ဘိုလီဗီးယားနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု ပျက်ပြား၊ သံချပ်ကာယာဉ်များနှင့် စစ်သားများက သမ္မတ အိမ်တော်အတွင်း ဝင်ရောက်စီးနင်းခဲ့

 6473

Htay Oung (NP News) - ဇွန် ၂၇

တောင်အမေရိကတိုက် ကုန်းတွင်းပိတ်တိုင်းပြည်တစ်ခုဖြစ်တဲ့ ဘိုလီဗီးယားနိုင်ငံမှာ အာဏာသိမ်းရန် ကြိူးပမ်း နေသူများဟာ သမ္မတအိမ်တော်တံခါးကို ဖြိုဖျက်ပစ်လိုက်ပြီး အစိုးရရုံးစိုက်ရာ လာပက်ဇ်အဆောက်အအုံဝင်း ဝင်ထွက်ပေါက်များမှာလည်း စစ်သားများနဲ့ သံချပ်ကာကားများက ပိတ်ဆို့နေရာယူထားတယ်လို့ ဘီဘီစီသတင်း ဌာနက ဇွန်လ ၂၇ ရက်မှာ ရေးသားပါတယ်။

အခင်းဖြစ်ရပ်ကို ဘိုလီဗီးယားအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက အဆောက်အအုံပြတင်းပေါက်မှ ဗွီဒီယိုရိုက်ကူးပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုမတိုင်မီကတည်းက စစ်တပ်ရဲ့မူမမှန် လှုပ်ရှားမှု တွေနဲ့ပတ်သက်လို့ သမ္မတ လူဝစ်အာစီက သတိပေးခဲ့ဖူးပြီး အခြားနည်းလမ်းနဲ့ အာဏာရယူခြင်းမပြုဖို့နဲ့ ဒီမိုကရေစီကို ထိန်းသိမ်းရန် ရှုတ်ချပြောဆိုခဲ့ဖူးပါတယ်။

ဘိုလီဗီးယားဟာ ခရစ်ယာန်အများစု လူဦးရေ ၁၂ သန်းခန့်ရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသား ၂၀ ရာခိုင်နှုန်း၊ လူဖြူ-ဌာနေတိုင်းရင်းသား ကပြား ၆၈ ရာခိုင်နှုန်း နေထိုင်ပါတယ်။ တစ်ချိန်က အင်ကာအင်ပါယာရဲ့ အစိတ်အပိုင်းဖြစ်ပြီး ၁၆ ရာစုနှစ်မှာ စပိန်တို့လက်အောက် ကိုလိုနီအဖြစ် သွတ်သွင်းခြင်းခံခဲ့ရစဉ် “အထက်ပီရူး နိုင်ငံ” လို့ ဖြစ်လာပါတယ်။ ၁၆-နှစ်ကြာ စစ်ပွဲဆင်နွှဲပြီး ၁၈၀၉ ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့ပေမယ့် ၁၈၂၅ ခုနှစ် ရောက်မှ ဘိုလီဗာသမ္မတနိုင်ငံကို ထူထောင်နိုင်ပါတယ်။ ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ၊ အာဏာရှင်စနစ်အုပ်ချုပ်မှုများနဲ့ စီးပွားရေးပျက်စီးခြင်းများကြောင့် ရုန်းကန်နေရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံမတည်မငြိမ်ဖြစ်ပေါ်နေခိုက် လူဝစ်အာစီ သမ္မတရာထူး ရရှိခဲ့ခြင်းဖြစ်ပါ တယ်။ ရွေးကောက်ပွဲမှာ မဲမသမာကြောင်း စွပ်စွဲချက်များထွက်ပေါ်ခဲ့ပြီး ရာထူးမှ နှုတ်ထွက်ပေးရန် စစ်တပ် အကြီးအကဲရဲ့တောင်းဆိုမှုကြောင့် အဲဒီအချိန် သမ္မတဖြစ်သူ မိုရယ်လိစ် နှုတ်ထွက်ပေးလိုက်ပြီး လူဝစ်အာစီက အာဏာရရှိခဲ့ခြင်းဖြစ်ပါတယ်။ တောင်အမေရိကနိုင်ငံရဲ့ ပထမဆုံး ဌာနေတိုင်းရင်းသား သမ္မတဖြစ်သူ မိုရယ်လိစ် ဟာ အာစီရဲ့မဟာမိတ်ဟောင်းဖြစ်ပေမယ့် နောက်ပိုင်းမှာ ဆန့်ကျင်ဘက်ဖြစ်လာခဲ့ပါတယ်။

