အီးယူနိုင်ငံ့ခေါင်းဆောင်များက Von der Leyen ၏ နောက်သက်တမ်းအတွက် ဆက်လက် ထောက်ခံလျက်ရှိ
387
ALynn (NP News) - ဇွန် ၂၇
ဂျာမနီနိုင်ငံမှ Ursula von der Leyen သည် ဥရောပကော်မရှင်၏ ခေါင်းဆောင်အဖြစ် ဒုတိယသက်တမ်းအား တာဝန်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း ဘရပ်ဆဲလ်ရှိ သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းအများအပြား က ဖော်ပြခဲ့သည်။
အီးယူပါလီမန်ရှိ အဓိကအစုအဖွဲ့ (၃) ခု ကြား သဘောတူညီချက်အရ အက်စ်တိုးနီးယားဝန်ကြီးချုပ် Kaja Kallas သည် နိုင်ငံခြားရေးမူဝါဒကော်မရှင်နာအသစ်ဖြစ်လာမည်ဖြစ်ပြီး စပိန်နိုင်ငံမှ Josep Borrell နေရာတွင် အစားထိုး မည်ဖြစ်သည်။ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုကော်စတာသည် ယခင်က ဘယ်လ်ဂျီယံမှ Charles Michel တာဝန်ယူခဲ့သည့် ဥရောပကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အင်္ဂါနေ့ (ဇွန်လ ၂၅ ရက်) က ပြုလုပ်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်တွင် အစုအဖွဲ့ (၃) ခုကို ကိုယ်စားပြုနေသော နိုင်ငံ့ခေါင်းဆောင်ခြောက်ဦးက သဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်ဟု ရိုက်တာသတင်းမှာ ဖော်ပြထားသည်။ ပိုလန်ဝန်ကြီးချုပ် Donald Tusk နှင့် ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis တို့သည် ဗဟိုလက်ယာယိမ်း European People’s Party (EPP) ပါတီကိုယ်စား၊ ဂျာမန်အဓိပတိ Olaf Scholz နှင့် စပိန်ဝန်ကြီးချုပ် Pedro Sanchez တို့က Socialists & Democrats (S&D) ကိုယ်စားနှင့် ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဒတ်ချ်ဝန်ကြီးချုပ် Mark Rutte တို့က Renew Europe ပါတီကိုယ်စား ဆွေးနွေးခဲ့ကြသည်။
ဥရောပကောင်စီတွင် အဆိုပါအစီအစဉ်ကို အတည်ပြုရန် အဖွဲ့သုံးဖွဲ့က ထောက်ခံမဲ လုံလောက်စွာရရှိနေသော် လည်း အီးယူအဖွဲ့ဝင်နိုင်ငံအချို့မှ ခေါင်းဆောင်များက ၎င်းသဘောတူညီချက်အား လူသိရှင်ကြားဝေဖန်ခဲ့ကြ သည်။
ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban သည် အင်္ဂါနေ့က X မီဒီယာတွင် ဖော်ပြထားသော ၎င်းသဘောတူညီချက်ကို ဝေဖန်ခဲ့သည်။ “လက်ဝဲဝါဒီတွေ၊ လစ်ဘရယ်တွေနဲ့ EPP က ချုပ်ဆိုထားတဲ့ သဘောတူညီချက်ဟာ အီးယူအပေါ် အခြေခံထားတဲ့အရာအားလုံးကို ဆန့်ကျင်နေပါတယ်” ဟု ၎င်းက အခိုင်အမာပြောကြားခဲ့သည်။ “အားလုံး ပါဝင်လာရမယ့်အစား ကွဲလွဲမှုတွေကိုသာဖြစ်စေတယ်။ အီးယူထိပ်တန်းအရာရှိတွေက လက်ဝဲဝါဒီနှင့် လစ်ဘရယ် တွေအတွက်သာမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံတိုင်းကို