ္ခုတည္းကိုသာ ဦးတည္သည့္ဥပေဒကို ျပ႒ာန္းဖို႔ ႀကိဳးပမ္းျခင္းသည္ ဘာသာေရး ယုံၾကည္ခ်က္ကြဲျပားေသာ ေက်ာင္းသားမ်ားအတြက္ အႏၲရာယ္ရွိေစသည္ဟု တရားစြဲဆိုခဲ့သည္။

အုပ္ခ်ဳပ္ေရးမႉး Jeff Landry သည္ ၿပီးခဲ့သည့္ သီတင္းပတ္က ဥပေဒအျဖစ္ လက္မွတ္ေရးထိုးခဲ့ၿပီး လူဝီစီယားနား ျပည္နယ္သည္ အစိုးရေက်ာင္းမ်ားအားလုံးတြင္ ပညတ္ေတာ္ဆယ္ပါးကို ခ်ိတ္ဆြဲထားရန္ ၫႊန္ၾကားခဲ့သည့္ ပထမဆုံးေသာ အေမရိကန္ျပည္နယ္ျဖစ္လာခဲ့သည္။ အထူးသျဖင့္ ပ႐ိုတက္စတင့္ဘာသာျဖင့္ျပန္ဆိုထားသည့္ သမၼာက်မ္းစာက အသုံးျပဳရန္ ပညတ္တရားက ျပ႒ာန္းထားသည္။ ၎သည္ အစိုးရႏွင့္ဆက္ႏႊယ္သည့္ မူလတန္း ႏွင့္ အလယ္တန္းေက်ာင္းမ်ားအျပင္ တကၠသိုလ္မ်ားအားလုံးႏွင့္ သက္ဆိုင္သည္။

လူဝီစီယားနားျပည္နယ္၊ Madisonville ရွိ Presbyterian ဘုရားေက်ာင္းမွ သင္းအုပ္ဆရာ Rev. Jeff Sims သည္ တရားစြဲဆိုမႈတြင္ ပါဝင္ခဲ့သည့္ ဓမၼဆရာႏွစ္ဦးထဲမွ တစ္ဦးျဖစ္သည္။ “ပညတ္ေတာ္ဆယ္ပါး၏ ဗားရွင္းတစ္မ်ိဳးကို မ်က္ႏွာသာေပးကာ အစိုးရေက်ာင္းမ်ားတြင္ ခ်ိတ္ဆြဲထားရန္ အမိန႔္ေပးျခင္းမွာ အစိုးရက ဘာသာေရးကိစၥမ်ားကို ထိပါးသလိုျဖစ္ေနသည္” ဟု Sims က တနလၤာေန႔တြင္ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။ ၎ဥပေဒသည္ အမ်ိဳးမ်ိဳးေသာ ဘာသာကြဲမ်ားႏွင့္ ဘာသာမဲ့မ်ားကို ထိခိုက္နစ္နာေစသည္။ သမၼတေဟာင္းထရမ့္ ကမူ ၎ဥပေဒ ျပ႒ာန္းျခင္းကို ေထာက္ခံခဲ့ၿပီး ၎အေနျဖင့္ ပညတ္ေတာ္ဆယ္ပါးကို အျခားေသာ ျပည္သူပိုင္ေနရာမ်ားတြင္ပါ ခ်ိတ္ဆြဲထားေစလိုေၾကာင္း ေသာၾကာေန႔က ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.