ဌာနေ တိုင်းရင်းသားလူမျိုးစုများ သမဂ္ဂရဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူ မိုရယ်လိစ်ဟာ စတုတ္ထသက်တမ်းကို သမ္မတ အာဏာရယူရန်ကြိုးစားခဲ့ပေမယ့် ရာထူးမှ နှုတ်ထွက်ပေးလိုက်ရပြီး အတိုက်အခံအထက်လွှတ်တော်အမတ် ဂျင်းနီးအန်းဇီက ယာယီသမ္မတဖြစ်လာခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်နှစ်ခန့်အကြာ ရွေးကောက်ပွဲမှာ အနိုင်ရရှိသူ လူဝစ်အာစီက သမ္မတဖြစ်လာပါတယ်။ အာစီသမ္မတဖြစ်လာပြီးနောက် ဂျင်းနီအန်းဇီကို အခြေခံ ဥပဒေ ဖောက်ဖျက်မှု နဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ပါတယ်။
အာဏာသိမ်းရန် ကြိုးပမ်းသူ ဗိုလ်ချုပ်ကြီး ဂျွမ်းဂျိုစီဇူနီကာဟာ ၂၀၂၂ ခုနှစ်မှာ ဘိုလီဗီးယားတပ်မတော်မှာ ဦးစီးချုပ်ဖြစ်လာခဲ့ပြီး ယခုနှစ် ဇွန်လဆန်းမှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရာထူးမှ ဖယ်ရှားခြင်းမခံရမီ ကောလဟလသတင်းများ ပေါ်ထွက်ခဲ့ပါတယ်။

သမ္မတ လူဝစ်အာစီကို ရာထူးမှာ ဆက်လက်ထားရှိနိုင်ပေမယ့် ဝန်ကြီးအဖွဲ့ကိုတော့ ပြောင်းလဲပစ်ရမှာဖြစ်ကြောင်း၊ အခွင့်ထူးခံတစ်စုက တိုင်းပြည်ကို ဂုတ်သွေးစုပ်နေတဲ့အတွက် တိုင်းပြည်အခြေအနေဟာ ယခုအတိုင်း ဆက်သွားလို့ မရနိုင်တော့ဘဲ ဒီမိုကရေစီကို ကာကွယ်ရမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဂျွမ်းဂျိုစီဇူနီကာက သတင်းထောက် များကို ပြောပါတယ်။

အိမ်တော်ရှေ့မှာ သမ္မတလူဝစ်အာစီနဲ့ အာဏာသိမ်းရန်ကြိုးပမ်းသူဗိုလ်ချုပ်ကြီးတို့အကြား အချေအတင် ငြင်ခုန်နေ ကြတာကိုလည်း တွေ့မြင်နေရပါတယ်။

ယခုနောက်ဆုံးရရှိတဲ့သတင်းများအရ ဗိုလ်ချုပ်ကြီးဟောင်း ဂျွမ်းဂျိုစီဇူနီကာကို ဘိုလီဗီးယားရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း၊ လာပက်ဇ်အဆောက်အအုံဝင်းအတွင်းမှ စစ်သားများနဲ့ သံချပ်ကာ ကားများလည်း ပြန်လည်ထွက်ခွာနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

#ဘိုလီဗီးယား_အာဏာသိမ်းရန်ကြိုးပမ်းမှု
(BBC., 27 June 2024,” Bolivian police arrest leader of coup attempt” ကို #HtayOung, #OungMarine ဆီ‌လျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဘိုလီဗီးယားႏိုင္ငံတြင္ အာဏာသိမ္းရန္ ႀကိဳးပမ္းမႈ ပ်က္ျပား၊ သံခ်ပ္ကာယာဥ္မ်ားႏွင့္ စစ္သားမ်ားက သမၼတ အိမ္ေတာ္အတြင္း ဝင္ေရာက္စီးနင္းခဲ့
Htay Oung (NP News) - ဇြန္ ၂၇