ကိုယ်စားပြုသင့်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Orban ၏ အဆိုအရ မကြာသေးမီက အီးယူပါလီမန်ရွေးကောက်ပွဲရလဒ်များအရ ဆိုရှယ်လစ်များနှင့် လစ်ဘရယ် များက ရှုံးနိမ့်ခဲ့သော်လည်း အဆိုပါသဘောတူညီချက်သည် ပြည်သူ့ဆန္ဒကို လျစ်လျူရှုနေကြောင်း ဖော်ပြထား သည်။ မဲဆန္ဒရှင်များ၏ သဘောဆန္ဒအား နားထောင်မည့်အစား “EPP သည် ရွှေ့ပြောင်းအခြေချမှုကို ဆက်လက် ထောက်ခံအားပေးရန်နှင့် ရုရှား-ယူကရိန်းစစ်ပွဲသို့ ငွေကြေးနှင့်လက်နက်များ ပိုမိုပေးပို့နိုင်စေရန်အတွက် ဆုံးရှုံးသွားသောပါတီများနှင့် သဘောတူညီချက်တစ်ခုပြုလုပ်ခဲ့သည်” ဟု Orban က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
အီတလီဝန်ကြီးချုပ် Giorgia Meloni သည် EPP သဘောတူညီချက်အား မကျေနပ်ကြောင်း ပြောဆိုထားသော် လည်း Ursula von der Leyen သည် အီတလီအား “ကော်မရှင်တွင် သြဇာကြီးသောရာထူးတစ်ခု” ပေးခြင်းဖြင့် ထောက်ခံမှုကို ရယူရန် ကြိုးစားနိုင်ကြောင်း Euronews သို့ သံတမန်များက ပြောကြားခဲ့သည်။ Von der Leyen နှင့် Kallas တို့အား ခန့်အပ်နိုင်ရန် ဥရောပပါလီမန်၏ အတည်ပြုချက်လိုအပ်နေသေးသော်လည်း ဘရပ်ဆဲလ်တွင် ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်) ၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် အီးယူနိုင်ငံခေါင်းဆောင်များသည် အဆိုပါ အစီအစဉ်ကို အတည်ပြုနိုင်ခြေရှိသည်။
Zawgyi Version;
အီးယူႏိုင္ငံ့ေခါင္းေဆာင္မ်ားက Von der Leyen ၏ ေနာက္သက္တမ္းအတြက္ ဆက္လက္ ေထာက္ခံလ်က္ရွိ
ALynn (NP News) - ဇြန္ ၂၇
ဂ်ာမနီႏိုင္ငံမွ Ursula von der Leyen သည္ ဥေရာပေကာ္မရွင္၏ ေခါင္းေဆာင္အျဖစ္ ဒုတိယသက္တမ္းအား တာဝန္ထမ္းေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ဘရပ္ဆဲလ္ရွိ သတင္းရင္းျမစ္မ်ားကို ကိုးကား၍ သတင္းအမ်ားအျပား က ေဖာ္ျပခဲ့သည္။
အီးယူပါလီမန္ရွိ အဓိကအစုအဖြဲ႕ (၃) ခု ၾကား သေဘာတူညီခ်က္အရ အက္စ္တိုးနီးယားဝန္ႀကီးခ်ဳပ္ Kaja Kallas သည္ ႏိုင္ငံျခားေရးမူဝါဒေကာ္မရွင္နာအသစ္ျဖစ္လာမည္ျဖစ္ၿပီး စပိန္ႏိုင္ငံမွ Josep Borrell ေနရာတြင္ အစားထိုး မည္ျဖစ္သည္။ ေပၚတူဂီဝန္ႀကီးခ်ဳပ္ေဟာင္း အန္တိုနီယိုေကာ္စတာသည္ ယခင္က ဘယ္လ္ဂ်ီယံမွ Charles Michel တာဝန္ယူခဲ့သည့္ ဥေရာပေကာင္စီဥကၠ႒အျဖစ္ တာဝန္ယူမည္ျဖစ္သည္။
