အမေရိကန်က အီရန်စစ်တပ်ကိုယ်စား အမည်ခံလည်ပတ်ပေးနေသော ဘဏ်လုပ်ငန်းများ ကွန်ယက်ကို အရေးယူပိတ်ဆို့
909
ALynn (NP News) - ဇွန် ၂၇
တီဟီရန်အတွက် ငွေကြေးလွှဲပြောင်းပေးမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသောအဖွဲ့အစည်း ပေါင်း ၅၀ နီးပါးကို အမေရိကန်အစိုးရက နှိမ်နင်းခဲ့ပြီး အီရန်စစ်တပ်အတွက် “နောက်ကွယ်မှ လည်ပတ်ပေးနေ သော ဘဏ်လုပ်ငန်းကွန်ရက်” များကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်သည်။
၎င်းပိတ်ဆို့ခံရသည့်စာရင်းတွင် ပါဝင်သော အဖွဲ့အစည်းများသည် အီရန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) တို့ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ဒေါ်လာဘီလျံပေါင်းများစွာ လွှဲပြောင်းပေးခဲ့ ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက အင်္ဂါနေ့ (ဇွန်လ ၂၅ ရက်) တွင် ကြေညာခဲ့သည်။ ယင်းလုပ်ရပ်သည် အမေရိကန်၏ အီရန်စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ထိခိုက်စေကာ အီရန်အား နိုင်ငံတကာ ငွေကြေးစနစ် အတွင်း ပါဝင်လာစေသည်ဟု ဆိုသည်။
အငြင်းပွားဖွယ်ငွေအများစုကို အီရန်ရေနံ နှင့် ရေနံထုတ်ကုန်များ ရောင်းချခြင်းမှ ရရှိခဲ့သည်။ အဆိုပါဝင်ငွေများကို ငွေလဲလှယ်ပေးသည့်ကွန်ရက်များနှင့် နိုင်ငံခြားကုမ္ပဏီများမှတစ်ဆင့် အမည်လွှဲသုံး၍ အီရန်စစ်တပ်အတွက် လည်ပတ်ပေးခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းငွေများကို ယီမင်ရှိ ဟူသီသူပုန်များ ကဲ့သို့သော ဆက်စပ်စစ်သွေးကြွအုပ်စုများအား လက်နက်ဝယ်ယူခြင်း နှင့် ငွေကြေးထောက်ပံ့ခြင်း စသည့် ရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့သည်။
"အမေရိကန်သည် ရေနံမှရရှိသော ဒေါ်လာဘီလျံနှင့်ချီသော အခြားတရားမဝင် ၀င်ငွေများကို ခဝါချရန်အတွက် အီရန်စစ်တပ်မှ အသုံးပြုသည့် အမည်ခံဘဏ်လုပ်ငန်းစနစ်အား အရေးယူရန် ဆောင်ရွက်နေသည်" ဟု လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Wally Adeyemo က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
“အကြမ်းဖက်ဝါဒကို ထောက်ပံ့တဲ့ ရန်ပုံငွေ လည်ပတ်မှုတွေကို သတိထားတားမြစ်ဖို့ မဟာမိတ်တွေ၊ လုပ်ဖော်ကိုင် ဖက်တွေအပြင် အခြားကမ္ဘာ့ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်များနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်က ချမှတ်ခဲ့သောပိတ်ဆို့မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က အမေရိကန် သည် အီရန်အား စီးပွားရေးစစ်ပွဲဆင်နွှဲရန် ပြင်ဆင်နေသည်ဟု တုံ့ပြန်ခဲ့သည်။ “ဒီစီးပွားရေးစစ်ပွဲရဲ့ရလဒ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေက အဆုံးအဖြတ်ပေးနိုင်မှာ မဟုတ်ဘဲ စိတ်ခွန်အားကသာ ဆုံးဖြတ်ပါလိမ့်မယ်” ဟု အီရန် မစ်ရှင်အဖွဲ့က ဖော်ပြခဲ့သည်။
ဟောင်ကောင်၊ ယူအေအီး၊ တူကီယဲနှင့် မာရှယ်လ်ကျွန်းစုများရှိ ကုမ္ပဏီဒါဇင်ပေါင်းများစွာကို အီရန်ဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများတွင် ပစ်မှတ်ထားခဲ့သည်။ အဆိုပါအစီအမံများတွင် တားမြစ်ထားသောအဖွဲ့အစည်းများတွင် အမေရိကန်ပိုင်ဆိုင်မှုများကို ပိတ်ထားခြင်းနှင့် အမေရိကန်နိုင်ငံသားများကို ၎င်းတို့နှင့် စပ်တူစီးပွားရေးလုပ်ကိုင် ခြင်းမှ တားမြစ်ခြင်းတို့ ပါဝင်သည်။