ေတာင္အေမရိကတိုက္ ကုန္းတြင္းပိတ္တိုင္းျပည္တစ္ခုျဖစ္တဲ့ ဘိုလီဗီးယားႏိုင္ငံမွာ အာဏာသိမ္းရန္ ႀကိဴးပမ္း ေနသူမ်ားဟာ သမၼတအိမ္ေတာ္တံခါးကို ၿဖိဳဖ်က္ပစ္လိုက္ၿပီး အစိုးရ႐ုံးစိုက္ရာ လာပက္ဇ္အေဆာက္အအုံဝင္း ဝင္ထြက္ေပါက္မ်ားမွာလည္း စစ္သားမ်ားနဲ႔ သံခ်ပ္ကာကားမ်ားက ပိတ္ဆို႔ေနရာယူထားတယ္လို႔ ဘီဘီစီသတင္း ဌာနက ဇြန္လ ၂၇ ရက္မွာ ေရးသားပါတယ္။

အခင္းျဖစ္ရပ္ကို ဘိုလီဗီးယားအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးတစ္ဦးက အေဆာက္အအုံျပတင္းေပါက္မွ ဗြီဒီယို႐ိုက္ကူးၿပီး သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ လႊင့္တင္ခဲ့ျခင္းျဖစ္ပါတယ္။ ယခုမတိုင္မီကတည္းက စစ္တပ္ရဲ႕မူမမွန္ လႈပ္ရွားမႈ ေတြနဲ႔ပတ္သက္လို႔ သမၼတ လူဝစ္အာစီက သတိေပးခဲ့ဖူးၿပီး အျခားနည္းလမ္းနဲ႔ အာဏာရယူျခင္းမျပဳဖို႔နဲ႔ ဒီမိုကေရစီကို ထိန္းသိမ္းရန္ ရႈတ္ခ်ေျပာဆိုခဲ့ဖူးပါတယ္။

ဘိုလီဗီးယားဟာ ခရစ္ယာန္အမ်ားစု လူဦးေရ ၁၂ သန္းခန႔္ရွိတဲ့ တိုင္းျပည္ျဖစ္ပါတယ္။ ဌာေနတိုင္းရင္းသား ၂၀ ရာခိုင္ႏႈန္း၊ လူျဖဴ-ဌာေနတိုင္းရင္းသား ကျပား ၆၈ ရာခိုင္ႏႈန္း ေနထိုင္ပါတယ္။ တစ္ခ်ိန္က အင္ကာအင္ပါယာရဲ႕ အစိတ္အပိုင္းျဖစ္ၿပီး ၁၆ ရာစုႏွစ္မွာ စပိန္တို႔လက္ေအာက္ ကိုလိုနီအျဖစ္ သြတ္သြင္းျခင္းခံခဲ့ရစဥ္ “အထက္ပီ႐ူး ႏိုင္ငံ” လို႔ ျဖစ္လာပါတယ္။ ၁၆-ႏွစ္ၾကာ စစ္ပြဲဆင္ႏႊဲၿပီး ၁၈၀၉ ခုႏွစ္မွာ လြတ္လပ္ေရးရရွိခဲ့ေပမယ့္ ၁၈၂၅ ခုႏွစ္ ေရာက္မွ ဘိုလီဗာသမၼတႏိုင္ငံကို ထူေထာင္ႏိုင္ပါတယ္။ ဒီမိုကေရစီသမၼတႏိုင္ငံျဖစ္ၿပီး ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၊ အာဏာရွင္စနစ္အုပ္ခ်ဳပ္မႈမ်ားနဲ႔ စီးပြားေရးပ်က္စီးျခင္းမ်ားေၾကာင့္ ႐ုန္းကန္ေနရတဲ့ တိုင္းျပည္ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ေ႐ြးေကာက္ပြဲအၿပီး ႏိုင္ငံမတည္မၿငိမ္ျဖစ္ေပၚေနခိုက္ လူဝစ္အာစီ သမၼတရာထူး ရရွိခဲ့ျခင္းျဖစ္ပါ တယ္။ ေ႐ြးေကာက္ပြဲမွာ မဲမသမာေၾကာင္း စြပ္စြဲခ်က္မ်ားထြက္ေပၚခဲ့ၿပီး ရာထူးမွ ႏႈတ္ထြက္ေပးရန္ စစ္တပ္ အႀကီးအကဲရဲ႕ေတာင္းဆိုမႈေၾကာင့္ အဲဒီအခ်ိန္ သမၼတျဖစ္သူ မိုရယ္လိစ္ ႏႈတ္ထြက္ေပးလိုက္ၿပီး လူဝစ္အာစီက အာဏာရရွိခဲ့ျခင္းျဖစ္ပါတယ္။ ေတာင္အေမရိကႏိုင္ငံရဲ႕ ပထမဆုံး ဌာေနတိုင္းရင္းသား သမၼတျဖစ္သူ မိုရယ္လိစ္ ဟာ အာစီရဲ႕မဟာမိတ္ေဟာင္းျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ဆန႔္က်င္ဘက္ျဖစ္လာခဲ့ပါတယ္။

