ဥရောပသမဂ္ဂနဲ့ ယူကရိန်းကြား လုံခြုံရေးသဘောတူညီချက် လက်မှတ်ရေးထိုးမယ်
757
Pika (NP News) - ဇွန် ၂၇
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပသမဂ္ဂဟာ ဇွန်လ(၂၇)ရက်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရည်ရွယ်ထားတယ်လို့ စာရွက်စာတမ်းမူကြမ်းတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ဟာ မကြာမီကာလအတွင်း ပြီးဆုံးမယ့်ပုံမပေါ်တဲ့ ရုရှား-ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ယူကရိန်းအတွက် ဥရောပသမဂ္ဂရဲ့ ရေရှည်ထောက်ခံ မှုတွေကို ပြသဖို့ ရည်ရွယ်ထားတာလို့လည်း သိရပါတယ်။ဒါပေမယ့်လည်း ယူကရိန်းဟာ နေတိုး ဒါမှမဟုတ် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာမယ့် အလားအလာမျိုးတော့ မရှိဘူးလို့ ရိုက်တာက ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂ ပြင်ပလှုပ်ရှားမှုဝန်ဆောင်မှုရဲ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ပြင်သစ်သံတမန်ချားလ်စ်ဖရိုင်းစ်က “ဒီနေ့မှာတော့ ကျွန်တော်နဲ့ ယူကရိန်း သံအမတ်ကြီးအီဂေါဇာ့ဖ်ဂါတို့ ဥရောပသမဂ္ဂနဲ့ ယူကရိန်းကြား ပူးတွဲလုံခြုံရေးကတိဝတ်တွေအကြောင်းကို ဆွေးနွေး မှုတွေ အပြီးသတ်လုပ်ဆောင်သွားမှာပါ။ ဘာတွေပဲဖြစ်လာလာ ဥရောပသမဂ္ဂဟာ ယူကရိန်းကို အပြည့်အဝ ထောက်ခံဖို့အတွက် သန္နိဌာန်ချထားပါတယ်” လို့ ပြောခဲ့ပါတယ်။
သဘောတူညီချက်အရ ဥရောပသမဂ္ဂဟာ ယူကရိန်းစစ်တပ်ကို စစ်လက်နက်ပစ္စည်းပေးပို့တာတွေ၊ လေ့ကျင့် သင်ကြာပေးတာတွေနဲ့ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအထိ လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒ နယ်ပယ်(၉)ခုမှာ ယူကရိန်းကို ကူညီပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီလုံခြုံရေးသဘောတူညီချက်ဟာ အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်မဟုတ်ပေမယ့်လည်း ဥရောပသမဂ္ဂဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းနဲ့ အခြားအကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားတယ်လို့ အမည်မဖော်လိုတဲ့အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ဥေရာပသမဂၢနဲ႔ ယူကရိန္းၾကား လုံၿခဳံေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးမယ္
Pika (NP News) - ဇြန္ ၂၇
ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕အေျခစိုက္ ဥေရာပသမဂၢဟာ ဇြန္လ(၂၇)ရက္မွာ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ကာကြယ္ေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးဖို႔ ရည္႐ြယ္ထားတယ္လို႔ စာ႐ြက္စာတမ္းမူၾကမ္းေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ အဲဒီသေဘာတူညီခ်က္ဟာ မၾကာမီကာလအတြင္း ၿပီးဆုံးမယ့္ပုံမေပၚတဲ့ ႐ုရွား-ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ယူကရိန္းအတြက္ ဥေရာပသမဂၢရဲ႕ ေရရွည္ေထာက္ခံ မႈေတြကို ျပသဖို႔ ရည္႐ြယ္ထားတာလို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း ယူကရိန္းဟာ ေနတိုး ဒါမွမဟုတ္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္လာမယ့္ အလားအလာမ်ိဳးေတာ့ မရွိဘူးလို႔ ႐ိုက္တာက ေဖာ္ျပထားပါတယ္။
ဥေရာပသမဂၢ ျပင္ပလႈပ္ရွားမႈဝန္ေဆာင္မႈရဲ႕ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ကာကြယ္ေရးဆိုင္ရာ လက္ေထာက္ အေထြေထြအတြင္းေရးမႉးျဖစ္တဲ့ ျပင္သစ္သံတမန္ခ်ားလ္စ္ဖ႐ိုင္းစ္က “ဒီေန႔မွာေတာ့ ကြၽန္ေတာ္နဲ႔ ယူကရိန္း သံအမတ္ႀကီးအီေဂါဇာ့ဖ္ဂါတို႔ ဥေရာပသမဂၢနဲ႔ ယူကရိန္းၾကား ပူးတြဲလုံၿခဳံေရးကတိဝတ္ေတြအေၾကာင္းကို ေဆြးေႏြး မႈေတြ အၿပီးသတ္လုပ္ေဆာင္သြားမွာပါ။ ဘာေတြပဲျဖစ္လာလာ ဥေရာပသမဂၢဟာ ယူကရိန္းကို အျပည့္အဝ ေထာက္ခံဖို႔အတြက္ သႏၷိဌာန္ခ်ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
သေဘာတူညီခ်က္အရ ဥေရာပသမဂၢဟာ ယူကရိန္းစစ္တပ္ကို စစ္လက္နက္ပစၥည္းေပးပို႔တာေတြ၊ ေလ့က်င့္ သင္ၾကာေပးတာေတြနဲ႔ ကာကြယ္ေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈေတြအထိ လုံၿခဳံေရးနဲ႔ ကာကြယ္ေရးမူဝါဒ နယ္ပယ္(၉)ခုမွာ ယူကရိန္းကို ကူညီေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီလုံၿခဳံေရးသေဘာတူညီခ်က္ဟာ အျပန္အလွန္ကာကြယ္ေရးသေဘာတူညီခ်က္မဟုတ္ေပမယ့္လည္း ဥေရာပသမဂၢဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းနဲ႔ အျခားအကူအညီေတြ ေထာက္ပံ့ေပးသြားမယ္လို႔ ကတိျပဳထားတယ္လို႔ အမည္မေဖာ္လိုတဲ့အရာရွိေတြက ႐ိုက္တာသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။