ပါမစ်ခွင့်ပြုချက်မရသေးဘဲ ဆိပ်ကမ်းနှင့်လေဆိပ်များသို့ ရောက်လာမည့် ကုန်စည်နှင့်ကုမ္ပဏီများကို အရေးယူမည်

 552

ယွန်း (NP New) - ဇွန် ၂၇

သွင်းကုန်လိုင်စင်/ပါမစ်ခွင့်ပြုချက်မရသေးဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းခြင်းမပြုရန် ကုန်သွယ်ရေးဦးစီးဌာနက ဇွန်လ(၂၀) ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဇူလိုင် (၁)ရက်မှစ၍ သွင်းကုန်လိုင်စင်/ပါမစ်ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ (၃၀)ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် အ‌ကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသောကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်း ရောက်ရှိခြင်း မပြုလုပ်ရန် နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများကို ပို့ကုန်သွင်းကုန် ဥပဒေနှင့် အညီအရေးယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်(၈)ရက်နေ့တွင်လည်း ထုတ်ပြန်ထားခဲ့သည်။

သို့သော် သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက် မရရှိသေး သောကုန်ပစ္စည်းများကို ကြိုတင်တင်သွင်း ဆောင်ရွက်နေကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ဆိုထားသည်။
“ပါမစ်တွေခက်တဲ့အခါကျတော့ လူတွေက ရသလောက်ကိုလွယ်တဲ့လမ်းကြောင်းကနေသွင်းကြတယ်။ အမှန်တော့ အမြဲတမ်း အဲဒီဖြစ်စဉ်ကလည်း ထွက်နေတာ။ တကယ်က သူတို့ပါမစ်ပေးရင် အဲဒါတွေ ကြေညာစရာမှ မလိုတာ။ တရားဝင်အခွန်လည်း လိုချင်တယ်။ လူတွေကို တရားဝင်လုပ်စေချင်ရင် တရားဝင် လုပ်လို့ရတဲ့လမ်းကြောင်းကို ပို့ပေးမှ ရောက်မှာလေ။ အဲဒီတော့ ကြေညာတာသည် ကြေညာတာပဲ ရှိမယ်။ လမ်းကြောင်းကို အမှန်အတိုင်း ဖွင့်ပေးမှရမှာ။ ဒီလိုကြေညာလည်း လုပ်တဲ့သူက လုပ်မှာပဲ။ ဝန်ထမ်းတွေထဲမှာလည်း လုပ်တဲ့သူတွေရှိမှာပဲ။ တရားဝင်လမ်းကြောင်းကနေ ဖွင့်ပေးပြီး အခွန်မကောက်သရွေ့တော့ ဒါတွေကြေညာချက်ထုတ်လည်း ကျွန်တော် ကတော့ အလကားလို့ ထင်မိတယ်။ ဒီအချိန်မှာ ဝန်ထမ်းတွေလည်း လစာ ဘာမှမရတဲ့အချိန်မှာတော့ သူ့ဟာနဲ့သူ တော့ရှိနေမှာပဲ” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ် သောအရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန် လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာစေရန် ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် ကုန်သွယ်ရေးဦးစီး ဌာနက ထပ်မံအသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

Zawgyi Version;
ပါမစ္ခြင့္ျပဳခ်က္မရေသးဘဲ ဆိပ္ကမ္းႏွင့္ေလဆိပ္မ်ားသို႔ ေရာက္လာမည့္ ကုန္စည္ႏွင့္ကုမၸဏီမ်ားကို အေရးယူမည္
ယြန္း (NP New) - ဇြန္ ၂၇

သြင္းကုန္လိုင္စင္/ပါမစ္ခြင့္ျပဳခ်က္မရေသးဘဲ ကုန္ပစၥည္းမ်ား ဆိပ္ကမ္းႏွင့္ ေလဆိပ္မ်ားသို႔ တင္သြင္းျခင္းမျပဳရန္ ကုန္သြယ္ေရးဦးစီးဌာနက ဇြန္လ(၂၀) ရက္တြင္ အသိေပးထုတ္ျပန္လိုက္သည္။
ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ ဇူလိုင္ (၁)ရက္မွစ၍ သြင္းကုန္လိုင္စင္/ပါမစ္ခြင့္ျပဳခ်က္ မရရွိေသးဘဲ ဆိပ္ကမ္း၊ ေလဆိပ္မ်ားသို႔ သြင္းကုန္မ်ား ႀကိဳတင္ေရာက္ရွိေၾကာင္း စိစစ္ေတြ႕ရွိပါက အေရးယူသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ေမလ (၃၀)ရက္တြင္ ထုတ္ျပန္ထားၿပီးျဖစ္သည္။