ဌာေန တိုင္းရင္းသားလူမ်ိဳးစုမ်ား သမဂၢရဲ႕ ေခါင္းေဆာင္ေဟာင္းျဖစ္သူ မိုရယ္လိစ္ဟာ စတုတၳသက္တမ္းကို သမၼတ အာဏာရယူရန္ႀကိဳးစားခဲ့ေပမယ့္ ရာထူးမွ ႏႈတ္ထြက္ေပးလိုက္ရၿပီး အတိုက္အခံအထက္လႊတ္ေတာ္အမတ္ ဂ်င္းနီးအန္းဇီက ယာယီသမၼတျဖစ္လာခဲ့ပါေသးတယ္။ ဒါေပမယ့္ တစ္ႏွစ္ခန႔္အၾကာ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိသူ လူဝစ္အာစီက သမၼတျဖစ္လာပါတယ္။ အာစီသမၼတျဖစ္လာၿပီးေနာက္ ဂ်င္းနီအန္းဇီကို အေျခခံ ဥပေဒ ေဖာက္ဖ်က္မႈ နဲ႔ ေထာင္ဒဏ္ ၁ဝ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။
အာဏာသိမ္းရန္ ႀကိဳးပမ္းသူ ဗိုလ္ခ်ဳပ္ႀကီး ဂြၽမ္းဂ်ိဳစီဇူနီကာဟာ ၂၀၂၂ ခုႏွစ္မွာ ဘိုလီဗီးယားတပ္မေတာ္မွာ ဦးစီးခ်ဳပ္ျဖစ္လာခဲ့ၿပီး ယခုႏွစ္ ဇြန္လဆန္းမွာ ရာထူးမွ ထုတ္ပယ္ခံခဲ့ရပါတယ္။ ရာထူးမွ ဖယ္ရွားျခင္းမခံရမီ ေကာလဟလသတင္းမ်ား ေပၚထြက္ခဲ့ပါတယ္။

သမၼတ လူဝစ္အာစီကို ရာထူးမွာ ဆက္လက္ထားရွိႏိုင္ေပမယ့္ ဝန္ႀကီးအဖြဲ႕ကိုေတာ့ ေျပာင္းလဲပစ္ရမွာျဖစ္ေၾကာင္း၊ အခြင့္ထူးခံတစ္စုက တိုင္းျပည္ကို ဂုတ္ေသြးစုပ္ေနတဲ့အတြက္ တိုင္းျပည္အေျခအေနဟာ ယခုအတိုင္း ဆက္သြားလို႔ မရႏိုင္ေတာ့ဘဲ ဒီမိုကေရစီကို ကာကြယ္ရမွာျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဂြၽမ္းဂ်ိဳစီဇူနီကာက သတင္းေထာက္ မ်ားကို ေျပာပါတယ္။

အိမ္ေတာ္ေရွ႕မွာ သမၼတလူဝစ္အာစီနဲ႔ အာဏာသိမ္းရန္ႀကိဳးပမ္းသူဗိုလ္ခ်ဳပ္ႀကီးတို႔အၾကား အေခ်အတင္ ျငင္ခုန္ေန ၾကတာကိုလည္း ေတြ႕ျမင္ေနရပါတယ္။

ယခုေနာက္ဆုံးရရွိတဲ့သတင္းမ်ားအရ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဂြၽမ္းဂ်ိဳစီဇူနီကာကို ဘိုလီဗီးယားရဲတပ္ဖြဲ႕က ဝင္ေရာက္ ဖမ္းဆီးလိုက္ၿပီျဖစ္ေၾကာင္း၊ လာပက္ဇ္အေဆာက္အအုံဝင္းအတြင္းမွ စစ္သားမ်ားနဲ႔ သံခ်ပ္ကာ ကားမ်ားလည္း ျပန္လည္ထြက္ခြာေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။

#ဘိုလီဗီးယား_အာဏာသိမ္းရန္ႀကိဳးပမ္းမႈ
(BBC., 27 June 2024,” Bolivian police arrest leader of coup attempt” ကို #HtayOung, #OungMarine ဆီ‌ေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.