အမေရိကန်သံတမန်တစ်ဦးကို ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ သေဆုံးလျက်တွေ့ရှိ
1278
Pika (NP News) - ဇွန် ၂၇
ယူကရိန်းမှာရှိတဲ့ အမေရိကန်သံရုံးက သံမှူးတစ်ဦးကို ကိယက်ဗ်မြို့ Hilton ဟိုတည်က အခန်းတစ်ခုအတွင်းမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ယူကရိန်းသတင်းအေဂျင်စီအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး အွန်လိုင်းသတင်းစာ Strana UA က ဇွန်လ(၂၆)ရက်မှာ အဲဒီတွေ့ရှိမှုကို ရေးသားဖော်ပြခဲ့ပါတယ်။ Strana UA က “ဇွန်လ(၂၅)ရက် နံနက်(၁၁)နာရီမှာ အမေရိကန်သံရုံးရဲ့ သံမှူးတစ်ဦးရုပ်အလောင်းကို ဟိုတည်အခန်းတစ်ခုအတွင်းမှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာမျိုးတွေမတွေ့ခဲ့ရပါဘူး” လို့ ရေးသားဖော်ပြထားပါ တယ်။
အမေရိကန်သံရုံးက ပေးထားတဲ့ဆေးမှတ်တမ်းတွေအရ ဇွန်လ(၁၅)ရက်က ယူကရိန်းကို ရောက်ရှိလာတဲ့ အဲဒီ အမျိုးသားမှာ ကိုလက်စထရောပမာဏမြင့်မားနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ၎င်းသေဆုံးရတဲ့ အကြောင်းအရင်းနဲ့အခြေအနေတွေကို ဒေသတွင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်သံတမန်ရဲ့ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ ဟိုတည်အခန်းကို အတွင်းကနေ သော့ခတ်ထားတာ ဖြစ်ပြီး ရုပ်အလောင်းကို အမေရိကန်သံရုံးဖက်က တောင်းဆိုထားတာကြောင့် ခွဲစိတ်စစ်ဆေးတာမျိုးတွေ မရှိခဲ့ဘူး လို့ New Voices သတင်းစာက ဖော်ပြထားပါတယ်။ ယူကရိန်းမီဒီယာတွေရဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီး အမေရိကန် သံရုံး ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အမေရိကန်ဟာ ယူကရိန်းရဲ့အဓိကကျောထောက်နောက်ခံနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ်လက်နက်ပစ္စည်း၊ ခဲယမ်းမီးကျည်၊ အခြားပစ္စည်းကိရိယာတွေနဲ့အတူ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
အေမရိကန္သံတမန္တစ္ဦးကို ယူကရိန္းႏိုင္ငံ ကိယက္ဗ္ၿမိဳ႕မွာ ေသဆုံးလ်က္ေတြ႕ရွိ
Pika (NP News) - ဇြန္ ၂၇
ယူကရိန္းမွာရွိတဲ့ အေမရိကန္သံ႐ုံးက သံမႉးတစ္ဦးကို ကိယက္ဗ္ၿမိဳ႕ Hilton ဟိုတည္က အခန္းတစ္ခုအတြင္းမွာ ေသဆုံးလ်က္ေတြ႕ရွိခဲ့တယ္လို႔ ယူကရိန္းသတင္းေအဂ်င္စီအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။
တရားဥပေဒစိုးမိုးေရးသတင္းရင္းျမစ္တစ္ခုကို ကိုးကားၿပီး အြန္လိုင္းသတင္းစာ Strana UA က ဇြန္လ(၂၆)ရက္မွာ အဲဒီေတြ႕ရွိမႈကို ေရးသားေဖာ္ျပခဲ့ပါတယ္။ Strana UA က “ဇြန္လ(၂၅)ရက္ နံနက္(၁၁)နာရီမွာ အေမရိကန္သံ႐ုံးရဲ႕ သံမႉးတစ္ဦး႐ုပ္အေလာင္းကို ဟိုတည္အခန္းတစ္ခုအတြင္းမွာ ေသဆုံးလ်က္ေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ ၎ရဲ႕ ခႏၶာကိုယ္ေပၚမွာေတာ့ အၾကမ္းဖက္ခံထားရတဲ့ လကၡဏာမ်ိဳးေတြမေတြ႕ခဲ့ရပါဘူး” လို႔ ေရးသားေဖာ္ျပထားပါ တယ္။
အေမရိကန္သံ႐ုံးက ေပးထားတဲ့ေဆးမွတ္တမ္းေတြအရ ဇြန္လ(၁၅)ရက္က ယူကရိန္းကို ေရာက္ရွိလာတဲ့ အဲဒီ အမ်ိဳးသားမွာ ကိုလက္စထေရာပမာဏျမင့္မားေနတာကိုလည္း ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။ ၎ေသဆုံးရတဲ့ အေၾကာင္းအရင္းနဲ႔အေျခအေနေတြကို ေဒသတြင္းရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္သံတမန္ရဲ႕႐ုပ္အေလာင္းေတြ႕ရွိခဲ့တဲ့ ဟိုတည္အခန္းကို အတြင္းကေန ေသာ့ခတ္ထားတာ ျဖစ္ၿပီး ႐ုပ္အေလာင္းကို အေမရိကန္သံ႐ုံးဖက္က ေတာင္းဆိုထားတာေၾကာင့္ ခြဲစိတ္စစ္ေဆးတာမ်ိဳးေတြ မရွိခဲ့ဘူး လို႔ New Voices သတင္းစာက ေဖာ္ျပထားပါတယ္။ ယူကရိန္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္နဲ႔ပတ္သက္ၿပီး အေမရိကန္ သံ႐ုံး ဒါမွမဟုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ အေမရိကန္ဟာ ယူကရိန္းရဲ႕အဓိကေက်ာေထာက္ေနာက္ခံႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး စစ္လက္နက္ပစၥည္း၊ ခဲယမ္းမီးက်ည္၊ အျခားပစၥည္းကိရိယာေတြနဲ႔အတူ အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာ ေထာက္ပံ့ေပးခဲ့တယ္လို႔လည္း သိရပါတယ္။