ထို႔ျပင္ အ‌ေကာက္ခြန္ကုန္ေလွာင္႐ုံအတြင္း ထည့္သြင္းခြင့္ျပဳထားသည့္ ကုန္ပစၥည္းမ်ားမွအပ က်န္ျပည္ပမွ တင္သြင္းေသာကုန္ပစၥည္းမ်ားကို ခြင့္ျပဳခ်က္မရရွိဘဲ ဆိပ္ကမ္း၊ ေလဆိပ္မ်ားသို႔ တင္သြင္း ေရာက္ရွိျခင္း မျပဳလုပ္ရန္ ႏွင့္ ခြင့္ျပဳခ်က္မရရွိဘဲ ေရာက္ရွိပါက အဆိုပါတင္သြင္းေသာ ကုမၸဏီမ်ားကို ပို႔ကုန္သြင္းကုန္ ဥပေဒႏွင့္ အညီအေရးယူမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္(၈)ရက္ေန႔တြင္လည္း ထုတ္ျပန္ထားခဲ့သည္။

သို႔ေသာ္ သတ္မွတ္စည္းကမ္းမ်ားကို လိုက္နာေဆာင္႐ြက္မႈမရွိဘဲ ဆိပ္ကမ္း၊ ေလဆိပ္မ်ားသို႔ ခြင့္ျပဳခ်က္ မရရွိေသး ေသာကုန္ပစၥည္းမ်ားကို ႀကိဳတင္တင္သြင္း ေဆာင္႐ြက္ေနေၾကာင္း ကုန္သြယ္ေရး ဦးစီးဌာနက ဆိုထားသည္။
“ပါမစ္ေတြခက္တဲ့အခါက်ေတာ့ လူေတြက ရသေလာက္ကိုလြယ္တဲ့လမ္းေၾကာင္းကေနသြင္းၾကတယ္။ အမွန္ေတာ့ အၿမဲတမ္း အဲဒီျဖစ္စဥ္ကလည္း ထြက္ေနတာ။ တကယ္က သူတို႔ပါမစ္ေပးရင္ အဲဒါေတြ ေၾကညာစရာမွ မလိုတာ။ တရားဝင္အခြန္လည္း လိုခ်င္တယ္။ လူေတြကို တရားဝင္လုပ္ေစခ်င္ရင္ တရားဝင္ လုပ္လို႔ရတဲ့လမ္းေၾကာင္းကို ပို႔ေပးမွ ေရာက္မွာေလ။ အဲဒီေတာ့ ေၾကညာတာသည္ ေၾကညာတာပဲ ရွိမယ္။ လမ္းေၾကာင္းကို အမွန္အတိုင္း ဖြင့္ေပးမွရမွာ။ ဒီလိုေၾကညာလည္း လုပ္တဲ့သူက လုပ္မွာပဲ။ ဝန္ထမ္းေတြထဲမွာလည္း လုပ္တဲ့သူေတြရွိမွာပဲ။ တရားဝင္လမ္းေၾကာင္းကေန ဖြင့္ေပးၿပီး အခြန္မေကာက္သေ႐ြ႕ေတာ့ ဒါေတြေၾကညာခ်က္ထုတ္လည္း ကြၽန္ေတာ္ ကေတာ့ အလကားလို႔ ထင္မိတယ္။ ဒီအခ်ိန္မွာ ဝန္ထမ္းေတြလည္း လစာ ဘာမွမရတဲ့အခ်ိန္မွာေတာ့ သူ႔ဟာနဲ႔သူ ေတာ့ရွိေနမွာပဲ” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားႏွင့္ က်န္းမာေရးက႑တို႔အတြက္ လိုအပ္ ေသာအေရးႀကီးကုန္ပစၥည္းမ်ားကို အေကာက္ခြန္ဦးစီးဌာန၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေကာက္ခြန္ကုန္ ေလွာင္႐ုံမ်ားတြင္ ထည့္သြင္းခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ထုတ္ျပန္ထားေသာ ဥပေဒႏွင့္ စည္းကမ္းမ်ားကို အေလးအနက္ထား လိုက္နာေစရန္ ရည္႐ြယ္၍ သြင္းကုန္လိုင္စင္/ပါမစ္ ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ ကုန္ပစၥည္းမ်ား ဆိပ္ကမ္းႏွင့္ ေလဆိပ္မ်ားသို႔ တင္သြင္းေရာက္ရွိမႈမရွိေစေရးအတြက္ ကုန္သြယ္ေရးဦးစီး ဌာနက ထပ္မံအသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.