ကြောင်ကို နှိပ်စက်နေတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး မလေးရှားမှာ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ
2428
ရောင်နီ (NP News) - ဇွန် ၂၇
မလေးရှားဆိုရှယ်မီဒီယာမှာ ကြောင်တစ်ကောင်ကို နှိပ်စက်နေတဲ့ဗီဒီယိုဖိုင်တစ်ခုနဲ့ဆက်စပ်ပြီး အသက် ၃၃ နှစ် အရွယ် မြန်မာအမျိုးသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
မြောက်ကလန်ဂေါခရိုင် ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို ဇွန် ၂၅ ရက်က ဖမ်းဆီးခဲ့ပြီး မိုဘိုင်းလ်ဖုန်းကိုလည်း စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် သိမ်းဆည်းခဲ့တယ်လို့ ဇွန် ၂၆ ရက်က ဖေ့စ်ဘုတ်ခ်ပို့စ်တစ်ခုမှ ဖော်ပြချက် အရ သိရပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ အမျိုးသားတစ်ဦးက ကြောင်ကို ဓားနဲ့ထိုးပြီး အရေခွံခွာနေတာကို တွေ့ရပါ တယ်။ မလေးရှားတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက အဆိုပါအမျိုးသားနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်ပေးနိုင်သူကို RM3,000 ဆုချီးမြှင့်မယ်ဆိုတဲ့မက်လုံးနဲ့ စတင်ခြေရာကောက်ခံခဲ့ပြီး သံသယရှိသူကို ရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်မှာ ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ မလေးရှားနိုင်ငံ၊ ဆီလန်ဂေါမြို့ရှိ သရေစာဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
Malaysian Animal Welfare Act အရ တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင် ဒဏ်ငွေ RM20,000 မှ 100,000 ထိ ဒါမှမဟုတ် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
Zawgyi Version;
ေၾကာင္ကို ႏွိပ္စက္ေနတဲ့ဗီဒီယိုဖိုင္နဲ႔ပတ္သက္ၿပီး မေလးရွားမွာ ျမန္မာအမ်ိဳးသားတစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဇြန္ ၂၇
မေလးရွားဆိုရွယ္မီဒီယာမွာ ေၾကာင္တစ္ေကာင္ကို ႏွိပ္စက္ေနတဲ့ဗီဒီယိုဖိုင္တစ္ခုနဲ႔ဆက္စပ္ၿပီး အသက္ ၃၃ ႏွစ္ အ႐ြယ္ ျမန္မာအမ်ိဳးသားတစ္ဦးကို မေလးရွားရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။
ေျမာက္ကလန္ေဂါခ႐ိုင္ ရဲတပ္ဖြဲ႕က အဆိုပါအမ်ိဳးသားကို ဇြန္ ၂၅ ရက္က ဖမ္းဆီးခဲ့ၿပီး မိုဘိုင္းလ္ဖုန္းကိုလည္း စုံစမ္းစစ္ေဆးမႈတစ္စိတ္တစ္ပိုင္းအျဖစ္ သိမ္းဆည္းခဲ့တယ္လို႔ ဇြန္ ၂၆ ရက္က ေဖ့စ္ဘုတ္ခ္ပို႔စ္တစ္ခုမွ ေဖာ္ျပခ်က္ အရ သိရပါတယ္။ ဗီဒီယိုဖိုင္ထဲမွာ အမ်ိဳးသားတစ္ဦးက ေၾကာင္ကို ဓားနဲ႔ထိုးၿပီး အေရခြံခြာေနတာကို ေတြ႕ရပါ တယ္။ မေလးရွားတိရိစာၦန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအသင္းက အဆိုပါအမ်ိဳးသားနဲ႔ပတ္သက္တဲ့ သတင္းအခ်က္ အလက္ေပးႏိုင္သူကို RM3,000 ဆုခ်ီးျမႇင့္မယ္ဆိုတဲ့မက္လုံးနဲ႔ စတင္ေျခရာေကာက္ခံခဲ့ၿပီး သံသယရွိသူကို ရဲတပ္ဖြဲ႕က ဇြန္ ၂၅ ရက္မွာ ဖမ္းဆီးလိုက္ျခင္းျဖစ္ပါတယ္။ အဆိုပါအမ်ိဳးသားဟာ မေလးရွားႏိုင္ငံ၊ ဆီလန္ေဂါၿမိဳ႕ရွိ သေရစာဆိုင္တစ္ခုမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား အလုပ္သမားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။
Malaysian Animal Welfare Act အရ တိရိစာၦန္ေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈအတြက္ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရင္ ဒဏ္ေငြ RM20,000 မွ 100,000 ထိ ဒါမွမဟုတ္ ေထာင္ဒဏ္သုံးႏွစ္အထိ ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။