အဂၤါေန႔ (ဇြန္လ ၂၅ ရက္) က ျပဳလုပ္ခဲ့သည့္ ဗီဒီယိုကြန္ဖရင့္တြင္ အစုအဖြဲ႕ (၃) ခုကို ကိုယ္စားျပဳေနေသာ ႏိုင္ငံ့ေခါင္းေဆာင္ေျခာက္ဦးက သေဘာတူညီခ်က္မ်ား ခ်မွတ္ႏိုင္ခဲ့သည္ဟု ႐ိုက္တာသတင္းမွာ ေဖာ္ျပထားသည္။ ပိုလန္ဝန္ႀကီးခ်ဳပ္ Donald Tusk ႏွင့္ ဂရိဝန္ႀကီးခ်ဳပ္ Kyriakos Mitsotakis တို႔သည္ ဗဟိုလက္ယာယိမ္း European People’s Party (EPP) ပါတီကိုယ္စား၊ ဂ်ာမန္အဓိပတိ Olaf Scholz ႏွင့္ စပိန္ဝန္ႀကီးခ်ဳပ္ Pedro Sanchez တို႔က Socialists & Democrats (S&D) ကိုယ္စားႏွင့္ ျပင္သစ္သမၼတ Emmanuel Macron ႏွင့္ ဒတ္ခ်္ဝန္ႀကီးခ်ဳပ္ Mark Rutte တို႔က Renew Europe ပါတီကိုယ္စား ေဆြးေႏြးခဲ့ၾကသည္။
ဥေရာပေကာင္စီတြင္ အဆိုပါအစီအစဥ္ကို အတည္ျပဳရန္ အဖြဲ႕သုံးဖြဲ႕က ေထာက္ခံမဲ လုံေလာက္စြာရရွိေနေသာ္ လည္း အီးယူအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕မွ ေခါင္းေဆာင္မ်ားက ၎သေဘာတူညီခ်က္အား လူသိရွင္ၾကားေဝဖန္ခဲ့ၾက သည္။
ဟန္ေဂရီဝန္ႀကီးခ်ဳပ္ Viktor Orban သည္ အဂၤါေန႔က X မီဒီယာတြင္ ေဖာ္ျပထားေသာ ၎သေဘာတူညီခ်က္ကို ေဝဖန္ခဲ့သည္။ “လက္ဝဲဝါဒီေတြ၊ လစ္ဘရယ္ေတြနဲ႔ EPP က ခ်ဳပ္ဆိုထားတဲ့ သေဘာတူညီခ်က္ဟာ အီးယူအေပၚ အေျခခံထားတဲ့အရာအားလုံးကို ဆန႔္က်င္ေနပါတယ္” ဟု ၎က အခိုင္အမာေျပာၾကားခဲ့သည္။ “အားလုံး ပါဝင္လာရမယ့္အစား ကြဲလြဲမႈေတြကိုသာျဖစ္ေစတယ္။ အီးယူထိပ္တန္းအရာရွိေတြက လက္ဝဲဝါဒီႏွင့္ လစ္ဘရယ္ ေတြအတြက္သာမဟုတ္ဘဲ အဖြဲ႕ဝင္ႏိုင္ငံတိုင္းကို ကိုယ္စားျပဳသင့္တယ္” ဟု ၎က ေျပာၾကားခဲ့သည္။
Orban ၏ အဆိုအရ မၾကာေသးမီက အီးယူပါလီမန္ေ႐ြးေကာက္ပြဲရလဒ္မ်ားအရ ဆိုရွယ္လစ္မ်ားႏွင့္ လစ္ဘရယ္ မ်ားက ရႈံးနိမ့္ခဲ့ေသာ္လည္း အဆိုပါသေဘာတူညီခ်က္သည္ ျပည္သူ႔ဆႏၵကို လ်စ္လ်ဴရႈေနေၾကာင္း ေဖာ္ျပထား သည္။ မဲဆႏၵရွင္မ်ား၏ သေဘာဆႏၵအား နားေထာင္မည့္အစား “EPP သည္ ေ႐ႊ႕ေျပာင္းအေျခခ်မႈကို ဆက္လက္ ေထာက္ခံအားေပးရန္ႏွင့္ ႐ုရွား-ယူကရိန္းစစ္ပြဲသို႔ ေငြေၾကးႏွင့္လက္နက္မ်ား ပိုမိုေပးပို႔ႏိုင္ေစရန္အတြက္ ဆုံးရႈံးသြားေသာပါတီမ်ားႏွင့္ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ခဲ့သည္” ဟု Orban က ၿပီးခဲ့သည့္သီတင္းပတ္တြင္ ေျပာၾကားခဲ့သည္။
အီတလီဝန္ႀကီးခ်ဳပ္ Giorgia Meloni သည္ EPP သေဘာတူညီခ်က္အား မေက်နပ္ေၾကာင္း ေျပာဆိုထားေသာ္ လည္း Ursula von der Leyen သည္ အီတလီအား “ေကာ္မရွင္တြင္ ၾသဇာႀကီးေသာရာထူးတစ္ခု” ေပးျခင္းျဖင့္ ေထာက္ခံမႈကို ရယူရန္ ႀကိဳးစားႏိုင္ေၾကာင္း Euronews သို႔ သံတမန္မ်ားက ေျပာၾကားခဲ့သည္။ Von der Leyen ႏွင့္ Kallas တို႔အား ခန႔္အပ္ႏိုင္ရန္ ဥေရာပပါလီမန္၏ အတည္ျပဳခ်က္လိုအပ္ေနေသးေသာ္လည္း ဘရပ္ဆဲလ္တြင္ ၾကာသပေတးေန႔ (ဇြန္လ ၂၇ ရက္) ၌ က်င္းပမည့္ ထိပ္သီးအစည္းအေဝးတြင္ အီးယူႏိုင္ငံေခါင္းေဆာင္မ်ားသည္ အဆိုပါ အစီအစဥ္ကို အတည္ျပဳႏိုင္ေျခရွိသည္။