Zawgyi Version;
အေမရိကန္က အီရန္စစ္တပ္ကိုယ္စား အမည္ခံလည္ပတ္ေပးေနေသာ ဘဏ္လုပ္ငန္းမ်ား ကြန္ယက္ကို အေရးယူ ပိတ္ဆို႔
ALynn (NP News) - ဇြန္ ၂၇
တီဟီရန္အတြက္ ေငြေၾကးလႊဲေျပာင္းေပးမႈမ်ားတြင္ ပါဝင္ပတ္သက္ေနသည္ဟု စြပ္စြဲခံထားရေသာအဖြဲ႕အစည္း ေပါင္း ၅၀ နီးပါးကို အေမရိကန္အစိုးရက ႏွိမ္နင္းခဲ့ၿပီး အီရန္စစ္တပ္အတြက္ “ေနာက္ကြယ္မွ လည္ပတ္ေပးေန ေသာ ဘဏ္လုပ္ငန္းကြန္ရက္” မ်ားကို ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္လိုက္သည္။
၎ပိတ္ဆို႔ခံရသည့္စာရင္းတြင္ ပါဝင္ေသာ အဖြဲ႕အစည္းမ်ားသည္ အီရန္ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ အစၥလာမၼစ္ ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) တို႔ကို ၂၀၂၀ ျပည့္ႏွစ္ကတည္းက ေဒၚလာဘီလ်ံေပါင္းမ်ားစြာ လႊဲေျပာင္းေပးခဲ့ ေၾကာင္း အေမရိကန္ဘ႑ာေရးဌာနက အဂၤါေန႔ (ဇြန္လ ၂၅ ရက္) တြင္ ေၾကညာခဲ့သည္။ ယင္းလုပ္ရပ္သည္ အေမရိကန္၏ အီရန္စစ္တပ္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ထိခိုက္ေစကာ အီရန္အား ႏိုင္ငံတကာ ေငြေၾကးစနစ္ အတြင္း ပါဝင္လာေစသည္ဟု ဆိုသည္။
အျငင္းပြားဖြယ္ေငြအမ်ားစုကို အီရန္ေရနံ ႏွင့္ ေရနံထုတ္ကုန္မ်ား ေရာင္းခ်ျခင္းမွ ရရွိခဲ့သည္။ အဆိုပါဝင္ေငြမ်ားကို ေငြလဲလွယ္ေပးသည့္ကြန္ရက္မ်ားႏွင့္ ႏိုင္ငံျခားကုမၸဏီမ်ားမွတစ္ဆင့္ အမည္လႊဲသုံး၍ အီရန္စစ္တပ္အတြက္ လည္ပတ္ေပးခဲ့ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယင္းေငြမ်ားကို ယီမင္ရွိ ဟူသီသူပုန္မ်ား ကဲ့သို႔ေသာ ဆက္စပ္စစ္ေသြးႂကြအုပ္စုမ်ားအား လက္နက္ဝယ္ယူျခင္း ႏွင့္ ေငြေၾကးေထာက္ပံ့ျခင္း စသည့္ ရည္႐ြယ္ခ်က္မ်ားအတြက္ အသုံးျပဳခဲ့သည္။
"အေမရိကန္သည္ ေရနံမွရရွိေသာ ေဒၚလာဘီလ်ံႏွင့္ခ်ီေသာ အျခားတရားမဝင္ ၀င္ေငြမ်ားကို ခဝါခ်ရန္အတြက္ အီရန္စစ္တပ္မွ အသုံးျပဳသည့္ အမည္ခံဘဏ္လုပ္ငန္းစနစ္အား အေရးယူရန္ ေဆာင္႐ြက္ေနသည္" ဟု လက္ေထာက္ဘ႑ာေရးဝန္ႀကီး Wally Adeyemo က ထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့သည္။
“အၾကမ္းဖက္ဝါဒကို ေထာက္ပံ့တဲ့ ရန္ပုံေငြ လည္ပတ္မႈေတြကို သတိထားတားျမစ္ဖို႔ မဟာမိတ္ေတြ၊ လုပ္ေဖာ္ကိုင္ ဖက္ေတြအျပင္ အျခားကမာၻ႔ဘ႑ာေရးလုပ္ငန္းနယ္ပယ္မ်ားနဲ႔လည္း ခ်ိတ္ဆက္လုပ္ေဆာင္ေနပါတယ္” ဟု ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။
အေမရိကန္က ခ်မွတ္ခဲ့ေသာပိတ္ဆို႔မႈမ်ားႏွင့္ပတ္သက္၍ ကုလသမဂၢဆိုင္ရာ အီရန္သံတမန္အဖြဲ႕က အေမရိကန္ သည္ အီရန္အား စီးပြားေရးစစ္ပြဲဆင္ႏႊဲရန္ ျပင္ဆင္ေနသည္ဟု တုံ႔ျပန္ခဲ့သည္။ “ဒီစီးပြားေရးစစ္ပြဲရဲ႕ရလဒ္ကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြက အဆုံးအျဖတ္ေပးႏိုင္မွာ မဟုတ္ဘဲ စိတ္ခြန္အားကသာ ဆုံးျဖတ္ပါလိမ့္မယ္” ဟု အီရန္ မစ္ရွင္အဖြဲ႕က ေဖာ္ျပခဲ့သည္။
ေဟာင္ေကာင္၊ ယူေအအီး၊ တူကီယဲႏွင့္ မာရွယ္လ္ကြၽန္းစုမ်ားရွိ ကုမၸဏီဒါဇင္ေပါင္းမ်ားစြာကို အီရန္ဆန႔္က်င္ေရး ပိတ္ဆို႔အေရးယူမႈမ်ားတြင္ ပစ္မွတ္ထားခဲ့သည္။ အဆိုပါအစီအမံမ်ားတြင္ တားျမစ္ထားေသာအဖြဲ႕အစည္းမ်ားတြင္ အေမရိကန္ပိုင္ဆိုင္မႈမ်ားကို ပိတ္ထားျခင္းႏွင့္ အေမရိကန္ႏိုင္ငံသားမ်ားကို ၎တို႔ႏွင့္ စပ္တူစီးပြားေရးလုပ္ကိုင္ ျခင္းမွ တားျမစ္ျခင္းတို႔ ပါဝင္သည္။