AA ၏ ထိုးစစ်ကြောင့် အထိနာသွားသည့် ရမ်းဗြဲမြို့ကို ပြန်လည်ထူထောင်ရန်အတွက် အကူအညီများ လိုအပ်နေ

 7602

သုတကျော် (NP News) - ဇွန် ၂၇

AA ၏ထိုးစစ်ကြောင့် အထိနာသွားသည့် ရမ်းဗြဲမြို့ကို ပြန်လည်ထူထောင်ရန်အတွက် အကူအညီများ လိုအပ်နေကာ ရခိုင်ပြည်နယ်က စစ်ပွဲကြောင့် ထိခိုက်မှုများကို ပြန်လည်ကုစားရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့ကို AA က မတ်လ ၁၁ တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု ကြေညာထားသည်။ ရမ်းဗြဲမြို့သည် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် AA က ပထဆုံး စတင်တိုက်ပွဲဖော်ဆောင်ရာမြို့တစ်မြို့ဖြစ်ခဲ့ပြီး ယခင်က ငြိမ်းချမ်းခဲ့သော အဆိုပါ မြို့ငယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ မြို့၏ (၆၀)ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး AA ထိန်းချုပ်မှုအောက် ရောက်နေ သော်လည်း လက်ရှိတွင် ဒေသခံများအကူအညီ လိုအပ်နေခြင်း ဖြစ်သည်။

“လက်ရှိမှာ မြို့က (၆၀)ရာခိုင်နှုန်းလောက် ပျက်စီးသွားတာပေါ့။ ရမ်းဗြဲမြို့နယ် ပြန်လည် ထူထောင်ရေးအတွက် တော့ လုပ်နေကြနေပါတယ်။ လက်ရှိမှာ စစ်ဘေးကြောင့် အိုး၊ အိမ်မဲ့သွားသူတွေအတွက် ကူညီတာတွေလည်း လိုအပ်နေတယ်။ မြို့ကတော့ တော်တော်လေး နာသွားတယ်ပြောရမယ်။ တော်တော်လေးကို ပြန်လည် ထူထောင်ရ မယ့်အခြေအနေ ဆိုက်သွားပြီ။ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်က ဆိုးဆိုးဝါးဝါး ထိခိုက်သွားတဲ့ မြို့တွေထဲ ရမ်းဗြဲလည်း ပါသွားတာပေါ့” ဟု လက်ရှိတွင် ဖုန်းလိုင်းမိသည့်နေရာသို့ရောက်ရှိနေသော အဆိုပါမြို့နယ် ဒေသခံ တစ်ဦးက ဆိုသည်။

ရမ်းဗြဲမြို့၏ အခြေအနေနှင့်ပတ်သက်၍ နေအိမ်များ မီးလောင်၊ ပျက်စီးဆုံးရှုံးသွားရခြင်းများလည်း ရှိနေကာ ဒေသခံများအနေဖြင့် လက်ရှိတွင် အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း သိရသည်။ “ရခိုင်ပြည်နယ်က တိုက်ပွဲ ဖြစ်ဒေသတွေ အခြေအနေက ပြောရမယ်ဆိုရင် စစ်ရဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့် ထိခိုက်မှုတွေ အများကြီးရှိတယ်။ ဥပမာ-ပေါက်တောမြို့ဆိုလည်း တော်တော်လေး ထိခိုက်သွားတယ်။ ရခိုင်ပြည်နယ်က ပြန်ပြီးတော့ ထူထောင်မယ်ဆိုရင်တော့ တော်တော်လေး ထူထောင်ရမယ့်အခြေအနေမှာ ရှိပါတယ်။ လက်ရှိမှာ တော့ အခြေအနေတွေက မှန်းမရဘူး” ဟု AA ထိန်းချုပ်နယ်မြေအတွင်းရောက်ရှိနေသူ ဒေသခံတစ်ဦး က NP News ကို ပြောသည်။

Zawgyi Version;
AA ၏ ထိုးစစ္ေၾကာင့္ နာသြားသည့္ ရမ္းၿဗဲၿမိဳ႕ကို ျပန္လည္ထူေထာင္ရန္အတြက္ အကူအညီမ်ား လိုအပ္ေန
သုတေက်ာ္ (NP News) - ဇြန္ ၂၇

AA ၏ထိုးစစ္ေၾကာင့္ နာသြားသည့္ ရမ္းၿဗဲၿမိဳ႕ကို ျပန္လည္ထူေထာင္ရန္အတြက္ အကူအညီမ်ား လိုအပ္ေနကာ ရခိုင္ျပည္နယ္က စစ္ပြဲေၾကာင့္ ထိခိုက္မႈမ်ားကို ျပန္လည္ကုစားရန္အတြက္ အခ်ိန္ယူရမည္ျဖစ္ေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

တ႐ုတ္-ျမန္မာသဘာဝဓာတ္ေငြ႕ပိုက္လိုင္း စတင္ရာ ရခိုင္ျပည္နယ္ေတာင္ပိုင္း ေက်ာက္ျဖဴခ႐ိုင္၊ ရမ္းၿဗဲၿမိဳ႕ကို AA က မတ္လ ၁၁ တြင္ အၿပီးသတ္ သိမ္းပိုက္လိုက္ၿပီဟု ေၾကညာထားသည္။ ရမ္းၿဗဲၿမိဳ႕သည္ ရခိုင္ျပည္နယ္ ေတာင္ပိုင္းတြင္ AA က ပထဆုံး စတင္တိုက္ပြဲေဖာ္ေဆာင္ရာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ၿပီး ယခင္က ၿငိမ္းခ်မ္းခဲ့ေသာ အဆိုပါ ၿမိဳ႕ငယ္တြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ကာ ၿမိဳ႕၏ (၆၀)ရာခိုင္ႏႈန္း ပ်က္စီးခဲ့ၿပီး AA ထိန္းခ်ဳပ္မႈေအာက္ ေရာက္ေန ေသာ္လည္း လက္ရွိတြင္ ေဒသခံမ်ားအကူအညီ လိုအပ္ေနျခင္း ျဖစ္သည္။

“လက္ရွိမွာ ၿမိဳ႕က (၆၀)ရာခိုင္ႏႈန္းေလာက္ ပ်က္စီးသြားတာေပါ့။ ရမ္းၿဗဲၿမိဳ႕နယ္ ျပန္လည္ ထူေထာင္ေရးအတြက္ ေတာ့ လုပ္ေနၾကေနပါတယ္။ လက္ရွိမွာ စစ္ေဘးေၾကာင့္ အိုး၊ အိမ္မဲ့သြားသူေတြအတြက္ ကူညီတာေတြလည္း လိုအပ္ေနတယ္။ ၿမိဳ႕ကေတာ့ ေတာ္ေတာ္ေလး နာသြားတယ္ေျပာရမယ္။ ေတာ္ေတာ္ေလးကို ျပန္လည္ ထူေထာင္ရ မယ့္အေျခအေန ဆိုက္သြားၿပီ။ တိုက္ပြဲေၾကာင့္ ရခိုင္ျပည္နယ္က ဆိုးဆိုးဝါးဝါး ထိခိုက္သြားတဲ့ ၿမိဳ႕ေတြထဲ ရမ္းၿဗဲလည္း ပါသြားတာေပါ့” ဟု လက္ရွိတြင္ ဖုန္းလိုင္းမိသည့္ေနရာသို႔ေရာက္ရွိေနေသာ အဆိုပါၿမိဳ႕နယ္ ေဒသခံ တစ္ဦးက ဆိုသည္။

ရမ္းၿဗဲၿမိဳ႕၏ အေျခအေနႏွင့္ပတ္သက္၍ ေနအိမ္မ်ား မီးေလာင္၊ ပ်က္စီးဆုံးရႈံးသြားရျခင္းမ်ားလည္း ရွိေနကာ ေဒသခံမ်ားအေနျဖင့္ လက္ရွိတြင္ အခက္အခဲမ်ား ႀကဳံေတြ႕ရေၾကာင္းလည္း သိရသည္။ “ရခိုင္ျပည္နယ္က တိုက္ပြဲ ျဖစ္ေဒသေတြ အေျခအေနက ေျပာရမယ္ဆိုရင္ စစ္ရဲ႕ေနာက္ဆက္တြဲအေျခအေနေတြေၾကာင့္ ထိခိုက္မႈေတြ အမ်ားႀကီးရွိတယ္။ ဥပမာ-ေပါက္ေတာၿမိဳ႕ဆိုလည္း ေတာ္ေတာ္ေလး ထိခိုက္သြားတယ္။ ရခိုင္ျပည္နယ္က ျပန္ၿပီးေတာ့ ထူေထာင္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး ထူေထာင္ရမယ့္အေျခအေနမွာ ရွိပါတယ္။ လက္ရွိမွာ ေတာ့ အေျခအေနေတြက မွန္းမရဘူး” ဟု AA ထိန္းခ်ဳပ္နယ္ေျမအတြင္းေရာက္ရွိေနသူ ေဒသခံတစ္ဦး က NP News ကို ေျပာသည္။

Related news

© 2021. All rights reserved.